ဒီနေ့ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) ရုံးခန်းရှေ့က ပိုစတာ
အသက် ၄၉ နှစ်ဆိုတာ လူ့လောကကြီးကို ထက်ဝက်ထက် မက အများကြီးကျော်ခဲ့တာပေါ့။
အသက် ၄၉ နှစ်ဆိုတာ လူ့လောကကြီးကို ထက်ဝက်ထက် မက အများကြီးကျော်ခဲ့တာပေါ့။
ကျမသူငယ်ချင်းတချို့ဆို ၄၀ မပြည့်ခင်ကတည်းက လူ့လောကကြီးကို ကျောခိုင်းသွားခဲ့ကြပြီ။
ဒီလိုအကျဉ်းကျခံဘ၀ကြီးထဲမှာ နေနေရတဲ့ စိတ်ခံစားချက်က ဘယ်လိုမှ ပြန်မပြောပြချင်တော့ဘူး။ ဒါပေမယ့် ခံစားသိနိုင်ပါတယ်။ နားလည်နိုင်ပါတယ်။
သူလို လူမျိုးက ဒီလိုဒုက္ခတွေ တွေ့ကြုံခံစားရလဲ ဘာအကြောင်းပြချက်နဲ့မှ ယုံကြည်ချက်ကို ကျောခိုင်းမသွားခဲ့ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်တွေကို တစိုက်မတ်မတ် ခုချိန်ထိ မတွန့်မဆုတ် ခိုင်ခိုင်မာမာ ရပ်တည်နေပြတာကိုပဲ ကျမကတော့လေးစားပြီးရင်း လေးစားခဲ့တယ်။
၁၉၈၈ ကာလတုန်းက မင်းကိုနိုင် ဆိုတာ သူတဦးတည်းပိုင်နာမည်လေး မဟုတ်ခဲ့ သေးပါဘူး။ နောက်ပိုင်းမှာ အဲဒီနာမည်ကို တယောက်က ယူဖို့ သဘောတူညီကြပြီးကတည်းက ဒီနာမည်ရဲ့ သမိုင်းကို အတောက်ပဆုံးထွန်းလင်းစေခဲ့သူ ၊ ကြီးကျယ်မြင့်မြတ်ခဲ့သူပါပဲ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၁၉၈၈ ရဲ့ သြဂုတ်လ ၂၈ ရက်မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ဥက္ကဌတာဝန်ကို ခိုင်ခိုင်မတ်မတ် ထမ်းဆောင်နိုင်ခဲ့သူ။ အဲဒီနောက် ၁၆ နှစ်ကျော် အကျဉ်းကျခံပြီး ပြန်လည်လွတ်မြောက်လာချိန်မှာလဲ တွန့်ဆုတ်သွားခြင်း အလျဉ်းမရှိ၊ ပြည်သူတွေအတွက် ပြည်သူ့အသံကို ရင်ဘတ်နဲ့ ခံစား နှလုံးသားနဲ့ ကြားနာ ဦးနှောက်နဲ့ ပိုင်းဖြတ်လို့ ရဲရဲကြီးရှေ့ကို တက်ခဲ့တဲ့သူ၊ ဘာအကြောင်းနဲ့မှ နောက်မဆုတ်ဘူးတဲ့၊ ဟောဒီလမ်းမတွေ ပေါ်မှာ ငါတို့ရဲဘော်ရဲဘ က်ပြည်သူတွေရဲ့ သွေးတွေနဲ့ ၀ိဥာဉ်တွေက ဒီမိုကရေစီ ဒီမိုကရေစီနဲ့ အော်ဟစ်နေဆဲတဲ့။
ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။