Sunday, August 16, 2009

ရင်ထဲမှာ…..


ရင်ထဲမှာ…..

ကိုယ်က တိတ်တဆိတ်လေးပဲ လွမ်းနေချင်တော့တဲ့သူပါ။
တကယ့်ကို အတွင်းစိတ်နဲ့အပြင်စိတ်ဆိုတာ ပါးပါးလျားလျားလေးပါလားးးးတဲ့။
သူတခါက ပြောခဲ့ဖူးတယ်….။
လွမ်းတယ်…

(တစ်)

နင်ငါ့သူငယ်ချင်းကို ပြန်မကြိုက်ဖူးလားးးးး
ခပ်မာထန်ထန်အပြောကို ခေါင်းခါရင်း ကြိုက်စရာလား။ ဒီလူနဲ့ဒီလူ ဆိုတော့ အံ့သြတဲ့ မျက်ဝန်းကို သရုပ်ဆောင်ပြခဲ့သေးတာပဲ။

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)

(နှစ်)
နင်တော့ သိပ်ရိုင်းတယ်ဟာ။ အရက်သောက်တယ် လူလည်ခေါင်မှာလဲ ငါ့ကို လာရမ်းသေးတယ်…. နင်က ဘာဖြစ်နေတာလဲ… အဲဒီနင့်သူငယ်ချင်းကို ငါကမကြိုက်တာနဲ့ နင်က အရက်သောက်ရသလား……
(ဘာကြောင့်များလဲ နားမလည်စိတ်နဲ့ သံသယ မဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ…. ကိုယ့်မှာ နှလုံးသား….. မရှိတော့လို့ပါ……)
ညဘက်တွေမှာ အိမ်ရှေ့မှာ လာဆိုတဲ့ သီချင်းက အဲဒီတပုဒ်ကလွဲပြီး ဘာမှမရှိတော့ဘူး ထင်ပါရဲ့….

(သုံး)
နင်တို့ အုပ်စု ကြွက်နီတို့နဲ့ မခေါ်ဘူးဆို….
စကားမပြောတာပါ….
ဘာဖြစ်လို့လဲ ..
ပြောစရာမရှိလို့….
ငါသွားတာ နှုတ်မဆက်ခဲ့လို့လား…
ဘာမှမဆိုင်ဘူး….
ငါပြန်လာတာပဲလေ.. ဒီနှစ်လဲ သီချင်းမဆိုဘူးဆို… သီချင်းတိုက်ပေးဖို့ အမှီပြန်လာတာ…
…..
….
(..ပျော်ပျော်နေတာ အကောင်းဆုံးပဲ …..လာတခါလောက် ကလိုက်စို့
ဝမ်းတူးသရီး ဟောဒီလိုရှိတ် ရော့အန်ရိုးးးးးးး)
….
ဒီညနင်ဆိုတာ အကောင်းဆုံးပဲဟ …..
အလေ့အကျင့်ပဲ သိလား သေချာပြင်ဆင်….သေချာကျင့်ရင် ဘာမှမခက်ဘူး…
ဒါပေမယ့် စင်ပေါ်မှာ ငါ့ကို ပြန်မကြည့်ပါနဲ့….
ဟမ်….
ငါတို့အကုန်မြောက်ပြီး တီးကြတာလေ
တင်မျိုးလွင်…..ရစ်သမ်သမား ဂစ်တာကြိုးပြတ်သွားတယ် သိလိုက်လားးးးး ဟားဟား

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ..)

