Tuesday, November 8, 2011

အချစ်နှင်းဆီဖြူ


                                              နှင်းဆီဖြူပုံလေးကို ဒီက ယူပါတယ်။
 ဖြစ်တည်ခြင်း(၁)
 
ကျနော် အခု အရမ်းလွမ်းနေပါတယ်ဗျာ။ ကျနော့်ရဲ နှင်းဆီဖြူက မနက်တိုင်း လဘက်ရည်ကို ခုံခုံမင်မင်သောက်တတ်တဲ့၊ အသုပ်စုံကို မက်မက်စက်စက် စားတတ်တဲ့၊ ဘယ်တော့မှ အကြံမပေးတတ်တဲ့ ကျနော့်ကို ဘာဟင်းချက်ရင်ကောင်းမလဲ လို့ နေ့တိုင်းမပျက်မကွက် မေးတတ်တဲ့၊ ကျနော်ကိုယ်တိုင် မမျှော်လင့်ခဲ့တဲ့ တာဝန်ကျေမှု ၊ဂရုစိုက်မှုတွေနဲ့ ချစ်ခင်မြတ်နိုးမှုတွေကို ပြည့်ပြည့်၀၀ပေးအပ်နိုင်လွန်းတဲ့။ နင်က အေးအတူ ပူအပြေးလို့ ခဏခဏပြောတတ်တဲ့ (သူမ တခါတလေ အလုပ်ထဲ အဆင်မပြေတာ ၊ တချို့ ဆက်ဆံရေး အဆင်မပြေတာာတွေ ကျနော့်ကို တိုင်တည်ပြောပြတိုင်း ကျနော်က သူ့ကို မခံစားစေချင်စိတ်နဲ့ ဘာမှ မှတ်ချက်မပေးပဲ ရေငုံနှုတ်ပိတ်နေတတ်တာကို သူက မျှဝေမခံစားဘူးလို့ ဆိုချင်တာ)၊ သူမကို အရမ်းလွမ်းနေတယ် ၊ သတိရနေတယ်ဗျာ။
သူမလား။ ကျနော်နဲ့ ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ မြို့ကို အလုပ်ကိစ္စနဲ့ သွားနေတာ ရက်ပေါင်း ၃၀လောက် ကြာမယ်တဲ့ဗျား။
ဒီနေ့တော့ ကျနော် သူမကို အရမ်းလွမ်းတယ်ဗျာ။
ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။
အဲဒီတုန်းက…
သူမက လင်းလင်းဝင်း ထဲဝင်လာတယ်၊ လင်းလင်းဝင်းဆိုတာက လဘက်ရည်ဆိုင်နာမည်ပါ။
အဲဒီတုန်းက ဆံပင်းကျောဝဲမှာ နားဆွဲ တန်းလန်းတန်းလန်းက လှုပ်လှုပ်ခတ်ခတ်နဲ့ စကားဖေါင်ဖွဲ့လာတဲ့ သူမကို အနားက သူငယ်ချင်းက လှမ်းနှုတ်ဆက်တော့မှ ကျနော်နဲ့ တမြို့တည်းကမှန်းသိခဲ့တာ။ သူ့နားဆွဲလေး လှုပ်ခါနေသလို ကျနော့် ရင်ခုန်သံလဲ ထိန်းမနိုင် သိမ်းမရ။ သူမ ရှိတာနေတာ ကျနော်က ဘာ့ကြောင့် မသိခဲ့ရတာပါလိမ့်။
……………..
အဲဒီတုန်းက
ကျနော့်ရဲ့ မနက်ပိုင်းကျောင်းတက်ချိန်တွေကို မေ့ပစ်ပြီး သူမကျောင်းသွားချိန်ကို အဲဒီလဘက်ရည်ဆိုင်က သွားစောင့်ကြည့်နေခဲ့တာ သူမက သတိတောင် မပြုမိခဲ့ပါဘူး။ ကျနော်ကတော့ သူမအကျီ င်္ကို အဖြူရောင်တမျိုးထဲ ပုံစံမျိုးစုံ ၀တ်တတ်တာနဲ့ သူ့လုံချည်ဆင်တွေကလဲ အစက်အလုံးအရွယ်စုံတွေဆိုတာ သတိပြုလိုက်ပြီး အတော်ချစ်မိသွားတယ်ဗျာ။
……………………………
အဲဒီတုန်းက
ကျနော်စိတ်ကူးထဲမှာ ဆတ်တောက်ဆတ်တောက် လမ်းလျှောက်တတ်တဲ့ သူမဘေးမှာ ဘယ်သကောင့်သားမှမတွေ့မိတာတော့ နည်းနည်းထူးဆန်းနေသလိုလို၊ ကျောင်းတက်ရင်လဲ တယောက်တည်းပဲ နေ့တိုင်းသွားနေတာတွေ့မိတာလဲ ထူးဆန်းသလိုလို။ ဒါနဲ့ သူနဲ့ နှုတ်ဆက်တဲ့ ကျနော့်သူငယ်ချင်းကို မေးကြည့်တော့မှ သူမက တော်တော်စွာသလို ယောက်ျားဆို အထင်မကြီးဘူးဆိုပဲ။ အဲဓီသူငယ်ချင်းကို သူမနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုမိတာက သူမကို တွေ့ပြီးချိန်က စရေရင် တလခွဲ တိတိကြာခဲ့ချိန်ပဲဆိုတာ မှတ်မှတ်ရရ ရှိခဲ့တယ်။
