Thursday, October 18, 2007

အသံ ဆန်းစစ်ပွဲ

ဝန်ကြီးတွေ ရန်သူကို အပြတ်ရှင်းဖို့ အမိန့်ပေးနေတဲ့ အသံနဲ့ အခုအသံ ဆန်းစစ်ကြည့်ကြရအောင်။
ကျမတို့ တခုခု သိလိုက်ရမယ် ထင်ပါတယ်။ အခု ဗွီဒီယို ဖိုင်ထဲက ဘုန်းကြီးက ကြခတ်ဝိုင်းဆရာတော် ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အသက် (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုဂျင်မီတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပဲခူးကြခတ်ဝိုင်းဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ အဲဒီမှာ ဆရာတော်ကြီး ရေစက်ချပေးနေပါတယ်။

ကျမကတော့ ကြခတ်ဝိုင်းဘုန်းကြီးအသံလို့ ပြောနေကြတော့ အဖြေဟုတ်မဟုတ် သိချင်လို့ တင်ပေးလိုက်ပါတယ်။
တူမတူကို နားထောင်ဆန်းစစ်ပြီးရင် ကွန်မန့်ပေးခဲ့ကြပါဦး။
အလုပ်မရှိ အလုပ်ရှာသူ ခင်မင်းဇော် ဖြစ်ပါတယ်။

5 comments:

YeKyawAungMDY said...

ကာယကံရှင် အဲဒီဘုန်းကြီးကို မေးမှပဲ၊ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်မယ် ထင်ပါတယ်။ အသံကတော့တော်တော် ဆင်တူပါတယ်။ ၇၀ ရာနှုန်းခန့်တူတယ်လို့ပြောရပါမယ်။

ခင်မင်းဇော် said...

Tina: this two voice are different, ah ma

ခင်မင်းဇော် said...

မဆုမွန်. က အသံတော်တော်လေး ဆင်ပါတယ်တဲ့. စိတ်ခံစားချက်မတူရင် အသံပါကွဲပါတယ်ဆိုတဲ့သဘောမျိုး စီဘောက်မှာရေးထားခဲ့ပါတယ်။

ခင်မင်းဇော် said...

wahgyi က ပြောတာက မတူပါဘူးတဲ့။

ခင်မင်းဇော် said...

အခုထိ ပါဝင်ရေးသားဆန်းစစ်ခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စဉ်းစားစရာတွေ အများကြီး ပေးနေပါတယ်။ ကိုယ့်ထင်မြင်ချက်လေးတွေ သုံးသပ်ချက်လေးတွေပါ ရေးပေးကြပါဦး။

ဒီဘလော့စာမျက်နှာတွေပေါ်ကို မီဒီယာဆိုက်ဝါးတွေ ရည်ရွယ်ချက်ရှိရှိ လာနေတယ်။ အမှန် အမှားတွေကို ကိုယ်ပိုင်ညဏ်မျက်စိနဲ့ ဆင်ခြင်နိုင်ကြပါစေ။

ထပ်မံဆန်းစစ်ပေးမယ့်သူများကို ကြိုတင် ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် အချိန်လေးနည်းနည်း ပေးပြီး ဒီမှာဘဲ ရေးပေးကြပါ။