Tuesday, April 6, 2010

ရင်ထဲ ရှိရာ ….ယုံကြည်ရာ

ဧရာဝတီက ဦးခင်မောင်ဆွေ ဆောင်းပါး ကို ဖတ်ပြီး အော် ခေတ်တိုင်းခေတ်တိုင်းမှာ ဒီလို ခွေးကတက်က နေရနေရ ဆိုတဲ့ လူမျိုးတွေ ရှိပါလားလို့ တရားကျသွားရတယ်။( အဲဒီကောမန့်ကို ဧရာဝတိက တည်းဖြတ်တာ ခံရသေးတယ်)သူက ပါတီကိုတော်တော်ချစ်ပုံပဲ။ ဘာလို့ဆို ဒီနာမည်နဲ့ပါတီမှတ်ပုံတင်မှ၊ ရွေးကောက်ပွဲဝင်မှ သူ့ကို လက်ခံမယ် လို့ တစုံတယောက် အဖွဲ့အစည်းတခုကများ ပြောထားသလားမသိ။ မှတ်ပုံမတင်တော့ ၀မ်းနည်းလွန်းလို့တဲ့။ လွှတ်တော်ထဲက တိုက်ချင်လို့တဲ့။ အမျိုးသားညီလာခံမှာ ခံထားရတာကို သူမသိလို့ ဖြစ်မှာပါလို့ လျော့ပေါ့တွေးပေးနေရတယ်။ လူကြီးဆိုတော့လဲ တွေးမိတွေးရာ ရေးမိရေးရာ ရေးတယ်ထင်ပါတယ်လေ။

အံမယ် သူက ဆိုသေးတယ်လေ။ ခေါင်းအေးအေး ထားစဉ်းစားတာ ရေရှည်အကျိုးမျှော်တတ်တာ သူတို့ ၃ ယောက် ၄ ယောက်ပဲ ဆိုလား။ အော် ငါးဖယ်က ပြောင်းပြန်လို့။ ကိုယ့်ထက် အသက်ကြီးပေမယ့် သူ့အတွေးအခေါ်က ဘာလို့ လွဲနေပါလိမ့်လို့ စဉ်းစားရတာ ခေါင်းတောင်စားသွားသေးတယ်။
သူထောင်ထဲမှာ နေခဲ့တဲ့ နှစ်တွေကို နှမြောမိသေးတယ်။ စောစောစီးစီးသာ ခုလိုတွေးမိရင် စောစော ထွက်နေရမှာပဲဟာနော်။

ခုဆို နိုင်ငံခြားသူ(ထိုင်းမ)ကို ယူထားတဲ့ ဦးသုဝေ ဘယ်လောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲ ကို ၀င်ကြပါ မဲဆွယ်ပေးသော်လည်း ၀င်ခွင့်မရနိုင်၊
ဒေါ်သန်းသန်းနု လဲ ထိုနည်းလည်းကောင်း မြန်မာနိုင်ငံမှာ တဆက်တည်း ၁၀ နှစ် မနေထားမိလို့တဲ့ (ငယ်တုန်းက နေထားတာ မရဘူးလားမသိ) ၀င်ရဘူးတဲ့။ အင်တာဗျူးမှာ နားထောင်လိုက်ရတာ….
ဒေါက်တာခင်ဇော်ဝင်းလဲ နိုင်ငံခြားက လခစားဖြစ်နေတော့ ၀င်လို့ရပါ့မလား သူ့မှာ ပါတီလဲ မရှိ….
နိုင်ငံခြားနဲ့ ဖုန်းလဲ တကော၊ စာလေးတစောင် ၊ အင်တာဗျူးလေးတခု လုပ်မိရင်တောင် ပါတီဖျက်သိမ်းခံရမယ့် ဥပဒေအောက်မှာ…….

