Tuesday, September 14, 2010

အံ့လောက်ပါရဲ့ တို့တိုင်းပြည်

ဒီနေ့ မြန်မာတီဗွီ၊ မြန်မာရေဒီယိုတွေက ကျေညာသွားတယ်။ အပိုဒ်ခွဲ ၃ နဲ့ ၄ မှာ ပါတီမှတ်ပုံပြန်မတင်တဲ့ ပါတီ ၅ပါတီ နဲ့ မှတ်ပုံတင်သော်လဲ ကိုယ်စားလှယ်လောင်း ၃ နေရာ ၀င်မပြိုင်တဲ့ ပါတီ၆ ပါတီကို ပါတီအဖြစ်က ဖျက်သိမ်းတယ်ပေါ့လေ။ စာသားတွေကတော့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သဖြင့်ဆိုပြီး ဖျက်သိမ်းတဲ့ ငါးပါတီကျေညာတယ်။ ပြည်ထောင်စု ပအို့ဝ်အမျိုသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ၀အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ နောက်ဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဲ့၊

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အဖွဲ့ချုပ်ကို ပါတီအဖြစ်က ဖျက်သိမ်းတယ်လို့ သူတို့ကျေညာတော့ ပါတီတွေက ရွေးကောက်ပွဲ တခါလုပ်တိုင်း တခါပြန် မှတ်ပုံတင်ရသလား၊ နောက် ရွေးကောက်ပွဲကို သပိတ်မှောက်ရင်ရော ပါတီဖျက်သိမ်းရသလားးး ။ အင်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကို ဖော်ဆောင်မဲ့အတွက် မြန်မာ့နည်း မြန်မာ့ဟန် ရွေးကောက်ပွဲ ဥပဒေတွေ ပါပဲလို့ ပြောရမလားပဲ။

ကျမတို့ပြည်သူတွေအနေနဲ့ မဲမထည့်ပဲ ဘယ်လောက်ထိ နေပေးနိုင်ကြမလဲ ။ အကြောက်တရားကို ဘယ်လောက်ထိ တွန်းလှန်နိုင်ကြမလဲ။ အဆင်သင့်အစိုးရတခု ဖော်ဆောင်ဖို့ အတင်းကျော်ဖြတ်ရမယ့် ဒီရွေးကောက်ပွဲကို ပျက်အောင် ဘယ်လိုဖျက်နိုင်မလဲ။ ရက်ပေါင်း ၅၀ ကျော်အတွင်းမှာ ဘယ်လိုတန်ပြန်တိုက်စစ်ဆင်နိုင်မလဲ၊ မေးခွန်းတွေက တန်းစီပေါ်လာတယ်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဒီတိုင်းအသုံးမချတော့ပဲ အဆုံးရှုံးခံကြတော့မှာလားးးးးး
နအဖကတော့ သူ့လမ်းပြမြေပုံအတိုင်း အတိမ်းအစောင်းမခံပဲ လျှောက်လှမ်းနေလေပြီ။
ပြည်သူတွေပေးတဲ့တာဝန်တွေကို ထမ်းဆောင်ပါ့မယ်လို့ ၀န်ခံပြီး ပြည်သူတွေရဲ့ အသည်းကြားက မဲပြားတွေကို
ပိုင်ဆိုင်ထားသော အို... ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ သူတို့ကို မဲပေးထားကြလေသော(ကျမအပါအ၀င်) ပြည်သူအပေါင်းတို့...
တိုင်းပြည်တပြည်သည် သူနှင့်ထိုက်တန်သော အစိုးရကိုသာ ရရှိသည်ဆိုတဲ့ စကားကို ဘယ်လိုယုံကြည်ပါသလဲ...
မေးခွန်းပြီး မေးခွန်းများသာ ထွက်ပေါ်လာချေပြီ။