(လေး)
အားလုံးအခြေအနေက ပုံမှန်ပဲလား…
အဲဒါ ဘယ်သူက ဘယ်သူ့ကို မေးတာလဲ….
အော်.. ကိုအောင်နဲ့ မိုးသီတာ ယူလိုက်တော့ လူတွေက ငါတို့ အုပ်ကို တမျိုးထင်မလားလို့…
ဘာဆိုင်လဲ …
အလကားပါ… ပြောစရာရှိလို့… အားလုံးကိုပါ… ဒီနှစ်တော့ မိဘတွေဆီ လိုက်နေတော့မလို့
အင်းးးး ကောင်းပါတယ်…..
စုစု … နင်တို့အိမ်မှာ ထမင်းလာစားတုန်းကလေ နင့်အဖေက ငါ့ကို ဗေဒင်တွက်ပေးသေးတယ်..
ဟမ် ငါတောင်မသိပါလား..
ဟုတ်တယ် … သူက မင်းတနေ့ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တယောက်ဖြစ်မယ်တဲ့…
နင်က ယုံလို့လား… ငါ့အဖေပြောတာ..
ဟားဟား… မပြောဘူး…ဒါပေမယ့် နင်ကြိုက်လား အဲလိုဆို......

(ငါး)
ရန်ကုန်တက္ကသိုလ်ကို တက်ချင်လို့မဟုတ်ဘူး နင်ငါ့နောက် လိုက်လာတာ မဟုတ်လား စု…
ဘာပြောတယ် ….
မျက်စောင်းမထိုးနဲ့ … ခုနင်ထိုင်နေတာ ဦးချစ်ဆိုင် တဲ့ မှတ်ထား… ခု ဒီစားပွဲမှာ နင်ရယ် ငါရယ် ၂ယောက်ထဲနော်… သမီးရည်းစားရန်ဖြစ်တယ် ထင်ဦးမယ်..
တော်တော်အူမြူးနေပါလား…..
မထင်ဘူး ဒီလိုဆုံရမယ်လို့ … ပျော်တယ်….
အဲဒီအသံကတော့ တီးတိုးညံ့သက်နေလေတယ်...

(ခြောက်)
နင်ကော်ဖီမသောက်တော့ဘူးလားးးး
ဟုတ်တယ် ရင်တွေတုန်လွန်းလို့ ဆရာဝန်နဲ့ ပြတော့ ကော်ဖီဖြတ်ခိုင်းတယ်။
ဒါဆို လဘက်ရည် ကျစိမ့် မှာလိုက်ပြီ….. ဒီနေရာက တောင်ငူကန်တင်းပေါ့။
နင်က သိပ္ပံသမား ဆိုတော့ ဒီဘက်မှာ လာထိုင်ဖြစ်မယ် မထင်ဘူး။
နင်နဲ့တွေ့တဲ့အချိန်တွေမှာတော့ ထိုင်မှာပေါ့… ဒီနေရာလေး ကောင်းသားပဲ…။
အေး… ခဏနေရင် ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဦးမယ်။
အဲဒါ အောင်ဒူးတဲ့။
အဲဒါ ညီညီသွင်….။
အဲဒါ…. ပန်းချီဆရာ မောင်ဒီ…။
အော် … ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်… ပြန်တော့မယ်…
နေဦး ငါလိုက်ပို့မယ်…. လှည်းတန်းထိပ်ထိ ပို့ဖို့ အချိန်ရပါတယ်ဟ…။
အင်းးး
အောင်ဒူးဆိုတာ အော်ဂင်တီးတာလား… အင်း
ညီညီသွင် ဆိုတာ သီချင်းရေးတဲ့ တယောက်လား… အေး
မောင်ဒီဆိုတဲ့ လူကြီးက ပန်းချီရေးတယ် ပေါ့… အေးလေ…
အော်… ငါ့အဖေပြောတဲ့ လူ ဖြစ်ဖို့ နီးစပ်လာနေသလိုပဲနော်…
ဟားဟား….
နင်အရက်သောက်ထားလား အခု။
မသောက်ပါဘူး ဘာဖြစ်လို့လဲ…။
လမ်းလျှောက်တာ ငါ့အနားအရမ်းကပ်လာလို့…
ငါသီချင်းဆိုဖို့ အသံသွင်းနေပြီလေ…. အဲဒါဖြန့်တောင်ဖြန့်တော့မယ် …
ဟုတ်လားးး ပျော်နေမှာပဲနော်…..
တနှစ်ကျော်ကျော်လေးမှာ တော်တော်ပြောင်းလဲသွားကြတယ်နော်… အခြေအနေကလေ..
နင်လဲ တိတ်ဆိတ်လှချည်လား စကားများက....

