Thursday, August 6, 2009

အခုတလော ရဲ့အနှစ်နှစ်ဆယ်

အခုတလော
တွေးနေမိတာက
ကိုယ့်ပြည်ကို ဘယ်နေ့ပြန်နိုင်ပါ့မလဲ…..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
သိပ်အမှန်ပြောတတ်တဲ့ အကျင့်ကို ထိန်းရဦးမယ်…...

ကျန်းမာရေး
မိုးရာသီ မျက်စိအလာဂျစ်(မိုးရေထိလို့မရဘူး မျက်လုံးယားတယ်။ ခု မျက်စဉ်းခပ်နေရတယ်။ အဲဒါကတော့ နှစ်စဉ်မိုးရာသီတိုင်း ခံစားနေကျ)...

ဖတ်ဖြစ်တဲ့စာအုပ်တွေက
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့……….၈ စက္ကန့်
နေလင်းရေးတဲ့ ……………..လူရှင်သချိုင်္င်း
မောင်သာမညဘာသာပြန်တဲ့ …….…..သဘာဝသမားတော်

ရောက်နေဖြစ်တာက
အခမ်းအနား သာရေး နာရေး မသွားမဖြစ် ကိစ္စအ၀၀…..

ရေးဖြစ်နေတာက
သတင်းအတွက် စခရစ်(scrip)တွေ၊ အင်တာဗျုးအတွက် စခရစ်(scrip)တွေ
ဘလော့အတွက် ခု ဒီပို့စ်

နားထောင်ဖြစ်နေတာက
စိုင်းထီးဆိုင် သီချင်းတွေချည်းပဲ…..

ရွတ်နေမိတဲ့ကဗျာက
ခုတလော ကဗျာမရွတ်မိဘူးးးး ဒါပေမယ့် ကဗျာတွေ့ရင် မဖတ်ရပဲ မနေနိုင်။

ဖြစ်ချင်နေတာက
first lady

စားဖြစ်နေတတ်တာက
ဆိုင်ဟင်းနဲ့ နှစ်ပါးသွားနေတာ ……

သနားနေမိတာက
လုပ်ချင်တာမှန်သမျှ မလုပ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို…..

လွမ်းနေမိတာက
ပုသိမ်ကောလိပ်နဲ့ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေ….

မေ့လျော့ပစ်နေမိတာက
အသက်နဲ့ ကိုယ်အလေးချိန်

ခါးသက်နေမိတာက
တကယ်မလုပ်ပဲ အာပွားနေတဲ့ လူတွေ……

တမ်းတနေမိတာက
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်နိုင်ငံနဲ့ ကိုယ်ပိုင်ဘ၀တခု…

ကြိတ်ပြီးချီးကျူးနေမိတာက
ကြည့်စမ်း ဒီနှစ်အတွင်း ငါတော်တော်အလုပ်တွေ ပြီးခဲ့ပါလားးးးးး...

ကြိတ်ပြီးအထင်သေးနေမိတာက
ဒါ့ထက်ကောင်းအောင် လုပ်နိုင်ရက်နဲ့ မကြိုးစားမိတဲ့ ငါပါလားးးးးး...

ဆန္ဒမရှိတဲ့နေရာ
လူပေါ့သွမ်းတွေ ရှိရာအရပ်…..

ဆန္ဒရှိနေတဲ့ကိစ္စ
လူတိုင်းကြိုက်တဲ့ နေ့စဉ်သတင်းစာ တစောင် ထုတ်ချင်တယ်…….
ဒါမှမဟုတ်လဲ ..
စောင့်ကြည့်ရအောင် စိတ်ဝင်စားရမယ့် အပတ်စဉ် တီဗွီအစီအစဉ် တင်ဆက်သူ ဖြစ်ချင်တယ်။

မုန်းတီးနေမိတာက
နိုင်ငံကိုချောက်ထဲ တွန်းချနေသူ ဘဘကြီးတွေကို...

ချစ်နေတာက
ကိုယ့်မိသားစုဘ၀လေး...

စိတ်ပျက်နေမိတာက
ကိုယ်ကျိုးပဲ ကြည့်နေသူတွေကို……

စွဲလန်းနေမိတာက
ခြံကျယ်ကျယ်ထဲက တထပ်တိုက်လေး တလုံးးးး

လိုအပ်နေတာက
ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ့် အာဏာ……..

တောင်းနေမိတဲ့ဆု
ဒင်းတို့ မြန်မြန်ကြွကြပါစေ…….