အို ခင်မင်းဇော်
အသင်ဘာများ တတ်နိုင်ပါမည်နည်း။ ထိုကဲ့သို့မေးလာသော်...
ကျမတို့ယုံကြည်ချက်တူသူများ ယခုပူးပေါင်းဆောင်ရွက်နေသော လူထုတိုက်ပွဲကော်မတီမှ ကြွေးကြော်သံဖြစ်သော ပြည်သူ့အစိုးရဖွဲ့စည်းရေး တို့အရေး ကို ဘာ့ကြောင့် ဘယ်လို ဆိုတာ အသေးစိတ် ရှင်းပြချင်ပါလိမ့်မည်၊

ထပ်မံသိလိုပါလျှင်လည်း လူထုတိုက်ပွဲ ကော်မတီ၏ အခုဖြစ်ရပ်ပေါ် တုန့်ပြန်ကျေညာချက်ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါကြောင်း သိစေအပ်ပါသည်ရှင်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်




16 comments:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

တိုင်းပြည်အရေးကို မိမိကိုယ်တိုင်က အုတ်တစ်ချပ်သဲ တစ်ပွင့်မလုပ်ဘူးဆိုရင် ဘာမှထူးခြားလာမည်မဟုတ်ပါ။ မိမိ ကိုယ်ကို အရင်ပြုပြင်ပါ။ ပြီးတော့ မိမိပတ်ဝန်းကျင်မှ တာဝန်မဲ့သူများကို ပြုပြင်ပါ။ နောက်မှ ပြည်တွင်းက အဖိုးကြီးတွေကို ညွှန်ကြားခြင်းပြုလုပ်သင့်ပါတယ်။ မိမိကိုယ်တိုင်ကတော့ အဆဲခံရရင် ဂုဏ်သိက္ခာထိခိုက်မှာကို စိုးရိမ်ပြီး … ပိတောက်မြေ . . ကျေးစေတမန်တို့လိုနေရာမျိုးမှာ စစ်ဗိုလ်တွေကို ကော်မန့်မှာ ယှဉ်ပြိုင်မပြောရဲလို့ မိမိဘလော့ထဲမှာ တိတ်တိတ်လေး ပုန်းနေတယ်လေ။ (မိမိဘလော့ နာမည်ကြီးလာစေချင်တဲ့ အတ္တစိတ်နဲ့ အစွမ်းအစတွေကို . . . . ကိုယ်ပိုင်ဘလော့မှာပဲ ပြမယ်ဆိုတဲ့ စိတ်လေးလဲ ရှိမှာပါ :P ) ။ အခုဆိုရင် ဘလော့ပေါ်မှာတောင် ဒီမိုယောကျားတွေ ခမျာ စစ်သားတွေကို ယှဉ်ပြိုင်ပြောရဲသူမရှိတဲ့အနေအထားဗျ။ အဲလိုအခြေအနေမှာ NLD အဖိုးကြီးတွေကို စိတ်မချမ်းသာအောင် ပေါက်ကရတွေ သြ၀ါဒမပေးပါနဲ့ဗျာ။ ကိုယ်တိုင်က စံနမူနာလုပ်မပြပဲ … တခြားလူတွေကိုပဲ အပြစ်တင်လိုက်.. သြ၀ါဒပေးလိုက်လုပ်နေတဲ့ အမူအကျင့်တွေ မဖျောက်တရွေ့ နအဖ ပြုတ်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်လဲ တိုးတက်လာမှာ မဟုတ်ဘူး။

ကျုပ်ကတော့ .. ကျုပ်နဲ့ ဆန့်ကျင်တဲ့သူပဲ ဖြစ်ပါစေ . . . မတရားဘူးထင်ရင် ပြောရဲဆိုရဲသူတွေကို လေးစားတယ်။ မတရားဘူးလို့ထင်ပါလျက်နဲ့ ဘာမှမပြောပဲ ပါးစပ်ကြီးပိတ်ထားပြီး ဘေးကနေ လက်ပိုက်ကြည့်နေတဲ့ .. တာဝန်မဲ့သူတွေကိုတော့ အရမ်းမုန်းတယ်။

ဘေးမှ လက်ပိုက်ကြည့်နေသော တာဝန်မဲ့သူများကို ဆန့်ကျင်နေသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Anonymous said...

ဇော်မျိုး ကလည်း ရီရတယ် .. ဟာသဘဲ ..

khaing said...