(ခုနှစ်)
ဟဲ့ အဆောင်က အမကြီးကပြောတယ်..
ဘာတဲ့လဲ…။
ဖျာပုံသွားတုန်းက ယူသွားတဲ့ ပိုစတာတွေလေ သူ့ကို တခုပေးခဲ့တယ်မဟုတ်လား…
အင်းး
အဲဒါသူက နင့်သူငယ်ချင်းသီချင်းခွေ ပေါက်တယ်တဲ့ သိလား။ ပြီးတော့ ညရောက်တော့ ကပ်ရပ်ခြံက အဲဒီသီချင်းခွေဖွင့်နေတာ ကြားတယ်
အင်းးးး အဲဒါ နင်ကြိုက်လားးးး အဲဒီအခြေအနေလေ..
ငါ့အဆောင်ကို မလာတော့နဲ့နော်…
ဘာဖြစ်လို့လဲ…
နင် အဆိုတော်ဖြစ်လာတော့ လူသိများလာရင် ရှက်စရာကြီးဟာ….။

(ဘာကြောင့်များလည်း နားမလည်စိတ်နဲ့
သံသယမဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ……
ကိုယ့်မှာ နှလုံးသားမရှိတော့ လို့ပါ
သြော် ဘယ်သူ့ကံလဲ စဉ်းစားမိတယ်)

(ရှစ်)
စကော့ဈေးထဲကို ပတ်သလားးးးးး
ဟမ်…. အေး ဈေးခဏလာတာ.. နင်ရော…
ငါနဲ့ ကြွက်နီနဲ့ နင်တို့ဈေးထဲဝင်လာတာတွေ့လို့ လိုက်လာတာ..
အော်… ကြွက်နီက ဘာလာလုပ်တာလဲ…နင်တို့ တော်တော်မျက်စေ့ကောင်းတယ်..
ငါနဲ့ ခဏလာနေတာလေ… နင်တယောက်လုံးတော့ မြင်ရမယ်လေ...
ဘာဝယ်မလို့လဲ…
ဘာမှမ၀ယ်ပါဘူး ဈေးပတ်တာ…
ဒါဆို လဘက်ရည်ဆိုင်ထိုင်မယ်လေ..
မထိုင်ချင်ပါဘူး…
ဘာလို့လဲ လာပါဟ…
ဟင့်အင်း ခုတောင်ဈေးထဲက လူတွေ ကြည့်နေပြီ သွားတော့လေ ..
နင်က တော်တော်စိမ်းသွားပါလားးး တရုပ်မရဲ့….

(ကြည့်ချင်ခဲ့လည်း မကြည့်နိုင်ရဲရဲ…..
အကွယ်အဖုံးရှိမှ စောင့်မျှော်ကြည့်နေသူ
ဘ၀အထုံအဆက်က နိမ့်ကျလွန်းခဲ့တယ်
သြော် … နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်ပါ)

(ကိုး)
သင်္ဘောလက်မှတ်လာဝယ်တာလားးးး
အမ်မလေးးး လန့်တောင်သွားတယ် .. ဟုတ်တယ် အိမ်ခဏပြန်မလို့ ..
နေဦး ဒါ ကျနော့်သူငယ်ချင်းမပေါ့ ဒါကတော့…
သိပါတယ် အဆိုတော် အောင်ရင် မဟုတ်လားးးး
ဘာလာလုပ်တာလဲ သင်္ဘောဆိပ်ကို..
ချောင်းသာသွားမလို့… အဲဒါသင်္ဘောစင်းလုံးလိုက်ငှားလို့ ရလား လာစုံစမ်းတာ…
နင့်ကို မြင်လို့ ဒီဂိုဒေါင်ထဲ ၀င်လိုက်လာတာ ဟဟ..
အင်းးးး ဘာသွားလုပ်မလို့လဲ… အာ မမေးတော့ပါဘူးးးး

