အသက်ငါးဆယ် ရွှေရတု ကိုရောက်ခဲ့ပြီ။ ဘဝမှာ လုပ်ခဲ့တာတွေ အတွက်လဲ ဘယ်တော့မှ နောင်တမရသလို ရောက်နေတဲ့ဘဝမှာလဲ ရောင့်ရဲတတ်ခဲ့ပြီ။
အဖိနှိပ်ခံဘက်ကနေ ရပ်တည်နေမယ့် စိတ်ဓါတ်ကလဲ ဘယ်တော့မှ မပြောင်းလဲမယ့် ယုံကြည်ချက်။
ကိုယ်ကျင့်တရား ကို အသက်နဲ့ထပ်တူ ထိန်းသိမ်းခဲ့တာကြောင့်လဲ ဘာခြိမ်းခြောက်မှုကိုမှ ဂရုမစိုက်။
ဘာပိုင်ဆိုင်မှုမှမရှိတော့လဲ ဆုံးရှုံးဖို့ တွေးပူစရာ ဘာမှမရှိ ။ ကျမသည်ကျမသာ ဖြစ်ခဲ့ရသည့်အတွက်လဲ ကျေနပ်နေမိဆဲ။
ဒါပေမယ့်လဲ လန်းဆန်းတဲ့ နှင်းဆီဝါပေါ်က ပိုးကောင်လေးလို အိုခြင်းနာခြင်းအနိစ္စတရားတွေကတော့ ရောက်ရှိလာခဲ့လေပြီ။ သေခြင်းတရားသည် မနေ့ကထက် တရက်နီးခဲ့ပြီ။ အသက်ရှင်နေချိန် လူသားတာဝန်ကျေပွန်ခဲ့ရဲ့လား။ နိုင်ငံသားတာဝန်ကျေပွန်ခဲ့ရဲ့လား။ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ရဲ့လား။ ဆန်းစစ်မှုတွေက တော့ ရှိနေပေဦးမည်။
သမီးတယောက်တာဝန် ၊ ဇနီးတယောက်တာဝန်၊ မိခင်တယောက်တာဝန် နိုင်သလောက်ကို ထမ်းနိုင်သမျှ ထမ်းပိုးခဲ့ရပေဦးမည်။ ဒါသည်ပင် လူဖြစ်ရခြင်း၏ သဘောသဘာဝ မဟုတ်တုံလော။
မိတ်ဆွေ.... အသင့်ထံ ကျမ ချစ်ခြင်းတွေ ပေးဝေပါသည်။ ပျော်ရွှင်ခြင်းတွေ ဝေမျှပါသည်။
ရိုးသားစွာ လက်ခံပေးပါလော့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
3 comments:
စာေ၇းကောင်းတဲ့ ကိုကြီးကျောက် အကြောင်းလား လို့...http://penai22.blogspot.com/
၅၀ ဆိုတာ အမေ တခါ ပြောဘူးတဲ့ ''ချင် '' တွေ လျော့ သွားတဲ့ အချိန်ဆိုပဲ..လုပ်ချင်...သွားချင်...မခံချင်... လိုချင်...စတဲ့ စိတ်တွေ လျော့ ပါးသွားတဲ့ အချိန် ...နောင်ေ၇း အတွက် စပြင် ၇မဲ့ အချိန် ဆိုပဲ...Cheers.!
ပွင့်လင်းပြီးချစ်စရာကောင်း ထက်ထက်မြက်မြက်ရှိတဲ့ ကြည်ရေ......
နှစ်ပေါင်းများစွာ မွေးနေ့မင်္ဂလာရက်မြတ်တွေကို ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ကျော်ဖြတ်နိုင်ပါစေလို့-
Do you think getting old?
Start your life beginning.
Post a Comment