Monday, February 9, 2009

အော်စလို မှာ (၂)

အော်စလိုက အကျော်ကြားဆုံးနေရာ တနေရာ

နော်ဝေးက ဓါတ်ပုံတချို့တင်တော့ လူမတွေ့ရဘူးပြောတယ်။ တကယ်ပဲ နော်ဝေးမှာ လူကတော့ ရှားတယ် ။ သူတို့ရာသီဥတုကအေးတော့ ရထားချိန် ကားချိန် ကွက်တိရောက်အောင်ထွက် ပြီး လိုရာသွားဆိုတော့ လမ်းပေါ်မှာ သိပ်မတွေ့ရဘူး။ နောက်ပြီးတနိုင်ငံလုံးမှ လူဦးရေက လေးသန်းခွဲပဲ ရှိတာဆိုတော့ ရန်ကုန်မြို့လောက်တောင် လူမရှိဘူးဖြစ်နေတယ် မဟုတ်လား။ အိမ်တွေ တိုက်တွေကလဲ ခေတ်ဟောင်းပုံစံပါပဲ။ အထပ်အမြင့်ကြီးတွေ သိပ်မတွေ့ရဘူး။ လမ်းကလဲ အဝေးပြေးလမ်းလောက်ပဲ ခြောက်လမ်းသွားရှိတာ။ မြို့ထဲမှာတော့ ခပ်ကျဉ်းကျဉ်းပါပဲ။ သူတို့ကို အများဆုံးတွေ့ရတာက စနေနေ့ပဲ။ စနေနေ့ဆိုရင် မြို့လည်လို့ခေါ်ရမယ့် ဈေးတွေ မောလ်တွေ ရှိတဲ့ နေရာမှာတော့ ကျမတို့ဆီက ပွဲတော်တခုခုရှိနေသလိုပဲ။ ကော်ဖီဆိုင်တွေ လူပြည့်၊ လမ်းပေါ်အားလုံးလူပြည့် နေတာပါပဲ။ နောက်နေ့ တနင်္ဂနွေကျပြန်တော့ ခြောက်ကပ်လို့။ ရထားတောင်မှ လူမရှိဘူး ။

နောက် ကျမရောက်ချိန်က တကယ့်အမှောင်ဆုံး ကာလဖြစ်နေတော့ အလင်းရောင်ကောင်းကောင်းရတာ မနက် ၉ နာရီလောက်ကနေ ညနေ ၃နာရီခွဲ လောက်ဆိုတော့ နေ့အချိန်က တော်တော်နည်းတယ်။ တနေ့ ကျမ အော်စလိုရဲ့ အထင်ကရ ရုပ်တုတွေ ချည်း ရှိတဲ့ ပန်းခြံသွားဖို့ ညနေ ၃ နာရီမှာ အိမ်ကထွက်လိုက်တာ အဲဒီနေရာရောက်တော့ မှောင်နေလို့ ပြန်လာရတယ်။ ရောက်သွားတာ အများဆုံးရှိ ၃ နာရီခွဲပေါ့။ ပန်းခြံက အကျယ်ကြီးလေ။ ဒါနဲ့ တယောက်တည်းသွားရတာ အဆင်မပြေကြောင်းကို မိတ်ဆွေ စုံတွဲကို ပြောပြတော့ သူတို့က နောက်တပတ် တနင်္ဂနွေမှာ နေ့လည် ၁၁ နာရီလောက် လိုက်ပို့ကြတယ်။

