Tuesday, May 5, 2009

တွေ့ချင်တဲ့ ၁၀ ယောက်ဆိုပေမယ့်...

ဘလော့ရပ်ဝန်းမှာ တွေ့ဖူးချင်သူများ ဆိုတဲ့ ပို့စ်ကို လေနုအေးရဲ့ သခင်မ မတန်ခူးက တဂ်လာပါတယ်။ တွေ့ဖူးချင်သူတွေ ရေးရရင် အများကြီးမှ အများကြီးပါ။ ကျမအားတဲ့အချိန်တွေမှာ ဘလော့တခုကနေ တဆင့်ပြီးတဆင့်သွားဖတ်တတ်တာမို့ တခါတလေ ကိုယ်ဖတ်မိတဲ့ ဘလော့ပြန်သွားဖို့ဆိုရင် ဘယ်ကနေ သွားရမယ် မသိတောင် ဖြစ်တတ်ပါတယ်။ အသီးသီး ရေးနေကြတာတွေများ ဖတ်လို့ ကောင်းကောင်းနဲ့ ဖတ်နေတာ တခါတလေ မိုးလင်းခါနီးထိ ဖြစ်သွားတတ်ပါတယ်။ ကျမက အတင်းရယ်ရအောင် ရေးတဲ့ပို့စ်တွေ မကြိုက်တတ်ပေမယ့် သရော်တော်တော် ထေ့လုံးတွေကိုတော့ ကြိုက်တတ်တယ်။
ဒီလူတွေကို တွေ့ဖူးချင်တယ်။ ပြီး....စားစရာတွေ လုပ်ရင်းစားရင်း ပြောရင်းပေါ့နော်...

ဘလော့မလုပ်ခင်ကတည်းက ဘလော်ဂါ စိုးဝှက်ကလေးကို အွန်လိုင်းမှာ မေငြိမ်းကြောင့် သိခဲ့ရတာပါ။ သူက အဲဒီတုန်းက ကယားလူမျိုးအကြောင်းရေးနေတာမို့ ကိုယ်လဲ ကယားပြည်နယ်နေခဲ့ဖူးသူအဖြစ် သူသိချင်တာတွေ မေးရင်း နောက်ပိုင်း ဘလော့လုပ်ဖြစ်တော့ တော်တော်ကူညီပေးခဲ့သူပါ။ အဲဒီအချိန်တွေတုန်းက သူပို့စ်တွေ သိပ်တင်နိုင်ခဲ့ရက်နဲ့ ခုတော့ အပျင်းရောဂါ စွဲကပ်နေရှာပြီ။ စာရိုက်ရင်း ဂျီတော့က စကားပြောရင်း တခါတလေ ဓါတ်ပုံလေးတွေ အပြန်အလှန်ဖလှယ်ရင်း တကယ့်တူမတယောက်လို ဖြစ်သွားခဲ့တာ သူ့မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ်၊ ကိုယ့်မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ် နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားရင်း ပျက်ပျက်သွားရတာတွေ ရှိခဲ့ပြီ။ သူ့ကိုတော့ လူကိုယ်တိုင် မြင်ဖူးချင်လှပြီ။

နောက်တယောက်ကတော့ ဘလော်ဂါ ရန်အောင်ပါ။ အာဇာနည်နေ့ မေလှမြိုင်သီချင်းတင်ဖို့ စာသားကို သူတယောက်တည်းနားထောင်ရင်း နားမလည်နိုင်လို့ ကူနားထောင်ပေးခိုင်းတာကို သတိရမိပါတယ်။ သူက ကျမဘလော့ကို စတင်လုပ်ချိန်က တော်တော်ကူညီပေးခဲ့သူပါ။ ဓါတ်ပုံမြင်ဖူး အသံကြားဖူးပေမယ့် လူကိုယ်တိုင်မြင်ကြည့်ချင်ပါသေးတယ်။ သူ့ရည်းစားတွေ အကြောင်းရေးနေတုန်းက အဲဒီပို့စ်ပြီးရင် အမတို့ကို တက်ဂ်ပစ်မယ် ပြောခဲ့ဖူးပြီး သူလဲ အဲဒီပို့စ်မပြီးခဲ့ဘူးထင်ပါရဲ့။ ဘလော့ပေါ်မှာ သွားသွားဖတ်ပေမယ့် ခြေရာမချန်ဖြစ်ခဲ့ပါ။ သူလဲ တချိန်က ကျောင်းသားတပ်မတော်အပေါ် မှားယွင်းစွာ ပို့စ်တင်ခဲ့ဘူးပေမယ့် သိတဲ့အချိန်မှာ တောင်းပန်ရင်း ပြန်ဖြုတ်ခဲ့ဖူးတာမို့ လေးစားဖွယ်ရာ လူငယ်တယောက်အဖြစ် မှတ်ယူထားပြီး ဆုံတွေ့ချင်ပါတယ်။

ဘလော့ကို စွဲခါစကတော့ သူ့ဘလော့လေးကိုသွား သူတင်ထားတဲ့ သီချင်းတွေ ဖွင့်ရင်း နောက်ထပ်ဘလော့တွေကို လိုက်ဖတ်ဖြစ်ခဲ့တယ်။ သူကတော့ မလေးလို့ ခေါ်တဲ့အိမ်ချမ်းမြေ့။ သူ့ဘလော့ကို နေ့တိုင်းမရောက်မရှိ။ သူအဆုံးမသတ်တဲ့ ၀တ္ထုတိုတွေကို ကိုယ့်ဖာသာ စိတ်ကူးနဲ့ အဆုံးသတ်ပစ်လိုက်တာလဲ အကြိမ်ကြိမ်။ ဘာပဲပြောပြော သူ့ကိုလဲ တွေ့ချင်တာမှ အရမ်း။ ချက်တင်မရှိ မေးလ်အဆက်အသွယ် မရှိပေမယ့် ဘာ့ကြောင့်မှန်းမသိ ခင်တွယ်မိနေသူ။ တွေ့ချင်တဲ့စာရင်းထဲ မလေးကို ထည့်ထားပါတယ်။

သူ့ဆီက တဆင့်သွားခဲ့ဖူးတဲ့ သိုးမလေး ဆိုတဲ့ ဘလော့တခုကို လိပ်စာမမှတ်မိတော့တာမို့ ခုချိန်ပြန်ရှာလို့မတွေ့မိတော့။ သိုးမလေးအဖေပြောခဲ့တဲ့ ကြယ်လေးတွေပုံပြင်၊ သိုးမလေးဖေဖေ မရှိတော့တာ စသဖြင့် ၀င်ဖတ်နေရင်း ငြိတွယ်ခဲ့ရတဲ့ ဘလော့လောကက သိုးမလေးကို ဘယ်လိုပြန်ရှာရမယ် မသိတော့ သူရှိရော ရှိနေသေးလား သိချင်ပြန် နောက်တဆင့်တက်လို့ တွေ့ချင်ပြန်။ သူဟာ သူရေးထားတဲ့အတိုင်း ဒါမှမဟုတ် ကိုယ့်ဖာသာယူဆမိတဲ့အတိုင်း စကားမပြောနိုင်တဲ့ ကလေးမလေးလား ခုထိ ရင်ထဲမှာ မြင်ချင်တွေ့ချင်မိတုန်း။