……………….
အဲဒီတုန်းက
မိတ်ဆက်ပေးတော့ ပုသိမ်တုန်းက တခါမှလဲ မတွေ့ဘူးပါလားလို့ ရယ်ရယ်မောမောပြောနေတဲ့ သူမက တစိမ်းလဲ ဆန်မနေပဲ ပေါ့ပေါ့ပါးပါးလေးနဲ့။ အနီးကပ်ကြည့်တော့မှ သူမရဲ့ အထူးခြားဆုံးက ပုံစံကျနလှပလွန်းနေတဲ့ နှုတ်ခမ်းလေး။ မထူမပါး သေသပ်ပိရိပြီး တကယ့်ပန်းသွေးရောင် တောက်ပနေတယ်၊ အဲဒီအချိန်ကစလို့ အိပ်မက်တွေထဲထိ မကြာမကြာထည့်မက်ခဲ့မိတဲ့ ထိ စွဲလမ်းသွားခဲ့ရတယ်။
…………….
အဲဒီတုန်းက
သူမရဲ့အဆောင်ဆီကို ညနေတိုင်းသွားဖြစ်ခဲ့ပြီး သူမနဲ့ သူမသူငယ်ချင်းတွေ ပြောသမျှ နားထောင်နေတတ်ခဲ့တဲ့အချိန်တွေ။ တခါတလေကျနော်တခွန်းမှတောင် မပြောဖြစ်ခဲ့ပါဘူး။ သူမပြောနေတာ နားထောင်နေရင်း သူမမျက်နှာလေး ငေးကြည့်ရင်း ဘာတွေပြောနေလဲ ဆိုတာတောင် မသိခဲ့တဲ့အထိ သတိလက်လွတ် ချစ်မိခဲ့တယ်ဗျာ။
……………..
အဲဒီတုန်းက
ကျနော့်သူငယ်ချင်းတွေက ခြေအေးဝမ်းယောင်တဲ့။ ကျနော်ကလဲ သူမကို ချစ်တယ်ဆိုတာ တခွန်းမှမဟရဲဘူး။ သူမကလဲ တကယ့်ကို တမြို့ထဲသားသူငယ်ချင်းတွေကို ဆက်ဆံသလို မြို့နယ်အသင်းပစ်ကနစ်ထွက်တာ၊ ဇာတိမြို့ကလေးကို အားလုံးတူတူပြန်ကြတာ အားလုံးနဲ့ တန်းတူဆက်ဆံနေခဲ့တာဆိုတော့ ကျနော် တိတ်တိတ်ကလေးပဲ ကြည့်နေခဲ့ရတဲ့ အချိန်တွေပေါ့။
…………………….
အဲဒီတုန်းက
ဇာတိမြို့ကို အရင်ပြန်ရောက်နေတဲ့ သူမက သဘောင်္ဆိပ်မှာ လာကြိုတဲ့ သူငယ်ချင်းအုပ်စုထဲ ပါလာတော့ ကျနော်ဗျာ သဘောင်္ကြီးကမ်းကိုမဆိုက်ခင်ကတည်းက ခုန်ဆင်းချင်နေမိသေးတယ်။ ထုံးစံအတိုင်း အဖြူရောင် ရှပ်အကျီ င်္ဖားဖားနဲ့ မီးခိုးနုပေါ် ဖန်ခွက်အ၀လောက်ရှိတဲ့ အဖြူရောင်အလုံးကြီးတွေပါတဲ့ လုံချည်တိုတိုဝတ်လို့ ဖြူလွလွ သူမပုံစံကို အဝေးကြီးကတည်းက ကျနော်က မှတ်မိနေခဲ့တာဗျား။
……………..
အဲဒီတုန်းက
သူမနဲ့ကျနော့်ရဲ့ ဆက်ဆံရေးကတော့ ရှေ့မတိုးနောက်မဆုတ် .. တည်တည်ငြိမ်ငြိမ်ပါပဲ။  တောမြို့လေးမှာ စက်ဘီးတစီးနဲ့လမ်းပေါ်မှာချည်း တွေ့နေရတဲ့ သူမကို ရန်ကုန်မှာလိုပဲ လဘက်ရည်ဆိုင်က သွားစောင့်နေခဲ့ရတာပါပဲ။ သူမနဲ့ စကားပြောဖြစ်တိုင်း တအံ့တသြသိခဲ့ရတာတခုက ထွက်သမျှ မဂ္ဂဇင်း၊ ၀တ္တုတွေကို ဖတ်နိုင်လွန်းတာပဲ။ ဖတ်တာမှ သိုင်းဝတ္တုပါ မကျန်ဘူးဆိုတော့ စဉ်းစားကြည့်တော့ဗျား။ ကျောင်းစာကလွဲရင် အကုန်ဖတ်တယ်ဟာ တဲ့။ မဂ္ဂဇင်းတခုထဲက ၀တ္တုဖြစ်ဖြစ် ကဗျာဖြစ်ဖြစ် ကျနော်က သဘောကျလို့ စကားစလိုက်တာနဲ့ သူက အလွတ်နီးပါး ရွတ်ဆိုကိုးကားပြီး စိတ်ပါလက်ပါ ပြောပြနေတာမျိုးကို မြင်ရတိုင်း ကျနော့်ရင်ထဲမှာ သိပ်သိပ်သည်းသည်း ချစ်မြတ်နိုးလာခဲ့တာပဲ။ အဲဒီအချိန်ထိ သူမကို ကျနော်ချစ်တာ မသိခဲ့ဘူးလို့ နောက်ပိုင်းမှာ ၀န်ခံခဲ့တယ်ဗျ။ ကျနော်က အင်မတန် ဟန်ဆောင်ကောင်းခဲ့တာတဲ့။
……………….
 အဲဒီတုန်းက
ကျနော် သူ့ကို ဖွင့်ပြောဖြစ်မယ်လို့ လုံးဝတွေးမထားခဲ့မိတဲ့အချိန်ပေါ့။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