ဒီလောက်နာမည်ကြီးတဲ့ ပန်းခြံထဲမှာ ရောက်ရောက်ချင်း အကျယ်ကြီးပဲ ဆိုတာတွေ့ရပြီး ဘယ်အထိကျယ်သလဲ ဆိုတာကို မသိတော့ အ၀င်ဝကနေ လှမ်းမြင်နေရတဲ့ ခေါင်းတိုင်ကြီးထိလားလို့ လိုက်ပို့တဲ့ မိတ်ဆွေ စုံတွဲကို မေးတော့ သူတို့ဆိုတာ ရယ်လိုက်တာ။ အဲဒီနားထိ ရောက်မှ သိလိမ့်မယ် အဲဒီနားထိသွားမယ် တဲ့။ ပန်းခြံအကျယ်ကြီးမှာ တဖြည်းဖြည်းသွားရင်း ဓါတ်ပုံရိုက်လိုက် ကြည့်လိုက်နဲ့ အဲဒီနားကို ရောက်သွားတော့ တကယ့်ကို အံ့မခန်းနဲ့ အော်စလိုမှာ ကျမသဘောအကျဆုံးနေရာ ဖြစ်နေတာတွေ့ရတယ်။ အဲဒီပန်းခြံကို သွားခဲ့မိတဲ့အတွက်လဲ အော်စလိုရောက်ရတာ တန်တယ်လို့ တွေးမိတယ်။ ဘာ့ကြောင့် နာမည်ကြီးတယ်၊ ကမ္ဘာကျော်တယ် ဆိုတာ လဲ သိသွားခဲ့တယ်။ ဘာတွေ ရှိသလဲ ဆိုတော့ ရိုးရိုးလေးပါပဲ။ ကျောက်တုံးတွေကို ရုပ်တုတွေ ထုထားတာကို တွေ့ရတယ်။ ကြေးသွန်းရုပ်တုတွေ ကလဲ သိပ်ကို လက်ရာမြောက်နေတယ်။ ကျမပြောတာကို လက်ခံမခံနဲ့ ကျမကို ဘာကဆွဲဆောင်သလဲ ဆိုတာ ဓါတ်ပုံတွေ ကြည့်လိုက်ရင် သိရပါလိမ့်မယ်။ (ဓါတ်ပုံများများတင်ပါတဲ့။ စာဖတ်ရတာ စိတ်ရှည်ပုံမရဘူးထင်ပါရဲ့။ ဒါနဲ့ ဒီပို့စ်မှာတော့ ဓါတ်ပုံတင်ပေးလိုက်တယ်)

အဝေးကကြည့်တော့ခေါင်းတိုင်ကြီးလားလို့လေ ဟိ
အနီးကပ် မှာတော့ ခုလို ရုပ်တုတွေနဲ့ ပြည့်နေတဲ့ ကျောက်တိုင်ကြီးပေါ့
ကလေးတွေကို ကျောက်တုံးကြီးတတုံးထဲမှာ ထွင်းထုထားတာ
မိခင်မေတ္တာ ဆိုတာ ဒါပဲပေါ့

သားကို အမေဖြစ်သူက ဘယ်လိုပြောပြော နားမ၀င်ပေါင်
ကျောက်တိုင်ပတ်လည်မှာ အဲလိုရုပ်တုတွေချည်းပဲ ၊ ရုပ်တုတိုင်းမှာလဲ အဓိပ္ပါယ် အပြည့်နဲ့
ခိုးသွားခံရဖူးတဲ့ဒေါသထွက်နေတဲ့ ကလေးလေးကြေးရုပ်တုအဖေနဲ့သား ဆော့ကစားနေပုံ ကြေးရုပ်တု
နော်ဝေး လူမျိုးဆိုတာ ရေနဂါးကနေ ပေါက်ဖွားလာသတဲ့အဲဒီနေ့က အနှုတ် ၁၅ တဲ့။ ကြည့်ပါလား ပန်းခြံထဲက ရေကန်မှာ ရေခဲနေပြီ
အဲဒီပန်းခြံကို နော်ဝေးလိုနာမည် မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျမတို့ ဗမာတွေပေးထားတဲ့ နာမည်ကတော့ ခုထိမှတ်မိနေတယ်။ ဘာလဲ သိလား။
ကိုယ်တုံးလုံးပန်းခြံတဲ့။
ကွက်တိပဲမဟုတ်လား။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

16 comments:

ဇနိ said...

ထုဆစ်ထားတာတွေကတော့ လုံးဝ အံ့မခမ်းပဲ.. ကလေးကို လက်ကဆွဲပြီး သားအဖနှစ်ယောက် ကစားနေတဲ့ အရုပ်ကို အကြိုက်ဆုံးပဲ.. မရောက်ဖူးတဲ့နေရာ ဒေသကို ဝေမျှတာ ကျေးဇူးတင်ပါတယ် အမ။

လင်း said...

ဟီး ကိုယ်တုံးလုံး ပန်းခြံကိုလည်လည်လာသွားတယ်။

TZA said...

သားသားရှက်ရှက်။ (ကိုယ်တုံးလုံးက ရှင်းရှင်းလင်းလင်း မထုထားပါဘူး) :p

Ko Boyz said...

