Tuesday, November 20, 2007

ယုံတမ်းစကား

အင်း ဂျပန်က တူမလေး နှင်းသဇင်ရေ..
ရေးလိုက်ပြီနော်... ယုံတမ်းစကား..

ခင်မင်းဇော်ရဲ့ ယုံတမ်းစကား

အင်း မနက်မိုးလင်းတာနဲ့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ။

ခြံထဲမှာ လမ်းလျှောက်ဦးမှ။ အသက်က ကြီးလာတော့........

မာလီလုပ်နေတဲ့ ရွှေမန်းကိုတော့ ခြံဝန်းထဲက သိပ်မလှတော့တဲ့ ပန်းပင်တွေကို ရွှေ့ဖို့ အသစ်တွေ စိုက်ဖို့ ပြောထားတာ အဆင်ပြေရဲ့လား မသိပါဘူး။

ကိုယ်က အာဏာရှိထားပေမယ့် မတရားခိုင်းတာကို မကြိုက်တော့ မနေ့က အလုပ်ချိန်ကုန်ခါနီး ပြောပြလိုက်ပေမယ့် ဒီနေ့မှာ လုပ်လို့ ပြောထားခဲ့တာ ။ အင်း

မနေ့ကလာပြတဲ့ စိန်တွေ ၀ယ်ချင်ပေမဲ့ သန္တာရွှေ ၀တ်ထားတာထက်သေးနေလို့ မ၀ယ်ဖြစ်လိုက်ဖူး။

မနက်ဖြန်တော့ ထပ်လာပြမယ် ပြောထားတာပဲ စောင့်လိုက်ဦးမယ်။

အော် ..

ဂူဂယ်ကလည်း ကျမအကြံပေးတဲ့အတိုင်း လုပ်လို့ အောင်မြင်နေတဲ့ ဖိုးဝပေါ်တယ်ကို ၀ယ်ချင်လို့တဲ့ ။ ဒါမှမဟုတ်လဲ ရှယ်ယာဝင်ခွင့်ပြုပါတဲ့။ အင်းလေ ဖိုးဝမှာ အကြံပေးရုံပေးတာတောင် ဒီလောက်အောင်မြင်နေရင် စဉ်းစားသာ ကြည့်တော့။

ဘီလ်ဂိတ်တို့ လာဆွေးနွေးထားတဲ့ သူတို့ ဖောင်ဒေးရှင်းတွေမှာ ၀င်ရောက်ပေးဖို့ကိုတော့ စဉ်းစားပေးထားပါ့မယ်လို့ ပြောပြီး အကြောင်းပြန်ဖို့ ဘယ်နေ့ချိန်းမိပါလိမ့်။

နေဦး အတွင်းရေးမှူး လာမှမေးရဦးမယ်။

ဘလော်ဂါများ အစည်းအဝေးတက်ဖို့လည်း သွားရဦးမှာပဲ။ ဘလော်ဂါ ဂုဏ်ထူးဆောင် နာယက ဖြစ်ကတည်းက တခါမှမအားရသေးဘူး။

သူတို့ တွေနဲ့အတူ ဟောပြောပွဲတွေသွားရတာ နည်းမှမနည်းပဲ။ တနာရီ မြန်မာဒေါ်လာ ၅ သန်းလောက်ပဲ ယူပေးလိုက်ပါတယ်။ နို့မို့ ပေါက်ဈေး အတိုင်းယူရင် တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ပေးနိုင်ဖို့မလွယ်ဘူး။ ခုဆို အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ သူတို့ ကို ကိုယ်က တတ်နိုင်သလောက် ပြန်ကြည့်ပါတယ်။

ဟိုဘက်က ဇိနတိုင်းဆို ကျမတို့ နိုင်ငံကို လာလာ ဆက်သရတာ နည်းလို့လား။ သူတို့ ၂၀၀၇ တုန်းက နအဖ ဘက်လိုက်ခဲ့တာ မှားမှန်းသိလို့ တဲ့။ ခုဆို ကျမတို့ဆီက တက္ကသိုလ်တွေက အဆင့်မြင့် ပညာတွေ သင်ချင်လွန်းလို့ လာလိုက်ကြတဲ့ နိုင်ငံခြားသားတွေ ။

