Thursday, October 4, 2007

FREE BURMA


အမိမြန်မာပြည်ကြီး၏ ရွှေဝါရောင် တော်လှန်ရေး အောင်ရမည်။

Wednesday, October 3, 2007

Spiritual Revolution



လူထုခေါင်းဆောင် ဒီိမိုကရေစီခေါင်းဆောင် နှင့်
ကုလသမဂ္ဂ ဗျူရိုကရက်သံတမန်

(၁၊၁၀၊၂၀၀၇)
(မျှော်မနေဘူး လုပ်စရာရှိတာ ကိုယ့်ဟာကိုယ် လမ်းကြောင်းရှာပြီးလုပ်ကြမှ ဖြစ်မယ်)

ဒီလိုပဲ ဆက်ပြီးတော့ ကိုယ်မှန်တယ်လို့ ထင်တဲ့ကိစ္စကို
အမှန်တရားအတိုင်း လုပ်သွားလို့ရှိရင် အောင်မြင်နိုင်မှာပါ။ စိတ်မငယ်ကြပါနဲ့။
အားမငယ်ကြပါနဲ့။ အခုအချိန်မှာ တွေ့နေရတဲ့ အခက်အခဲတွေဟာ
ဒီမိုကရေစီခေတ်ကျရင် ပျောက်သွားရမှာပါ။ ဒီလိုအခက်အခဲတွေ ပြည်သူလူထု
ဆက်ပြီး မတွေ့ကြုံရအောင်လို့ ကျမတို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာပဲ။
တကယ်ဆိုလို့ရှိရင် လူထုဆိုတာ ဘာမှအမှားမပါတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ်
စိတ်အေးအေးချမ်းချမ်းနဲ့ လုပ်ပိုင်ခွင့်ရှိရမယ်။

(အောင်ဆန်းစုကြည်)


Monday, October 1, 2007

Please Help Monks!!!!!!!!!!

No Food, No Water,No Medicine, No Assistance in the Monasteries

Please Help Monks!!!!!!!!!!

Reports emerging from Rangoon indicate that the temporary detention
centres based in Yangon Institute of Technology and General Institute
of Technology (GTI) is currently detaining 500 hundred monks.

The monks are refusing to accept Sune (Alms food.....food offering given to monk
by layperson just before 12 noon as main meal of the day) from the
military junta. The local population approached these detention
centres to offer food and they have been turned away by the
authorities. Technically, the monks are unintentionally on huger
strike.

We contacted the International Red Cross's (ICRC) office and UNHCR in
Rangoon. The UN's office refused to help and ICRC bucked the
responsibility on their head office in Geneva.

Please write or Phone to ICRC, e-mail Foreign Secretary and Prime Minister
Gordon Brown. Every governments contribute funds in the running of
the UN bodies and therefore you persuade the PM and the Foreign
Secretary to pressure the UN organisations to take action on or least
ask them if they provide value for money service to the world
humanity.

Please be professional when writing to PM Gordon Brown and Secreatarty
. You can thank the British Government for their efforts so on Burma
and persuade them succinctly with sound arguments. Contact details
are:


ICRC headquarters in Geneva

Postal address
International Committee of the Red Cross
19 avenue de la Paix
CH 1202 Geneva

Fax
ICRC general: ++ 41 (22) 733 20 57
Production, Multimedia, Distribution Division: ++ 41 (22) 730 27 68

