Thursday, April 14, 2016

ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ


အရာရာက မှောင်မိုက်လို့။
အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။
ဘာအလင်းမှုန်မှ မရှိ ။
ပကတိမှောင်မိုက်နေကြတယ်။
အဲ့မှောင်မိုက်မှုထဲ
တယောက်လက်ကို တယောက်ဆွဲ
ကြိုးစားကြ ရုန်းကန်ကြ ထကြွဝီရိယ ရှိကြ။
တို့လက်တွေ ခိုင်မြဲကြ၊
တို့အသိတွေ ဆက်တွဲကြ
အမှောင်ထုကို တော်လှန်ကြ တော်လှန်ကြ၊
အသံတွေကနေ အသံတွေကို ဆက်
အတွေးတွေကနေ အတွေးတွေကိုဆက်
အသက်တွေကနေ အသက်တွေကိုဆက်
တို့အားလုံး ရုန်းကန်ခဲ့ကြတယ်။
တို့အားလုံး ဆွဲထူခုဲ့ကြတယ်။
တို့အားလုံး ကမ်းလင့်ခဲ့ကြတယ်။
အဲ့အချိန်က ပကတိ မှောင်မိုက်နေတုန်းပေါ့။
ဒီလိုနဲ့ တယောက်ပေါ် တယောက်ဆင့်
တယောက်ပုခုံးတယောက်နင်း
အဆင့်ဆင့် ဆင့်ကြရင်း
ဆင့်ကြရင်း
ဆင့်ကြရင်း
တွန်းထိုးဖြိုချသူတွေ
နှောက်ယှက်ဟန့်တားသူတွေကို
ရင်ဆိုင်ရင်း
မေ့ပြစ်လိုက်ရင်း
ငါတို့ ရှေ့ဆက်လက်တွဲ
တယောက်ကိုတယောက် အသက်ပေးရင်း
ဘဝတွေ ရင်းခဲ့ကြတယ်။
ခုတော့ မျှော်လင့်ချက် ရောင်ခြည်လား၊
နေ့သစ် အလင်းတန်းလား၊
ဝိုးတဝါး ။
ရဲဘော်တို့ ...
ချစ်စွာသော မိတ်ဆွေတို့
နောက်ကျောက ဓါးတွေ ပျံဝဲလို့၊
ခြေရင်းက ဆူးညောင့်တွေ ချွန်မြလို့၊
ရှေ့ဘက်က တံတိုင်းက မပြိုပျက်သေးဘူး။
တသက်လုံး တွဲလာတဲ့ တို့လက်တွေ အံသေ ကုန်ပြီလား။
ချစ်သူငယ်ချင်း မိတ်ဆွေ ရဲဘော် ရဲဘက်တို့။
မတရားမှုတွေကိုသာ ရှာဖွေ ဖေါ်ထုတ်ရင်း၊
တရားမျှတမှုကိုသာ ဆောင်ကျဉ်းကြပါစို့၊
မာရ်နတ်တွေ
မိစ္ဆာတွေကို မသိကျိုးကျင်ပြုကြပါစို့။
သူတို့ဟာ
တဦးပေါ်တဦးထားရမယ့် မေတ္တာတရားကို မသိဘူး။
သူတို့ဟာ
တဦးပေါ်တဦး ထားရမယ့် သစ္စာတရားကိုမသိဘူး။
သူတို့ဟာ
တဦးပေါ်တဦးထားရမယ့် မုဒိတာတရားကို မသိဘူး၊
ဒါပေမယ့်
ငါတို့က
တဦးပေါ်တဦး ထားရမယ့် ဥပေက္ခာတရားကိုလဲ သိခဲ့ပြီ။
ချစ်လှစွာသော
မိတ်ဆွေရဲဘော်တို့
အကယ်၍
မင်းအသိုင်းအဝိုင်းကတုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်
အကယ်၍
မင်းရဲ့အကြောင်း မဟုတ်တမ်းတရား မုသားစကားတွေကြားတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်။
အကယ်၍
.
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်