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ)

(တစ်ဆယ်)
နင် မြင့်မိုးရဲ့ ဂစ်တာသင်တန်းက ကောင်လေးတယောက်နဲ့ ဆို
ဘာဖြစ်လဲအဲဒါ..သတင်းကလဲ မြန်ပါ့...
ကိုယ့်ထက်ငယ်တဲ့လူနဲ့ မကြိုက်နဲ့…
ဘာဖြစ်လဲ ကြိုက်တော့..ဆရာလာမလုပ်နဲ့...
စိတ်ဆင်းရဲရမယ် … မျက်စောင်းမထိုးနဲ့ အကောင်းပြောတာ…

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)


(တဆယ့်တစ်)
နင့်ဆိုင်ကလဲ မိန်းကလေးဖို့ချည်းပါလားးး
အင်း နင့်ကောင်မလေးကို ခေါ်လာလေ.. ဟားဟား
ခေါ်ဖို့ ကောင်မလေးလား မလွယ်သေးဘူးလေ..
တကယ်က လူထင်ကြီးခံနေရတာ ဘယ်သူမှကြိုက်သူမရှိ…
နင်တောင်မကြိုက်ဘူး မဟုတ်လားး
ဟေ့ကောင် ရဲသွင်.. ဒီမှာ ကြည့်ထား ငါ့သူငယ်ချင်းက ထောင်ထွက်ကွ..
ဟဲ့ တိုးတိုးပြော .. နင့်မြင်တာနဲ့ ငါ့ဆိုင်ရှေ့မှာ လူတွေအုံလာပြီ..
ဒီမှာ လက်မှတ်ထိုးပေးပါဦးတဲ့ ကဲ … ကိုယ့်အလုပ် ကိုယ်လုပ်ဦးးး

(တဆယ့်နှစ်)
သူကောင်မလေးတယောက်ရဲ့ အကြိုအပို့ လုပ်နေရပြီ ..
အော်… တော်တော်ငယ်လားးး
အင်းးးးး

(တဆယ့်သုံး)
၃၃ လမ်းထဲ ဘာလာလုပ်တာလဲ..
စာအုပ်တအုပ်ထုတ်မလို့ လုပ်နေတာ ….
အော်… လာလေ လိမ္မော်ရေ သောက်ပါဦးးး
အာ… အရက်တွေ ရောထားတယ် မဟုတ်လားးးး
တွေ့လား တရုပ်မကို ညာလို့ မရဘူးးးးး ဒါတွေကို ကြောက်တာ….
ဘာာာာ….
ငါမိန်းမကို နင်မမြင်ဖူးသေးဘူး … အိမ်လိုက်လည်ပါလားးးး
ဟင့်အင်းးး မသိချင်ပါဘူးးးး ရှင်းရှင်းပြောရင် မခင်ချင်ဘူးးးး နားလည်မလားးး
အင်းးးး

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်…)

(တဆယ့်လေး)
ကျွီ…. ဘယ်သွားမလို့လဲ….
အော်… ကလေးကျောင်းပို့ပြန်လာတာ…လာလေ အိမ်ထဲဝင် …
အင်းးး နင်တို့မင်္ဂလာဆောင် ဖိတ်စာရတယ်…
မလာခဲ့ဘူးလေ…
ဟုတ်တယ်… နင်မှတ်မိလားးး နင်၃၃ လမ်းမှာ ပြောခဲ့တာလေ… ငါ့မိန်းမကို မကြည့်ချင်ဘူး ဆိုတာလေ…
အင်းးးးး အဲဒီတုန်းကလေ လျှောက်ပြောတာပါ..
ထားပါ….
ပြီးတော့ နင် ငါ့သီချင်းတွေကို တခါမှ မဝေဖန်ဖူးဘူး.. နားရော ထောင်ရဲ့လားးး
အင်းးးးးး
နင်ခု အဆင်ပြေလားးး နင့်ယောက်ျားကိုတော့ ချီးကျူးပါတယ်ဟာ..
နင်လိုတာ ရှိလဲ ပြောလေ ငါ့ဖုန်းနံပါတ် အိမ်နံပါတ် နင့်ဆီမှာ အကုန်ရှိနေတာ တခါမှ ဖုန်းမဆက်ဖူးးးး
အင်းးး တခါဆက်ဖူးတယ်…
ဟုတ်လား ဘယ်တုန်းကလဲ ငါမသိပါလားး
နင့်မိန်းမနဲ့ ဆုံတယ် အပြင်သွားတယ်တဲ့.. ငါ့လဲ နာမည်မပြောခဲ့လိုက်ဖူး..
အင်းးး