kay said...

အဲ ဖတ် ကောင်း နေ ပြီ ၊ သိပ် သိပ် သည်းသည်း ကိုေ၇ာက် နေ ပီ၊ ငတို့ အကို ကြီးကွ၊. :)

kay said...

ခရီး ထွက် လိုက်အုံးမယ်။ ပြန်မ ဆက် ဖတ်မယ်။

Taw Lu Thit said...

အမယ် ကိုရီးယားကားတွေလို လုပ်တယ်ပေါ့လေ မြန်မြန်ဆက်ပါဗျ.တခါလာလဲ နိုင်ငံေ၇း ဘာရေးညာေ၇းနဲ့ အဲ့လို အချစ်ရေးလေးလုပ်ပါ အချစ်ရေးက အဓိက...

MMZ said...

ကိုယ်တွေ့ဖြစ်ရပ် ??? သူတွေ့ဖြစ်ရပ် ??? ဟိဟိ

Maung Myo said...

မှတ်မိသေးတယ် မင်္ဂလာဆောင်မှာ ဆုံတုန်းက အစ်ကိုကြီးက နုတယ်လို့ပြောလိုက်တား) တကယ်လည်း ဒီလို စာနုနုလေးတွေ ရေးလို့ဖြစ်တာပဲ စိတ်ဝင်စားတယ် စောင့်ဖတ်အုံးမယ် ။

စိုးထွန်း said...

အစ်မရေ ...

<>

အဲ့ဒီနားလည်းရောက်ရော .. ဟိဟိ ... ဖတ်နေရင်းကရပ်ပြီး ကျွန်တော် ဘာလုပ်တယ်ထင်လဲ ...

မေးရင် ပြောပြမယ် ...

ခင်တဲ့

စိုးထွန်း

tg.nwai said...

အစ်မ မြန်မြန်ဆက်ရေးပါဗျို့။

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html