နောက် ဘလော့အဦးကာလတွေက ရေးသားခဲ့ဟန်တူပြီး အင်္ဂလန်မှာ ရှိနေတဲ့ ဘလော်ဂါတယောက်ကို အရင်က လင့်ထားဖူးပေမယ့် သူပို့စ်အသစ်မတက်တော့တာကြောင့် ဖျက်လိုက်မိတာ သူလဲ ဘယ်ရောက်နေတယ် မသိ။ spritcorner ဆိုတဲ့ သူ့ဘလော့လေးကတော့ ဘလော့ကမ္ဘာလေးထဲ ရှိနေဆဲ။ သူကိုလဲ တွေ့ဖူးချင်တယ်။ ရွှေဝါရောင်ကာလကို သူအမြင်နဲ့ ပုံဖော်ခဲ့တာလေး သတိရနေတယ်။

သူနဲ့တွဲသတိရတာက ကြာပီ ။ သူ့ကိုလဲ ကျမက သီချင်းတွေ တောင်းဖူးတယ်။ မေးလ်ထဲကနေ ကိုအံ့ကြီးသီချင်းတွေကို ပို့ပေးဖူးပြီး နောက်ပိုင်း ပို့စ်တွေ ပြန်တက်တာ တွေ့ရတယ်။ ဒါပေမယ့် တော်တော့်ကို နည်းပါတယ်။ သူ့ဘလော့မှာ တင်ထားတဲ့ အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ကြားဖူးပါစ ဆိုတဲ့စာသားလေးကို သဘောကျနှစ်ခြိုက်လွန်းတာမို့ သူ့ကိုလဲ တွေ့ချင်တယ်။ အံ့သြစရာက သူက ဘလော်ဂါ ပေါက်နဲ့ ညီအမတော်နေတာကို သူ့ပို့စ် ဖတ်ရင်းသိရပါတယ်။ ပေါက်နဲ့ ချန်ချန်းကို လဲ ပေါက်ရဲ့ ဘလော့သွားဖတ်နေရင်း ရင်းနှီးနေတာမို့ သူရေးတဲ့ ချန်းချန်းကို ထင်မိနေတုန်း နုသွဲ့ကောမန့်တွေ့တော့ ကြိမ်းသေသွားတာပေါ့။ သူတို့တွေကိုလဲ တွေ့ဖူးချင်တယ်။

အင်္ဂလန်ဘလော်ဂါထဲ တဆက်တည်း နုသွဲ့ကိုလဲ တွေ့ချင်တာပါပဲ။ စိတ်ရောဂါနဲ့ ပတ်သက်တာတွေ သူ့ကို မေးချင်လို့ပါ။ စိတ်ဒဏ်ရာ သမားတွေကို ဘယ်လို ဖြေသိမ့်ပေးရမလဲ သိချင်တာပေါ့။ သူချက်ကျွေးတာတွေစား ပြီး ကိုယ်သိချင်တာတွေ မေးလို့ရရင် သိပ်ကောင်းမှာပဲနော်။

ကလိုစေးထူးကိုတော့ သူနာမည်ရင်းပြောတော့မှ သူ့အမျိုးသမီးကို သိနေပြန်တယ်။ လူချင်းသိတာမဟုတ်ပဲ နာမည်ကြားဖူးတာပဲ ဖြစ်ပေမယ့် သူကိုလဲ တွေ့ချင်မိတယ်။ သူက စိတ်ဝင်စားအောင်ရေးတတ်တာမို့ ခေတ်ပြိုင်ဆောင်းပါးတွေကနေတဆင့် သိနေခဲ့ ပြီးဘလော့ကို ၀င်ဖတ်ဖြစ် ဒါပေမယ့် ကောမန့်တော့ ရေးခဲပါတယ်။ ခုဆိုသူက ကလေး တယောက်နဲ့လို့ သတင်းကြားမိတယ်။ ဒါ့ကြောင့်များ အရင်လို ပို့စ်တွေ သိပ်မတက်တော့တာလားမသိပါ။

ကဒေါင်းညင်သာ ကိုတော့ မြန်မာတီးရှော့မှာ စတင်သိကကျွမ်းခဲ့တာ။ အဲဒီထဲမှာက နာမည်တမျိုးဆိုတော့ သူကတော့ သိမှာမဟုတ်။ အဲဒီမြန်မာတီးရှော့က နေ ကလူသစ်၊ ကိုထိုက်၊ ကိုပေါ၊ ကိုမောင်ရင်။ ကိုသင့်။ ကိုဖိုးဇေ၊ နစ်နေမန်း၊ မသဒ္ဓါ တို့ တွေ ခုတော့ဘလော့လုပ်ကြပြီ။

ကိုပေါက ကျမထက်နောက်ကျပေမယ့် သူ့ရဲ့ တီးရှော့က စာတွေက ခုထက်တောင် လက်စောင်းထက်သေး။ သူနဲ့ ကျမက တခြားလူတွေလို ၈ျီတော့အဆက်အသွယ်မရှိ။ ဒါပေမယ့် သူရဲ့ အယူအဆတွေ နဲ့ တင်ပြရဲတဲ့ သတ္တိကို ကျမက သဘောကျတယ်။ သူ့အယူအဆထဲ တချို့မတူတာတွေတော့ ၀င်ပြောတယ် တူရင်တော့ သိပ်မပြောတော့ဘူး။ ဒီလိုလူတွေ လိုအပ်တယ် ဆိုတာ ယုံကြည်တယ်။

ကဒေါင်းက ခုနောက်ပိုင်း ပို့စ်အသစ် သိပ်မတက်နိုင်တော့။ ဒါပေမယ့် သူ့အတွေးတွေကိုတော့ ကျမက သဘောကျ ဒီတော့ တွေ့ချင်တဲ့စာရင်းထဲ တို့ထားလိုက်ပြီ။ အဲဒီမြန်မာတီးရှော့က တဖွဲ့လုံးကိုတော့ တွေ့ချင်တာ အမှန်တကယ်။

