Monday, March 17, 2014

သူနဲ့ကျမ


မနက် အိပ်ယာထချိန်...

သားကိုကျောင်းလိုက်ပို့ရတာ သူ့တာဝန်ဆိုတော့ ကျမက မနက်စားဖို့စီစဉ်ပေးပြီးရင် သူတို့သားအဖ ၂ယောက်ကို တက်နှိုးရတယ်။ သားက နှိုးပြီးလို့ အောက်ထပ်ဆင်းသူလုပ်စရာ ရှိတာ လုပ်ပြီး စားသောက်ပြီးလို့ အပေါ်ထပ်ပြန်တက် ကျောင်းဝတ်စုံလဲခါနီး တခါ ထပ်မနှိုးမိရင် သူ့ဘာသာ ဘယ်တော့မှမထပဲ နှပ်နေတတ်သေးတာ။  ဟာ ခုန နှိုးထားတာ ခုထိမထသေးဘူးလား !@#$%^&*

တခါတလေကျပြန်တော့ မနက်စောစော ထပြီး ရေဒီယိုကို ကွိစိကွစတွေ ကလိနေတတ်သလို တီဗီက သတင်းတွေ ကြည့်နေပြန်ရော။ ဘဲလ်ပေးထားတာ မမြည်ခင်သူ့ အသံတွေကြောင့် ကိုယ်က နိုးရတော့ စိတ်က သိပ်မကြည်ပဲ ပွစိပွစိ မနက်ခင်း  !@#$%^&*

ကျောင်းပို့ပြီး နံနက်ခင်းစာ စားချိန်...
ကျမ... ဘာစားမလဲဟေ.
သူ...... မင်းစားချင်တာစားပေါ့.
ကျမ.... ဘယ်ဆိုင်သွားမလဲဟေ..
သူ... မင်းသွားချင်တဲ့ဆိုင်သွားလေ...
ကျမ... မုန့်ဟင်းခါးဆိုင်သွားမလား လဘက်ရည်ဆိုင်သွားရမလား ကူစဉ်းစားပေးဦး။
သူ... မင်းဘာစားချင်တာလဲ အဲဒီဆိုင်သွားမယ်။
ကျမ... ဟာ စဉ်းစားပေးပါဆိုတာ ငါ့ကိုပဲ စဉ်းစားခိုင်းတယ်။ ငါချည်းပဲ စဉ်းစားနေရတာ။ သူကတော့ တခါမှ ကူမစဉ်းစားဘူး..!@#$%^&*

ဟင်းချက်ဖို့ ဈေးဝယ်ချိန်..
ကျမ....ဘာချက်ရင်ကောင်းမလဲ ။
သူ... မင်းစားချင်တာ ချက်လေ...
ကျမ... နင်ဘာစားချင်လဲ...
သူ.... မင်းချက်တာပဲ စားမယ်..
ကျမ... အေးလေ ဘာချက်ရမလဲ စဉ်းစားပေးဦး။
သူ.. လွယ်တာပဲ ချက်ဟာ..
ကျမ.. အေးလေ ဘာလွယ်တာ ချက်ရမယ် မသိလို့ပေါ့။
သူ.... အေးလေ ဒါဆိုလဲ ချက်မနေနဲ့..
ကျမ.. မချက် ဘာနဲ့ စားမလဲ။
သူ.. ၀ယ်စားလိုက်တာပေါ့။
ကျမ... ဘာဝယ်စားမလဲ။
သူ... မင်းစားချင်တာ ၀ယ်ပေးမယ်။။
ကျမ...... ဘာစားရမလဲ မသိဘူး။
သူ.. စဉ်းစားကြည့်ပေါ့။ စားချင်တာ ၀ယ်ပေးမယ်။
ကျမ...ကိုယ့်ဘာသာပဲ ချက်တော့မယ်။
သူ... ပြော သွားဝယ်ပေးမယ်။ ဘာဝယ်ပေးရမလဲ။
ကျမ...ဟာ ငါချည်းပဲ စဉ်းစားရတယ်။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

