Tuesday, July 15, 2014

Happy Birthday Thar Pai


သူ့အတွက်ကတော့ မွေးနေ့ဆိုတာ ဘာပွဲမှ ကျင်းပစရာ မလိုဘူးလို့ ခံယူထားတဲ့ ဆယ်ကျော်သက်လေးပါ။
သူမသိတတ်သေးတဲ့ တနှစ်သားမှာပဲ နာမည်ပေး ကင်ပွန်းတပ်မွေးနေ့ကို လုပ်ခဲ့ပြီးနောက်ပိုင်း တခါမှ မလုပ်ဖြစ်ခဲ့ဘူး။
အခုနှစ်လဲ ဇူလိုင် ၁၆ရက် မွေးနေ့မှာ ဘာလုပ်ချင်လဲ ဆိုတော့ စာမေးပွဲ ရှိနေတယ်။ ဘာမှလဲ မလုပ်ချင်ပါတဲ့။
တကယ်တော့ သားရေ..
မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ မွေးဖွားလာရသလို မိဘတွေရဲ့ ခေါင်းမာမှုတွေကြောင့်ပဲ သားဘ၀ မပြည့်စုံခဲ့ရတာကို တော့ အားနာမိပါတယ်လေ။
တခြားမိဘတွေလိုပဲ အကောင်းဆုံးတွေ ပေးချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့် မဖြည့်ဆည်းပေးနိုင်တဲ့ အချက်တွေအတွက်လဲ တောင်းပန်ချင်ပါတယ်။
သာမန် မိဘအနေနဲ့ ပေးနိုင်တဲ့အမွေကတော့ ပညာရေးပါပဲ။ နိုင်သလောက် တတ်သလောက် မှတ်သလောက် ယူနိုင်သလောက် ယူပေးပါဦး။
ကိုယ့်ရင်သွေးကို ပင်ပင်ပန်းပန်း ရုန်းကန်ရတာလဲ မိဘအနေနဲ့ မကြည့်ချင်ပါဘူး။ ဒါပေမယ့် ကံတွေက သတ်မှတ်လို့ မရခဲ့ဖူး မဟုတ်လား။ ကိုယ်ရောက်တဲ့ဘ၀မှာ အကောင်းဆုံးမဟုတ်တောင် သက်တောင့်သက်သာလေးတော့ ရှိစေချင်တာပေါ့ သားရေ။
ဒီမိဘရဲ့ သားအနေနဲ့ လောကကြီးကို အဆိုးမမြင်တတ်ဖို့ နဲ့ လောကကြီးအတွက် အဆိုးလူ မဖြစ်ဖို့သာ လိုအပ်ပါတယ်သားရေ။
သားကို အရမ်းကြီးတော်နေ ထက်နေသူ မဟုတ်တောင် အရမ်းဆိုးနေသူ မဖြစ်ဖို့။
အရမ်းကြီးသိတတ်သူ မဟုတ်တောင် အရမ်းကြီး မမိုက်ဖို့၊
 မိဘအနေနဲ့ တတ်နိုင်သလောက် ရှေ့ဆောင်လမ်းပြပေးဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားသွားပါ့မယ်လို့ ဂတိပေးပါတယ်။
သားပိုင်ထူးအံ့ ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့မှစလို့ ဘ၀တလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ချစ်ခင်စွာဖြင့်
ဖေဖေ+မေမေ


8 comments:

မြကြေးမုံ said...

မွေးနေ့ကစပြီး ဖေဖေ မေမေတို့နဲ့ အတူ ပျော်ရွှင်ပါစေ သားရေ။

Unknown said...

လူကြီးမဖြစ်ခင်ကထဲက လူကြီးဆန်တဲ့ လူကြီးပေါက်စလေး တကယ် လူကြီး ဖြစ်နေပြီပဲ။ အစစ ကောင်းခြင်းတွေနဲ့သာ ကြုံဆုံရပါစေ။

Sonata Cantata said...

မိဘနေရာကနေ အတွေးအမြင်တွေ ထပ်တူကြပါတယ်...
သား - ပိုင် - ပျော်ရွှင်ဖွယ် မွေးနေ့ပါ...

Anonymous said...

မြကြေးမုံ။ ညီမမိုးသိမ့်။ နဲ့ သိတာရေ။ ကျေးဇူးအများကြီး တင်ပါတယ်နော်။

ချစ်တဲ့ အမခင်မင်းဇော်

Mrs. Bagel said...

:)

ပန်းခရမ်းပြာ said...

Happy Birthday သားပိုင်ထူးအံ့ !!!!

Ma Cho

Anonymous said...

မ ရေ ... ကိုထူးအိမ်သင် ပို့ စ် ဖတ်ရင်း ဒါလေး ခုမှ ဖတ်သွားဖြစ်တယ်



mie nge




Anonymous said...

Happy belated BD Thar Thar ..


pifpif