Thursday, September 6, 2012

ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ


ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ
( အောင်ဝေး )

“ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
တွေ့ ရလေသည် “
( ကာနယ် ချစ်ကောင်း )

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့ အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့ ။
၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတစ်ယောက်ရဲ့ 
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့ 
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့ 
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ ဖို့ 
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ ကိုယ်တွေ့ 
ရန်/ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့ လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
သရော်လှောင်ပြောင်တာ
ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တစ်ယောက်ရဲ့ မေးခွန်းကို
ဖြေဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ ရှို့ လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့ စွဲခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။
တို့ ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
ဒေါင်းတစ်ကောင်ကိုတောင်
စော်ကားရဲမှတော့...။
ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့ တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့ အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့ တောင်သွားမချိုင်လေနဲ့ ။
မင်းရဲ့ တချို့ ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
” ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်“
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ- မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့ လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့ လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့ နဲ့ တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့ လား။
ညီလေးရေ
မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
တို့ ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့ နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့ အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။
ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့ 
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့ ။
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့ လား။
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့ 
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ ၀က်သေ ထားခဲ့တော့။
ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့ ။
ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့ ။
တိုင်းပြည်ချစ်စိတ်နဲ့ 
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ ဆဋ္ဌမ ဗမာနိုင်ငံတော် “ ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ 
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတစ်ယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။

အောင်ဝေး
(စက်တင်ဘာ ၆-၂၀၁၂)

38 comments:

မင်းသားကြီး said...

good

Anonymous said...

ကောင်းတယ် ပြန်ခေါ်လိုက် ပြန် ပြန် :D

Anonymous said...

စိတ်ကုန်ဖွယ် အတိပြီးသော ကဗျာမမည်၊ စာလဲမပီတဲ. အရေးအသားတွေနဲ.၊
ကိုယ်တိုင်လဲ ဘာမှအဖြစ်ရှိအောင်မလုပ်နိုင်ဘဲနဲ. အသံကောင်းဟစ်နေကြတယ်။
ကိုယ်.ဟာကို လွတ်ရာကျွတ်ရာမှာ အေးအေးသာနေပါတော.။
နဂိုထဲက ဘာမှလဲမဟုတ်ခဲ.ဘဲနဲ.များ ..... အံ.သြစရာ

Anonymous said...

မင်းကိုနိုင်ကို လူတွေစော်ကားကြသလား၊ ကိုကိုကြီးကို လူတွေ စော်ကားကြသလား၊ ဒေါ်မာမာအေးပြန်လာရင် လူတွေစော်ကားကြမလား။ ကဗျာဆရာကြီးတင်မိုး ပြန်ရှင်ပြီး ဒီကို ပြန်လာရင် လူတွေ စော်ကားကြမလား။ သမိုင်းအမည်းစက် မရှိရင် ပြန်လာတဲ့လူကို လက်ကမ်းမကြိုဆိုနိုင်စရာ မရှိပါဘူး ဦးအောင်ဝေးရယ်။ ခင်ဗျားပြန်မလာလည်း ရှိနေတဲ့လူတွေထဲမှာ ခင်ဗျားထက် လုပ်နိုင်ကိုင်နိုင်သူတွေ ရှိနေပါသေးတယ်။ (ကိုရင်လက်ဆင်း)

Anonymous said...

ဘာများလဲဖတ်မိပါတယ် ဖတ်ပြီးတော.မှ တ၀က်တပျက် မှာတင် စိတ်ပျက်စရာကောင်းလို.ပြီးအောင်မဖတ်လိုက်တော.ပါဘူး။
မြန်မြန်သာပြန်ခေါ်လိုက်ပါ၊ မြန်မြန်ပြန်ပါစေ

freemyanmarvcd said...

အချိန်မရလို့ ကဗျာကိုအစအဆုံးတော့ မခံစားပေးလိုက်နိုင်တာဆောရီးပါ။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ မြန်မြန်ပြန်ခေါ်သွားပေးဘို့ကိုတော့ အနူးအညွတ်တောင်းပန်ပါသည်။ ကျေးဇူး။

Anonymous said...
This comment has been removed by a blog administrator.
Unknown said...

Whatsoever, Ko Moe Thee is one of news makers for modern history of Myanmar.

