Thursday, March 17, 2011

အမှတ်တရ မွေးနေ့

မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျမပါသည်။

မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင်စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစောင်
စကားတခွန်းမျှ
မောင်မကြားစေရဘဲ
ကျမ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ။

အဲသည်အထိ
ကျမ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည်။


အဲဒီမောင် မွေးနေ့ ဒီကနေ့ ကျရောက်ပါပြီ။
ကျမရဲ့ ဒေါသတွေကို လျော့ပါးသွားအောင်..
သည်းခံစိတ်တွေ တိုးပွားလာအောင်..
သင်ပြညွှန်ကြားပေးခဲ့သော....
ကျမလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့သော..
ဘလော့မရေးလို့ ခဏခဏဆူနေသော...
ကျမရဲ့ ပီအေလို့ ဘလော့ပေါ်မှာ ကင်ပွန်းတပ်ခဲ့ပြီး ဘလော်ဂါတွေက ကိုပီအေအဖြစ်သိခဲ့သော..
ကျမရဲ့ ဆိုးတူကောင်းဘက် ကူဘော်လောင်ဘက် ...
ကျမချစ်သော ကိုမင်းဇော် ..နဲ့
ဆုံဆည်းခွင့်ပေးသော ကံကြမ္မာနှင့် ပေါင်းဖက်ခွင့်ပေးသော ဘ၀ကြီးကို လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။
ချစ်သူ့မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့မှုတွေ ခညောင်းကျရောက်ပါစေ..
သက်ထက်ဆုံး သည်းခံခွင့်လွှတ်ခြင်းဖြင့် ပါရမီဖြည့်နိုင်ပါစေ...

ချစ်တဲ့
ခင်မင်းဇော်

(စာကြွင်း... ဂျူးအမှတ်တရမှ အလွတ်ကျက်မိသော စာသားများအား ရေးသားထားပါသည်)

သူလိုက်ခဲ့ခေါ်တုန်းကတော့ ပျော်ရွှင်စွာ လိုက်ပါခဲ့သလို သူထားခဲ့စဉ်ကတော့ သားကလေးတလခွဲကို ပိုက်လို့ တောင်တန်းတွေကနေ ပင်လယ်ဆီကို စုန်ဆင်းခဲ့ရတဲ့အချိန်တွေပါပဲ။ ဘ၀မှာ ဘယ်လိုမှ မေ့ပျောက်ပစ်လို့ မရနိုင်တော့တဲ့ အဖိုးတန်အချိန်တွေပေါ့။ တယောက်နဲ့ တယောက် ကတောက်ကဆ ဖြစ်ချိန်တွေမှာ ပြန်သတိရဖို့ ပြန်လွမ်းခဲ့ကြဖို့ အလိုအပ်ဆုံးမို့ ဘုရားက ပေးအပ်ခဲ့တာထင်ပါရဲနော်)

16 comments:

ပန်ဒိုရာ said...

ကိုပီအေတစ်ယောက် ရှုမငြီးသည့် ချစ်ဇနီးချော၊ ချစ်စရာကောင်းသော သားကလေး နဲ့အတူ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ :)

Nge Naing said...

Happy Birthday!!! မွေးနေ့အနှစ်တရာကျော်အောင် မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။

july-nyanlinn said...

HappyBirthday Ko PA ...! :-"

သက်ဝေ said...

အမရေ... ကိုပီအေ အတွက် Happy Birthday နော်...
အမချစ်တဲ့ ကိုပီအေတယောက် ချစ်တဲ့ အမနဲ့ ချစ်စရာ သားလေးနဲ့အတူ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ လို့ ဆုတောင်းပါတယ်..

kay said...

ကြည်နူးစွာ..အားကျစွာ..ချစ်ခင်စွာ နဲ့...
ပျော်ရွှင်စရာ မွေးနေ့ပါ..
အကိုကြီး..း)

sonata.cantata said...

ဘလော့မရေးလို့ ခဏခဏဆူနေသော...

အမခင်မင်းဇော် ဆူခံထိလို့ ပျော်လိုက်တာ...း)

ပျော်ရွှင်ဖွယ် မွေးနေ့ပါ အမခင်မင်းဇော်ရဲ့ ကိုပီအေ

ချစ်ကြည်အေး said...