Phone
++ 41 (22) 734 60 01


UK prime minister office

10 Downing Street,
London,
SW1A 2AA

Fax
+442079250918

Sunday, September 30, 2007

ရဲရဲတောက် တို့ပြည်သူတွေ

ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူရမယ်

ရဲလား ...စစ်သားလား....
လုံးဝမကြောက်ဘူးဟေ့..တို့တွေဖက်မှာ ..အမှန်တရားရှိတယ်..
သံဃာသတ်တဲ့.. မိစ္ဆာတွေ.... မိုးကြိုးပစ်လို့.... သေပါစေ
အောင်နိုင်သူလို့ထင်နေလား....
(၂၈၊၉၊၀၇) နေ့က အစွမ်းကုန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့
(၂၉၊၉၊၀၇)မှာ နောက်မတွန့်တဲ့ ပြည်သူတွေက ပြောက်ကျားစနစ်နဲ့
ဆက်လက် ဆန္ဒပြခဲ့ပါတယ်။
(ဓါတ်ပုံများကို ရိုက်တာနှင့် အေပီ သတင်းဌာနများမှ ရရှိပါတယ်)

ရင်တွင်းဆန္ဒ

ကိုယ်ပိုင် သုံးသပ်ချက်

ကျမတို့ရဲ့ ဘလော့လောကထဲကို နအဖကောင်တွေက ၀င်ရောက်ပြီး ညစ်ညမ်းစွာ ရေးသား ပြောဆိုလာတာတွေကို သိသာစွာရှောင်ရှားနိုင်ပေမဲ့ တခါတခါမှာ ၀င်ရောက်လာတဲ့ သတင်းပေးမှုဆန်ဆန် စိတ်ဓါတ်စစ်ဆင်ရေး ကိုတော့ မျောပါသွားတတ်တာကို တွေ့နေရပါတယ်။ သတင်းတွေဟာ တကယ်ဖြစ်နိုင်သလား ။ မဖြစ်နိုင်ဘူးလား စသဖြင့် လက်ရှိအခြေအနေပေါ်မှာ သုံးသပ်ချက်တွေနဲ့ စဉ်းစားရမှာ ဖြစ်သလို တချို့သတင်းတွေကိုလည်း မှန်နေရင်တောင် တင်သင့်မတင်သင့် စဉ်းစားဖို့လိုပါတယ်။

ကျမတို့ သတင်းတင်ပေးနေတာဟာ မှန်ကန်ဖို့အပြင် ပြည်ပရောက်နေသူတွေအနေနဲ့ တတ်နိုင်သလောက် နည်းနဲ့ ပြည်သူတွေရဲ့တိုက်ပွဲကို အားဖြည့်ပေးနေတာလဲ ဖြစ်ပါတယ်။

တက်ကြွစွာ အသက်ကိုရင်းပြီးတိုက်ပွဲဝင်နေကြတဲ့ ကျမတို့ ပြည်သူပြည်သားတွေအတွက် အသုံးမ၀င်ပဲ ကြောက်စိတ် ၀င်သွားစေမဲ့ ၊ နောက်တွန့်သွားစေမဲ့ သတင်းမျိုးကို တင်ပေးဖို့ မလိုဘူးလို့ ကျမက ဆုံးဖြတ်ထားတဲ့ အတွက် တချို့သတင်းပေးချက်တွေကို စီစစ်ပြီး တင်မပေးခဲ့ပါဘူး၊ အဲဒီသတင်းအချို့တွေဟာ နအဖရဲ့ စိတ်ဓါတ်စစ်ဆင်ရေးက လာတဲ့ သတင်းမဟုတ်ပါပဲ ပြည်သူတွေထဲက ရတဲ့သတင်းဖြစ်ခဲ့ရင် တင်မပေးတဲ့ ကျမရဲ့ အပြစ်အဖြစ်ခံယူပါတယ်။