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုယ်ကျိုးရှာ အာရိုက်နေသူတွေကို မုန်းတယ်……

ဝန်ခံချင်တာက

ကိုယ်မှန်တယ်ထင်ရင် ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး။ ပေးပြီးသားဂတိကို အသက်နဲ့ ထပ်တူထိန်းချင်တယ်။ ပြီးတော့ သိပ်အညှိုးကြီးတတ်တယ်။

(ကိုဂျူလိုင် အတွက် အကြွေးဆပ်ပြီးသွားပါပြီ။ တန်ခူးကို တင်ထားတဲ့ ကြွေးတခု ရှိပါသေးတယ်၊ ဒီမှာပဲ ပူးရေးလိုက်ပါပြီ။ )
အနှစ် နှစ်ဆယ် တက်ထားတာလဲ ရှိပါသေးတယ်။ အဲဒီအတွက် ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးဘူး။

နောက်အနှစ် နှစ်ဆယ်မှာ

ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေးကို လုပ်ပြီး အေးအေးချမ်းချမ်း ပြန်နေချင်ပါတယ်လို့ပဲ အနှစ်နှစ်ဆယ် ဆန္ဒလေးကို ဖော်ထုတ်ပြသလိုက်မိပါတယ်။ ကိုယ်ချင်းစာနိုင်ကြပြီး ၀ိုင်းအကောင်အထည်ဖော်ပေး ကြရင် သိပ်ကောင်းမှာ……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

JulyDream said...

ဂတိတည်တာကို ကြိုက်သလို အငြိုးကြီးတာလည်း တူတယ်။ မှန်တယ်ထင်ရင် လုံးဝ အလျှော့မပေးဘူး။ ဒါကြောင့် တည့်နေတာ။ မဟုတ်ရင် အတော် ကိုက်ကြမယ့် ၂ ယောက်။ အဟက်...

first lady ဖြစ်ချင်တယ် ဆိုတော့ ကိုကို ကို့... သိပ်ချစ်တယ်ဆိုတာ ကပ်ကြွားသွားသလိုလိုပဲ... အဲဒါကို သေချာ မြင်ကြည့်ရင် ချစ်တဲ့သူကိုပါ တခါတည်း အမြင့်ကို တွဲခေါ်သွားမယ်ပေါ့နော်။ ရိုက်ချက်ကတော့ ပိုင်တယ်ကွာ။ အဟဲ...

ဒါနဲ့ လယ်စိုက်တာလေးတော့ လျှော့ပေါ့။ မျှော့တွယ်မှာ စိုးလို့ပါဗျာ။ ပြီးတော့ ဆိုင်ဟင်းနဲ့ နှစ်ပါးသွားတာလည်း ကြာပြီလေ။ =)

အောင်အောင် said...

သဘာဝသမားတော် ဆိုတဲ့ စာအုပ်လေးစိတ်ဝင်စားမိတယ်၊ မခင်မင်းဇော် ဖြစ်နိုင်ရင် ဘလော့ဂ်မှာ တင်ပေးပါလားခင်ဗျာ...

kay said...

အယ်..အမ လိုချင်တဲ့ဆန္ဒကြီးကလဲ..ကြောက်စရာကြီး..
း)
မီရှဲလ်အိုဘားမားကို အားကျတယ်ပေါ့။
နောင်အနှစ်၂၀ ကျရင်..အမ ခြံဝင်းလေးထဲမှာ..ကျမတို့ ဂီတမိတ်ဆုံ လုပ်မယ်လေ..ကြိုဘွတ်ခ် လိုက်ပြီ။း)

တန်ခူး said...

ဟင့်… အနှစ်နှစ်ဆယ်ကလဲ တိုတိုလေး… စိတ်ကောက်သွားပြီ… အလကားစတာပါ မ ရေ… မ မအားဘူးဆိုတာ သိပါတယ်… တိုတိုလေးနဲ့ ထိမိတဲ့ အနှစ်နှစ်ဆယ်ပါ… မ first lady ဖြစ်ရင် တန်ခူးတို့ ကို မမေ့နဲ့ နော်… တမ်းတမိနေတဲ့ ဘ၀လေးတခုကို မဆုတ်မနစ်တဲ့ ဝန်ခံချက်ကြောင့် တနေ့ ရောက်ရမယ်လို့  ယုံကြည်ပါတယ် မ ရယ်…

sonata-cantata said...

အမခင်မင်းဇော်...
ချက်ကျွေးရမလားပြော...
ဒီက secret recipes တွေ လူသိခံတာမဟုတ်ဘူးနော်း)

Nge Naing said...

ချစ်နေမိတာနဲ့ တောင်းတနေမိတာ နှစ်ခုတော့ ကျွန်မနဲ့ တကယ်ကို ထပ်တူကျတယ်။ ကျန်တာတွေလည်း ထပ်တူ မကျပေမယ့် အတော်များများ တူပါတယ်။

ရွှေဂျမ်း said...

အမစိတ်ထဲက တစ်ချို့အတွေးလေးတွေနဲ့ ဂျမ်းနဲ့ တူနေတယ်။ ရေးထားတဲ့ အချက်တွေထဲမှာ တောင်းနေမိတဲ့ဆု ကို သဘောကျနေတာ။ မြန်မာပြည်အကြောင်း မေးမိပြောမိတဲ့လူတော်တော်များများ အဲဒီဆုတောင်းနေကြတာချည်းပဲ အမရေ။ :)

Anonymous said...

now I stay in touch!