ရှင်းရှင်းလင်းလင်း ထုမထားပေမယ့် ဖြည့်တွေးလိုက်မလို့ ရှက်သွားတယ်.... အဲငှယ်...

ဒီလိုမျိုး ပုံတွေဘာတွေနဲ့ ဝေေ၀ဆာဆာ တင်ပါအစ်မရယ်...။

ခင်မင်းဇော် said...

ပုံတွေက များလွန်းလို့ ရှင်းရှင်းလင်းလင်းပုံတွေ မတင်တော့တာ တီဇက်အေ.. ဟမ်းးးးးး

Moe Cho Thinn said...

အေးလေ..ဒီလောက် အေးရတဲ့အထဲ အ၀တ်လဲ ပါဘူး :)

မီယာ said...

ဓါတ်ပုံရိုက်လို့ အရမ်းကောင်းမယ့် နေရာပဲနော်.. ဒီထက်မက အများကြီး ရိုက်ခဲ့တယ် မဟုတ်လား အမ။
သွားလည်ချင်တဲ့ တစ်နေရာ တိုးလာပြန်ပြီ...

ကလေးအတွေး said...

သိသလောက်တော့ အဲ့ဒီ့ပန်းခြံက ..နော်ဝေက ပန်းပုဆရာကြီး Gustav Vigeland သေသွားတော့ သူထုထားခဲ့တဲ့ ပန်းပုရုပ်တွေကို ဒီပန်းခြံလုပ်ဖို့လှူခဲ့တာလို့ဖတ်ဖူးတာဘဲ .. နော်ဝေလိုတော့ Vigeland Park လိုခေါ်တယ်တဲ့

Zatlite said...

My fav. သားကို အမေဖြစ်သူက ဘယ်လိုပြောပြော နားမ၀င်ပေါင် :)

MANORHARY said...

စိတ်ဝင်စားစရာကောင်းတဲ့အမရဲ့ပန်းခြံလေထဲလာကြည့်
သွားတယ်။ အမေဘယ်လိုပြောပြောသားကနားမ၀င်
ပေါင်တဲ့လား..မနော်နဲ့မနော့်သား ..အမေနဲ့မနော်
လိုဖြစ်နေလို့..ပြုံးမိပါသေးတယ်။ ဘာတွေ.ဘယ်လို
ကောင်းကောင်း မပျော်ပါဘူးအမရယ်....

ATN said...

ဓါတ်ပုံတွေ များများတင်ပါဆိုမှ နည်းနည်းလေးတင်တယ်...
ဆယ်ပုံထဲ...
ကြီးဒေါ်က ကပ်စေးနည်းလှချည်လား...
များများတင်မှ မြန်မြန်မြင်ရမှာလေ...
စာတွေက နောက်တော့ ထပ်ရေးပေါ့...
စာက အမြဲဖတ်နေရတာကို...
ဓါတ်ပုံက တခါတလေမှ ကြည့်ရတာ... ဓါတ်ပုံတွေမြင်ရမှ ကိုယ်တိုင်ရောက်သွားရသလို ခံစားရတာလေ...
စာဖတ်သူတွေနေရာကနေ ခံစားကြည့်ပါဦး... အေ... တကတည်း...း)

Photo Story ဆိုပြီး လုပ်လိုက်ရင် ရုပ်ရှင်တောင် အရှုံးပေးသွားရဦးမှာ...
တခါလောက်စမ်းလုပ်ကြည့်ပါလား...း)
(မြှောက်ပေးသွားတယ်)

Steve Evergreen said...

Thanks for sharing. I haven't been to nordic countries.

kay said...

ဟိ..ဗမာတွေက..နံမယ်ပေးတာတော့ ကွတ်တိပဲ။ သဘောကျတယ်။

:P said...

လှလိုက်တာ အစ်မရယ်.. အဲ ဓါတ်ပုံတွေ လှလိုက်တာ။

ဒူကဘာ said...

ဆရာကြီး Gustav Vigeland ပန်းခြံခမျာမှာ ဗမာနဲ့တွေ့မှ အကျီင်္ပါ မရှိ ဖြစ်ရရှာတယ်။ ကင်းပွန်းတပ်တာ ထိရောက်ပါပေတယ်။

Tracy said...

It is naked park