လွတ်မြောက်နယ်မြေက ၀င်ချင်နေတဲ့ လူတွေလဲ အခြေခံဥပဒေကို သေချာ မဖတ်မိဘူးလား။ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာလား မိဘတွေအတွက် ခုမှပဲ ပြန်စဉ်းစားမိနေတာလား။
……..
အင်းလေ..သူတို့လဲ သူတို့သမိုင်း သူတို့ရေးနေတာပဲမဟုတ်လား။
...........
.................
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပြည်သူသို့ ပန်ကြားလွှာထွက်သတဲ့။
တကယ်က တိုက်ပွဲမဆုံးသေးဘူး။ တကယ့် အာဏာဖီဆန်ရေးတိုက်ပွဲတွေက ခုမှ စမှာမို့ အရင် ဦးအောင်ရွှေလက်ထက်က မအောင်မြင်ခဲ့တာကို တောင်းပန်တာလားမသိ လို့ တွေးမိတယ်။

အန်အန်လ်ဒီမှာ လုပ်ရမယ့် လမ်းတွေ ။ တိုက်ရမယ့် တိုက်ပွဲလက်နက်တွေ ၊ နည်းနာတွေ ရှိနေပါသေးတယ်။ အဲဒါကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ကြတဲ့ အဖွဲ့ဝင်တွေ အမတ်တွေအားလုံး မှာ တာဝန်ရှိသလို အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အဖွဲ့တိုင်း ပြည်သူတိုင်းမှာလဲ တာဝန်ရှိတယ်။

အဲဒါကတော့..
၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေက ကျွန်ုပ်တို့ ရှေ့ကခေါင်းဆောင်ပေးပါ ဆိုတဲ့ မန်းဒိတ်ကို ရယူထားပြီးနောက် တခါမှ အသုံးမပြုရသေးတဲ့ အတွက် အဲဒီမန်းဒိတ်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်ရထားတဲ့ မန်းဒိတ်တွေကို အသုံးချပေးဖို့ တာဝန်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ပြောပြီး သူကိုယ်တိုင်ရှေ့ဆောင်လုပ်ပြတဲ့ မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတာကို အန်အန်လ်ဒီအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ တဆင့်ပြီးတဆင့် လုပ်ဆောင်ပြကြဖို့။

ဘဘဦးဝင်းတင်ပြောတဲ့ သူသေ ကိုယ်ရှင် နည်းလမ်းတွေကို ကြံဆ တိုက်ပွဲဝင်ဖို့။

ဒီသုံးခုကို တညီတညာတည်း အဖွဲ့ချုပ်က လုပ်ကြည့်ပါ။ ပြည်သူနဲ့ တသားတည်းနေပါဆိုတာ ပြည်သူတွေလမ်းပေါ်ထွက်ရင် လိုက်ထွက်ပေးနိုင်ဖို့ နဲ့ ပြည်သူတွေ လိုက်ပါနိုင်အောင်လဲ ကိုယ်က အရင်ရှေ့ထွက်ဦးဆောင်ပြနိုင်ဖို့ပဲ မဟုတ်ပါလား။

…….
...........
လူထုတိုက်ပွဲကော်မတီ ၂၀၁၀ ရဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးနဲ့ ဘူး လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

20 comments:

ရန်နိုင် said...

ဟုတ်ပဗျာ . နည်းမျိုးစုံနဲ့  ညစ်နေတာကို သိသိကြီးနဲ့  ဘောသူခိုးလို အချောင်ရမလားလို့  စောင့်နေတာမျိုးဖြစ်နေတယ် ....

ကိုပေါ said...

ငါးဖယ်က ပြောင်းပြန်လှန်သလိုပြောတဲ့ ဦးခင်မောင်ဆွေရဲ့ ပြောစကားထဲမှာ….“ တချို့ကလည်း နိုင်ငံရေး ခြေကုန် လက်ပန်း ကျနေကြပြီ။ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေကို ခါးစည်းခံခဲ့ကြရပေမယ့် အပြောင်း အလဲဟာ သူတို့ လိုချင်သလို ဖြစ်မလာခဲ့ဘူး။ နောက်ပြီး တိုက်ပွဲဟာ ရှည်ကြာမယ် ဆိုတာကို ဆင်ခြင်သိနဲ့ သိပေမယ့် လက်တွေ့မှာ လက်မခံနိုင်ကြဘူး ဖြစ်နေတယ်။“…. ဆိုတဲ့စကားပါသေးတယ်။

