Saturday, November 10, 2007

တီဗွီဖန်သားပြင်က အန်တီစု


၂၀၀၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အထက်ပါပုံထဲကလို နအဖက ခွင့်ပြုလို့ တွေ့ဆုံခဲ့ကြရတယ်။ ဘာတွေများ ပြောခဲ့ကြမှာပါလိမ့်။ အစိုးရဧည့်ဂေဟာမှာ ဖြစ်တော့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တော့ ရမယ်မထင်ဘူး။ အန်တီစုကို ကျန်းမာစွာတွေ့ရလို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ အန်တီ့အပြုံးက လျော့ရဲနေသလားလို့...။

မြန်မာပြည်ရဲ့ အနာဂါတ်ကို အန်တီစုလို ခေါင်းဆောင်မျိုးမှသာ သယ်ဆောင် နိုင်မှာပါ။ အောင်မြင်အောင် တည်ထောင်နိုင်မှာပါ။ ဒါ့ကြောင့် ကျမတို့ချစ်တဲ့ အန်တီ့ကို ကျန်းမာနေစေချင်သေးတယ်။ အန်တီ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကိုတော့ ကောလဟာလသာ ဖြစ်ပါတယ်လို့ပဲ မှတ်ယူထားပါရစေတော့။

ထက်မြက်တဲ့ ရိုးသားတဲ့ ဦးဆောင်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသော။ ခိုင်မာသော မတွန့်ဆုတ်သော ဇွဲလုံ့လသတ္တိနှင့် ပြည့်စုံသော ကျမတို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလူထုခေါင်းဆောင် ကျန်းမာချမ်းသာလို့ အသက်ရာကျော်ရှည်ပါစေ။

အဲဒီတွေ့ဆုံမှုကို ဗွီဒီယိုဖိုင်အဖြစ် ဒီမှာ ကြည့်နိုင်ပါတယ်။

1 comment:

YeKyawAungMDY said...

ကျနော်လည်း အန်တီစုပုံကို ကြည့်ပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုပြီးတော့ ဘုရားရှေ့မှာ မေတ္တာပို့သပါတယ်။ ပို့နေတုန်း သန်းရွှေပုံ မျက်စိထဲဝင် လာရင် မေတ္တာပို့တာ ရပ်ပစ်လိုက်ရပါသည်။