Anonymous said...

မိုးသီးဇွန် မြန်မာလူမျိုးဆိုတာတောင် မြန်မာတွေကိုယ်စားရှက်လိုက်တာ...မြန်မာဆိုတဲ့သွေးတွေ ဖောက်ထုတ်ပြီး အမေရိကန်သွေးတွေ သွင်းလိုက်ပါလား...ခွေးလောက်တောင် သစ္စာမရှိတဲ့ကောင်တွေပဲ..

Anonymous said...

Kyaung Khway,Do you know yourself also? If you don't know answer is you are Nothing!!!!!to Burma

Anonymous said...

ရွှေစစ်ရင်မှတ်ကျောက်တင်ခံရဲတယ်....,
မင်းမပြန်နဲ့...မိုးသီး
၈၈ သမိုင်းမှာ မင်းဟာလည်း ကြယ်နီတစ်ပွင့်...,
အနုနဲ့အကြမ်း ထိခါစတော့ ငြိ ,ကြစမြဲဘဲ၊
မျက်စိမှိတ်ထားတဲ့ နိုင်ငံရေးသမားအချို့ကို
မင်း ဆွဲဖွင့်ခဲ့ ...,
ကြယ်နီတစ်ပွင့် ဟာ ၈၈ သမိုင်းကို
ဒိထက်ပို အရောင်တောက်ပစေနိုင်မယ်ဆိုတာ ငါယုံကြည်တယ်..,
မင်းမပြန်နဲ့...မိုးသီး..(Warso Myo)

Anonymous said...

ရီးပဲ ကိုအောင်ဝေးရေ
--------------

ရီးပဲ ကိုအောင်ဝေးရေ..
၂၀၀၇ အရေးအခင်းပြီးမှာ
အဖမ်းခံရမှာ ကြောက်တဲ့
သူရဲဘောကြောင်
ကဗျာဆရာတစ်ယောက်
ကြောက်ကြောက်နဲ့ ပြေးတာ
အမေရိကားကို တန်းနေတာပဲ။
ခင်ဗျာထက် ပိုပြီးသတ္တိရှိတဲ့
ပန်းချီမောင်မောင် ခေါ်
မင်းသားကျော်သူ
ဒါရိုက်တာ မောင်သူရခေါ်
လူရွှင်တော် ဇာဂနာ
သူတို့ မပြေးဘူး
ရင်ဆိုင်ရဲလိုက်တာ
ကိုကျော်သူ လို့ခေါ်သူခေါ်
ဦးကျော်သူလို့ တမြတ်တနိုး
မရိုးရအောင် မောင်မောင်လည်းပါလေရဲ့
ကိုသူရ ထောင်ထွဲက ထွက်လာတော့
ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ ကြိုလိုက်တာ
ဘယ်သူမှ ရီးပဲ လို့ မပြောဘူး၊
သေချာတာကတော့
ခင်ဗျာ ကြောက်ချေးပါတာပါ၊
အမေရိကားမှာ ဘာလုပ်လဲ
နှစ်ပတ်လည် အခမ်းအနားတွေမှာ
ခင်ဗျာ ကဗျာတွေ ရွတ်တယ်
ကဗျာတွေ ရေးတယ်
အဲဒီအထိ အိုကေပါတယ်
အခုကျတော့
ဘာမဟုတ်တဲ့
ခြင်္သေပျက်
မိုးသီးနဲ့ ကျမှ
ခင်ဗျာ ကျူပ်တို့ပြည်သူတွေကို
ရီးပဲတဲ့
အေးပါ ခင်ဗျာ မပြန်လာပါနဲ့
ခင်ဗျာပြန်လာရင်လည်း
သေချာပါတယ်
ကျုပ်တို့ကလဲ
ရီးပဲပါပဲ
နယူတန်လောလို့ပေါ့
ခင်ဗျားက ချစ်ရင်
ပြည်သူကလည်းချစ်မယ်
ခင်ဗျာက ရီးပဲ ဆိုရင်
ကျုပ်တို့ကလဲ ရီးပဲပေါ့ဗျာ....
(မိုးကြိုး)

Anonymous said...
This comment has been removed by a blog administrator.
ေေေ said...