(တဆယ့်ငါး)
ကလင် ကလင်….
ဟလို စုပါ….
စု … သူဆုံးပြီ…
ဟင်…
ဟိုတလောကပဲ ဖုန်းဆက်တယ် ဒီတခါ သီချင်းသွင်းတာ ပြီးရင် ပုသိမ်မှာ ကြာကြာလာနေမယ်တဲ့ သိလားး ပြောခဲ့တယ်….
သူ ပြောခဲ့တယ်….
….
…..
မပျော်ပါဘူး နှင်းဆီဖြူ
အချစ်မဲ့တဲ့ဘဝ
မပျော်ပါဘူး နှင်းဆီဖြူ
နှလုံးသားမဲ့ဘဝ

ပတ်သက်ခဲ့ဖူးတဲ့ အချိန်တွေ……..

(ပန်ဒိုရာ့ ကဗျာလေးတပုဒ်က ခေါင်းစဉ်နဲ့တင် ကျမကို ဖမ်းစားသွားခဲ့တယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

19 comments:

pandora said...

ဒီနေ့အဖို့ ၃ ခေါက်ဖတ်သွားပါတယ်။
နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်
သြော်.. ပတ်သက်ခဲ့ဖူးတဲ့ အချိန်တွေ

kay said...

အော..ပတ်သတ်ခဲ့ဖူးတာတွေပေါ့နော်..
ဘာပဲပြောပြော..အခုန်မြန်ခဲ့တဲ့..နှလုံးသားနွေးနွေးလေးတွေကတော့.. အချိန်ကာလနဲ့ ကင်းလွတ်စွာ..ချစ်စရာကောင်းနေဆဲပါပဲလေ..
စကားမစပ်..
(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ)

ဆိုတဲ့...သီချင်းသံလေးထဲက..ပုံဆောင်ချက် ၃ ခုစလုံးကို..ဖတ်လေ..သဘောကျလေ..ခံစားမိလေးပဲ။

မေငြိမ်း said...

အော်.. တရုတ်မက စုဖြစ်သွားတာတော့ အသည်းကြီးကို အားနာလို့ ဖြစ်ရမယ်..။
ဘာပဲဖြစ်ဖြစ်.. လွမ်းပါတယ်ဟာ..။ သူနဲ့ ပတ်သက်ရင် ငါ့လွမ်းစရာတွေကတော့ ပေါက်တတ်ကရတွေ.. နင် မှတ်မိတယ်ဟုတ်..:P

Anonymous said...

ဟမ်..အဟဲ...အဲလိုလား။
mm

Ko Boyz said...

ဟင်...။
(ဒီတစ်ခွန်းထဲပဲ ပြောနိုင်တော့တယ်။)

မဆုမွန် said...

အဆိုတော်အောင်ရင်လားဟင် ဟင် ဟင်

ဇာတ်လမ်းလေးက မိုက်တယ်ကွာ တကယ်လားဟင် အခုမှ နိုးလို့ စာလာဖတ်တယ် ညက လယ်ထဲဆင်းတာများသွားလို့

အရမ်းကို စာရေးတာ ကောင်းပါတယ်

tututha said...

အစ်မရေ အဲ့တခုတည်းနဲ့တင် အစ်မကိုအားကျတာ သိလား ..

Nge Naing said...

