Friday, June 20, 2008

မွေးနေ့မှာ

၄၃ နှစ် ပြည့်ခဲ့ပြီ
(ဇွန် လ ၂၁ ရက်နေ့)
မွေးနေ့မှာ အရင်ဆုံး သတိရမိတာကတော့ ကျမနဲ့ ဘယ်တုန်းကမှ စိတ်သဘောချင်း မတိုက်ဆိုင်ဘူးတဲ့ အမြဲပဲ ရန်ဖြစ် စကားများနေတတ်တဲ့ ကျမကိုလည်း ဘယ်တော့မှ အကောင်းမမြင်တတ်တဲ့ ကျမရဲ့ ချစ်မေမေနဲ့ ကျမ ဘာလုပ်လုပ်အားပေးတတ်တဲ့ ၊ စိတ်ရှည်ပြီး သေချာ ရှင်းပြတတ်တဲ့ ကျမရဲ့ ချစ်သော တယ်တယ် တို့ပဲ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် သူများအမေတွေလို မနွေးထွေးတတ်တဲ့ ၊ ငွေရှာဖို့ကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့ ။ ကျမ စာကျက်နေရင်တောင် အလုပ် မလုပ်ချင်လို့ စာကျက်တာလို့ ထင်တတ်တဲ့ အမေ၊ ကိုယ့် သားသမီးတွေကို နှိမ်ထားတတ်ပြီး ချစ်တာကို မပြရဘူးလို့ ရှေးရိုးဆန်ဆန် ကျင့်သုံးတတ်တဲ့အမေ၊ အပြင်လူတွေ ၊ မိတ်ဆွေတွေ ၊သူ့ဆွေမျိုးတွေက သိပ်တော်တဲ့ သိပ်ထက်တဲ့ သိပ်ကို သိတတ်တဲ့ ဖော်ရွေသော ကျမအမေလို့ ကင်ပွန်းတတ်တာတွေကို ကြားရတဲ့အခါ မှာ ၊ ကျမကို ရှေ့မှာ အမြဲ အပြစ်ရှာ တတ်တာတွေ ကွယ်ရာမှာ ချီးမွမ်းကြောင်း ပြန်သိရတဲ့အခါမှာ ၊ ကျမသူငယ်ချင်းတွေ နောက်ဆုံး ကျမအမျိုးသား ကိုယ်တိုင်ကတောင် နင့်အမေဒီလောက်တော်တာလို့ ပြောလာတဲ့အခါတွေမှာ ဘာ့ကြောင့် အမေနဲ့ ငါနဲ့ မတည့်ရတာလဲ လို့ ပြန်စဉ်းစားမိတာလဲ အခါခါ၊

အမေက ဘာပဲ ပြောပြော ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အမြဲ တွန်းအားပေးတဲ့ အဖေ၊ ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်တဲ့ စိတ်ဓါတ်ထားဖို့ သွန်သင်တတ်တဲ့အဖေ၊ ဘယ်သူ့ကိုမှ မစော်ကားနဲ့ ၊ ကိုယ့်ကိုစော်ကားလာရင်လဲ သည်းခံမနေနဲ့လို့ ငယ်ငယ်တုန်းက မြှောက်ပေးတတ်တဲ့ အဖေ၊ ဘာအသစ်အဆန်းပေါ်ပေါ် သားသမီးတွေကို သုံးစွဲစေချင် စားစေချင်စိတ်နဲ့ အမြဲပဲ သူများတွေထက် ဦးအောင် ၀ယ်ပေးတတ်တဲ့ အဖေ၊ အခုတော့ သမီးရွေးချယ်လိုက်တဲ့ သားမက်က ကျောင်းသားတပ်မတော်က ဆိုတဲ့ စွဲချက်နဲ့ ဘာဆိုဘာမှ မလုပ်ရပါပဲ ထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ ရောက်နေရတဲ့ အဖေ၊ ( သူ့အဖေ ဘာဖြစ်ဖြစ် သားသမီးနဲ့ မဆိုင်ဘူးလို့ သဘောထားသူတွေ သတိပြုသင့်ပါတယ်)