အမ....အမနဲ့ အမရဲ့ကိုပီအေ ဓါတ်ပုံလေး ဘာလေး တင်လေ အမရယ် ဒီလိုမွေးနေ့မျိုးမှာ....:P

သီတာ အတော် ဆိုးပါလား ကြည့်စမ်း အမ အဆူခံထိတာကို ပျော်လို့တဲ့...၊ ကိုဧရာကြီးကို ဆူခိုင်းဦးမှ...ဟိဟိ...

အမ ချစ်သော ကိုပီအေကြီးရဲ့ မွေးနေ့မှသည် သက်ဆုံးတိုင် အမနဲ့အတူ ကျန်းမာပျော်ရွှင်စွာ ရှိကြပါစေရှင်...

ခင်မင်းဇော် said...

အော်စီက ၂ယောက်နဲ့ ကျန်တဲ့လူတွေ စလုံးကချည်းပဲနော်။ အင်တာနက်ကို အကျိုးရှိရှိသုံးနေကြတာ.. :P အလကားရတိုင်း ဟွန်းးး ကိုယ်နေတဲ့တိုင်းပြည်ရဲ့ ၀င်ငွေတွေလျော့ကျကုန်ဦးမယ်...

မွေးနေ့ဆုတောင်းအတွက် အားလုံးကို ကျေးဇူးပါ။ ပို့စ်အသစ်မရေးလို့ ဆူခံထိတာဝမ်းသာတဲ့ မသီတာကိုလဲ ၀ဋ်လည်အောင် လာတွန်းပါဦးမည်။ ညီမချစ်ကြည် ကို ခဏတာဝန်လွှဲပေးပါရစေနော်။

ပန်းခရမ်းပြာ said...

Happy Birthday ပါ မမခင်မင်းဇော်ရဲ့ ကိုပီအေ ...
ဘလော့ မရေးလို့ ဆူတာကိုတော့ အားပေးတယ်ရှင့်...

မချို

Moe Moe said...

Wish HAPPY BIRTHDAY to Ko Min Zaw...and also be healthy..wealthy..happy with family forever:-))

Ma Kyi Khin, I knew that your name was changed to Khin Min Zaw..."ကျမချစ်သောမောင် "..Very meaningful for your life....am I right??.်

rose of sharon said...

သက်ထက်ဆုံးသည်းခံခွင့်လွှတ်ခြင်းဖြင့်ပါရမီဖြည့်နိုင်ပါစေတဲ့... ဒါမှငါ့အမကွ... :D

တန်ခူး said...

မွေးနေ့ ဆုတောင်းအတော်နောက်ကျသွား၏။တကျောင်းထဲထွက်အမျိုးတွေမို့  အကိုကြီးခွင့်လွှတ်နိုင်မည် ထင်ပါသည်။8-)
မ...ထူးခြားတဲ့တိုက်ဆိုင်မှုတခုက အကိုကြီးမွေးနေ့ နဲ့  ကျွန်မအချစ်ဆုံးသူငယ်ချင်းမွေးနေ့ နဲ့ တရက်ထဲ... မ ရေ...အပြင်မှာမမြင်ဖူးပေမယ့် စာလေးတွေကတဆင့်မြင်ရတဲ့ ကြည်နူးအားကျစရာ မ တို့ မိသားစုလေး ခုလိုပျော်ရွှင်စရာမွေးနေ့ ပေါင်း ရာထောင်သောင်း ကျင်းပနိုင်ပါစေလို့ 

Khaming said...

လာလည်သွားပါတယ်။ ဖတ်လို့ကောင်းတယ်။ အရေးအသားကောင်းလို့ပါ။ ၀တ္ထုလည်းရေးပါလား

Anonymous said...