တကယ်တော့ သူသာ လက်ပန်းကျပြီး ရှေ့လျှောက် ကြုံတွေ့ရဦးမယ့် လူမှုရေး၊ စီးပွားရေး ဒုက္ခတွေကို မခံရဲတော့လို့ နအဖလွှတ်တော်ထဲ ဒူးထောက်ဝင်ပြီး ခေါင်းပေါင်းစ ထောင်ချင်တာ မဟုတ်ဘူးလား။

သြော်… ဦးခင်မောင်ဆွေ၊ ဦးခင်မောင်ဆွေ။ အရင်တုန်းက ထောင် ၁၅ နှစ် ကျခံရတယ်ဆိုတာလည်း ကံအကောင်းအကြောင်းမလှလို့ ဘုမသိဘမသိ အဖမ်းခံလိုက်ရတာသာ ဖြစ်မှာပါ။ ဦးဝင်းတင်တို့လို အရည်အချင်းရှိလို့၊ ပြင်းပြတဲ့ ယုံကြည်ချက်ရှိလို့ ထောင်ထဲမှာ အကြာကြီး ချုပ်နှောင်အထားခံခဲ့ရတာ ဟုတ်ဟန်မတူပါဘူး။

ကိုပေါ said...
This comment has been removed by the author.
ကိုခိုင် said...

ပြည်တွင်း ပြည်ပ တပြိုင်တည်း
အစာငတ်ခံဆန္ဒပြကြရအောင်။

ကိုခိုင်

nay said...

ဒီမိုကရေစီဆိုတာလူတိုင်းလွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိတယ်လေ။လူတိုင်းကသူဆန္ဒကိုသူလွတ်လပ်စွာထုတ်ဖော်တာလေ။ဒီမိုကရေစီရဲ့အဓိပါယ်တော့လိုချင်သူတိုင်းသိမယ်ထင်ရဲ့။

nay said...

ဦးခင်မောင်ဆွေလောက်ပေးဆပ်ခဲ့ဖူးလား။

ခင်မင်းဇော် said...

နေ .. ရှင်ရော ဒီမိုကရေစီဆိုတာ နားလည်ရဲ့လား။
ဦးခင်မောင်ဆွေအနေနဲ့ အဖွဲ့အစည်းက ဒီမိုကရေစီအရ ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်လေ။ သူကမှ ဒီမိုကရေစီမကျင့်သုံးတာပါ။ အဲဒီဆုံးဖြတ်ချက်တုန်းက သူကန့်ကွက်တယ်ဆိုရင် သူ့ရဲ့ ကန့်ကွက်မှုကို အဲဒီကတည်းက ရဲရဲမှတ်တမ်းတင်ခိုင်းရမယ်။ ခုလိုထောက်ခံမဲပေးခဲ့ပြီးမှ၊ အားလုံးတညီတညွတ်တည်းဆုံးဖြတ်တဲ့ အများဆန္ဒကို မလိုက်နာနိုင်ပဲ အပြင်မှာ လျှောက်ရေးနေကတည်းက သူဟာ အများဆုံးဖြတ်ချက်ကို မလိုက်နာတဲ့လူ။ အဖွဲ့ချုပ်ရဲ့ မူဝါဒကို တိုက်ခိုက်နေသူ ဖြစ်သွားပြီ။ ဒီဆောင်းပါးကို ခုလိုရေးတာနဲ့တင် သူ့ကို အဖွဲ့ချုပ်က ထုတ်ပစ်နိုင်တဲ့ အပြစ်ကိုကျူးလွန်သူ ဖြစ်သွားပြီ။

Anonymous said...

ဦးခင်မောင်ဆွေဟာသူဖြစ်ချင်တာကိုသူပြောပြတာ။ဖြစ်သင့်တာကိုကသူလုပ်ခဲ့တာ။ဦးခင်မောင်ဆွေကိုမသိသလိုမင်းကိုလဲမသိပါဘူး။မင်းရေးတာတွေကရိုင်းလွန်းလို့။သူ့လိုထောင်ထဲမှာ၁၅နှစ်နေရဲခဲ့လား။ရေးထားတဲ့စာလိုပြည်သူနဲ့တသားထဲလမ်းပေါ်ထွက်ရဲလား။ဆန်းစစ်ကြည့်ဘို့ပါပဲ။မင်းစာကိုလာဖတ်မိတဲ့အတွက်ခွင့်လွတ်ပါ။

မဗေဒါ said...