ဒီနေ့တော့ အရမ်းကိုပဲ သတိရ အောက်မေ့မိပါတယ်။
ဘာပဲဖြစ်ဖြစ် ကျမတို့ မောင်နှမ သုံးယောက်လုံးကို ရန်ကုန်တက္ကသိုလ်က မဟာဘွဲ့တွေ ကိုယ်စီရအောင် သင်ကြားခွင့် ပေးခဲ့တဲ့( ကျမကတော့ မဟာဘွဲ့ မပြီးလိုက်ပါဘူး) ကျေးဇူးနဲ့တင် အားလုံးသော မိဘတွေလိုပဲ ကိုယ့်သားသမီးတွေကို ချစ်ခင်တယ်၊ ကောင်းစားစေချင်တယ်၊ အဆင့်မြင့်စေချင်တယ် ဆိုတာကို ခံစားရပါတယ်။ ချစ်ပုံချစ်နည်းပဲ ကွာကြတာ ဖြစ်မှာပါလို့ သံသယကင်းကင်းနဲ့ ယုံကြည်ပါတယ်။

ကျမ ကိုယ်တိုင် မိခင်ဖြစ်လာမှ မိဘမေတ္တာဆိုတာကို ပိုနားလည်လာပါတယ်၊ ဒါ့ကြောင့် ဒီနေ့ ကျမရဲ့ ၄၃ နှစ်မြောက် မွေးနေ့မှာ မိဘအပေါ် ကာယကံ ၊ ၀စီကံ၊ မနောကံတွေနဲ့ ပြစ်မှာ မိတာရှိရင် ကျေပါစေကြောင်း ၀န်ချ ရှိခိုးကန်တော့ လိုက်ပါတယ်။

ဝေးတမြေက
ချစ်သမီးကြီး

25 comments:

kay said...

အမရေ... ပထမဆုံး ကွန်မန့်ရေး ခွင့် ရလို့..ပျော်လိုက်တာ...
၃ နှစ် သမီး ကြီးပေါ့။ ရွှေအိုနု ရောင် ဖျော့ ဖျော့ ..အလင်း ဆုံး အချိန် မှာ..အလှဆုံး ပြုံးပျော်.. ရွှင်လန်း နိုင်ပါစေ လို့။ မိသားစု နဲ့ ကိုယ်ပိုင် ဘ၀ လည်း..ညီမျှ..လှပ နိုင် ပါစေ။ မိဘ ဆွေမျိုး..မိတ်သဟာ တွေ နဲ့..မြန်မာ ပြည် ကြီး ထဲ မှာ..စည်ဗျောသံဝေ နိုင် ကြပါစေ။ ပုသိမ်..မော်တင်စွန်းကိုလည်း...ကျမ တို့ တွေ ကို..လိုက်ပို့ နိုင်ပါစေ။

ခင်မင် လေးစားလျက်-

ATN said...

Happy B'Day, Ma Khin Min Zaw.

လင်းလက်ကြယ်စင် said...

Happy Birthday အန်တီ .. ။ တစ်ဘ၀လုံး ပျော်ရွှင်မှုမြောက်မြားစွာကို ပိုင်ဆိုင်နိုင်ပါစေ .. ။ အေးမြတဲ့ လအရိပ်လို ဘ၀မျိုးနဲ့ နွေးထွေးတဲ့ နေရောင်ခြည် ဘ၀မျိုးမှာ ချစ်ခင်တဲ့ မိဘ ၊ ဆွေမျိုး ၊ မောင်နှမ ၊ ခင်ပွန်း ၊ သားသမီးများနဲ့ ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ .. ။ ဘ၀မှာ အဖြစ်ချင်ဆုံး ရည်မှန်းချက် .. စိတ်ကူးစိတ်သန်းအားလုံးလည်း အောင်မြင်နိုင်ပါစေရှင် .. ။

ချစ်ခင်စွာဖြင့်

လင်းလက်ကြယ်စင်

Nge Naing said...

Happy Birthday to you! ၄၃ နှစ် မွေးနေ့မှသည် ဘ၀တလျှောက်လုံး ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် ဒီမိုကရေစီအရေးအတွက် ဆထက်တပိုးသယ်ပိုးနိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်။

စိုးထက် - Soe Htet ! said...

Happy Birthday to 43 !
I'm 34 :P

ကလူသစ် said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ...ဆိုတာနဲ့ အပေါ်က ကော်မန့်တွေအတိုင်း ဆက်ဆုတောင်းပေးတယ်လို့ မှတ်ပေးပါ။ :)

Anonymous said...

အမတယောက်လို ချစ်ရတဲ့ အမ ... ၄၃ နှစ်ပြည့်မှ နောင် နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ ပျော်ရွှင်ပြီး ယုံကြည်တဲ့လမ်းမှာ အားမာန်အပြည့်နဲ့ ဆက် လျှောက် လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

said...
This comment has been removed by the author.
said...