အဲဒီတုန်းက ကလူသစ်တင်ထားတဲ့ ပုံလေးက ကွန်ပျူတာမှာ အသည်းအသန် အလုပ်လုပ်နေတဲ့ပုံ။ ကိုပေါက သမိန်ပေါသွပ်ပုံ။(ကောမန့်မှာ ကိုပေါက ၀င်ပြင်ပေးထားတယ်။ သူက ညောင်ရမ်းဂွတိုတဲ့ ဟုတ်ပ။ ဘယ်လိုမေ့သွားတယ် မသိ။ လေးဂွပုံတဲ့ ပြင်ဖတ်ပေးနော်။ ခုရေးတာအမှန်) ခုတော့ ကိုသင့်ကလဲ ဘလော့ပေါ်တက်မလာတော့။ မအားလပ်ဖူးထင်ပါရဲ့။ ကလူသစ်ရဲ့ ခပ်ထေ့ထေ့ အရေးတွေကို ကျမက အမြဲတမ်းဝင်နောက်လိုက်ရမှ။ သူ့သမီးလေးကလဲ ချစ်စရာကိုး သူ့ဘလော့က ရောက်ဖြစ်နေရော။ ခုတော့ သူကလဲ တာ့တာတဲ့။ သူ့ကိုတွေ့ရင်တော့ ဒီလိုထေ့တတ်အောင် ဘယ်လိုကျင့်ခဲ့လဲ သိချင်တယ်လို့ မေးဦးမှာ။

ကိုမောင်ရင်ကတော့ဆောင်းပါးတိုင်း ကောင်းလွန်းလို့ မဖတ်ရမနေနိုင်။ သူကလဲ ကျဲသလားမမေးနဲ့။ သူ့ကိုလဲတွေ့ချင်တယ် ဘာ့ကြောင့် ဒီလောက် အတွေးအရေးကောင်းရတာလဲ ဘာကြောင့် တပြားမှ မရနိုင်တဲ့ ဘလော့ကနေ ဒီလိုစနစ်တကျ သုသေတနတွေ လုပ်ပြီး ဆောင်းပါးရေးတာလဲ မေးကြည့်ချင်လို့ပါ။ ပြီးတော့ ကျမက အဲဒီလို ရေးတတ်ချင်တယ်လေ။

ဘလော့စတင်ခါစက ပုထုဇဉ် ဆိုတဲ့ ဘလော့လေးကိုလဲ အရမ်းကိုကြိုက်နှစ်သက်ခဲ့။ သူ့ပို့စ်တွေကို ကူးယူမထားမိတာ နောင်တအခါခါ။ ဒါပေမယ့် ပန်ပန်က သူယူထားတယ် လို့တော့ ပြောဖူးရဲ့။ သူတို့ကိုလဲတွေ့ချင်တာပဲ။ ဆက်ထုံးကဗျာလေး ပြန်လာရေးပြီး တခါပြန်ပျောက်သွားတဲ့ ဘလော်ဂါ မိုးညိုရော ဘယ်တွေ ရောက်နေလဲ။ ဘလော်ဂါ စစ်အိမ်ညီညီသံလွင်မြန်မာအိုအေစစ် သူတို့တွေကိုတော့ ရွှေဝါရောင် ကာလတွေမတိုင်ခင်လေးမှာ အမှတ်တရ ရှိခဲ့ပြီး သွားသွားဖတ် လင့်တွေတောင် ချိတ်ထားခဲ့ဘူးတယ်။ သူတို့တွေနဲ့ တွေ့ချင်ပြန်သေးတယ်။

ကျမက ပျောက်သွားသူတွေကိုတမ်းတသလိုများ ဖြစ်နေပြီလား။နောက်ကျမ တက်ဂ်လုပ်ခဲ့ဘူးပြီး အရင် ချက်တင်လဲ အဆက်အသွယ်ရှိခဲ့ဘူးတဲ့ ဘလော်ဂါတယောက်ရှိပါသေးတယ်။ avril ဆိုတဲ့ နာမည်နဲ့ ဘလော့လေးပေါ့။ နောက်ပိုင်း ချက်တင်ကရော ဘလော့မှာပါ ပေါ်မလာတာ ကြာလှပေါ့။

နောက် စာရေးကျဲပေမယ့် တက်လာတဲ့ ပို့စ်တိုင်းကောင်းတဲ့ see and be seen။ သူ့ဘလော့ကို သိခါစက သူငယ်ချင်းတွေကို လိုက်ကျေညာခဲ့သေးတယ်။ သွားဖတ်ပါ ကောင်းလွန်းလို့ ဆိုပြီးလေ။ တွေ့ချင်တယ် မိဘလုပ်ကျွေးတဲ့ ဘလော်ဂါကို။ လီယိုမလေးနဲ့လဲ မြန်မြန်ဆုံစေချင်ပါတယ်လေ။

နောက် သမီးတယောက် ကောက်ရခဲ့တာလဲ ဒီဘလော့ဝန်းကျင်ထဲကပဲပေါ့။ သူကတော့ လင်းလက်ကြယ်စင်။ သူတို့ မင်္ဂလာမဆောင်ခင် သမီးရည်းစား ဘ၀ကတည်းက ကျမက မြှောက်ပေးနေကျ။ ဘာလုပ်မပေးရင် ဘယ်လို လုပ်ပစ် အဲဒီင်္လို….ိ။ ကိုအောင်မိုးနိုင်ရေ ခွင့်လွှတ်ပါ။ စလုံးမှာ မင်္ဂလာ မဆောင်ဖြစ်ခဲ့ရင် မဲဆောက်မှာ လာဆောင်ဖို့ထိ တာဝန်ယူထားခဲ့တဲ့ သမီးပေါ့။ ခုတော့ သူက ပျော်ရွှင်လို့ သူနဲ့ လူချင်းတော့ တခါမှမဆုံဖြစ်သေး။ တွေ့ချင်တယ်။

သူ့လိုပဲ တီတီလို့ခေါ်တဲ့ သားတယောက်လဲ ဖင်လန်မှာ ရှိသေးတယ်။ နော်ဝေးရောက်တုန်းက သူ့ဆီလာလည်ဖို့ ခေါ်ပေမယ့် မရောက်ဖြစ် ။ မင်းမင်းလို့ ခေါ်တယ်။ သူ့ဘလော့လေးမှာ စာလုံးပေါင်းမှားတာတွေ ပြင်ပေးဖို့ သူက ဖိတ်ခေါ်နေကျ။