ကွန်မန့်ပေးသွားသူ အများစုကို ကြည့်ရတာ

မိုးသီးကို မသိသူ
မိုးသီးကို မနာလိုသူ
မိုးသီးကို ခြေရာတိုင်းချင်သူ
မိုးသီးလို အဖြစ်မရှိသူ
မိုးသီးကို အလုပ်သဘောအရ နာမည်ဖျက်သူ
မိုးသီးလို နာမည်မဖေါ်ရဲသူတွေ အများစုပါလား

ငါ နာမည်ဖေါ်ပြောလည်း ခွေးတွေလို ဝိုင်းကိုက်ကြအုံးမှာ
ဒီတော့ ပြောချင်တာက ..
ရမ်းသမ်းပြီး ဖြဲမနေကြနဲ့ဟေ့
အားလုံး ငတုံးတွေ မဟုတ်ဘူးလို့ပဲ ပြောထားချင်တယ်

ဝိုင်းဆဲချင်လား
ပြဿနာမရှိ
မင်းတို့လို အခြေအမြစ်မရှိ အပုတ်ချတာကို
သိတဲ့လူတွေရှိတယ်ဆိုတာ ဇဝေဇဝါ ဖြစ်နေသူတွေ သိရင် တော်ပြီ။

Anonymous said...

ေေေ>>>မနာလိုရအောင်...မိုးလီးဆိုတဲ့ကောင်က ဘယ်ဘ၀ရောက်နေလို့လဲ??? မင်းသတ္တိရှိရင် မင်းနာမည်ဖော်ရဲရင် ဖော်ကြည့်လိုက်ပါလား။ ဘာအဆင့်မှမရှိတဲ့ နိုင်ငံရေးသားယောင်ယောင်...သူရဲကောင်းယောင်ယောင်တွေကို အလိုမရှိဘူး။ ငါတို့က အပေါစား ကောင်တွေမဟုတ်ဘူး။ မင်းတို့ အော်ချင်တိုင်းအော်၊ ဆဲချင်တိုင်းဆဲရအောင် မြန်မာပြည်မှာ နေနေတာမဟုတ်ဘူး...မအေလိုး..မင်းတို့လို လူမျိုးတွေရှိနေလို့ မြန်မာနိုင်ငံ ဆင်းရဲတွင်းနက်နေတာ..မိုးသီးဆိုတဲ့ကောင် ငါ့လို သာမန်ပြည်သူတစ်ယောက်ရဲ့ အရည်အချင်းကို မှီဖို့ နောက်ထပ်လေးနှစ်လောက် ပညာသင်လိုက်ဦးလို့တောင် စိန်ခေါ်လိုက်ဦးမယ်...မအေလိုး ခွေးသားတွေ.

Anonymous said...

မိုးသီးကို သိတော့..ငါတို့ကို မိုးသီးက ထမင်းကျွေးပြီး ဖူးဖူးမှုတ်ပေးမလို့လား။ ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်ထမင်းကိုယ်စားနေတာ။ မင်းတို့လို ဟိုကရ၊ ဘယ်ကရဆိုတဲ့ သူတောင်းစားဆန်ဆန် ငွေကြေးနဲ့ အခန့်သားနေနေတာမဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနေတာ။ မိုးသီးခြေရာက ခွေးခြေရာသာသာလောက်ပဲရှိတာကို ငါတို့လို လူတွေက တိုင်းပေးရဦးမှာလား။ မိုးသီးကို နာမည်ဖျက်နေတာမဟုတ်ဘူး. အစကတည်းက နာမည်ပျက်စာရင်း သွင်းခံထားရတာ။ မိုးသီးနာမည်ဖော်တော့ ငါတို့က ထိုင်ကတော့ရမှာလား..လီးပဲ။ မင်းတို့ကောင်တွေ သေနတ်ပြောင်းဝနဲ့ပဲတန်တယ်..ဒီမိုကရေစီဆိုတာ ခွေးလည်ပင်းက လည်ပတ်လောက်တောင် မင်းတို့အတွက် တန်ဖိုးမရှိဘူး..ခွေးသခိုးတွေရဲ့

Unknown said...

“ မြန်မာ့ဒေါသ ကမ္ဘာက သိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...”(၀တ်မှုန်)http://www.moemaka.blogspot.sg/

Thu said...