မမ စစ်တပ်ကတော့ ဘယ်တော့မှ ဒီမိုကရေစီ ပေးမှာ မဟုတ်ဘူး။ စစ်တပ်ရဲ့  nld ချေမှုန်းရေး ဗျူဟာ အောက်မှာ ဒီအထိ nld ရှင်သန်လာတာဟာ တော်ရုံတန်ရုံ ခံနိုင်ရည်မျိုးနှင့် မဟုတ်ဘူး ဆိုတာ မမ နားလည်ပါ။ တော်လှန်ရေး ခုထိ မအောင်မြင်သေးတာ ဟာ nld ကို ၀န်းရံဖို့  ပျက်ကွက်ခဲ့လို့  ဒါမှမဟုတ် ၀န်းရံမှု မလုံလောက်ဆိုတာ မမ ကို သတိထားစေချင်တယ်။ ထောက်ပြရင် ၉၅ မှာ nld ညီလာခံက ထွက်လာတော့ အပစ်ရပ်တွေ nld နောက် လိုက်ရဲခဲ့လား၊ ၂၀၀၄ ခုမှာ ညီလာခံကို nld က မတက်ဘူး ဆုံးဖြတ်တော့ ကော အပစ်ရပ်တွေ nld နောက်လိုက်ရဲခဲ့လား။ ခု ရွေးကောက်ပွဲ ကို nld က မ၀င်ဘူး သပိတ်မှောက်တော့လည်း ဘယ်အဖွဲ့ အစည်းက nld နောက်လိုက်ပြီး လုပ်ရဲလို့ လဲ။ nld က ပြည်သူတွေအတွက် ဒီမိုကရေစီ ရအောင် လုပ်ခဲ့တယ် လုပ်ဆဲ ဖြစ်တယ်။ ဒါပေမယ့် nld ကို ၀န်းရံမှု အားနည်းခဲ့တယ်လို့  ကျနော် ထင်တယ် မမ။ nld ကိုသာ ဒီမိုကရေစီ လိုလားသူတွေ အားလုံး ၀န်းရံ ကြည့် ဒီမိုကရေစီ ရကိုရမှာပါ။ အဲဒါကြောင့် nld ကို အပြစ် မပြော စေချင်ဘူး ။ မမ တို့ ဖွဲ ထားတဲ့ လူထု တိုက်ပွဲ ကော်မတီ ဆိုတာလည်း ကျနော် အမြင် ပြောရရင် အဆင့်ကျော်တယ် ထင်တယ်။ ဖြစ်နိုင်ချေ က စသင့် တာပေါ့။ ဥပမာ လူထု ဆန္ဒ ဖော်ထုတ်ပွဲ အဲဒီလို စသင့်တယ် ထင်တယ်။ လူထု ပါဝင်ရဲအောင် ပါဝင် နိုင်အောင်ပါ၊ လူထု တိုက်ပွဲဆီ တိုက်ရိုက်သွား ဆိုတော့ အကြောာက်ကြီးနေတဲ့ လူထုက ချက်ချင်းကြီး ထွက်လာဖို့ က မလွယ်ဘူးလေ။ကိုယ့်ရှေ့မှာ သေတဲ့လူ ထောင်ကျတဲ့လူ ဘ၀ပျက်တဲ့ လူတွေကို မြင်နေရက်နဲ့  စွန့် စားရမှာက တော်တော် မလွယ်ဘူးထင်တယ်။ ဆရာ ခံတာ မဟုတ်ဘူးနော် ကျနော် အမြင်ကို ပြောပြတာပါ။

min said...

ကျနော်ကတော့ ကိုခိုင်ပြောတာကိုသဘောတူတယ်.တကယ်တော့ အတိုက်အခံ(ဒီမိုကရေစီ)လိုလားသူတွေ
အားလုံး ၆၅ ရာခိုင်နှုန်းလောက်ညီညွတ်ကြမယ်ဆိုရင်
တောင် ကျနော်တို့တိုင်းပြည်ကို လက်နက်အားကိုးပြီး
မတရားအုပ်ချူပ်နေတဲ့ စစ်ခွေးတစ်စု မြေမြိုတာကြာပေါ့။

ခင်မင်းဇော် said...