အဲဒီနောက်တော့ ပန်ပန်(သူ့ရဲ့ ကဗျာတွေကို ကျမက အသည်းစွဲ)
နေနေနိုင် (သူရေးတာ ဘာမှ မဟုတ်ဘူးပြောလဲ ကြိုက်တာပဲ)
ခင်မမမျိုး( သူ့ဘလော့က ဆောင်းပါးတွေ ကြိုက်လွန်းလို့ နောက်အသစ် တင်တိုင်းမေးလ်ထဲ ပို့ပေးဖို့ တောင်းဆိုထားရသူ)
ပန်းခရမ်းပြာက မချို ဆိုလဲ သူ့ဘလော့လေး ၀င်ဝင်ဖတ်နေတာ ကြာပြီ။ ည၀တ်အကျီ င်္တွေကို အပြင်ဝတ်နေတာ သူရေးတဲ့ပို့စ်ကျမှ ကောမန့်ဝင်ရေးမိတာလေ။ သူ့လိုပဲ ပြောချင်နေတာ ကြာနေတဲ့အချိန် သူရေးတာတွေ့တော့ ၀မ်းသာအားရ။
ရွှေဂျမ်း ….သူ့ဘလော့ကို သွားတော့ သူ့အရေးအသားမှာ နစ်မြော သူ့ပန်းချီတွေကို စွဲလန်း ဒါနဲ့ ခဏခဏသွားချောင်း
လင်းးးး သူကတော့ အလွမ်းဘုရင်မ ဘယ်လိုနာအောင်ပြောပြော လွမ်းကောင်းဆဲ သူ့ကိုလဲ သူ့ပို့စ်တွေကနေ ညီမတယောက်လို ချစ်ခင်မိ အဆင်ပြေစေချင်မိ၊
ယုဝရီကို ဒေါက်တာ ရီရီဝင်းအဖြစ် ဘလော့ဝင်ဖတ်ရင်းက သူ့ဘလော့နာမည်ပြောင်းလိုက်တော့ ကြိုက်လိုက်တဲ့နာမည်။ ဒီနာမည်လှလှလေးရွေးတတ်ပါ့ပေါ့။ သူရေးတဲ့ ၀တ္ထုတပုဒ်ကို ကိုယ်တွေ့ရေးတယ်ထင်ပြီး ကောမန့် သွားပေးဖူးသေးတယ် ။ အားနာလိုက်ပါဘိ။ သူ့ပို့စ်တွေကလဲ ပြည်တွင်းက အခြေအနေတွေကို ထင်ဟပ်တာမို့ ကြိုက်တယ်။ အပြင်မှာ တွေ့ရရင်တော့ တိုးတိုးတိတ်တိတ် မေးချင်တဲ့ စကားလေးတွေ ရှိပါ့။
သူ့လိုပဲ ကောမန့်မှားပေးမိတဲ့ တယောက်ရှိသေး ။ သက်ဝေပေါ့။ ၀တ္ထုတိုလို့ တပ်ထားတာ မတွေ့ပဲ စီဘောက်မှာ သွားပြီး ရေးချင်တာ ရေးခဲ့မိတာ။ အားနာရတာလဲ မဆုံးတော့။ တွေ့ဦးမယ် သက်ဝေရေ..
သိဂီ င်္နွယ် အတိုကောက် tg nwe ကို ကလစ်ကြည့်ဖို့ မစဉ်းစားပဲ တောင်ငူနွယ်လားမသိ ဆိုပြီး သတိထားမိနေတာကနေ တနေ့တော့ ကလစ်ကြည့်ပြီး သူ့ပို့စ်တွေ တနေ့တည်း အကုန်ဖတ်ဖြစ်ရာကနေ ခင်မင်မိသွားတယ်။
သူ့လိုပဲ မီယာ့ကိုလဲကောမန့်ထဲ တွေ့တော့ နာမည်ကို ကလစ်မကြည့်မိ။ အားတဲ့ ရက်တွေမှာ လိုက်ကလစ်ကြည့်ရင်း သူ့ဘလော့ကို တွေ့တော့ အားနာမိလိုက်သေး။ တကယ့်ကို ကလစ်မကြည့်မိတဲ့ ကိုယ့်အဖြစ်။ ဘာလို့ အဲလိုတွေ မေ့နေလဲ ဆိုတာတောင်မသိ။ သူ့ကိုလဲ တွေ့ချင်တာပါပဲ။ စာရေးရင် အေးအေးလေး ရေးတတ်တာ သူ့အမှတ်အသား။
မလေးရှားက ညလေးကို အရင်က ယူဖတ်တဲ့ ရီဒါထဲ မ၀င်တော့ ဘလော့ဖျက်လိုက်ပြီ အောက်မေ့လို့ နောက်မှ သူက ဘလော့ပြောင်းသွားတာကိုး။ သူ့ကိုတွေ့ချင်တာတော့ ကြာပေါ့။
ပုံရိပ် တို့ လေးမတို့ ဘလော့တွေလဲ ကိုယ်ဘလော့လုပ်စက နေ့တိုင်းဖတ်ရတဲ့ ဘလော့တွေပါပဲ။ သူတို့တွေ ဘယ်နိုင်ငံကလည်း ဆိုတာတောင် အဲဒီတုန်းက မသိခဲ့ဘူး။
သိရင်လား … သွားလည်မလို့ပေါ့နော်။
ပီတိ ရဲ့ မေမေ့ပို့စ်တွေကလဲ ဖတ်မ၀ ။ သူက၀တယ် ဆိုတော့ တွေ့လို့ ဖြစ်ပါ့မလား။ ဒါပေမယ့် ချန်ထားလို့ မဖြစ်တဲ့ အကြောင်းတွေရှိတယ်နော် ကိုပီတိ တွေ့မှဖြစ်မယ်။ လာလည်ပါဗျို့။
တန်ခူးရဲ့ လေနုအေးကို သွားဖတ်မိတာ ကိုပေါဘလော့ကနေ တဆင့်။ ဖတ်နေရင်း သားလေးကို မြင်ယောင်မိ။ နောက်သူ့ပို့စ်တခုက ဆန်းဒေးကျောင်းပုံလေးကို လိုချင်လို့ ကြားခံတဆင့်ဆီ မေးလ်ပို့တောင်းခဲ့ဖူးပြီး လူချင်းတွေ့ချင်တဲ့ထိ ဆန္ဒက ဖြစ်မိ။

ကိုဧရာ မသီတာ ဘလော့လေးကိုလဲ အစက ဂျပန်က ထင်မိသေး။ နောက်မှ စလုံးက အင်ဂျင်နီယာတွေလို့ သိရတော့ အာအိုင်တီကို သံယောဇဉ်ကြီးတဲ့ ကိုယ်က မရောက်ရမနေနိုင်။ တကယ့်ကို အသိတရားတွေ ပေးတတ်တဲ့ ဘလော့မဟုတ်လား။ ပြီး မသီတာရဲ့ ပုံတူတကြောင်းပန်းချီလေးကို ကိုဧရာက ဆွဲပေးထားတယ်ဆိုတော့ သဘောကျလိုက်တာ။ အဲဒီမိသားစုလေးကိုလဲ မြင်ချင်မိပြန်တယ်။

ဂျူလိုင်အိပ်မက်ကတော့ ဘလော်ဂါ ထဲက ယောက်ျားလေးတွေထဲမှာ အခင်ဆုံးတောင် ပြောလို့ရတဲ့အထိ ချက်တင်ထဲမှာ စနောက်အော်ငေါက်။ သူ့ဘ၀ ကိုယ့်ဘ၀ အပြန်အလှန်ရင်ဖွင့် တွေ့ရင်လဲ ရန်ဖြစ်ဦးမယ်ထင်ပါတယ် ။

