Thursday, August 25, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဒဿန

နှလုံးရည်တိုက်ပွဲ
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဒဿန)


ဒေါ်အောင်ဆန်းစုကြည် ၂၀၀၁ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်က ခေတ္တလွတ်မြောက်ခဲ့ပြီး ဒီပဲယင်းလုပ်ကြံမှုကြီး မဖြစ်ပွားခင် ခက်ခက်ခဲခဲ သွားရောက်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးတခု၊ အဲဒီအင်တာဗျူး ကို ဘာသာပြန်ထားတဲ့ စာအုပ်ပါးပါးလေးကို ဖတ်မိပြီး ကိုယ့်ဘလော့ပရိတ်သတ်တွေကိုလဲ ဖတ်ကြည့်စေချင်တယ်၊ ဒါနဲ့ ဘာသာပြန်ပေးတဲ့ ကိုနေသွင်ကို ဘလော့မှာ တင်ပေးချင်တယ်လို့ ခွင့်တောင်းလိုက်တယ်။ တင်လို့ ရပါတယ်ဆိုတာနဲ့ အားလုံးဖတ်ဖို့ တင်ပေးထားပါတယ်။ ကျမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာလဲ တင်ပေးထားပါတယ်။

(ခေါင်းစဉ်ဖြစ်တဲ့ နှလုံးရည်တိုက်ပွဲ စာတမ်းပေါ်မှာ ကလစ်ပါ)

ဒီအင်တာဗျူးလေး ဖတ်ပြီး ၂၀၀၃ ခုနှစ် ဒီပဲယင်းမဖြစ်ခင်က အန်တီစုရဲ့ နိုင်ငံရေးအယူအဆနဲ့ အခု ၂၀၁၀ ခုနှစ်ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေးအယူအဆတွေ နှိုင်းယှဉ်နိုင်သလို အန်တီလျှောက်လှမ်းနေတဲ့ နိုင်ငံရေးခရီးလမ်းကိုလဲ နားလည်သဘောပေါက်လာမယ်လို့ယူဆရပါတယ်။ သဘောမတူနိုင်တဲ့ အချက်တွေ ရှိနိုင်သလို လှိုက်လှိုက်လှဲလှဲ ထောက်ခံတဲ့ အချက်၊ အယူအဆတွေလဲ ရှိပါတယ်။ ကိုယ့်ခေါင်းဆောင်ကို ဘာလုပ်လုပ်ထောက်ခံမယ် ဆိုတဲ့ ကိုးကွယ်မှုမျိုးမဟုတ်ပဲ လိုအပ်တာတွေ ဖြည့်ပေးဖို့ ၀န်းရံမှုအစစ်နဲ့ ၀န်းရံနိုင်ဖို့ နိုင်ငံရေးယုံကြည်ချက်နဲ့ လေးစားထောက်ခံတာမျိုးတွေ ပိုမိုရရှိလာစေဖို့ မျှော်လင့်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

1 comment:

Anonymous said...
This comment has been removed by a blog administrator.