ခိုင်နဲ့မင်းသို့

လူထုတိုက်ပွဲကော်မတီရဲ့ မူဝါဒကို အရင်ဖတ်ကြည့်ပါဦး။ အမတို့က အဆင့်မကျော်ပါ။ ၉၀ ရွေးကောက်ပွဲရလဒ်ကို အရင်အကောင်အထည်ဖော်သင့်တယ်လို့ အကြံပေးတယ်။ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့အစိုးရဖွဲ့ရမယ်။ အဲဒီကမှ လူထုတိုက်ပွဲဖော်ဆောင်ရမယ်။ လူထုတိုက်ပွဲဖော်ဆောင်တယ်ဆိုတဲ့အခါ နည်းလမ်းအများကြီး လုပ်ရမယ် ခုန လူထုဆန္ဒဖော်ထုတ်တဲ့ လက်မှတ်ကောက်တာမျိုးက အစပေါ့။ အဲဒါတွေက နည်းလမ်းတွေပဲလေ။
အဲဒီအဆင့်ကို မလုပ်နိုင်ဘူး ဆိုရင်တော့ နောက်တဆင့်က လူထုတိုက်ပွဲကို အရင်ဖော်ရမယ်။ ခုနလိုပဲ နည်းလမ်းပေါင်းစုံပေါ့။ အဲဒီအခါကျတော့ ပြည်သူ့အစိုးရမဟုတ်တော့ဘူး။ ဘာလို့ဆို အမတ်တွေကအစိုးရမဖွဲ့ခဲ့တဲ့အတွက် လူထုတိုက်ပွဲ အရင် ဖော်ဆောင်ရတာမို့ ကြားဖြတ်အစိုးရဖြစ်ရမယ် အဲဒီမှာ အမတ်ဖြစ်သူတွေပါနိုင်သလို ဖြစ်ပေါ်လာမဲ့ လူထုတိုက်ပွဲမှာ ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်တွေလဲ ပါရမယ်။ ဒါတွေက အကြမ်းဖျင်းတွေပါ။ လူထုတိုက်ပွဲကော်မတီက နှောင်ကြိုးနဲ့ ပေးမယ့် ဘယ်ဒိုနာရဲ့ ငွေကိုမှမယူဘူး။ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ငွေနဲ့သာ လုပ်နိုင်သလောက် အကောင်အထည်ဖော်ပါတယ်။
အန်အန်လ်ဒီကို ၀န်းရံချင်တဲ့အတွက် သူ့ကိုရှေ့ကတိုက်ဖို့ ပြောနေရတာပေါ့၊ သူဦးဆောင်ရမယ်။ အမတို့ ဦးဆောင်တာထက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တာ၊ ရွေးကောက်ခံအမတ်တွေ ဦးဆောင်တာ၊ စီအာပီပီဦးဆောင်တာတွေ ရဲ့နောက်ကို လူထုက ယုံကြည်လိုက်ပါမှာပေါ့။ အမက ဘာမှမဟုတ်တာလေ။ ဒါ့ကြောင့်ကိုယ်မြင်တဲ့လမ်းကြောင်း ကိုယ်စဉ်းစားမိသလောက်ကို အကြံဥာဏ်ပေးတာပေါ့။
ခိုင်တို့မင်းတို့ နားလည်နိုင်ပါစေ။ ဒါ့ထက်အသေးစိတ်သိချင်ရင် အမရဲ့ မေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ ပြောနိုင်သလောက်ပဲ ပြောရတာမို့ပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(အစ်မရေ.. ဒီကော်မန့်ကို ဖျက်ချင်ဖျက်လို့ရပါတယ်။ ကျနော်နားလည်ပါတယ်။ တောသားအနေနဲ့ မြို့ကြီးသူတွေကို စိတ်မဆိုးပါဘူး။ ရေနွေးကြမ်းလေးနဲ့ ထန်းလျက်ခဲလေးစားပါဦး )

