Sunday, April 27, 2008

အမှတ်တရ


လက်တွဲဖော်သို့ (၁၃) စောင်မြောက်သ၀ဏ်လွှာ

ဘ၀ခရီးကြမ်းကြမ်း
လှိုင်းပဲ ထန်ထန်
လေပဲ တိုက်တိုက်
သွားချင်ရာသွား ဖ၀ါးခြေထပ် လိုက်ဖို့ရယ်ပြင်… သူ့ရင်ခွင်။

ဒီလမ်းကို ဒီတက်နဲ့ ဟိုကွေ့မှာ တချက်လှမ်းခဲ့ပါ့
လွမ်းတလို့ သူမျှော်ရည် ရှေ့ဆောင်ခဲ့ပြီ…
ဒီလူက ဒီလိုအကြောင်း ..
ဒီအကွက်မှာတော့ မသိချင်ယောင်ဆောင်……
နဂါးတိုင်းအမောက်မထောင်ဘူးတဲ့…
တွေးဆကာ ပူပန်တတ်ပုံ… နဲ့
ခေါင်းမာမာ ကိုယ့်စရိုက်ရယ်က … တွေ့ကြုံပုံဆန်း။


လမ်းရိုးကိုလျှောက်ကာလှမ်းပေမယ့် ..
ပန်းမွေ့ယာ ရွှေကော်ဇောကိုတော့ တွေ့ရမယ် မရည်မှန်းနဲ့..
တို့ဘ၀က ခေတ်ကြီးကိုဆန်တက်…
ကမ်းရှိပေမယ့် ဝေးနေသလို ….
နေသာသေးသပလို့ ဂျိုမသွေးချင်ပါဘူး..
တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲသာမို့…
ဇွဲခိုင်ခိုင် ကိုင်ကာစွဲ..
ခယောင်းလမ်းလဲ လျှောက်ရမယ်။

အဖော်ပြုကာပဲ… လက်တွဲကို ခိုင်ခိုင်ကျည်လို့..
သစ္စာဆို … ဒီသောင်ကမ်းကို ..
မောင်သွားမယ်.. ရည်မျှော်ကူးရင်ဖြင့်…
အိုဘယ့်… မေတ္တာရှင်ရဲ့..
စိတ်ကူးနဲ့ တောင်….ငြင်းဆိုအားပါဘု..
သံယောဇဉ် နောက်တိုးတွဲပါလို့ ….
ဖြည့်ခွင့်ရ ပါရမီအားကိုးကာ
မောင်မောင်ရေ…..ချန်နေရစ်မှာတဲ့လား။

ကိုင်း…
ယုံကြည်ခြင်းထပ်တူပြုစို့ရယ်….
မတွန့်ဆုတ်ဘူး ….သိလား..
ဖ၀ါးခြေထပ် လိုက်ခဲ့မယ်။ ။

(ခင်မင်းဇော်)

9 comments:

kay said...

ကြွေ တယ် ကွား)
၁၃ နှစ်မြောက် မှ သည်---- အလီလီ

ဂျစ်တူး - gyit_tu said...

ချစ်သော အကိုကြီး အမကြီးတို့ ၁၃ နှစ်ပြည့်မှ နောင် နှစ်ပေါင်းများစွာထိ ကြင်၂ နာ၂ ယု၂ယ၂ ပိုချစ်နိုင်ကြပါစေသတည်းး)

အမရေ .. တကယ် ဒီကဗျာလေးဖတ်ပြီး ၀ိုင်း ကြည်နူးပေးတယ်ဂျ ။ အမရဲ့ လက်တွဲဖော်က ပြောထားတယ်နော် .. ၁၃ နှစ်ပြည့်အတွက် ဘာစားမတုန်းတဲ့ ။ ဟိုတခေါက်တုန်းက မစားလိုက်ရတဲ့ ထမင်းနှဲ စားချင်သဗျ ။ နောက်တခေါက်လာရင် ဖြစ်အောင် လုပ်ကျွေးကြပါဂျး)

ATN said...

၁၃ ကြိမ်ထိ
သိင်္ဂါရသစ်သီးတလုံး
အတူစားသုံးခဲ့သလိုမျိုး-

သိင်္ဂါရ၀ိုင်ကိုလည်း
အကြိမ် ၁၃၀ တိုင်တိုင်
ခံစားနိုင်ကြပါစေဗျာ။

ကိုပေါ said...
This comment has been removed by the author.
ကိုပေါ said...

သားရွှေအိုးထမ်းလာတာကို မြင်လိုပါတယ် ဆိုတဲ့ ဆုတောင်းမျိုး ဆုတောင်းရရင်….
အခု ၁၃ နှစ်မြောက်ဆိုတော့ ၁၅နှစ်မြောက်နှစ်ပတ်လည်ရောက်ရင် ကျနော်တို့မြန်မာဘလော့ဂါအားလုံး မခင်မင်းဇော်တို့ ဇနီးမောင်နှံရဲ့ နှစ်ပတ်လည် ဆွမ်းကျွေးအလှူထမင်းကို ပုသိမ်မှာ လာရောက် စားခွင့်ကြုံပါရစေ လို့ ဆုတောင်းလိုက်ပါတယ်။ ကျွေးမယ်မို့လား။း-) ကျနော်က အစားကြီးပေမယ့် ပုသိမ်က ဆန်အိုးကြီးဆိုတော့ အိုကေမှာပါ။

ခင်မင်းဇော် said...

ကေ၊ ဂျစ်၊ ကိုအောင်သာငယ်၊ ကိုပေါ..
ပေးတဲ့ဆုနဲ့ပြည့်ပါစေ..
၁၅ နှစ်မြောက် နှစ်ပတ်လည်ကို မြန်မာနိုင်ငံကြီးမှာ ပျော်ပျော်ရွှင်ရွှင် စုံစုံလင်လင်နဲ့
ပြန်လည်ဆင်နွဲလိုပါတယ်...

ရွှေဂျမ်း said...

အစ်မတို့ ဇနီးမောင်နှံအတွက် ၀မ်းသာ ဂုဏ်ယူမိပါတယ်။ နောက်ထပ် နှစ်ပေါင်းများစွာကို အစ်မပြောသလို မိတ်ဆွေများနဲ့အတူ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါစေနော်..

s0wha1 said...

၁၃နှစ်တောင် ရှိပြီ။ မိုက်မှ မိုက်ပဲ။
နောင်နှစ်ပေါင်းများစွာ ပျော်ဂွှင်ဖွယ်ကောင်းသော မင်္ဂလာ နှစ်ပတ်လည်နေ့တွေပဲ ကြုံဆုံနှင်ပါစေ။

ခွန်မြလှိုင် said...

ဒီကဗျာ ဖတ်ပြီး ဖြစ်နေမယ့် အကို့ မျက်နှာကို မြင်ယောင်နေမိတယ်.. နောင်လာမယ့် နှစ်ပတ်လည်ပေါင်း များစွာကို အမ ချစ်တဲ့ မြေမှာ အမ ချစ်တဲ့ လူတွေ စုံစုံညီညီ နဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပ နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်နော့