ပြည်သူတွေ သေရတဲ့ တရားခံ

Tuesday, May 6, 2008



သေချာ ဖတ်ကြည့်မိလား။ နာဂစ်မုန်တိုင်းကို သူတို့က အဲလို ကောက်ချက်ဆွဲ သတိပေးလိုက်သတဲ့။

Rest of your post

Posted by ခင်မင်းဇော် at 10:54 PM  

7 comments:

မိုးလေဝသနဲ့ ဇလဗေဒဌာန က ဦးထွန်းလွင်ကြီးဆိုတာလား။

တော်တော် တော်တာဘဲနော်။ နိုင်ငံခြားက ဌာနတွေ

သတိပေးတာရေးတာတောင်ပြောင်းပြန်လုပ်တတ်တယ်။

သတင်းစားကလူတွေကဘဲ သူ့ ကို မမေးဘဲရေးနေကြသတင်းရေးတာလားမသိ။

ဘယ်သူဖတ်မှာလဲ သူတို့ ကို။

May Burma said...
May 7, 2008 7:40 PM  
This post has been removed by the author.
kyawminhtet said...
May 8, 2008 9:48 AM  

FAKE POST..

kyawminhtet said...
May 8, 2008 9:50 AM  

ငါ့ညီမရေ.. မင်းပြထားတာကြီးက 29 ရက်နေ့ကဟာကြီးကွာ.. အဲဒီနေ့က သတိပေးခဲ့ပါတယ်ဆိုတဲ့ အိန္ဒိယမှာတောင် အဲလိုပဲယူဆထားတယ်ဟ.. 30 ရက်နဲ့ 1 ရက်နေ့ သတင်းစာတွေမှာ ဘယ်လိုရေးထားတယ်ဆိုတာ ညီမလို ဘလော့ပိုင်ရှင်မဟုတ်လို့ မပြနိုင်ပေမဲ့ သတင်းစာဆိုဒ်မှာ ရှိတယ်ကွ.. သွားကြည့်လို့ရပါတယ်.. ဒီပစ်ချက်လေးကြောင့်သာ စွပ်စွဲပစ်တင်ချင်တာဆိုရင်တော့ ညီမအနေနဲ့ မီးမတိလို့ပါဆိုတဲ့စတိုင်နဲ့ ပြန်တောင် တောင်းပန်ရမလိုဖြစ်နေပီကွ.. သူများတွေလို ဘာမှမပြင်ဆင်ခဲ့ဘူးတွေ ဘာတွေလုပ်ပါလား.. ဒါပေမဲ့ ညီမ အဲလိုပြောင်းပြောလာမယ်ဆိုတာ အကြားမြင်ကြိုရသလိုကို သိနေတယ်ဆိုတာ ညီမယုံလား.. ဘာပဲပြောပြောလေ.. သူများကို အပြစ်တင်ချင်ရင်တောင် ရိုးသားဖို့တော့လိုတယ်လို့ ထင်တာပါပဲ..

ဆက်ကြိုးစားပါ..