Artists are so emotional and openly expose own properties in everywhere. (i.e. Ko Zaganar, Ko Aung Way)
Art originally means "finesse" but now became "rudeness" by them.

Anonymous said...

မိုးသီးဇွန်ကို လက်မခံနိုင်ပါ။
သူရဲကောင်းနေနေသာသာ သူတောင်းစားလောက်တောင် လေးစားပေးလို့မရပါ။

အပေါ်က ပြောခဲ့တဲ့ ကွန်မန့်လိုပဲ။ မိုးသီးကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဥပဓိရုပ်နဲ့ လုပ်ရပ်ကို က မြန်မာ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အဆင်မရှိလို့ ဆောရီး ပါ ကိုအောင်ဝေး ။ ခင်ဗျား ကို တခုပြောချင်တယ်ဗျာ။ ဦးသန့်ကျွန်းကို မသွားပါနဲ့လား ။ ခင်ဗျားတို့နဲ့ မတန်ပါဘူး။

Anonymous said...

မိုးသီးဇွန်တောင်းထားတဲ့ဟာတွေ ဦးအောင်ဝေးနဲ့မျှစားထားတာထင်တယ် ပြန်ခေါ်သွား ပြန်ခေါ်သွား ရီးတွေများနေရင်လည်း ကိုယ့်ဘာသာကိုယ်ပဲစားလိုက်ကြ တိုင်းပြည်ချစ်စိတ်နဲ့ ဆာလောင်နေကြတယ်မလား

Anonymous said...

ကဲ...ကိုမိုးလီးရေ...လူ (၁၀) ဦးမှာ (၁) ဦးတောင် ခင်ဗျားကို အလိုမရှိဘူးဆိုတာ..ဒီနေရာလေးကတောင် သက်သေပြနေပြီ...သန်း (၆၀) ထဲကဆိုရင်တော့..ကိုမိုးလီးကို အလိုရှိတဲ့သူ (၆) ယောက်လောက်တော့ ရှိနိုင်ပါတယ်. သိပ်ပြီး အရူးဘုံမြောက်မနေနဲ့..ခင်ဗျားကို လာကြိုဖို့ လိမ်းထိပ်က ဆိုက်ကားသမားကို ပိုက်ဆံပေးပြီးငှားထားတာ လူတိုင်းသိတယ်...ဟား ဟား

Anonymous said...

အောင်ဝေး ရေ --- မင်းရေးခဲ့တဲ့ကဗျာတွေက စိတ်ကူးယဉ် မိန်းမတစ်ယောက်မှာ လမ်းဆုံးသွားခဲ့တာကိုများ နာမည်ကျော် ကဗျာဆရာစာရင်းဝင်ချင်နေသေးတာလား---။ ပိုင်ပြီဆိုပြီး ၀င်ကြောင်ပြီးတော့ အဖမ်းခံရမှာစိုးလို့ ကြွက်လို ဂယ်ပေါက် က ထွက်ပြေးသွားပြီးမှ အသံကောင်းဟစ်မနေပါနဲ့။ အနေချောင်အောင်၊ ပိုက်ဆံတောင်းလို့ကောင်းအောင် နေနေတဲ့ မင်းတို့တွေကို ရွံလွန်းလို့။ မင်းထွက်သွားပြီး ဒီမိုကရေစီအတွက် ဘာများ ထိထိရောက်ရောက် လုပ်ပေးနိုင်လို့လဲ။ တစ်ကိုယ်ရေ ရပ်တည်မှုအတွက် ဟန်ဆောင် မုသာဝါဒတွေနဲ့ နေနေရတာ လိပ်ပြာလုံလို့လား။ ဗိုလ်ချုပ်အောင်ဆန်းတို့ တိုင်းပြည်က ထွက်သွားတာ ဘယ်လောက်ထိ အရာရောက်ခဲ့တယ်ဆိုတာ မင်းအမြင်ပဲ။ မင်းတို့တွေ အပြင်ထွက်သွားပြီးတော့ လေထဲမှာတောင် တော်လှန်ရေးပီပြင်အောင်လုပ်နိုင်ခဲ့လို့လား။ သေဖော်လှမ်းညှိမနေနဲ့။ မြန်မာပြည်သူတွေက ရန်/ငါ ပြတ်ပြီးသား။ မင်းကသာ စပျစ်သီးချဉ်နေတာ။ နေလိုက်တော့အောင်ဝေး။ အချင်းချင်း အမြီးဖြတ်ပြီးတော့သာ အပြင်ကနေ အူနေလိုက်တော့ အူဝေး---။

