Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် တကယ် လွတ်မြောက်ပြီ။

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းအတွက် ၀မ်းမြောက်စွာ မှတ်တမ်းတင်ဂုဏ်ပြုထားတာပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

ကိုပေါ said...

ဒီကနေ့ တကယ် စိတ်ချမ်းသာတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ကျန်းကျန်းမာမာရှိနေရတာကို မြင်ရလို့ ဝမ်းသာရတာက တမျိုး၊ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြားက အပြန်အလှန် မေတ္တာတရားကို မြင်ရလို့ ဝမ်းသာကြည်နူးရတာက တမျိုး။

(အရင်ရက်တွေကဆိုရင် ဟိုအုပ်ရှောင်ဆိုတဲ့လူတွေအကြောင်းတွေ သွားသွားတွေးမိပြီး တွေးမိတိုင်း လူက အလိုလို ဒေါသထွက်ပြီး နေရင်းထိုင်ရင်း အကုသိုလ်တွေပွားနေတာ။)

အိမ့်ချမ်းမြေ့ said...

ပီတိဖြစ်မိပါတယ်.. မျက်ရည်လည်မိတယ်..
ပြန်ပြီး ဆွဲမထည့်ပါစေနဲ့လို့ ဆုတောင်းပါတယ်..
ကျမတိုင်း တိုင်ပြည်လည်း တိုးတက်ရန်အချိန် ငြိမ်းချမ်းချိန်တန်ပါပြီ အစ်မရယ်..

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သိပ်ပြီး စိတ်လှုပ်ရှားတတ်တဲ့ သူများ ဒီဗီဒီယိုလေး ကြည့်ကြပါ။

Anonymous said...

မခင်မင်းဇော်ရေ ဒီကျက်သရေ တုံးတဲ့ သခင်မျိုးဆိုတဲ့ သူကို ဘန်းထားပေးဖို့ တောင်းပန်းပါတယ်။ အင်မတန် ရိုင်းတဲ့ မိမဆုံးမ ဖမဆုံးမ ပဲ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

အမည်မသိ

ကျနော် နိုင်ငံရေးလောကထဲရောက်တာ ၂ နှစ်ကျော်ပါပြီ။ ဒီမိုတွေ စိတ်လှုပ်ရှားတာ မကြာခဏဆိုသလို တွေ့ရပါတယ်။ ကောက်ရိုးမီးလိုပါပဲ.. ပြီးတော့လဲ ပြီးသွားတာပါပဲ။ စက်တင်ဘာအရေးအခင်း ဖြစ်တော့ စိတ်လှုပ်ရှားတယ်။ ပြီးတော့လဲ ပြီးသွားတာပဲ။ ဦးဝင်းတင် လွတ်လာတော့လည်း စိတ်လှုပ်ရှားတယ်။ ပြီးတော့လဲ ပြီးသွားတာပဲ။ ဦးတင်ဦးလွတ်လာတော့လည်း စိတ်လှုပ်ရှားတယ်။ ပြီးတော့လဲ ပြီးသွားတာပဲ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့လည်း စိတ်လှုပ်ရှားပြန်ပြီ။ ပြီးတော့လဲ ပြီးသွားမှာပဲ။ သိပ်ပြီး စိတ်လှုပ်ရှားရင် ဒီဗီဒီယိုလေး ကြည့်ကြပါ။

လေးစားလျက်
ဇော်မျိုး

p.s. ကျုပ်ပြောတာ မကျေနပ်ရင် ဒေါသမထွက်နဲ့။ အဖြစ်မရှိတဲ့သူကို မလေးစားတာ သဘာဝပါပဲ။ လေးစားခံစေချင်ရင် လက်တွေ့ကျကျ အောင်မြင်အောင်လုပ်ပြပါ။

Anonymous said...

့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တာကို စိတ်မလှုပ်ရှားသူက ဦးသန်းရွှေလူဆိုတာ ထင်ရှားပါတယ်
ငါတို့ လွှတ်လို့ ထွက်ရတယ်လို့ များ အထင်ရောက်နေလေသလား မသိပါ။

Anonymous said...