လိုအင်ဆန္ဒ တလုံး တ၀ အပြတ် အသတ် ထဲထဲဝင်ဝင် အင့်နေအောင် ပြည့်ဝပါစေ အမရေ

ငြိမ်းဇေဦး

s0wha1 said...

ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ အန်တီ...

ရွှေဂျမ်း said...

ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ အစ်မရေ။း)

Khin Ma Ma Myo said...

Happy Birthday, Ma Khin Min Zaw. May all wishes come true!

M.Y. said...

ကြယ်နှစ်စင်း ရဲ့ ၄၃

၄၃ တဲ့ …
တစ်ကယ်တော့
ဆန့် ကျင်ဖက် နှစ်ခုက
မျက်နှာချင်းဆိုင်နေတာ…
ဆို….တော့….
ညိမ်းချမ်းရေး..အတွက်
သွေးနဲ့ ချွေးနဲ့ …ရင်းခဲ့..
အမုန်းတွေ၊အရှုံးတွေ နဲ့ 
ဆုံးခဲ့တာတွေ ဆုံး ပြီးတဲ့ နောက်
ဆန့် ကျင်ဘက်
အပြုံးတွေ နဲ့ လှနေတဲ့မနက်ဖန်

အမေအိုမျှော်မယ့်လမ်း
ခရီးကြမ်းတွေပြီးဖြတ်
မရောက်..အရောက်ပြန်ခဲ့မယ့်…
ရွှေပြည်တော် ရဲ့  လမ်းတိုင်းကို
ရွှေခင်းထားဖို့ မလို
တရားမျှတ လွတ်လပ် ခြင်း သာလိုတာမို့ 
ကိုယ်တို့ …ချစ်သောသူများနှင့်
ဟောဒိ ၄၃ မှ…သည်..
အတူ …ဆုမွန် ချွေလိုက်မယ်…
ဤမြန်ပြည်တခွင် ... ငြိမ်သက်ခြင်းရှိစေသတည်း…..

(အမမေငြိမ်းနှင့် မခင်မင်းဇော် အတွက်မွေးနေ့ အမှတ်တရ)
မောင်ရင်

ခင်မင်းဇော် said...

မွေးနေ့ ဆုတောင်း အားလုံးအတွက် ကျေးဇူးအထူး တင်ရှိပါတယ်နော်.. အင်း... ကျမက ဘလော့လောက ထဲမှာ အကြီးတန်း ဖြစ်နေတော့(အသက်ပြောတာနော်) ဒီထက်မကတဲ့ ကောမန့်တွေ ၀င်မယ်ထင်နေတာ...
အိ အိ ... အင်း ခုတော့လဲ ဒီလောက်နဲ့လဲ ကျေနပ်ပါတယ်လေ နော်....ဟဟ

ခင်မင်းဇော် said...

ဘာရမလဲ .. စီဘောက်ထဲက ဆုတောင်းတွေပါ အကုန် ဆွဲထည့်ပစ်လိုက်မယ် .. ကိုင်း လာလေရော့.....

TZA: နောက်ကျသွားတယ်အစ်မ.. မွေးနေ့မင်္ဂလာပါ။ :)
နေဗလ: ယုံကြည်သောပန်းတိုင်သို့လျောက်လှမ်းနိုင်ပါစေ။
hta2: happy birthday makhin min zaw
Ko Toe: Happy Birthday------- You are a my comrade since in Pathein.
Nanda: Happy Birthday ပါအမ မွေးနေ့အမှတ်တရ ပိုစ့်လေးကနေ မိဘကျေးဇူးကိုမမေ့တဲ့ စိတ်လေးကိုဝမ်းသာကြည်နူးစွာဖတ်ခွင့် ရလို့ ကျေးဇူးပါ။
မေအိခင်: အမ ဟတ်ပီးဘတ်ဒေးပါအမကိုမွေးပေးခဲ့တဲ့ အမေ နဲ့အဖေ ကိုကျမအလေးပြုပါတယ် တော်လှန်ရေးအတွက် ဘ၀တစ်ခုလုံးကိုပေးဆပ်ရဲတဲ့ ပွင့်လင်းရိုးသားတဲ့ဂုန် ရှိတဲ့ သမီးမြတ်ကိုမွေးပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်
Boyz:
Happy Birthday
20 Jun 08, 05:49
Boyz: မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ဖြစ်ပါစေခင်ဗျာ...။
May Nyane: beloved friend, tomorrow is yr Birthday, i can't publish a post for you... i'm on trip.... but i miss you and......... HAPPY BIRTHDAY.................WITH YOUR LOVELY 2...