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုအောင်ဝေးးး မြန်မြန်သာပြန်ခေါ် သွားပါ ရုပ်ကြီးမြင်ရတာကိုကကြက်သရေမရှိတဲ့အထဲ သောက်စကားပြောတာကြားတော့ပါးရိုက်ချင်စိတ် ပေါက်တယ် .. လုပ်စားကောင်းအောင် သိပ်အူပြမနေပါ နဲ့ .. အမြန်သာပြန်ခေါ်ပါတော့

Anonymous said...

ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အာလ၀ီး)

မိုးသီး
ထွေးပြီးသား တံတွေးပဲ
ပြန်မြိုချတာ့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
အရက်ပုလင်းထဲက အရက်လိုပဲ
လက်ကျန်အမြဲ ထားရတယ်။
မင်းသောက်တတ်တာလည်း
အစ်ကို သိတယ်။
အစ်ကိုခွက်ပုန်းခုတ်တာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့အရက်ပုလင်းကို
သူများတွေ သေးပေါက်ထည့် ကြပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
လေဆိပ်မှာ ကားပေါ် မင်းတက်ပီး ဘဲလေးက ကတာကို
အဆီဘူးခါတယ်ဆိုပီး ၀မ်းပန်းတသာ ကြို ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ သရဲဘောကြောင်ကြောင်နဲ့ 
ပတ်ပြေးနေတဲ့  သီလကြောင်တယောက်ရဲ့
အိမ်ပြန်လမ်းဟာ
ထောက်လှန်းရေးတွေ ပြုံနေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
၅၀၀၀ ပေးပီးခေါ်လာတဲ့ သူတွေနဲ့
ရက်လည်ဆွမ်းကြွေးတရားနာလာတဲ့  မသာလိုပါလားကွာ။
ရန်ကုန်မှာ
ဒေါ်လာ ကုန်ခါနီးရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဦးသိန်းစိန်ကို ဖိနပ်နဲ့ ပေါက်ဘို့ 
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
သူများမယား ကြာခိုဘို့ 
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
မိုးမကုန်သေးတဲ့ ရန်ကုန်က
မိုးတွေရွာလို့ ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
သီလကြောင် တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ဆန်/ မဆလာ ပြတ်ရမယ်
မယားငယ်/ဖာသည် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ဆန်/ မဆလာ ပြတ်လို့
ဂျပန်မှာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
ဒလန်တွေလား၊ အကြံအဖန်တွေလား
၅၀၀၀ထောင်ပေးပီးခေါ်လာတာလား။
အခုတော့
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်းစော် အကားခံရတယ်။
မနက်ဖြန်
ငါ့ စော် ကိုထပ်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဖင်ကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
လဒဟာ
စော်အကားခံခဲ့ရ။
သူရဲဘောကြောင်သူဟာ
စော်အကား ခံခဲ့ရ။
အမေ့နွားဟာ
စော်အကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
အဖမ်းခံရမှာကြောက်လို့ ပါ
အခုတော့
ဘီယာမော့ ပီး လာတဲ့သူကို
ပဲကြီးလှော်ထုပ် ပစ်ပေးကြပြီ။
အခုတော့
ရှစ်ဆယ့်ရှစ် ဆီ ပြန်တဲ့သူကို
၂၀၁၂ က လက်မခံတာ့ ပြီ။
ညီလေးရေ
ပြန်ခဲ့တော့။


~~~~~~ဆက်ရန်~~~~~~~~

Anonymous said...

ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား - တဲ့။
မင်းဖျာဝင်ခင်းမဲ့ နေရာကိုလည်း
လူတိုင်းကသိနေမှတော့
ဒို့သောက်နေကြ ဘီယာဆိုင်ကြီးလည်း
နောက်ဆို အကြွေးမရောင်တော့ ဘူးတဲ့  ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်
၂၄နှစ် ပြည့် ဆွမ်းကပ်ပေးကြတဲ့ အကြောင်း
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွ ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်ဖင် ကိုယ်ပြန်မနမ်းဘူး။