မြန်မာနိုင်ငံ အခုရင်ဆိုင်နေရတာ နိုင်ငံရေး ပြဿနာမဟုတ်ဘူး။ နိုင်ငံတော်အဏာရရှိရေး အတွက် ဦးတည်လုပ်ကိုင်နေတော့ . . . . နိုင်ငံရေး ပြဿနာဆိုပြီး အမှတ်မှားနေကြတာပါ။ နိုင်ငံတော် အာဏာကို လုတယ်ဆိုတာ နိုင်ငံရေး သမားတွေအချင်းချင်း ဖြစ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် အခုဖြစ်နေတာက.. လူကြားလို့မှ မကောင်းဗျာ။ တခြားနိုင်ငံတွေလို . . . နိုင်ငံရေးသမားအချင်းချင်း အဏာလုတာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့လားလားမှ မဆိုင်တဲ့ ၀န်ထမ်းက နိုင်ငံရေး အဏာကို လုထားလို့ ပြဿနာဖြစ်နေတာဗျ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဆိုတာ ပြည်သူ့ဝန်ထမ်းတွေပါ။ ၀န်ထမ်းက ၀န်ထမ်းလို မနေပဲ… တိုင်းပြည်ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို . . . ဗိုလ်ချုပ်တွေက သူတို့ ကိုယ်ပိုင် တပ်လိုအသုံးပြုပြီး… တိုင်းပြည်အဏာကို လုထားလို့ ပြဿနာတက်နေတာပါ။

လေ့လာကြည့်လေ ကျုပ်တို့မြန်မာနိုင်ငံအဖြစ်ဟာ ရယ်စရာကောင်းလေပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေက အစိုးရမဖွဲ့ဘူး။ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ စစ်သားတွေက အစိုးရဖွဲ့တယ်။ ရွေးကောက်ခံ နိုင်ငံရေးပါတီဝင်တွေက လွှတ်တော်မှာ မရှိပဲ ထောင်ထဲမှာ ချုပ်နှောင်ခံထားရတယ်။ ရယ်စရာအကောင်းဆုံး ကိစ္စကတော့ စစ်ဗိုလ်က စစ်ရေးကိစ္စကို တလုံးတပါဒမှမဆွေးနွေးပဲ . . . လူထုကရွေးချယ်ထားတဲ့ နိုင်ငံရေးပါတီကို စောက်တင်းပြော စောက်ပြစ်တင်တာပဲလုပ်ကြတယ်။ အဲလိုအဖြစ်မျိုး တခြားနိုင်ငံတွေမှာ ကြားဖူးလား?

ဝန်ထမ်းက ၀န်ထမ်းကျင့်ဝတ်ကို မလိုက်နာလို့ဖြစ်နေတဲ့ပြဿနာ. . ဗိုလ်ချုပ်တွေက စစ်စည်းကမ်းကို မလိုက်နာလို့ ဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပြဿနာလို့မြင်နေတာမှားယွင်းပါတယ်။ ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်တွေကို နိုင်ငံရေးသမားနေရာမှာထားပြီး ပြောဆိုနေတာတွေဟာ လုံးဝ မှားယွင်းပါတယ်။ နိုင်ငံရေး ပြဿနာမဟုတ်ပဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်လို့ပြောနေတဲ့သူတွေဟာ အရူးတွေပဲဖြစ်မှာပါ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေရဲ့ အပြုအမူကို . . . . ၀န်ထမ်းကျင့်ဝတ်ပေတံနဲ့ တိုင်းတာ ပြောဆိုတာ ပိုပြီးမှန်ကန်လိမ့်မယ်။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ ၀န်ထမ်းတွေသာဖြစ်ပြီး နိုင်ငံရေးနဲ့လားလားမှ မဆိုင်ကြောင်းကို စစ်သားတွေ သတိထားမိအောင် ပညာပေးဖို့လိုပါတယ်။ စစ်တပ်အတွင်းမှာ အဲဒီအသိစိတ်သာ စိမ့်ဝင်သွားရင် . . . ဗိုလ်ချုပ်တွေ စစ်တပ်ကို သူတို့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ လက်ရွံ့သွားပါမယ်။ မတရားအမိန့်ပေးဖို့လဲ ခက်ခဲသွားပါမယ်။ စစ်အဏာသိမ်းတဲ့ အစဉ်အလာဆိုးကြီးလဲ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျုပ်တို့ပြည်သူတွေလဲ ဒီမို၊ နအဖ၊ KNU ၊ KIA ၊ ဗမာ၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ပလောင်၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဆိုတဲ့ တံဆိပ်တွေ မေ့ပျောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြမှာပါ။