အင်း .. ကျမရဲ့ ဘော်ဒါ ဘလော်ဂါတွေလည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေတဲ့ နည်းပညာတွေ မတိုးတက်သေးတဲ့ ပြင်သစ် ဂျာမဏီ အီတလီ ဆိုတဲ့ ဥရောပတွေဖက် သွားပြီး နည်းပညာမျှဝေမှုတွေ လုပ်နေရတာ ကိုယ့်နိုင်ငံတောင် မနေနိုင်ဖူး။ မိုးထက်နေတို့ဆို ဆိုက်ပရပ်တောထဲမှာ သနားပါတယ်။ အင်္ဂလန်က ကိုထိုက်ခမျာများ ကိုယ့်ပြည်က တိုးတက်နေပေမဲ့ မနေရပဲ ခုထိ နိုင်ငံသေးလေးမှာ ဒုက္ခခံနေရတုန်း ။

အော် သနားပေမဲ့လည်း တကမ္ဘာလုံးကို တညီတည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ဆိုတော့ ကိုယ့်အကျိုးစီးပွားကို မကြည့်နိုင်အားသေးဘူး။

အင်း .. လုပ်ပေးရမှာပါပဲလေ..

ကိုယ်တို့ ရွှေပြည်ကြီးက ကမ္ဘာထိပ်သီးနိုင်ငံကြီး ဖြစ်နေပြီဆိုတော့…

( ရေးရတာ တော်တော်အရသာရှိတယ်..ယုံတယ်မဟုတ်လား..ခင်မင်းဇော်ရဲ့ ယုံတမ်းစကား)

ရေးစရာ အကြွေးတက်များ...(ချစ်ခင်စရာ ဘလော်ဂါများရဲ့ ဓလေ့ထုံးစံများ)

ဂျစ်တူး ရေ ညီမလေး အလှည့်ရောက်တော့မယ်။

နှင်းမိုးဝေ ...အနှင်းရေ.. စိတ်ချနေပါ.. ဒီခေါင်းစဉ်က ရေးချင်လှပေါ့။

9 comments:

ခင်မင်းဇော် said...

SYL: အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ This is so meaningful Ma Khin Min Zaw. Visit me
20 Nov 07, 08:24
ကိုပေါ: အင်း...ယုံတမ်းစကား ဖတ်လိုက်ရတာ ရေးတော့လူတော့မသိ။ ဖတ်တဲ့လူတော့ တော်တော် သွားရည်ကျ သွားတယ်ဗျိုး။ ကျနော်တို့ ရန်ကုန်မှာငှားထားတဲ့ စင်္ကာပူအိမ်ဖော်မတွေကို ပြန်ပို့ဖို့ စဉ်းစားနေတယ်။

Anonymous said...

အန်တီရေ ဒီပို့စ်လေးဖတ်ပြီး သဘောတကျနဲ့ ပြုံးလည်း ပြုံးမိတယ် ။ စိတ်မကောင်းတဲ့ အ၇ိပ်လေးတွေလည်း ၇င်ထဲဖြတ်ပြေးသွားတယ် .. ။ ယုံတမ်းစကားကနေ မယုံမရှိနဲ့ ဖြစ်ကိုဖြစ်လာရမှာပါ :)

zeRoTraSh said...