နောက် ယိုးဒယားသွားလည်မယ်လို့ သူ့ဘလော့မှာ ရေးလို့ အမကို ဆက်သွယ်လိုက်လို့ စီဘောက်ထဲ သွားအော်တော့ မေးလ်ထဲ ရောက်လာတယ် ဖုန်းနံပါတ်ပေးပါတဲ့။ အဲဒီဘလော်ဂါက တီဇက်အေ။ သူ့ကို သန့်ဇင်အောင်ဘလော့ကတည်းက အမြဲဖတ်ခဲ့တာ။ ဒါပေမယ့် ဒီကိုလာ ဖြစ်တော့မှ ကောမန့်ဝင်ရေး စီဘောက်ဝင်အော်ဖြစ်ခဲ့တယ်။ သူနဲ့ တွဲပြီးသတိထားမိတဲ့ ဘလော်ဂါက ကိုဘွိုင်းဇ်။ သူတို့ ၂ ယောက်လုံးထိုင်းကို ရောက်တော့ ဖုန်းဆက် စကားပြောပေမယ့် မဆုံဖြစ်ခဲ့ပါ။ သူတို့က အချိန်မလောက်မငကို မဒီလေးတွေနဲ့ ကုန်ချင်တာ ထင်ပါရဲ့ တညအိပ်ဆင်းလာခဲ့ပါခေါ်တာ ရောက်မလာကြ။ သူတို့ရဲ့ အသံတွေမှာတောင် ဖြူစင်မှုတွေ ပွင့်လင်းမှုတွေ ဖော်ရွေမှုတွေကို မြင်တွေ့နေရတော့ လူချင်းတွေ့ရင်တော့ တော်တော်ကို ဂရုစိုက်မယ်ထင်ပါရဲ့။
(ကြိုတင် လေသံပစ်လမ်းခင်းထားခြင်း)

သူတို့လိုပဲ တွေ့ချင်နေသေးတဲ့ဘလော်ဂါတွေ အများကြီး ။ ပြည်တွင်းက မေရာ။ စလုံးက မေ့သမီး။ တောကျောင်းဆရာ။ ရွာသားလေး။ တောင်ပေါ်သား။ စပ်မိစပ်ရာက ညိုထက်ညို။ မေရာ။ မယ်လိုဒီမောင်၊ ပင့်ဂိုးလ်……….. အများကြီးမှ အများကြီးးးးးးးးး ဒီတော့ ညီမ တန်ခူးရေ.. ၁၀ ယောက်နဲ့တော့ မလောက်ပါကွယ် .. စိတ်ထဲရှိတာ ချရေးလိုက်ပါတယ်။ လူတွေက များလွန်းတော့ လင့်တွေကို ချိတ်မပေးတော့ပါ။ သိပြီးသားတွေလဲဖြစ်နိုင်ပါတယ်။ တချို့လူတွေက ကျမဘလော့လင့်မှာ ပါပြီးသားပါ။ အဲဒီလင့်ကိုလဲ အပ်ဒိတ် လုပ်ရပါဦးမယ်။ ထပ်ထည့်ချင်သူတွေ ရှိသေးတာကိုး။
ဘယ်သူ့ကို ဆက်တက်ဂ်ရမယ်တော့ မသိ။ ဒီလိုနဲ့ ဘလော့ရွာထဲ လိုက်ပတ်ကြည့်တော့ ပြန်ရောက်ပြီလို့ လာသတင်းပို့သွားတဲ့ ညီမလေး လင်းနဲ့ ရွှေဂျမ်း တို့ကို တက်လိုက်ပါတော့မယ်... ဒန်တန့်တန် ရေးပါလေ့ကွယ်နော်..
လာဖတ်သူထဲက စင်စင်ကိုတွေ့ချင်တယ် (ဒါက ဘောနပ်)

ုဖြည့်စွက်ချက်... သုနှင်းဆီဘလော့က မွန်မွန် ကျန်ခဲ့တယ် ။ ဆောဒီးနော်။ သူ့သူငယ်ချင်းတယောက် အကြောင်း ရေးထားတာကို ဖတ်ရင်းနဲ့ သူတင်တဲ့ သီချင်းတွေ သူပြောတဲ့ ထွေရာလေးပါးတွေကို နေ့တိုင်းရောက်ဖြစ်ခဲ့ ပြီး သူ့ကိုမေ့ကျန်ခဲ့တာတော့ အမ မကောင်းတာနော် .. တွေ့ချင်တဲ့ထဲ မွန်မွန်ပါတယ်။ အမှန်တကယ်ပါ။

အထူးနောက်ဆက်တွဲ
ကျမပို့စ်မှာ အရေးအကြီးဆုံး ညီမတယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့အမနဲ့ တော့ သူ့ကြောင့်ပဲ လူချင်းတွေ့ဖူး ခင်မင်ခဲ့ရပြီး သူ့ကို ဓါတ်ပုံတွေ အပြန်အလှန်လဲ၊ ရင်တွေ အပြန်အလှန်ဖွင့်၊ စိတ်တိုရင် ဖြောင့်ဖြပေးတတ်တဲ့။ စာရေးလဲ ကောင်း ၊ ပုံဆွဲလဲတော်၊ ဓါတ်ပုံရိုက်လဲလှ၊ လူကလဲ သိပ်လှတဲ့ မမဘလော်ဂါတယောက်ကို ရေးတော့ ကျန်ခဲ့တယ်။ ပြီးတော့ ကျမဘလော့အသစ်ကလေးကို လာရောက်အားပေးခဲ့တာလဲ သူ။ ကောမန့်တွေ အစောဆုံးချတာလဲ သူ၊ ထောင်အကြောင်းလေးတွေ ရေးပါဦး တောင်းဆိုခဲ့တာလဲသူ၊ ရင်ခုန်သံချင်း ထပ်တူညီတဲ့သူ၊ အမ်မလေးးးးးးးးး စိတ်မကောက်လိုက်ပါနဲ့ ဒေါ်ကေသွယ်ရေ….. ယူနဲ့အိုင်က မကြာမီတွေ့မယ် မဟုတ်လားကွယ်… (တကယ့်အရေးကြီးပုဂ္ဂိုလ်ကျန်ခဲ့တယ်) အာဘွား တသိန်းကေ။(ဟင့် တကယ့်ကို ရေးတဲ့သူက စိတ်မကောင်းဖြစ်မိပြီ ကေ့ကို ကျန်ခဲ့လို့။ ကိုပေါပြောတာ မှန်တယ် အသက်ကြီးသွားလေပြီ၊ ဦးနှောက်အလုပ်မလုပ်တော့ပါ။ ၀န်ခံပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

31 comments:

P.Ti said...

အမရေ တွေ့ချင်တယ်ဆိုလို့ ၀မ်းသာမိပါတယ်။ ကျွန်တော်လည်း ဒီဘလော့က ခင်တဲ့ မိတ်ဆွေတွေကို တွေ့ချင်မိပါသေးတယ်။

ဝတယ်ဆိုတာကတော့ မနာလိုတဲ့သူတွေပြောတဲ့ စကားပါ.. အဟဲ...
လာလည်ချင်ပါတယ် အမရေ... သိပ်မကြာချင်မှာ လာလည်နိုင်အောင် ကြိုးစားမယ် :)

khin oo may said...