ကိုပေါ said...

မခင်မင်းဇော်........ပျော်ရွှင်ချမ်းမြေ့ဘွယ် မွေးနေ့ ဖြစ်ပါစေသတည်း။ (ဒီ စနေ နဲ့ တနင်္ဂနွေမှာ အန်တီစု မွေးနေ့အခမ်းအနားအတွက် လုံးပမ်းနေရတဲ့အတွက် အင်တာနက်မကိုင်ဖြစ်ဘဲ...ဆုတောင်းနောက်ကျသွားမိပါတယ်။)

moe nyo said...

အမရေ ... မမှီတမှီဖြစ်သွားတယ် ... ဆောရီးဗျာ
ဒီမွေးနေ့မှသည် ...
အမ မျှော်လင့်ယုံကြည်မြတ်နိုးရတဲ့ အမိနိုင်ငံသစ်မှာ လွတ်လပ်အေးချမ်းသော စိတ်နဲ့ကိုယ် ... အမြန်ဆုံး ဖြစ်ပါစေသား
...

nay said...

happy birthday!
NT

pandora said...

၃ - ၄ ရက် လောက်အတွင်း အင်တာနက်ကြည့်ချိန် သိပ်မရလိုက်တော့ လွတ်သွားတယ်။ အမနဲ့ မမေငြိမ်းကို လက်ဆောင် ပုံရုပ်ဆိုးဆိုးလေး ကြိုပေးပြီးသားနော်။ အဟဲ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Anonymous said...

အမ အမြဲထာဝရပျော်ရွှင်ပါစေ..

Mintasay said...

အမရေ ကြားဖူးတာတော့ကြာပြီ..အခုမှပဲဝင်ကြည့်ဖြစ်တော့တယ်...Happy birthday anyway... အခုအချိန်မှာ ပြည်သူတွေဘာပဲလုပ်လုပ်မှန်တယ် ဆိုတဲ့ စကားလေးကိုကြိုက်တယ်

ခွန်မြလှိုင် said...

မွေးနေ့မှာ ဘာမှလဲ ကျွေးဘူး အဟွန့်...

E-မုန့်လေးတောင် မတင်ဘူး အမက ကပ်စီးနဲတယ်..

ဟိဟိ .. ကောမန့် မျှော်တယ် ဆိုလို့ ကောမန့် အရင် ပေးတာ...
HAPPY BELATED BIRTHDAY ... ပါ အမရေ.. May all kinds of blessings in the world fill your desires !!! နောက်ကျမှ မွေးနေ့ ဆုတောင်း ပေးနိုင်တဲ့ ဒီညီမလေးကို နားလည် ခွင့်လွှတ် နိုင်ပါတယ် ဟုတ်တယ်ဟုတ် ;P
တွေ့မှပဲ မုန့်ကျွေးခိုင်းပြီး မွေးနေ့ လက်ဆောင် ပေးတော့မယ် နော်..

Tin said...

HaPPy bIrThDaY to u.

JulyDream said...

အတော်လေးကို နောက်ကျနေပေမယ့် အမှတ်တရလေး ဖြစ်အောင် ဒီမှာ တစ်ခါ ထပ်ပြီး ဆုတောင်းပေးပါတယ်။ မမေငြိမ်း ဘလော့မှာတော့ ဆုတောင်းပေးထားတယ်။

ခလုတ်မထိ ဆူးမငြိ ရည်မှန်းရာ ပန်းတိုင်ကို အရောက် လှမ်းနိုင်ပါစေ... မတရုတ်မရေ... အဟီး...

ပျော်ရွှင်ပါစေ...

Pinkgold said...

မွေးနေ့ကို မဟားဒယား နောက်ကျပြီးမှ ဆုတောင်းရတာ ခွင့်လွတ်ပါရှင်.. တစ်ကယ် လာဆုတောင်းချင်တာ ကိုနတ်ရှင်က မလာရဘူးလို့ တားထားလို့လေ... ခုတော့ မရတော့ဘူး သူစိတ်ကောင်းနေတုန်း အမအရလာတာ..

43 ဆိုတော့ အန်တီ ခေါ်ရမလား မမခေါ်ရမလား
အန်တီ မမပဲ ကောင်းပါတယ် .. အဟိ