ဇော်မျိုး ပြောတဲ့ လက်တွေ့ကျကျ အောင်မြင်အောင်လုပ်ဆိုတာ
ဗြောင်ကျကျ မဲလိမ်၊ မသမာနည်းနဲ့ ငွေပေးပြီး မဲဝယ် အတင်းအကြပ် တိုက်တွန်းပြီး မဲထည့်ခိုင်း ဆိုတဲ့ဟာတွေလား မသိဘူးနော်...
ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲဝင်ခွင့်ရခဲ့ရင်လေ မင်းပထွေးဆိုတဲ့ဟာတွေ မဲတစ်မဲ ရရင်ကံကောင်းလို့ဘဲ ပြောလိုက်ချင်တယ်..
အကျယ်ချုပ်ချထားတဲ့သူကို အောင်မြင်အောင်လုပ်တဲ့
ပြောတတ်လိုက်တာ ရယ်လိုက်ချင်သေးတယ်
မင်းပထွေးတွေ ကြောက်သေးပါပြီး အထဲထည့်ထားတာ ကလေးကအစ ခွေးတောင်သိတယ် ဇော်မျိုးကတော့ မသိရှာဘူး သနားစရာ
မျက်ကန်းတစ်ယောက်လိုပါဘဲ
အောင်မြင်နေတဲ့ မင်းပထွေးတွေကိုကြည့်လိုက်စမ်းပါ
လူထုက ဘယ်လောက်တောင် မေတ္တာတုံးနေသလဲဆိုတာ
မင်းပထွေးတစ်ယောက်လောက်က ဒေါ်စုခြေဖျားကို မှီရင် ငါ့လည်ပင်းလာဖြတ်လှည့်...
ပေးတာကမ်းတာလေး စားပြီး အရိုးကိုက်နေရတိုင်း ကျေနပ်နေတဲ့ မင်းလိုလူစားတွေ အမြန်ဆုံးနေ၀င်ချိန်ရောက်ပါစေ ဆုတောင်းပေးလိုက်တယ်..
ပါလေရာ ဇော်မျိုးရေ... ရှက်တတ်ရင်လဲသေလိုက်

minthu said...

ဒေါ်ခင်မင်းဇော်...တို.တဖွဲသားလုံးဒေါ်အောင်ဆန်းစုကြည်.လွတ်တဲ့နေ.ကdvbတဖွဲ.သားလုံး ပြုံးပျော်နေကျတဲ့မျက်နှာနှင်.သတင်းကြော်ငြာနေတာမြင်လိုက်၇တာ....၀မ်းသာမိပါတယ်..ခုလိုအောင်မြင်မူ၇တာဟာ....dvbကျေးဇူးလည်းပါပါတယ်...ပြည်သူတွေသိအောင်လုပ်ပေးတာကိုကျေးဇူးတင်မိပါတယ်

Anonymous said...

ဒီဗီဒီ ယိုသည် CCTV မဟုတ် ခိုးရိုက်တာ လဲ မဖြစ်နိုင်...

သေချာ ချိန်ပြီး ဇွမ်းဆွဲပြီးရိုက်တာ ဖြစ်သည်...

ကိုယ့်သဘောနဲ့ ကိုယ်ရိုက်ခြင်းလဲ မဖြစ်နိုင်... ဒီအိမ်ကို ဝိုင်းတဲ့သူ အယောက် ၅၀၀ ပင်ဖြစ်ပါစေ... သန်းရွှေက လက်သည် သိချင် အလွယ်လေး... ခုလောက်ရှိ သေတောင် သေလို့ရပြီ....

သန်းရွှေရဲ့ ခွင့်ပြုချက် (သို့) အမိန့် အရ ရိုက်တာ လို့ ထင်တယ်...