May 9, 2008 8:27 PM  

အင်း ကျော်မင်းထက်နဲ့ သားကိုရေ...
ဧပြီ ၃၀ နဲ့ မေ ၁ ရက်မှာ သတင်းစာထဲက မုန်တိုင်းသတင်းက အင်တာနက်ထဲက ကူးယူ ဖော်ပြထားပေမယ့် အောက်ဆုံးမှာ စိုးရိမ် စရာမလိုကြောင်း ထည့်ထားသဟ။ ဆက်သွယ်မေးမြန်း နိုင်ပါတယ် ဆိုတဲ့ ဖုန်းနံပါတ် ၆၆၇၇၆၆ ကို ထည့်ပေးထားလို့ ဖုန်းဆက်ပေမယ့် ကိုင်သူမရှိပါဘူး။ မုန်တိုင်း ကျမယ့်မနက်ပိုင်းတောင်မှ ခေါ်နေပါသေးတယ် ..
ဒီနေ့ ဧရာဝတီ အင်တာနက် စာမျက်နှာပေါ်လဲ တက်ဖတ်ကြည့်ပါဦး။ ပြည်တွင်းက ဂျာနယ်တခုမှာလဲ ဒီသတင်းကို ဖော်ပြထားပါသေးတယ်။ သေချာလဲ စုံစမ်းပြီးမှ ငြင်းပါကွဲ့။ မျက်စိစုံမှိတ်ပြီး ခုထိ ခံငြင်းနေတုန်းပဲကို။
ဘယ်သူညံ့လို့ သေတယ် ဆိုတာ လူတိုင်းသိတာပါပဲလေ... ကြိုတင် မထုတ်ပြန်သလို ခု ကယ်ဆယ်ရေးမှာရော သေချာ လုပ်နေသေးရဲ့လား ပြန်ကြည့်ပါဦး.. ကြွေဇလုံတလုံး ပန်းကန်ပြားတချပ်နဲ့ ဘီစကစ် တထုပ်ပေးနေတာလောက်နဲ့ ကူညီနေသတဲ့လား။

May 9, 2008 10:13 PM  

အင်း.. ဘာကြောင့် ခုလိုမျိုးကြီး ဒီနေရာမှာအထင်ကရ တင်ထားပါလိမ့်လို့ စဉ်းစားနေတာ ခုတော့သိပီ.. စာလည်းသေချာဖတ်လေ့မရှိပဲ ထင်ရာစွတ်ပြောနေကြထင်တယ်.. ဟားဟား.. ဘာကိုများ ဘယ်လိုငြင်းခဲ့မိလို့ပါလိမ့်.. ညီမအပြစ်တင်ချင်ရင် ဒီပြထားတဲ့ပုံက ဟာကြီးနဲ့တင်လို့မရဘူးလို့ ပြောချင်တာလေ.. အမှားကြီးနဲ့ လိုက်ပြောနေတော့ ဖတ်ရတာ ကြောင်လို့ ၀င်သတိပေးတာပါ.. ဟဲဟဲ..ကျွန်တော််ဝင်ရေးခဲ့တာကို ဖတ်ကြည့်ရင်ရှင်းလင်းနေတာပဲ.. ဒါကြောင့်လဲ ဒီလိုပြောလိုက်ရင် ပြင်ဆင်မှုအားနည်းတာကို ပြောင်းပြောမယ်လို့ ဗေဒင်ဟောခဲ့တာပေါ့..

အဲ.. ညီမအနေနဲ့ 30 နဲ့ 1 မှာ အစိုးရမုန်တိုင်းသတိပေးတာတွေ သိရက်နဲ့ကို ရူးချင်ရောင်ဆောင်ပီး ဒီ၂၉ စာကို မျက်နှာပြောင်ပြောင်တင်တာဟေ့ဆိုရင်တော့ ပြောခဲ့တာပြန်ပြောရမလိုပဲ.. အပြစ်တင်ချင်ရင်တောင် ရိုးသားဖို့တော့ လိုတယ်ထင်တာပဲ..

May 9, 2008 11:32 PM  

အောက်က စာကို ဖတ်ကြည့်ပါ။
http://nyilynnseck.blogspot.com/2008/05/nargis-follow-up-news.html

ဒါ မြန်မာပြည်တွင်းက လာတဲ့သတင်းပါ။ ခင်ဗျားတို့ ဘာကြောင့် ဒီလောက်တောင် ဖြစ်နေရတာလဲ။ ဒီလောက် အသုံးမကျတဲ့ အစိုးရကို ကာကွယ်ချင်နေသေးတယ်။ ကျနော်ကတော့ ခင်ဗျားတို့ကို စိတ်ကုန်တယ်။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ အလုပ်လုပ်ပေးနေတယ်၊ ကာကွယ်နေတယ်ဆိုတာ သိချင်တယ်။

May 13, 2008 11:30 PM  

Post a Comment