ဟုတ်တယ် တို့လည်းဝမ်းသာတယ်။

tg.nwai said...

အစ်မရေ...တောင်ငူနွယ်..တဲ့လား..ဟဲဟဲ..၀မ်းသာတယ်..၀မ်းသာတယ်.
အများကြီးရေးထားတော့ တ၀ကြီး ဖတ်ရတာပေါ့..ပျော်စရာကြီးပဲ...

Ko Paw said...

အစ်မရေ…. တီးရှော့ပ်ထဲတုန်းက ကျနော့်ပုံက လေးဂွကလေး ခင်ဗျ။ ညောင်ရမ်းဂွတိုလေ။ သမိန်ပေါသွပ်မဟုတ်။ အင်း…. အစ်မ သတိမေ့ပုံထောက်တော့ အသက်ကြီးသွားပြီ။
အစ်မတွေ့ချင်တဲ့အထဲမှာ တီးရှော့ပ်ထဲက “မောင်ဆန်” မပါဘူးလားလေ…..ဘီဘီစီ ဇုံဘီ တွေရေ… ( အလွမ်းပြေပေါ့…း-)

ထိုင်းရောက်ရင် ဗျစ်ရည်အတူချိန်းသောက်မယ် အားခဲထားတဲ့ ကဖိုးဇေတယောက်တော့ မရှိရှာတော့ဘူး။

s0wha1 said...

ဟီးးး... အန်တီငြိမ်း လက်တို့လို့... ဖတ်ပြီးပြီးချင်း ပိုင်သကွာပေါ့နော်။ :P
ဒီတခါ တကယ်လာဖြစ်မှပဲ ပြောတော့မယ် သိလား... :D

ပန်းခရမ်းပြာ said...

တွေ့ချင်သူတွေထဲမှာ ပါလာလို့ အရမ်းဝမ်းသာတာပဲ။
အမ ပို့စ် အသစ်တင်တိုင်း အမြဲရောက်ပါတယ်။
ကွန်မန့် မရေးတာ နှုတ်မဆက်မိတာကတော့
မချို လူမှုရေး ခေါင်းပါးတယ်ပဲ ဆိုပါတော့ ။
အမကိုလည်း အရမ်း တွေ့ချင်ပါတယ်။

သက်ဝေ said...

အမရေ...
ကျေးဇူးပါ...။ သက်ဝေကလဲ အမကို တကယ်ပဲ တွေ့ဖူးချင်ပါတယ်... ဓါတ်ပုံတော့ တွေ့ဖူးတာပေါ့နော်...သို့သော်.. အပြင်မှာ လူကိုယ်တိုင်တွေ့ပြီး စကားပြောချင်တာမျိုးပါ... ပြီးတော့ စပ်လိုက်ရင်တော့ ဆွေမျိုးတွေတောင် ဖြစ်ချင်ဖြစ်နေအုံးမှာ...(ရင်ထဲက ဘာသာစကားတူတဲ့ ဆွေမျိုးတွေလေ...)
ဘန်ကောက်ကို လာလည်ရင် အမကို လာတွေ့မယ်နော်...

မေ့သမီး said...

အမ စလုံး လာလယ်ရင်တွေ့မယ်လေ။ ဒါမှမဟုတ်ရင်တော့ ညီမအလုပ်ဝင်တဲ့အခါ ထိုင်းဘက် မျက်စိလည်လာမှတွေ့ရမယ်။

sin dan lar said...

်အစ်မက လက်နက်ကြီးနဲ့ ချိန်မထားတော့တဲ့အတွက်
တွေ့ရဲပါတယ်..တွေ့ရဲပါတယ်..။

pandora said...

တွေ့ချင်သူ ချစ်သူခင်သူအားလုံးကို လွတ်လပ်ပွင့်လင်းစွာ တွေ့နိုင်မယ့် အချိန်တခုကို ရောက်အောင် ဆက်လျှောက်ကြရမှာပါ အစ်မရေ

Nyo Htet Nyo said...

အစ်မကိုလဲတွေ့ဖူးချင်သား။ တောင်ပံပါရင်လဲ ကောင်းသားဗျာ။ ဒါတော့မဖြစ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့နေ့မှ လာခဲ့ပါဦးမယ်ခင်ဗျာ။ သြော်…တစ်မိသားစုလုံးကို တွေ့ဖူးချင်တာပါဗျာ။

sonata-cantata said...

တွေ့ဖူးချင်တယ်နော်...(ဒွေးရဲ့ "ဘယ်တော့မှ မမေ့ဘူး" ဆိုတဲ့ သီချင်းစာသားလေး ခေါင်းထဲက ထွက်လာတယ်)တခါတခါ နုတတ်လွန်းတဲ့ မခင်မင်းဇော်နဲ့ အတိုင်အဖောက် ညီညီလေ...

ဧရာသီတာ

JulyDream said...

၁၀ ယောက်ပဲ ရေးခိုင်းထားတာကို ဘောင်ကျော်တဲ့အတွက် အခုပို့စ်ကို Tag ထားတဲ့ ပို့စ်အဖြစ် မယူဆပဲ ပလပ်ပါတယ်။ မကျေနပ်ရင် အချိန်မရွေး လာရှင်းလို့ ရပါတယ်။ အဟက်...

မှတ်ချက်။ ။ ပီအေကြီး မပါ။ စွယ်တော်ရိပ် ကျောင်းတော်ကြီးက ညီနောင်ချင်းကတော့ ပိစ်ပဲ။ အဟား...

ခင်မင်းဇော် said...

ပီတိရေ ကြိုဆိုနေပါကြောင်းးးး
မခင်ဦးမေ တို့နဲ့ ဆုံဖူးတယ် ကြာလှပေါ့ မှတ်မိမယ်မထင်ပါ ။ တို့ကတော့ မင်းသမီးကို သိနေပါကြောင်းးးးး
သိဂီ င်္..များများဖတ်ရအောင် ရေးထားတယ်တဲ့လား ။ အကောင်းမြင်တတ်ပါ့။
ကိုပေါပြောမှ ဇုံဘီ တွေပါလေ ဆိုတဲ့ လေသံကို သတိရသွားသား။ မောင်ဆန်လဲ ဘယ်နေရာမှာ ဘယ်နာမည်နဲ့ လိုက်ရေးနေလဲ မသိ။ ဇော်မျိုးတောင် ခုတလောပျောက်နေတယ်။ ကနေဒါက ရောင်နီနဲ့များပါသွားလားမသိ။ ဒါမှမဟုတ်သူ ကိုယ်တိုင်များလား မသိ။
စိုးဝှက်.. တိုးတိုးပြောပါဟ..
မချို.... ဂုဏ်ယူနေလိုက်ပါ လူကြီးမင်းများ လက်ခုပ်တီးကြတယ်။
သက်ဝေရေ.. အမကတော့ အမျိုးများသားဟ.. တော်ကြာ တကယ်အမျိုးဖြစ်နေဦးမယ် ။ ဟိုဘက်တော် ဒီဘက်တော် တွေနဲ့လေ....
မေ့သမီး .. အပြန်ဝင်လာခဲ့ပါလားးးး
လက်နက်ကြီးကို ခဏအနားပေးထားတယ် စင်စင် ။
ပန်ပန် .... လမ်းဆက်လျှောက်မယ်...
ညိုထက်ညို... ပိုက်ပိုက်စုထား ပြီးရင် မိန်းမယူကွာ....လာမလည်နဲ့ဦးးးးး စုံတွဲဖြစ်မှ လက်ခံမယ်။
ဧရာသီတာ .. နုဖို့ဆိုတာ မလွယ်ဘူးနော်... စိတ်ခံရှိနေမှ ဟဟ။ (နုနော် နူမဟုတ်)
ကိုဂျူလိုင်... ဒါ့ကြောင့် ခုထိတကိုယ်တည်းဖြစ်နေတာ ... (သူ့ကိုနိုင်တာလဲ ဒီတချက်ပဲ ရှိတယ်)