စဉ်းစားစရာတွေ

အများကြီးနဲ့ မြန်မာ့နိုင်ငံရေးပါ..။

မဗေဒါ

ခွန်မြလှိုင် said...

အမရေ

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်...

တန်ခူး said...

မ ရေ… လို တ ရ တဲ့ နှစ်သစ်ဖြစ်ပါစေလို့ …

ွှ့Thae Gyi said...

မခင်မင်းဇော်
ခင်ဗျားဘယ်လိုလူလဲတော့မသိဘူး။ တခုပဲပြောခြင်တယ်ဗျာ...အပြင်ကနေသိပ်ပြီး
တော့ ဟောင်ပြမနေပါနဲ့ ပြည်တွင်းပြန်ဝင်ပါလား

ကိုယ်တိုင်တောင်ကြောက်လို့အပြင်ရောက်နေ
တာကိုစဉ်းစားပါဦး

အေးခိုင် said...

ဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင် ကွဲလွဲတဲ့သဘောထားကိုလက်ခံသင့်ဎါတယ်။
ငါတို့နဲ့မတူ ငါတို့ရန်သူဆိုတဲ့စိတ်ထားကိုထားနေကြသရွေ့ဒီမိုကရေစီပန်းတိုင်ဟာဝေးနေဦးမှာပဲ၊
ပြည်တွင်းကလူတွေရဲ့ ရဲဘော်တွေရဲ့အနေထားကို နားမလည်တာလား ကျည်ကွယ်မျက်ကွယ်က မခင်မင်းဇော်ရေ။

AungNN said...

ဦးခင်မောင်ဆွေ ၀င်ပြိုင်ချင်ရင် ရပါတယ်။ NLD ကနေနှုပ်ထွက် ပြီးတော့ပါတီတခုသပ်သပ်ထောင်ပေါ့၊ NLD နဲ့မသက်ဆိုင်ကြောင်းပါကြေည်ပေါ့၊

ဒီမိုကရေစီသဘောအရမိမိသဘောမိမိလုပ်လို့ရပါတယ်။

အောင်ကိုလတ် said...

ခင်မင်းဇော်
ခင်ဗျားက ဘယ်လောက်အဆင့်အတန်းရှိနေလို့လဲ။

ထိုင်းမှာခင်ဗျားဘယ်လိုလူလဲဆိုတာ လူတိုင်းသိတယ်...

လူပါးတော်တော်ဝတယ်.........................ဝေဖန်လို့ရတယ် ခင်မင်းဇော်....မစော်ကားနဲ့

thantsin said...

အမ
သဘော ထားကွဲလွဲ ခွင်.ရှိပါသည်။အဖေ အရွယ်၊ဦးလေးအရွယ် တဦးဖြစ်ြ့ပီး ပြည်ပ ရောက်နေသော ကွုန်တော် တို.ထက် တိုင်ပြည် အတွက်
အနုစ်နာ ခံသူတဦးဖြစ်ပါသည်။
စကားလုံးမုား ယဉ်းကေုးစေလိုပါသည်။

ရန်နိုင် said...

ဦးခင်မောင်ဆွေက ထောင်ကျဘူးပေမဲ့ ခုတော့ ဖေါက်ပြန်သွားပြီလို့  ပြောလို့ ရပါတယ်။ ဒီမိုကရေစီဆိုတာ သဘောထား ကွဲလွဲခွင့်ရှိတယ်။ ကွဲချင်ရင်လည်း ကွဲချင်ကြောင်း ပြောရဲရတယ်။ အဲဒါမှ ဒီမိုကရေစီကို ထိုက်ထိုက်တန်တန် ကျင့်သုံးတာ။