ဟုတ်ပါ့ ကိုယ့်အမကြီးလည်း အာဏာရပြီးကထဲက မအားဘူးဖြစ်နေတာ မောင်နှမချင်းတောင် မနည်းတောင်းပန်ပြီး တွေ့ယူရတယ်။ အင်းလေ သူအကြံပေးလို့ လုပ်မိတဲ့ ဖိုးဝကိုလည်း လာရီပေ့ခ်ျက အတင်းရော အဓမ္မရော ရှယ်ယာဝင်ချင်လို့ဆိုပဲ ပတ်ပြေးနေရတယ် ဒါတောင် ဒင်းတို့က အမကြီးကို သွားပြီး ဂျီတိုက်နေသေးတာကိုး။ အသက်ကကြီးနေပြီလေ နားပါစေလား။ တနေ့ကသူ့ခြံရှင်းနေတဲ့ မာလီ အဆင်မပြေလို့ဆိုပဲ ပြောသားပဲ နောက်တစ်ကောင် ငှားပါဆိုတာ သူက သနားလို့ ဆက်ခန့်ထားသလေး ဘာလေးနဲ့။ ရွှေပွဲစား စိန်ပွဲစားတွေကလည်း လာပြီး စပ်စပ်နေကြတယ်တဲ့။ သန္တာရွှေဝတ်တာထက်တော့ တို့အမက ဘယ်လျော့လို့ ဖြစ်လိမ့်မတုန်း တော်ကြာ တိုင်းပြည် သိက္ခာကျမှာပေါ့ ဟုတ်ဘူးလား။ ဘီလ်ဂိတ်ကိစ္စတော့ ကျွန်တော့်ဘက်ပဲ လှည့်လာမလား မဆိုနိုင်ဘူး။ ကျွန်တော်ကလည်း နည်းပညာပိုင်းမှာ ၀န်ကြီးအဆင့်ဆိုတော့လေ ဟင်း ဟင်း ဟင်း အမကြီးကို ကူညီနေရတာ ဒါနဲ့တောင်သူက မီဒီယာဘက်ပိုင်းကို နာယက လုပ်ပေးပါအုံးတဲ့။ တော်တော်လည်း အလုပ်ပေးချင်တဲ့ အမပဲနော် အင်းလေ တို့က ဘလော့ဂ်မျိုးတော်တာကိုး ပေးမှာပေါ့ အဟိ။ ရေးရတာ ကောင်းလိုက်တာ အမရာ ပျော်လိုက်တာလွန်ရော နောက်မှ ပေါင်းပြီး ထပ်ရေးကြတာပေါ့ အဟက်ဟက်ဟက်

ချစ်မကြီး ပျော်ရွှင်ပါစေ
ဇီးရိုး

Thadar (မသဒ္ဓါ ) said...

ဖတ်ရုံနဲ့တောင်..အတော်အရသာရှိတာ..တကယ် ဆိုများကတော့ ဟီးဟီး။
မသဒ္ဓါ ကြီး ဒိုးပတ်ဝိုင်းနဲ့ ဒေါ်မိုးကို လုပ်ကလိုက်ဦးမယ်။
ဦးရွှေရိုး ကိုတော့ ကိုဇာဂနာဘဲ လုပ်ခိုင်းရကောင်းမလား.ဦးပါပါလေး ဘဲ ကောင်းမလား..တွေးမိတွေးရာ..စိတ်ကူး ယဉ်ရတာ တယ်ကောင်းဘဲ။
ခု လောလောဆည်တော့ ဘုန်းဘုန်းတွေ ထောင်ထဲ အာရုဏ်ဆွမ်းငတ်နေတုန်း.
ကယ်ကြပါဦး အရပ်ကတို့ရယ်။

kay said...

အမရေ.. အကြောင်းကြောင်းကြောင့် လာ မအော်ဖြစ်တာကြာလို့..အော်သွားတယ်..
ယုံတမ်းစကားကတော့..တော်တော် ဖတ်လို့အရသာရှိတာပဲ။ ကိုယ့် ဘော်ဘော်တွေ အဲလောက်တော်မှန်း..ခုမှ သိတော့တယ်..

ခင်မင်းဇော် said...

မိုးထက်နေ: အမ...နောက်တစ်ခါရေးရင် အမ ဟိုနားဒီနားသွား အကြမ်းသုံး လေယာဉ်ကို ဖုန်သုတ်ပေးတဲ ငတေ တို့ သားအဖတွေ ကြောင်းထည့်ရေးပါဦး

Anonymous said...

အမရေ-မနက်ဖြန်အစည်းဝေးကြ၇င်-အာစီယံကဝန်ကြီးတွေကို-ေ-ာက်သုံးမကြလို့ဆိုပီး-ပါး၃၆ချက်စီလောက်-အမစီးထားတဲ့ဖိနပ်နဲ့ရိုက်ခဲ့စမ်းပါနော်--

Anonymous said...
This comment has been removed by the author.
Anonymous said...

အမရေ ခုမှ ရောက်လာဖြစ်တယ် ..

အမရဲ့ ယုံတမ်းစကားကို ဖတ်ပြီး ပြုံးနေတာ သွား ၃၂ချောင်းကို ပေါ်လို့း)အဟီးးး

ညီမ တက် ထားတာ ရေးပေးမယ်ဆိုလို့ စိတ်ရှည်၂နဲ့ စောင့်နေတာ ၊ လည်ပင်းကြီး သမံတလင်းကို ထိတော့မယ် .. ကယ်တော်မူပါ အဟီ ။