ညနေစားပြီးချိန်..
ကျမ ... ကဲ အလုပ်တော့ ပြီးပြီ။ ဘာလုပ်ရပါ့။
သူ...... လမ်းလျှောက်မလား..ဘယ်သွားမလဲ။
ကျမ... အေး ဘယ်သွားရပါ့။
သူ... မင်းသွားချင်တဲ့နေရာသွားပေါ့။
ကျမ..... အေးလေ အဲဒါ ဘယ်သွားရမလဲ စဉ်းစားပေးဦး။
သူ.. ... စားစရာ သွားဝယ်မလား။
ကျမ... မနက်က ၀ယ်ထားပြီးပြီလေ။
သူ.. ဒါဆို မုန့်သွားစားကြမလား။
ကျမ ... ညဘက်ကြီး မစားချင်တော့ပါဘူး။
သူ .. ဒါဆို ဘာလုပ်မလဲ။ ဘယ်သွားမလဲ ပြော။။
ကျမ... ဟင် ငါချည်း စဉ်းစားရတယ် ။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

(ကျမပီအေ ရဲ့ ၄၈နှစ်ပြည့် မွေးနေ့ အမှတ်တရ )
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

tg.nwai said...

အစ်မ ချစ်တဲ့ အစ်ကို မွေးနေ့ပေါင်းများစွာကို ကျန်းမာပျော်ရွှင်စွာဖြင့် ချစ်တဲ့ မိသားစုနဲ့ အတူတကွ သက်ဆုံးတိုင် သာယာချမ်းမြေ့ကြပါစေ...။
အစ်မ ပို့စ်ဖတ်ပြီး ပြုံးမိတယ်...အတူတူပဲ အစ်မရေ...

မြကြေးမုံ said...

Happy birthday ပါ ရင်းမှူး.... ။ တော်လှန်ရေးကို သံယောဇဉ်ကြီးလွန်းတဲ့ တပ်ရင်းမှူး အစ်မနဲ့ သားလေးနဲ့အတူ အမြဲ ကျန်းမာပျော်ရွှင်ပါစေ။ လုပ်ချင်တာတွေ အမြဲလုပ်နိုင်ပါစေ။ ရင်း ၈ တစ်ဖွဲ့လုံးကိုလဲ သတိရလျက်

Anonymous said...

သိဂီ င်္နဲ့ မြကြေးမုံရေ
သတိတရလာဖတ်ပြီး ကောမန့်ရေးခဲ့လို့ ကျေးဇူးပါ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့နော်။

mstint said...

ကြည့်ရဲ့ ပီအေ ၄၈နှစ်မြောက်မှ နောင်နှစ်ပေါင်းများစွာတိုင် မိသားစုလေးနဲ့အတူ ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
!@#$%^&*.. အဲ့ဒါနားမလည်ဘူး ဘာသာပြန်ပြ :P

မေတ္တာဖြင့်
တီတင့်

စုချစ် said...

အစ်မ ချစ်ချစ် အစ်ကိုပီအေ မွေးနေ့မှာ အစ်မတို့၂ယောက်လုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေ...

ဟီး...ဖတ်ပြီးလဲ သဘောကျသွားတယ်... ဦးရေချမ်းကြီးနဲ့တူလို့.. :D

ခင်မင်းဇော် said...

တီတင့် .. ဟိဟိ
ညီမစုချစ်.. ကျားတွေက အများအားဖြစ့် အဲလိုချည်းပဲ ဖြစ်မယ်။ ခေါင်းရှုပ်မခံချင်ကြဘူးနော်။

ကေဇီလင်း said...

ဖတ်ရင်းနဲ့ မြင်ယောင်မိတယ် အမ ဟိဟိ

Anonymous said...

အစ်မခမဇရဲ့ ကိုပီအေ မွေးနေ့မှာပျော်ရွှင်ပါစေ..



pifpif

မြသွေးနီ said...

အစ်မရေ...
ရေးထားတာ ချစ်ဖို့ကောင်းလိုက်တာ...
အစ်မကို ချစ်တဲ့ အစ်မဆန္ဒကို ဦးစားပေးတဲ့သူနဲ့ ဘ၀ခရီးအတူလျှောက်ခွင့်ရတာ ဘယ်လောက်များ ကံကောင်းလိုက်လေသလဲနော်။ သို့သော် - အမြဲတမ်း မင်းသဘော..ဆိုလေတော့ တို့အစ်မ ဘယ်လောက်များ !@#$%^&* မလဲဆိုတာ..
မြင်ယောင်မိရင်း တခိခိဖြစ်မိ..။

တန်ခူး said...

Happy birthday အကိုကြီး. အင်း. အတော်တောင်နောက်ကျနေပြီ. ဆုတောင်းတာ
မ ရေ. တူလိုက်တာ. ကိုယ့်အကြောင်းရေးထားသလားထင်ရတယ်