သူ ထောင်ကျဘူးတာနဲ့  အားလုံးထက် ပိုလုပ်နိုင်တဲ့သူ ဖြစ်ရောတဲ့လား။ ထောင်ထဲမှာ အနေအစားချောင်ဘို့  ထောင်မှုး ဖိနပ်တိုက်ပေးတဲ့ကောင်တွေ ၀ါဒါတွေကို မျက်နှာချိုသွေးခဲ့တဲ့ ကောင်တွေ တပုံကြီးပါ။

နောက် တိုင်းပြည်အတွက် လုပ်ချင်ရင် ပြည်တွင်းမှာ လုပ်မှ ရမှာတဲ့လား။ ရောက်တဲ့ နေရာကနေ တန်ဘိုးရှိအောင်နေပြီး လုပ်နိုင်ရင်ပြီးတာပဲ။ တိုင်းပြည်တွင်းမှာနေပြီးလုပ်မှ ကိုယ်ကျိုးစွန့် တာ ဖြစ်ရောတဲ့လား။

ဒါဆို အနှစ် ၆၀ စစ်တိုက်နေကြတဲ့ တိုင်းရင်းသားတွေရဲ့  တော်လှန်စစ်ကျရင်ကော ဘယ်လိုပြောမလဲ။ ဒီနေ့ တိုင် လက်နက်ကိုင်တော်လှန်ရေးကို ယုံယုံကြည်ကြည်ဆင်နွဲနေတဲ့ ရဲဘော်တွေရဲ့  လုပ်ရပ်ကိုကော ဘယ်ချောင်သွားထိုးထားမလဲ။

ဒီနေရာမှာ ပြောစရာတခုပေါ်လာလို့ ပြောလိုက်ဦးမယ်။ ဦးခင်မောင်ဆွေ ထောင်ကျခံပြီးလုပ်တယ်။ ခုကျတော့ ဖေါက်ပြန်တယ်။ ဒါကို ထောင်ကျခဲ့တာလေးကို ညွန်းပြီး ဒီလူတွေဟာ တကယ်လုပ်ခဲ့တာပါဆိုရင် ... ဖဆပလ ခေတ်၊ မဆလ ခေတ်၊ န၀တ နအဖ ခေတ်တွေမှာ အခုတမျိုး တော်ကြာတမျိုးပြောနေတဲ့ သခင်တင်မြတို့  မောင်စူးစမ်းတို့  လို (အထဲက) လူမျိုးတွေ ၊ နောက် ဒီဘက်ခေတ်မှာလဲ (အပြင်မှာ)လူကြီးလူငယ်တွေ ရှိနေကြတာပါဘဲ။

ဒီကိတ်စမှာ သူတို့ လုပ်ခဲ့တာကို ကြည့်ပြီး သူတို့ ဘာဆိုတာကို ဆုံးဖြတ်ရမှာထက် အခု သူတို့ ဘာလုပ်ပြီး ဘယ်လိုရပ်တည်နေတယ်ဆိုတာကို ... ကြည့်သင့်ပါတယ်။

Anonymous said...

အေးရေးပေးခဲ့မယ် ခင်မင်းဇော်ရေ....နင်ကရော ဘယ်လောက်ပေးဆပ်ခဲ့လို့ NDF ကိုဝေဖန်နေရတာလဲ
ငါလဲရိုင်းတတ်တယ်နော်....
ဥပမာပေးရရင်...
"ခင်မင်းဇော်...ဖာသည်မ"
ကဲဘယ်လိုလဲ
နာသွားလား...စာရေးရင်ကြည့်ရေးအိုကေ...သိပ်လူပါးမ၀နဲ့...

ခင်မင်းဇော် said...

ကျမက ဖာသည်မ မဟုတ်တော့ မနာပါဘူး။
ကျမရဲ့ကိုယ်ကျင့်တရားနဲ့ ကျမဘာလုပ်ခဲ့တယ် ဆိုတာကို သေချာလေ့လာလိုက်ပါဦး။
ဖောက်ပြန်သူတွေ ဘယ်လိုနိဂုံးချုပ်တယ် ဆိုတာ အချိန်က စကားပြောမှာပါ။

Anonymous said...

အထက်က အကိုအနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် မရိုင်းသင့်ပါဘူး။ မခင်မင်းဇော်ကို ထောက်ခံပါတယ်။ ဆက်ရေးပါ။