ဘာလဲဟဲ့ စိုင်းသိန်းဝင်း


မှတ်ချက် ( me = စိုင်းသိန်းဝင်း

စံပယ် == အိမ်ထောင်ရေး ဖေါက်ပြန်သူ အမျိုးသမီးရဲ့ နံမည် ကို လွှဲပြောင်းပေးထားသည့် နံမည်)





Chat with****

1 message **** <*****@gmail.com> Thu, Feb 24, 2011 at 8:32 AM

To: ***@gmail.com



8:00 AM စံပယ်: စိုင်း

me: ပြန်လာပီ

စံပယ်: လက်တွေအရမ်းညောင်းနေတယ်

8:01 AM အရမ်းလည်း ပင်ပန်းတယ်

me: ကျနော့်ကိုမှီထားလေ :)

8:03 AM http://myitzuri.com/mtv_view.php?vcd_id=852&artist=Yadana+Oo&title=Ma+Nae+Maung

နားထောင်ကြည့်

ကျနော်တော့ ခုမှ ကြားဖူးတယ်

ပြန်ရတော့မှာလား

8:07 AMစံပယ်: စိုင်းအကြောင်းစကြားတုန်းက

မ ထက်ကြီးမယ်ထင်တာ

8:08 AM me: အင်း

စံပယ်: ပြီးတော့ အ၇မ်းတော့စိတ်ဝင်စားခဲ့တယ်

ဒါပေမယ် ပတ်သက်လိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားခဲ့ဘူး

မ နဲ့ ပတ်သက်လာလိမ့်မယ်လို့

မတွေးခဲ့ဘူး

me: ဘယ်သူကတွေးမိမှာလဲ

8:09 AM စံပယ်: :)

me: ကျနော့် ဘဝကိုက အရမ်း အပြောင်းအလဲတွေ မြန်လွန်းနေတယ်

8:10 AM ကျနော်က အဲဒီ သီချင်းကို စတွေ့တွေ့ချင်းက နွဲ့ယဉ်ဝင်းဆိုခဲ့တဲ့ သီချင်းပဲထင်နေတာ

စံပယ်: ဟုတ်လား

8:11 AM me: အမှန်ကတော့ မ လို့ခေါ်ရလောက်အောင်လည်း အသက်က မကွာပါဘူး :)

စံပယ်: ဟမ်

စိုင်းနော်

8:12 AM နှစ်နှစ်တောင်ကြီးတာ

ခေါ်ရမယ်

me: :)

ကျနော်ကတောင် ရုပ်ပိုရင့်နေအုံးမယ်

စကားပြောတာရော

ကိုယ်က ကိုယ်က လို့ပြောတာ အကျင့်ပါနေပြီ

စံပယ်: အဲဒါက ကိစ္စမရှိပါဘူး

8:13 AM စိုင်းလို့သုံး၇မယ်

ကိုယ်က လို့မပြော၇ဘူး

me: :D

စံပယ်: လူချင်းတွေရင်

အရင်အမျိုးသမီးတွေအကြောင်း

ကြွားချင်နေပုံရတယ်

me: မဟုတ်ပါဘူး

8:14 AM တပ်ထဲမှာ အရာရှိအချင်းချင်းမှာလည်း ကျနော်က စီနီယာ တော်တော်ကျတယ်

နေခဲ့တဲ့ တပ်တွေမှာ ပြောပါတယ်

ကျနော်တို့ ကျောင်းမှာက အသက်ကြီးတာငယ်တာထက် စီနီယာ ကျတာကို ပိုဦးစားပေးတယ်လေ

8:15 AM တချို့ဂျူနီယာတွေက ကျနော့်ထက် လပိုင်းတောင်ကြီးတယ်

မရဘူး ညီလေးပဲ

အဲဒါ တကျောင်းတည်းဆင်းတွေနော်

8:16 AM သူတို့နဲ့ ပြောတော့ ကို က အကို က အဲလိုပဲ ပြောတာ

စံပယ်: အဲတာမျိုး မကြိုက်ပါဘူး

အသက်အရွယ်အလိုက်ကတော့

ပြောရမယ်

အလုပ်မှာ ကိုယ်က ဘယ်လောက်ပဲရာထူးကြီးကြီး

me: ပြောပါတယ်

8:17 AM ကျနော် ဆရာဝန်တွေကို အကိုကြီးပဲခေါ်တာ

သူတို့က ဆေးကျောင်းမှာ အကြာကြီးတက်ခဲ့ရတော့ စစ်ထဲဝင်တဲ့အချိန် အသက်ကြီးနေပီ

စံပယ်: ဟမ် ဘယ်လိုတွေလဲမသိဘူး

အကိုကြီးတွေ ညီလေးတွေနဲ့

8:18 AM အမေရိကန်စစ်တပ်မှာတော့

me: ကျနော်တို့လို ၁၈ နှစ်တည်းက စစ်ထဲရောက်နေတဲ့လူတွေထက်စာရင် သူတို့က ဂျူနီယာ ကျတယ်