Anonymous said...

တွေ့ချင်ရင် ယိုးဒယားလာလည်ဖြစ်ရင် လာခဲ့မယ်လေ။
နောက်ဆုံးမှ သတိရပေမယ့် နောက်ဆုံးပိတ် အိတ်နဲ့လွယ်
အားလုံးထက်ပိုခင်တယ်လို့ သဘောထားလိုက်ပါတယ်။ အဟဲ
း)
mm

Min Min said...

ဟားဟား.. ရှာလိုက်ရတာ... ခုမှတွေ့တယ်.. တီ့သားလည်း ဘလော့ဂါမှာ ပြန်ရေးတော့မယ်. ဟို.ကွန်ကြီးက ပိုက်ပိုက်မနိုင်.. ဟီး).. နောက် တစ်ယောက်တည်းဖြစ်နေသလို ခံစားရတယ်.. ဘလော့ဂါတွေက ဖော်လိုလိုက်တာတို့ . ဘာတို့ ဟို.ကွန်မှာက လုပ်မရဘူး ..

တွေ့ဆုံတယ်ဆိုတာ တကယ်ကံတရားလိုပါပဲ။ တစ်ခါတစ်လေ မမျှော်လင့်ပဲ အင်တာနက်မှာ တွေ့သလိုပေါ့.. လူချင်းတွေ့ဖို့ကတော့ နီးလာပါပြီ။ အတော်ပါပဲ .. တီနောက်တစ်ခေါက်လာမှာနဲ့ တီ့သားလည်း ကိုယ်ပိုင်ကားရှိလောက်ရောပေါ့.. ခုတော့ နှစ်ဘိန်းကားနဲ့ ကျောင်းတက်နေရတယ်း)

Nu Thwe said...

ဟယ်...ပလုပ်တုတ်...အမရဲ့ တွေ့ချင်သူ စာရင်းရှည်ကြီးထဲမှာ ကိုယ့်နာမည် ပါနေပါ့လား။ အမှတ်တရ ရှိလို့ ၀မ်းသာပါတယ်။ သို့သော် သို့သော်.......
ချက်လည်း ကျွေးရ၊ မေးခွန်းတွေလည်း ဖြေရဆိုရင်တော့ သိပ်မချောင်ဘူး ထင်မိတယ် ဟားဟား။ စေတနာ မရှိလို့ မဟုတ်ရပါဘူး။ တစ်ခုကိုပဲ ပိုင်ပိုင်နိုင်နိုင် လုပ်ချင်လို့ပါ (အလျှောက်ကောင်း အထောင်းသက်သာမလားလို့)
ဒီတော့ကာ အမဆီကို အရင် လာလည်လိုက်မယ်။ ဒါဆို အိမ်ရှင်က ချက်ကျွေးရမယ့် တာဝန် ရှိသွားပြီ။ ပိုင်တယ်နော် ဟိ။ လက်နက်ကြီးစာတော့ မမိချင်ဘူးနော် အမ။ သူများက ကြောက်တတ်လို့ပါ။ နာမည်ကိုက “နု”ပါ ဆိုမှပဲး)

ပုံရိပ် said...

မခင်မင်းဇော် ပုံရိပ်ကို သတိတရ ရေးထားလို့ ၀မ်းသာပါတယ်။ ခုတော့ ဘယ်နိုင်ငံကလဲ သိပြီ ထင်ပါတယ်။ ဘလောက်ဂါအားလုံး ဆုံဖြစ်ကြရင်လည်း ကောင်းသားပဲ။

ရွှေဂျမ်း said...

အမရေ။ ဂျမ်းလည်း အမကို တွေ့ချင်ပါတယ်။ ဘလော့ရေးလို့ သိလာရတဲ့ သူတွေထဲက အပြင်မှာ တွေ့ဖူးတာဆိုလို့ အမမိုးချိုသင်းတစ်ယောက်ပဲရှိသေးတယ်။ အစကတည်းက သိပြီးသားမိတ်ဆွေ တစ်ချို့ကလွဲရင်ပေါ့။ မကြာခင် တစ်နေ့ တွေ့နိုင်အောင် ကြိုးစားပါ့မယ်။း)

လင်း said...

ဟီး တွေ့ ချင်တယ် တွေ့ ချင်တယ် အမကိုရော အမပီအေကိုရော၊ အမသားလေးကိုရော။
တက်တာကိုတော့ရေးမယ်နော် ။ ဖြေးဖြေး တွေ့ ချင်တာက အားလုံးကို ဖြစ်နေတာ

ကြာပီ said...

မထင်မှတ်ပဲ စာရင်းထဲမှာ နာမည်တွေ့လိုက်တော့ အံ့သြသွားတယ်။ အစ်မကြိုက်တယ်ဆိုတဲ့ စာသားက ကိုဝင်းနိုင်ဦးရေးတဲ့ စာအုပ်ထဲက ကူးချထားတာပါ။ နောက်ပြီး အစ်မဘလော့ထဲက ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရ....အစချီတဲ့စာသားကို အင်မတန်ကြိုက်ပါတယ်။

သိပ်ပြီး မမန့်ဖူးလို့ အမှားပါရင် ခွင့်လွှတ်ပါ။

Niknayman said...

အတိတ်မဟောင်းသေးပေမယ့် မိတ်ဆွေကောင်းတွေကို ပြန်ပြောင်းအောင်းမေ့သတိရမိပါတယ်။ အချိန်မအားလပ်တဲ့ကြားက မခင်မင်းဇော်ရဲ့  ဒီပို့ စ်လေးကို ဖတ်လိုက်မိတာက သတိရမှု အမှတ်ရမှုတွေကို ပြန်ပုံဖေါ်ပေးလို့ ကျေးဇူးပါဗျာ။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ လက်ဘက်ရည်ဆိုင်မှာ ပြန်ဆုံကြတာပေါ့။ မှ - ကိုနစ်။

See N B Seen said...