ဒါ့အပြင် ကျမတို့ ဘလော်ဂါတွေအနေနဲ့ စုစည်းညီညွတ်မှုရှိဖို့လည်း လိုပါတယ်။ သတင်းတခုရရင် အချင်းချင်း ဆက်သွယ်စုံစမ်းခြင်းဖြင့် ဟုတ်မဟုတ်မှန်မမှန် စီစစ်ဖို့အတွက် အားလုံး ချိတ်ဆက်မိနေရမှာ ဖြစ်ပါတယ်။ ကျမတို့အားလုံး ဒီရက်ပိုင်းတွေမှာ ကွန်ပျူတာရှေ့က မခွာနိုင်ပဲ သတင်းတွေ ဓါတ်ပုံတွေနဲ့ နအဖရဲ့ ရိုင်းစိုင်းယုတ်မာမှုတွေကို ကမ္ဘာကသိအောင် ကိုယ့်နိုင်ငံသား ပြည်သူအများသိအောင် လုပ်ပေးနေတယ် ဆိုတာကလည်း အထဲက ပြည်သူတွေနဲ့ တသားတည်းရှိတယ် ဆိုတာကို ပြသတဲ့နည်းလမ်း တခုအဖြစ် ခံယူထားရမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အင်တာနက်တွေဘယ်လိုပဲ ဖြတ်ဖြတ်။ တယ်လီဖုန်းလိုင်းတွေ ဘယ်လိုပဲ ပိတ်ပိတ် ။ဒီနေ့ခေတ်ရဲ့ နည်းပညာနဲ့ မီဒီယာကို အာဏာရှင်တွေ နိုင်အောင် မတိုက်နိုင်ဘူးဆိုတာကို ကျမတို့ မျိုးဆက်တွေက သက်သေပြနေပြီ ဖြစ်ပါတယ်။


အာဏာရှင်လက်အောက်က နိုင်ငံသားတိုင်းဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်စွာနဲ့ အချက်အလက်တွေ၊ အဖြစ်အပျက်တွေကို မကြောက်မရွံ့ သတင်းပေးနေကြတာလဲ ဒီနေ့ခေတ် မျိုးဆက်တွေရဲ့ ရဲရင့်မှုတွေထဲက တခုအဖြစ် ထင်ရှားစွာ တွေ့လာရပါတယ်။တကယ့် ဂျာနယ်လစ် သတင်းသမားတွေ မဟုတ်ပေမဲ့ သူတို့တွေရဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ကမ္ဘာ့ သတင်းဌာနကြီးတွေ ကိုတောင်မှ ကိုင်လှုပ်နိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသားတွေဟာ သိပ်သတ္တိရှိပါပေတယ်ရယ်လို့ ကမ္ဘာ့ ပြည်သူတွေက ရင်သပ်ရှုမော ချီးကျူးစကား ဆိုရလောက်အောင် တကယ်ပစ်တဲ့ သေနတ်ရှေ့တည့်တည့်မှာ ဘုန်းဘုန်းတို့နဲ့ ပြည်သူတွေက မေတ္တာသုတ် ရွတ်ဖတ်ပြနေ တာကိုလည်း ကမ္ဘာက သိခဲ့မြင်ခဲ့ရပါပြီ။

ကျမတို့ရဲ့ အာဏာရှင်တော်လှန်ရေး အောင်မြင်ဖို့ မဝေးတော့ဘူးလို့ မြန်မာနိုင်ငံထဲက သတ္တိရှင် ပြည်သူတွေ အားကိုးနဲ့ ကျမကတော့ ရဲရဲဝံ့ဝံ့ ကြွေးကြော်လိုက်ပါပြီ။

(၁၊၁၀၊၂၀၀၇)မှာစတင်မဲ့ဝန်ထမ်းအလုပ်သမားတွေပါ ပါဝင်တဲ့အထွေထွေသပိတ်ကြီး အောင်မြင်ပါစေ။

Friday, September 28, 2007

စိတ်ဓါတ်စစ်ဆင်ရေး

အာဇာနည်တွေ နေတဲ့တိုင်းပြည်


အာဏာရှင်တွေက လွယ်လွယ်နဲ့ အခွင့်အရေးမပေးဘူးဆိုတာ သိပါတယ်။
ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်တိုင်တိုက်ရမယ် ဆိုတာကိုလည်း ပြည်သူလူထုက သိပါတယ်။
ဘုရားသားတော်တွေကို မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ ပြစ်မှားနေတဲ့ အာဏာပိုင်တွေရဲ့ ကျဆုံးခန်းကတော့ မလွဲမသွေ ရောက်လာမှာပါ။
ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်....