စံပယ်: ရာထူးကိုပဲတပ်ပြီးခေါ်တာပဲ

ကာနယ် ဆိုလည်းကာနယ်ပေါ့

me: ရာထူးတူရင် fast name ခေါ်တာ

ခင်ရင်ပေါ့

8:19 AM မတူရင် surname ခေါ်တာတော့ ရှိပါတယ်

သီချင်းနားထောင်ကြည့်မိလား

8:20 AM စံပယ်: အင်း

နားထောင်တယ်

8:21 AM တချိုသီချင်းတွေနားထောင်ရင်း စိုင်း မကို ပြောပြနေသလိုပဲ

me: ကျနော် သီချင်းရွေးတာ တော်လို့ပေါ့နော်

စံပယ်: ဟုတ်တယ်

အဲဒါကြောင့် ပိုချစ်သွားလားမသိဘူး

me: Happy!

8:22 AM စံပယ်: စိုင်း မ ကိုဘယ်အချိန်လောက်က စိတ်ဝင်စားခဲ့တာလဲ

me: မသိလိုက်ဖူး

ဖုန်းမျှော်တာကနေ စ တာပဲ

စံပယ်: ဟုတ်တယ်

8:23 AM သနားပါတယ်ရှင်။ မ ကအဲဒါကိုသတိမထားမိဘူး

စိတ်ထဲမှာ ဖုန်းပြောချင်တာကတော့

me: :)

8:24 AMစံပယ်: ခဏခဏပဲ

me: မ ရုံးဖုန်းကနေ မပြောနဲ့တော့နော်

စံပယ်: အကြောင်းအရာတွေကလည်း စဉ်းစားလိုက်ရတာအမောပဲ

ဟုတ်တယ်

ကဒ်ဖုန်းနဲ့ခေါ်တိုင်းအဆင်မပြေဘူး

me: evaluation ကျရင် ထည့်ရေးခံနေရအုန်းမယ်

စံပယ်: အဲဒါကို စိတ်ညစ်နေတာ

8:25 AM me: iphone/htc သုံးရင် skype install လုပ်ပြီးခေါ်လို့ရပါတယ်

စံပယ်: ကဒ်ဖုန်းနဲခေါ်တိုင်း

စိုင်းက မကိုင်တာပဲဖြစ်နေတယ်

me: ခုခေါ်ကြည့်မလား

8:26 AM စံပယ်: ကားမောင်းရင် ခေါ်လိုက်မယ်

me: ကားပေါ်မှာ ကဒ်ပေါ်က ကုဒ်ကို ဖတ်ပြီး နှိပ်နေရအုန်းမယ်

ဘယ်လိုလုပ် အဆင်ပြေမှာလဲ

8:27 AM ကားမောင်းလို့

စံပယ်: အင်း အန္တရာယ်တော့များတယ်

me: bluetooth (head piece) နဲ့ပြောတာလား

အင်းလေ

စံပယ်: မနက်ကအဲဒါကြောင့် စိတ်ဆိုးနေတာ

8:28 AM မရလို့ ထပ်ခါထပ်ခါခေါ်နေတာ

ကောင်းမောင်းရင်းနဲ့

me: :)

8:29 AM မ လက်ကလေးကို ကိုင်ထားချင်တယ်

8:31 AM စံပယ်: စိုင်း

8:32 AM take care

me: မ ရော သတိထားမောင်း

စံပယ်: အိုကေ

me: ချစ်တယ်

စံပယ်: မက အရမ်းချစ်တယ်

:)

8:33 AM me: :)

ALVARO GÓMEZ CASTRO said...

Hi, nice but unfotunately I can´t read. I invite you to visit my blog at:

http://alvarogomezcastro.over-blog.es

Greetings from Colombia

Anonymous said...

ခင်ဗျား မိတ်ဆွေ စောလဲ့ နန္ဒာနဲ့ စိုင်းသိန်းဝင်း ဘာတွေ ပြောခဲ့ကြသလဲ သိချင်ရင် ဖတ်ကြည့်လိုက်


http://myanmarexpress.blogspot.com/2011/06/dvb.html