အကြောင်းကတော့ သန်းရွှေက လူတွေကို မက်ဆေ့ ပေးလိုက်တာ ခင်ညွန့် လွတ်ပြီ....
တနည်း အားဖြင့် ခင်ညွန့် လှုပ်ရှားနေပြီ.....

ထင်ရသလောက် မကြာခင် အောင်းဆန်းစုကြည် ကို လုပ်ကြံတော့မှာ ပဲထင်တယ် ... ခိုင်းသူက သန်းရွှေ... ဒါပေမယ့်.. ခင်ညွန့် ခိုင်းတဲ့လူတွေ လုပ်တာပါဆိုပြီး.... သတင်းတွေ ထွက်အောင် လုပ်လိမ့်မယ်...
ပြီးရင် ခင်ညွန်းကို သေဒါဏ်ပေး... (သို့) ထောင်ပြန်ချ...

တချက်ခုတ် ၂ချက်ပြတ်...

အဲဒီမတိုင်ခင်... ခင်ညွန်ကို ထုတ်ပေးရတာ နယ်စပ် သူပုန်တွေ နဲ့ အဘွားကြီး ကို စကားပြောဘို့ဆိုပြီး သူက ခေါင်းစဉ်တတ်နိုင်တယ်...

ခြုံကြည့်၇ရင် အမျိုးသားရင်ကြားစေ့ရေးလိုလို ဘာလိုလိုပဲ...

ဒါပေမယ့် သန်းရွှေက အမျိုးသားရင်ကြားစေ့ရေးကို လုံးဝ ဘယ်တော့ မှ မလုပ်ဘူး...

အဲလိုလုပ်ရင် သူသေချင်းဆိုးနဲ့ သေမှာပေါ့... သူဘာလုပ်လုပ် ခွင့်မလွှတ်နိုငတဲ့သူတွေ အများကြီး ဆိုတာ သူသိတယ်....

သူခင်ညွန့်ကို လွှတ်တာ အကြံကြီးနဲ့ လွှတ်တာ အလကားတော့ လွှတ်မှာ မဟုတ်ဘူး...

အဘွားကြီးကိုလဲ လွှတ်တာ သနားလို့လွှတ်တာ မဟုတ်လောက်ဘူး..... ဘယ်လု ချုပ်ရမှန်း မသိတော့လို့ အကြံကုန်နေပြီ...

အဘွားကြီး အပြင်မှာ နေရင်လဲ လူတွေ တဖြည်းဖြည်းစုလာရင် သူတို့ တဖွဲ့လုံး ဂွမ်းတော့မယ်.. ဆက်ထားလို့လဲ မရဘူး... ရှင်းမှ ရမှာ...

ဗိုလ်ချုပ်တွေကို လဲ တယောက်နဲ့ တယောက် အယုံကြည် လုံးဝ မရှိအောင် သွေးခွဲထားတယ်... ကိုယ့်အရိပ်တောင် ကိုယ် မယုံရဲကြဘူး... အားလုံး မီးစင်ကြည့်ကနေရပုံပဲ....

ခင်ညွန့်လဲ.... လာခေါ်တယ် မလိုက်ပဲ မနေရဲဘူး... ဘာကြောင့် ဆိုတာလဲ သေချာ မမေးရဲ... ဖြေတဲ့သူကလဲ ဘာမှ သိပုံ မရဘူး... သွားခေါ်ဆိုလို့ ခေါ်လိုက်တာ....

ဗိုလ်ချုပ်တွေ သူ့လုပ်ရပ်တွေ မကြိုက်ရင်တောင်မှ... ပုန်ကန်တာတို့ အမိန့်ဖီဆန်တာတို့ မလုပ်ရဲဘူး... ကိုယ့်အသက် ဘလိုထွက်မှန်း မသိထွက်သွားမယ်...
တင်ဦးကိုကြည့်.....

အခြင်းခြင်း လဲ မပူးပေါင်းရဲဘူး....
ကြောက်စရာ အကောင်းဆုံး အရိပ်မဲကြီး ဟာ သန်းရွှေစစ်စစ်ပါပဲ....