ပြည်ပြေးမှန်ရင်
ဘယ်တော့မှ ရဲစခန်းရှေ့ ဖြတ်မလျှောက်ဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမစားနဲ့ ညီလေး။
ကောင်မလေးက အသစ်လေးဆိုပေမဲ့ 
မန္တလေးမှာ ၆လ မော်လမြိုင်မှာ ၆လ
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
နေ့ တိုင်းနေ့ တိုင်း
ပန်းကုန်းလာလာစွပ်တဲ့ သူတွေကို လေးစားတယ်လား
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အဆီဘူးခါချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ အုတ်ဂူကို ဆေးအသစ်လေးသုတ်ထားလိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
မာမီမြင့် ဆွေတို့လက်ထဲမှာ
ဖင်တု ရင်တုတွေနဲ့  ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
လဒပုံ အလံအုပ်ပြီး
ငါ မင်ဟတ်တန်မြစ်ထဲမျှောပေးမယ်
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မသာယုတ် နင်သွားလိုရာသွားနိုင်ပီ ပြောပေးဦး
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
စောက်ရှက်မရှိ ဗမာနှစ်ကောင်ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ မင်းအတွက်
နတ်ကန္နားပေး ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်တယောက်ကို
ဖာတန်းသာပို့ လိုက်ပါတော့
အလာဟို အရှင်မြတ် အမိန့် တော်ပေးပါ
အရှင်ရေရှု ခရစ်တော်မှာကောင်းချီးပေးပါ။

အာလ၀ီး
(စက်တင်ဘာ ၆ - ၂၀၁၂)

Anonymous said...

တကယ်တော့ အောင်ဝေးက အရူးကြီးပါဗျာ။

Anonymous said...

အာလ၀ီး>>>>မင်းအမေနဲ့ မင်းညီမ/အစ်မတွေကို နတ်ကန္နားပေးပြီး ဖာတန်းပို့လိုက်ပါလား..ဖာတန်းမှာ နင့်အမေနဲ့ ညီမ/အစ်မကို မုဒိမ်းကျင့်ဖို့ အလာဟို အရှင်မြတ်က စောင့်နေတယ်။

Anonymous said...

Stupidest and funniest poem what I ever heard and the craziest poet has no brain. You all are living outside Myanmar for so long. Although you all always shouting to proect and save Myanmar people , no result yet. What I understand is you all are always trying to get great opportuniteis for yourselve and your family from the west social organizations.That's why, you all ever close eye on every good thing happening in Myanmar. You all don't want to criticise correctly. You all are always worry about cannot get the opportunies if you say true and good thing about current Myanmar. You all are fuck buggers. If you dare , you come back to Myanmar and try to survive in Myanmar whatever condition and try goodthing for myanmar people.

Mg Mg Singapore said...
This comment has been removed by a blog administrator.
Anonymous said...

ကဗျာလေးကြိုက်တယ်ဗျာ ... အော် အာလ၀ီးး ရေးတဲ့ကဗျာပြောတာပါဗျာ .. ရီးအောင်ဝေးေ၇းတဲ့ကဗျာကိုပြောတာမဟုတ်ပါဘူး

Anonymous said...

My first comment is deleted. Here I write again.