အစ်မရေ... မနှစ်က လာရမလို့ အားလုံး စီစဉ်ပြီးမှ ပျက်သွားလို့။ နောက်နှစ်တော့ တွေ့နိုင်ကောင်းပါရဲ့။
ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် ဘလောဂ့်လေးကို အစ်မ ပင်တိုင် ကွန့်မန့်လေးရေးပြီး အားပေးနေလို့ စိုစိုပြည်ပြည်ဖြစ်လာတဲ့ အတွက် အမြဲ ကျေးဇူးတင်နေတာပါ...တွေ့တဲ့အချိန်ကျရင်တော့ ယုံကြည်ချက်တွေ အကြောင်း စကားတွေအများကြီး ပြောချင်ပါတယ်။

တန်ခူး said...

မ ရေ… တက်ဂ်တုန်းက တက်ဂ်ပြီး နောက်ကျမှ ရောက်ဖြစ်တာ ခွင့်လွှတ်ပါ မ ရေ… သားလေးကစလို့  တအိမ်လုံးနေမကောင်းဖြစ်နေလို့ ပါ မ ရေ… ခုလို တခုတ်တရ ဝေေ၀ဆာဆာ နွေးနွေးထွေးထွေးလေး ရေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်… ဘာလို့ လဲမသိဘူး… မ ကို တခါမှ အပြင်မှာ မမြင်ဖူးပေမယ့် ကျွန်မလို ပွင့်ပွင့်လင်းလင်းနဲ့  ဟောဟောဒိုင်းဒိုင်းသမားလို့  ထင်နေမိတယ်… မ စာတွေဖတ်ရင်းက ပုံဖော်မိတာပါ… ဟုတ်လားတော့ မသိဘူး… ဒီတော့ တွေ့ ဖြစ်ကြရင် အတော်ကို စကားတွေဖောင်ဖွဲ့ လို့  ကောင်းမှာ အမှန်ပဲ… မ ရေ… ဒီကိုလာရင် တွေ့ ကြမယ်လေ နော်… စကားတွေပြောချင်မိတယ်…

လင်းလက်ကြယ်စင် said...

အန်တီရေ .. သတိတရနဲ့ သမီးကိုပါ ထည့်ရေးထားတဲ့အတွက် ၀မ်းသာကျေးဇူးတင်မိပါတယ်။ အွန်လိုင်းပေါ်မှာပဲ တွေ့ရပေမယ့် အပြင်မှာလည်း တူညီစွာဖြင့် ခင်မင်နေမြဲပါ။ မင်္ဂလာကိစ္စအတွက် ကြိုးစားစီစဉ်အကြံပြုံပေးခဲ့တာတွေလည်း ကျေးဇူးပါ အန်တီရေ..။ မဝေးသော တစ်နေ့မှာ အန်တီအပါအ၀င် မိသားစုကို အပြင်မှာ တွေ့ချင်ပါသေးတယ်။ မြန်မာပြည်ကြီး တိုးတက်အေးချမ်းသွားရင်တော့ အမိမြေမှာ ပျော်ရွှင်စွာ ဆုံဆည်းကြတာပေါ့နော် :)

P.S သမီး ချစ်သူအမျိုးသားနာမည်က “ကိုနိုင်မိုးအောင်”ပါ အန်တီ :)

ချစ်ခင်စွာဖြင့်

သမီး လင်းလက်ကြယ်စင်

PAUK said...

အမ်အမ် ထိုင်းလာလည်ရင် ကျနော်ပါလိုက်ခဲ့မယ်
အမဆီလာလည်မယ်..
(အမ်အမ်က ထီပေါက်ရင် ထိုင်းခေါ်လည်မလို့တဲ့လေ)

ညလေး said...

အစ်မရေ မြန်မာတီးရှော့ပ်ကပဲလား ဘာနစ်ခ်ပါလိမ့်... တွေ့ချင်တာပေါ့ ဒါပေသိ အလှမ်းဝေးတယ် မရဲ့။ ညလေးက မလာနိုင်ဘူး... ပြန်ရောက်ရင်တော့ ဆုံချင်တယ်။

Kay said...

အမရေ-
စိတ်မကောက်တော့ဘူး.. ဇေပိစ်..
သတင်းသမားဖြစ်ပြီး..အချက်အလက်အမှားတွေ ရေးထားပြန်ပြီ..း)

မီယာ said...

လွတ်သွားတာတွေ ပြန်ဖတ်ရင်း အမတက်ဂ်ပို့စ်ကို တွေ့တာ။ ဘယ်တော့ တွေ့ကြမှာလဲ အမရေ

အိမ်ချမ်း said...

အဲဒါဘဲ အစ်မ.. တစ်ဦးမေတ္တာဆိုတာ.. မလေး ဒီကော့မန့်ကို ခုမှလာရေးတာ အမတောင် ဖတ်ပါဦးမလားမသိဘူး။ မလေးကချက်တင်လဲအရင်ထဲကသိပ်မထိုင် (ခုဆို ဂျီမေးလ်တောင်ဘလောဂ်လုပ်ဖို့ကလွဲပြီး လုံးဝ မ၀င်တော့လို့) အမနဲ့ဆုံရင်အကြောင်းနည်းပေမယ့်လည်း၊ အမနဲ့မလေးတို့ရဲ့ ခံယူချက်တွေ အကုန်လုံးထပ်တူကျ မတူညီနိုင်သော်လည်း။ အမကို မသိမမြင်၊အသံမကြားဖူးသော်လည်း စိတ်ထဲက ခင်နေတာကြာပါပြီ။ ချိုးလင်းပြာစာစောင်မှာ အမပုံကို မနှစ်ကတွေ့ဖူးလိုက်တော့ စိတ်ထဲမှာခင်နေတာက ပိုသွားပြန်တယ်။ အမ မလေးဆီနေ့စဉ်နီးပါးလာတယ်ဆိုလို့ ပိုဝမ်းသာပါတယ်။ "ချက်တင်မရှိ မေးလ်အဆက်အသွယ် မရှိပေမယ့် ဘာ့ကြောင့်မှန်းမသိ ခင်တွယ်မိနေသူ" ဆိုတာ ထပ်တူပါဘဲ.. ထူးဆန်းတယ်နော်။

စာတွေအဆုံးမသတ်တာ.. ကိုယ်ကရေးပြီး ဒါအိမ်ချမ်းမြေ့သူ့အဖြစ်တွေရေးနေတာထင်ခံထိမှာစိုးလို့ အဟွန်း.. အကုန်ဖွင့်ရေးချင်ပေမယ့် အောင့်ထားဆဲ.... :P


မလေး

အိမ်ချမ်း said...

ချိုးလင်းပြာမှာ မနစ်က ကို.. တစ်နှစ်ကလို့ ပြောင်းဖတ်ပေးပါရန်.. :D