Wednesday, September 26, 2007

ကြည့်စမ်းပါဦး..

ဗုဒ္ဓဘာသာ မြန်မာ့သမိုင်း ဒီနေ့ ရိုင်းပြီ
(၂၆၊၉၊၀၇)




ဒီပုံတွေ မြင်ပြီး အံ့သြခဲ့တယ်။ ထိတ်လန့်ခဲ့တယ်.....။
သံဃာတော်တွေ ပြည်သူလူထုတွေ ....
နောက်မတွန့်ဘူး.... သိပ်လေးစားစရာ ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့...
နောက် နာကျည်းဒေါသထွက်မိတယ်။ ငါတို့နိုင်ငံဟာ ဒီလောက်တောင် ဖြစ်သွားပြီလား...
ကမ္ဘာပေါ်က ဘာသာကြီး ၄ မျိုးထဲမှာ ဒီလို အဖြစ်မျိုး ဘယ်ဘာသာမှာဖြစ်ဖူးသလဲ....
အော်... မှားပြီးရင်းမှားနေပါလား နအဖရယ်......

ဗုဒ္ဒဘာသာဝင်တို့ရဲ့ လပြည့်နေ့တဲ့

မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံးသော မှားယွင်းမှုကို နအဖက ကျူးလွန်ခဲ့လေပြီ..
(၂၆၊၉၊၀၇)



အရိုက်ခံရလို့ ခေါင်းမှာ ဒဏ်ရာရနေတဲ့ ဘုန်းဘုန်း။ မျက်ရည်ယိုဗုံးပစ်စဉ် အခြေအနေကို ဒီနေ့ရတဲ့ပုံတွေက တဆင့် လက်ဆင့်ကမ်းလိုက်ပါတယ်။ ဗုဒ္ဒဘာသာနဲ့ ရဟန်းသံဃာတွေကို ဒီလိုဆက်ဆံသင့်ပါသလား?......

ဓမ္မနှင့် အဓမ္မ ထိပ်တိုက်တွေ့ပြီ

သံဃာထုရဲ့ သစ္စာအဓိဌာန်

“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်”

သာသနာတော်ကို အသက်ပေးကာကွယ်သွားမယ်။

အာဇာနည်တွေ အများကြီးပေါ်မယ့်တိုင်းပြည် ဖြစ်နေပါပြီ။

(၂၆၊၀၉၊၀၇ မနက် BBC အင်တာဗျုးမှ သောတုဇနဘိက္ခူ ပြောခွင့်ရ ရဟန်းတပါးမှ မိန့်ကြားသော ပိုင်းဖြတ်ချက်..)

Tuesday, September 25, 2007

ရွှေဝါရောင်တော်လှန်ရေး

အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်။





ကျနော်တို့တွေ ဒီနေရာမှာ လက်နက်မပါပဲ ငြိမ်းချမ်းစွာလာပြီး စုဝေးနေကြတယ်ဆိုတာ....
အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓါတ်နဲ့ .....
ဟုတ်တယ် မဟုတ်လား...... (ဟုတ်တယ် ...ဟုတ်တယ်...)
ကျနော်တို့အားလုံး ဘ၀များစွာရင်းပြီး လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ....
ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ခြောက်လို့ ကြောက်မယ့်လူလား.... (မဟုတ်ဘူး... မဟုတ်ဘူး... )

(၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ကိုမင်းကိုနိုင်နှင့်တကွ ကျောင်းသား ပြည်သူများ တိုင်တည်သော သစ္စာစကားမှ.....)
ဓါတ်ပုံများပေးပို့ပေးသော ရန်ကုန်မှ ဘလော်ဂါသူငယ်ချင်းတဦးအား အထူးကျေးဇူးတင်ပါသည်။