This is the stupidest and funniest poem what I ever heard. The craziest poet has no brain. You all are staying outside Myanmar for so long and what I understand is you all don't want to criticise what is happening correctly. Every event has good thing and bad thing. Should be fair. What I notice is you all are always shouting to protect and save Myanmar people , but no result yet. You all are always writing all event happening in Myanmar are created by government,but you should know all of the people are not kid and not like as your bugger. We have to work hardly for our life.You all are always trying to get supports and money for yourselve and your family from the west social organizations.That's why, you all every close eye on good thing happening in Myanmar .You all never think about Myanmar people.You all are fuck buggers. What I believe is if you dare you must come over to Myanmar in whatever condition and do good thing for Myanmar people. I am sure you all don't want to struggle in difficult life in Myanmar and you all don't want to earn money for your life by doing simple job as normal Myanmar people.

Zizawars said...

မင်းတို့က..ဘယ်သူ့အတွက်နာနေတာလဲ

ငါမှာစံရှိတယ်
အမှားနဲ့အမှန်ခွဲဖို့…
ငါ့မှာမာန်ရှိတယ်
ရန်သူကို ရန်သူလိုရန်တုဖို့…
ငါမှာအမုန်းတရားရှိတယ်
မိတ်ဆွေမစစ် ရန်သူမစစ်သူများကို..
ငါချစ်တတ်တယ်
မိတ်ဆွေအစစ်နဲ့ရန်သူအစစ်ကို..
ငါပလွှားတာမဟုတ်ဘူး
ငါ့ကိုမြှောက်တာလည်း ငါမကြိုက်
ငါ့ကိုနှိမ့်ချတာလည်း ငါမကြိုက်
နောက်ဆုံးငါပြောမယ်
အောင်ဝေးမမှားဘူး
ငါဆီမှာ.. မိုးသီးမရှိဘူး
နိုင်အောင်မရှိဘူး
ရှစ်ဆယ့်ရှစ်ပဲရှိတယ်

အောင်ဝေး ရီး..ဆဲတာ
မင်းနာနေသလား
သူဟာ ရှစ်ဆယ့်ရှစ်အတွက်
နာတာဖြစ်တယ်..
မိုးသီးဟာ.. ရှစ်ဆယ့်ရှစ်ပြရုပ်
ဒါကို..ငါနားလည်တယ်၊
သူနာသလို
ငါလည်း..ရှစ်ဆယ့်ရှစ်အတွက်
နာတာဖြစ်တယ်.
မိုးသီးအတွက်
နာစရာအကြောင်းမရှိ
နိုင်အောင်အတွက်
ပိုလိုနာစရာအကြောင်းမရှိ

ဒါကြောင့်..သူရီး..တာဘာဖြစ်လဲ
မင်းတို့က..ဘယ်သူ့အတွက်နာနေတာလဲ

Anonymous said...

အရင်ကတော့ ၈၈ပြည်ပရောက်မျိုးဆက်တွေအားလုံး ကိုလေးစားပါတယ် .. ဒါပေမဲ့ ရခိုင်အရေးဖြစ်အပြီးမှာ ဒီပြည်ပြေးအားလုံးကို ပြည်ပြေးတွေလို့ပဲ သတ်မှတ် လိုက်တော့တယ် .. အားလုံးတော့မဆိုလိုပါဘူးး တော်တော်များများပေါ့ အထူးသဖြင့် voa ,bbc တွေ ကပြည်ပြေးတွေပေါ့လေ

ခင်ဇော် said...

ခေါင်းဆောင်ဖြစ်ချင်တယ်ထင်တယ်။ မဖြစ်နိုင်ဘူး။ ဒီလောက်ရိုင်းစိုင်းတဲ့သူတွေဟာ အသိမိတ်ဆွေတောင်လုပ်ဖို့မသင့်တော်ဘူး
ဆွေမျိုးသားခြင်းတွေမှာဒီလိုလူမျိုးမရှိသင့်ပါဘူး

စိုင်းလင်း said...

Zizawars ရဲ့ကဗျာကတော့ အပီပြင်ဆုံးပဲ။
အပေါ်က ငါ့စကားနွားရ မှတ်ချက်အခု ၃၀ လောက်ဟာ ဒီကဗျာတစ်ပုဒ်ထဲနဲ့ မြောင်းထဲရောက်ကုန်ပြီ။

မိုးသီးဇွန်တို့ မင်းကိုနိုင်တို့ဆိုတာ ၈၈ ကတည်းက သမိုင်းကွေးခဲ့တဲ့သူတွေ မဟုတ်ဘူး။ ရှေ့ဆုံးကနေ အပ်တစ်ချောင်းမပါပဲ ရင်ကော့ပေးခဲ့သူတွေ။

အဲဒါကို Anonymous နံမည်ပျောက်လေးတွေနဲ့ ကျားမြီးကို မရဲတရဲ ဆွဲသလိုလုပ်နေရင်တော့ .. ပျင်းတောင်ပျင်းသေးတယ် .. ဟေ့.. ပျင်းတောင်ပျင်းသေးတယ် .. တဲ့။