မြတ်ဗုဒ္ဓ၏ အဆုံးအမကိုသာ လက်တွေ့ကျသော နိုင်ငံရေးလမ်းစဉ်အဖြစ် ခံယူထားသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


(p.s ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်များကိုဖြစ်စေ … နအဖနှင့်ပတ်သက်သူများကိုဖြစ်စေ.. စစ်ခုံရုံးတင်ဖို့ တရားစွဲဖို့ ပြောဆိုမှုများနှင့် ရန်လိုမှုများသည် နိုင်ငံရေးကို ပိုမိုရှုပ်စေသောကြောင့် … တိုင်းပြည်ချစ်လျှင် ထိုအပြောအဆိုများကို မလုပ်ဖို့ မေတ္တာရပ်ခံပါသည်)

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

နအဖကို ဖြုတ်ချဖို့ လမ်းစပျောက်နေပြီလို့ခံစားနေရရင် “အပြင်းစားတော်လှန်ရေးမှသည် အုတ်တစ်ချပ်သဲတစ်ပွင့် တော်လှန်ရေးဆီသို့” ဖတ်ပါ http://myanmartruthers.blogspot.com

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ပြည်သူ့တပ်မတော်အရာရှိများ

ဗိုလ်ချုပ်တွေ နိုင်ငံရေးလုပ်ရာမှာ စစ်သားတွေကို အသုံးပြုခွင့်ရှိလား? တခြားနိုင်ငံက ဗိုလ်ချုပ်တွေ နိုင်ငံရေး ကလိမ်ကကျစ်လုပ်ရင် သူတို့စစ်သားတွေက ဖာသည်မလို သိက္ခာမရှိ ထောက်ခံကြလား။ ဖြေပေးပါ။ ဟဲဟဲ :P အရမ်းသိချင်လို့ပါကွာ။ ခွိခွိ ။ ဗဟုသုတအတွက်ပါ။

မသူတော်ကြီးမှ မတရားအုပ်ချုပ်နေတာကို ပျော်ပျော်လက်ခံမည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Unknown said...

မခင်မင်းဇော်ရေ...... ဘယ်လိုမှာ မတက်နိုင်ဘူးဆိုပေမဲ့ ၊ အရောင်တူ ၊ ရင်ဘတ်တူသူတွေ ညီညီညွတ်ညွတ်နဲ့ စိတ်တူ ကိုယ်တူဆိုရင် အောင်ပွဲကို ရမှာပါပဲ အမရယ် .....
ခုလို ဘလောဂ့်မှာ ဖော်ပြ ၊ ရေးသားနေတာနဲ့တင် ကျွန်တော်တို့အားလုံး ဘုံရန်သူကို လမ်းစပျောက်သေးပါ။

Unknown said...

မခင်မင်းဇော်ရေ...... ဘယ်လိုမှာ မတက်နိုင်ဘူးဆိုပေမဲ့ ၊ အရောင်တူ ၊ ရင်ဘတ်တူသူတွေ ညီညီညွတ်ညွတ်နဲ့ စိတ်တူ ကိုယ်တူဆိုရင် အောင်ပွဲကို ရမှာပါပဲ အမရယ် .....
ခုလို ဘလောဂ့်မှာ ဖော်ပြ ၊ ရေးသားနေတာနဲ့တင် ကျွန်တော်တို့အားလုံး ဘုံရန်သူကို လမ်းစပျောက်သေးပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကဲဗျို့.. ခေတ်မှီသူတိုင်း ကုလားကို ဘုံးတော်ဖွဲ့ရသည်တဲ့။ ကျုပ်ကတော့ ခေတ်မမှီချင်ပါဘူး။ ဒီဘလော့ကို ခေတ်မှီစေချင်ပါတယ်။ လွမ်းဆွေ ဘလော့မှ ကုလားဘုန်းတော်ဘွဲ့ထားတဲ့ စားသာတွေကို ပြန့်ဖြန့်ပေးလိုက်ပါတယ်။