ဖတ်လို့ကောင်းလိုက်တာ တကယ်အဖြစ်ပျက်လေး ဆိုရင်တာ့ တကယ်ကို လွမ်းစရာကောင်းတဲ့ ဇာတ်လမ်းပဲနော့်။

:P said...

မလိုနာလိုက်တာ အစ်မ ခင်မင်းဇော်...။ :P

tg.nwai said...

အစ်မရေ.. ရင်ထဲမှာ...။
ဖတ်ရတာ အရမ်းတန်ပါတယ် အစ်မရယ်..။
အမှတ်တရလေးတွေပေါ့နော်.. ရင်ထဲက အမှတ်တရလေးတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ...

tin min htet said...

ဒီပို့စ်ဖတ်ပြီး ခု "နှင်းဆီဖြူ" နားထောင်နေတာ ..

နားထောင်ချင်ကြရင် ဒီမှာ ..

http://www.zshare.net/audio/64248607c25c28aa/

Anonymous said...

Read again and again...
Confirmed(myself) that it is a true story.
Realized(myself) that he passed away 5 years ago?

Sonata Cantata said...

ဒီနေ့အဖို့ ၃ ခေါက်ဖတ်သွားပါတယ်။ (ပန်ပန့်လို)
သီချင်းလင့်ပေးထားတဲ့ ကိုတင်မင်းထက် ကျေးဇူး
စင်စင် ဘာနာလိုဘူးလဲ

ရင်ထဲမှာ... သောက်ပြီး နည်းနည်းများသွားလို့
ခွင့်လွှတ်ပါ အမခင်မင်းဇော်...

ရွှေဂျမ်း said...

ဒီပို့စ်မဖတ်ခင်က နှမြောနေတယ်။ ဖတ်ပြီးတော့ အမနဲ့အတူ လိုက်လွမ်းသွားပါတယ်။း(

အိမ့်ချမ်းမြေ့ said...

အစ်မ...
မလေးလဲ လာလွမ်းသွားပါတယ် ...
အစ်မ အဲလိုရေးတာလေးတွေကြိုက်တယ်သိလား

သက်ဝေ said...

အမရေ...
၁၄ ရက်နေ့ထဲက အမရေးမယ့် တခုခုကို မျှော်နေတာပါ...။ လောလောဆယ်မှာ ရင်ထဲမှာ ရောက်နေတဲ့ တေးသွားက နှင်းဆီဖြူရဲ့ အဝေးက လူတယောက် ဆိုခဲ့တဲ့ ဇာတ်ပေါင်းခန်း သီချင်းပါပဲ...။
ကြည့်မိတိုင်း မျက်ရည်ကျချင်နေတာ...
ရင်ထဲမှာ...

ချစ်စရာ လွမ်းစရာပိုစ့်လေးတခု အတွက် ကျေးဇူးတင်ပါတယ် အမရေ...

တန်ခူး said...

အမရယ်… စီးဝင်လွင့်မျောသွားတယ်… ဖတ်ရင်းနဲ့ ရင်ခုန်သံတွေကလဲ စည်းချက်မမှန်ဘူး…ပြီးတော့…လွမ်းတယ်…

Anonymous said...

တိုက်ဆိုင်တယ်အမ
မဆုမွန်ကော့မန့်ကို အစ်ကိုအောင်သာငယ်မှာ တွေ့တယ်ဗျ ဒါပေမယ့် သတိမထားမိဘူးရယ်

ကြက်သီးနောက်တစ်ခေါက်ထပ်ထဖြစ်တယ်။
ခံစားမှုရသတွေနဲ့ စာတိုအစုအစုတွေ
ကဗျာလိုပဲ အနုအလှမပါပေမယ့်
တကယ့်ကို အမရင်ထဲကပန်းလေးလည်း လှပခဲ့တယ်ဗျာ

sharon said...

Thanks for creating this blog. I just found this blog and really enjoy to read it. Please don't get me worng with my English, I just don't know where to get MM font. I'll be your fan always.
Thanks