မိုးသီးဇွန် : "အနှစ်(၂၀) ကျော်ပြောလာခဲ့တဲ့စကားတွေ ကိုမြအေးသမီးခြေဖျားကိုမမှီတော့ဘူး"

မိုးသီးဇွန် : "ဝေနှင်းပွင့်သုံ၊ ကျနော့ကိုစကားပြောနည်းသင်ပေးပါ"

မိုးသီးဇွန် : "သို့သော် ငါက မရှက်"

NLD : "ကိုမြအေးသမီးရဲ့ခြေဖျားကိုမှီအောင်ကြိုးစားကြပါပြည်ပရောက် ၈၈၈၈ အပေါင်းတို့"


greg said...

မဝေနှင်းပွင့်သုန်ပြောသွားတာ အရမ်းကောင်းပါတယ်။ ဇိုယာဖန်းထက်ကောင်းတယ်။ ဇိုယာဖန်းက ပဲများလွန်းအားကြီးတယ်။


:-) said...

ကလေးမလေးကို တခုကျေးဇူးတင်၇သေးတယ်..

ခင်ဥမ္မာတို့လို မငိုတာ..ဒီလိုအခြေအနေမျိုးနဲ့ဆိုရင်
ဥမ္မာတို့က ငိုပြီးသားပဲ..အဟင့်:-)

ဒါလေးကတော့ ကျေးစေတမန်ကပါ
ဥာဏ်ဝင်းကို အင်္ဂလိပ်စါ သင်: ပေးလိုက်ပါ ဝေနှင်း http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-  

ei ko said...
This comment has been removed by a blog administrator.
minthu said...

ဒေါ်ခင်မင်းဇော်...တို.တဖွဲသားလုံးဒေါ်အောင်ဆန်းစုကြည်.လွတ်တဲ့နေ.ကdvbတဖွဲ.သားလုံး ပြုံးပျော်နေကျတဲ့မျက်နှာနှင်.သတင်းကြော်ငြာနေတာမြင်လိုက်၇တာ....၀မ်းသာမိပါတယ်..ခုလိုအောင်မြင်မူ၇တာဟာ....dvbကျေးဇူးလည်းပါပါတယ်...ပြည်သူတွေသိအောင်လုပ်ပေးတာကိုကျေးဇူးတင်မိပါတယ်

Unknown said...

ငြိမ်း ချမ်း ရေး အစစ် အ မှန် ရ ဖို့တခြား သာ သ နာ များ
ကို ရန် လို အ မုန်း ထား တိုက် ခိုက် နေ တဲ့ အ စွန်း ရောက် ဗုဒ္ဓ ဘာသာ ဝင် များ ကို ဗုဒ္ဓ ကိုယ် တိုင် ပြောခဲ့ တဲ့
ဘယ် လူ ဘုန်းကြီး ရဲ့ အ ယူ အ ဆ မှ မပါ တဲ့ တရား စစ်
စစ် တွေ ကို ပြန် ပြီး နှ လုံး သွင်း ခိုင်း ပြီး ယုံ ကြည် လက် ခံ
ခိုင်း ဖို့ တော့ လို ပြီ
ဒီကိစ္စ မလုပ် ဘူး ဆို ရင် မြန်မာ ပြည် ဘယ် တော့ မှ မငြိမ်း
ချမ်း ပါ လွှတ် လပ် မှူ့ ဖြစ် မ လာ နိုင် ပါ
စစ် အ စိုး ရ ရဲ့ ဝါ ဒ မှိုင်း တိုက် နှစ် ရှည် စီမံ ကိန်း အောင် မြင် သွား ပြီ ဒီ ဝါဒ မှိုင်း ပြည်သူ ဆီ မှ ပျောက် သွား ဖို့ ကြိုး စား ရပါ မယ် ပေါ့ သေး သေး ထား လိုက် ရင် အေး ချမ်း တဲ့
ဒီမို က ရေ စီ ဘယ် တော့ မှ ဖြစ်မ လာ နိုင် ပါ