Tuesday, September 2, 2008

Myanmar Blogger Society ဆိုတာ..


ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား

ကျမအနေနဲ့ ဘလော့ရေးနေပြီး ဘလော့မိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့အတွက် MBS ကိုဝင်ဖို့ သူတို့ဖိတ်တဲ့ ဖိတ်စာ အစောင် တော်တော်များများဝင်လာတယ်။ နောက် ဘလော်ဂါ ကိုအောင်သာငယ်က ပို့စ်တင်လိုက်တယ် ။ သူလဲ ၀င်လိုက်တယ် ဘာညာပေါ့။ ဒါနဲ့ငါလဲ ၀င်လိုက်ပါဦးမယ်။ ဘလော်ဂါချည်းပဲ ဆိုတော့ စုစုစည်းစည်းရှိတာပေါ့ ဆိုတဲ့ အတွေးနဲ့ပေါ့။ ၀င်ပြီး သိပ်မကြာဘူး။ MBS ဆိုတာမှာ ဘလော့ရေးသူပဲ ရှိရမယ်တို့ ဘလော့ဖတ်သူလဲ ပါရမယ်တို့နဲ့ စကားတွေ များကြ။ ဘန်းတာတွေ ဘာတွေ ဖြစ်လာကြ။ ဒီမှာ တော်တော်စိတ်ကုန်လာတယ်။ တချို့ကိုဘာလို့ဘန်းပါလိမ့်ပေါ့။ အဲလိုခံစားလာရတယ်။ ဖတ်နေရင်းနဲ့ တချို့ နေရာတွေမှာ ကိုယ်ပါ ငြင်းခုန်ချင်လာတယ်။ ဒါပေမယ့် ကိုယ်က ပွဲဆူအောင် လုပ်တာမျိုး၊ ကိုယ့်အချင်းချင်း စကားများတာမျိုးဖြစ်မှာ စိုးလို့ ဆင်ခြင်ခဲ့တယ်။ ဒါနဲ့ ထွက်တော့မယ် လုပ်တော့ ထွက်တဲ့ leave button မတွေ့တော့ဘူး။ မယ်လိုဒီမောင်ကိုလဲ မေးတယ်။ မရှိတော့ ဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲပေါ့။ ပင့်ဂိုလ်းကိုလဲမေးတယ်။ သူတို့က အန်တီ မထွက်ပါနဲ့ပေါ့။ ဘာလို့ထွက်ရတာလဲပေါ့။ အင်း အစကတော့ ဘလော်ဂါချည်းပဲ ဆိုလို့ဝင်လိုက်တာ။ နောက်ပိုင်း စိတ်ရှုပ်လာလို့ လို့ ဖြေလိုက်တယ်။

ဒီကြားထဲ ဘလော်ဂါတယောက်က သူထွက်လိုက်ပြီလို့ မေးလ်ပို့လာတယ်။ ထွက်တဲ့ဘော်တွန်လေး ရှိနေတုန်း သွားထွက်ထာလိုက်ပါလား ဆိုတဲ့ မေးလ်ကို သူပို့ပြီး နာရီပိုင်းအတွင်း ၀င်ကြည့်ပေမယ့် ထွက်တာက ကိုယ့်စာမျက်နှာမှာကို မရှိဘူး ဖြစ်နေတယ်။ ကိုယ်ကလဲ မအားတာနဲ့ နေဦးပေါ့။


ဒီလိုနဲ့… ဒီနေ့ပေါ့…
အလုပ်လဲမအား၊ ကိုယ့်ဘလော့လဲ ပို့စ်မတင်နိုင်၊ ဘလော့လဲ မလည်နိုင်တဲ့ ရက်ကလေးကို လွန်လိုက်တာနဲ့ ချက်တင်မှာ ပင့်ဂိုလ်းနဲ့ တွေ့တယ်။ အန်တီ ထွက်ချင်တယ် ထွက်တဲ့ ဟာလေး ရှိနေပြီလားလို့မေးတယ်။ သူက ဘန်းပေးလို့ရတယ် တဲ့။ အန်တီ ဘန်းတာ မလိုချင်ဘူးလို့၊ ဘန်းတယ် ဆိုတာ အပြစ်တခုခု လုပ်လို့ ဘန်းတာ၊ အန်တီက ကိုယ့်ဖာသာ ထွက်ချင်တာမို့ အဲဒီဘော်တွန်လေးတော့ ပြန်တပ်ပေးပါလို့ ပြောပေးပါ ဆိုပြီး ပြောလိုက်တယ်။ သူကလဲ အိုကေပါရှင်လို့ ပြန်ပြောသွားတယ်။ အဲဒီအချိန်က ထိုင်းစံတော်ချိန် ညနေ ၅နာရီ ၃၃ မိနစ်။

ဒါနဲ့ နေလိုက်ရင်း နောက်တယောက်နဲ့ချက်ဖြစ်တော့ သူ့သူငယ်ချင်း က ခုပဲထွက်လိုက်တာတဲ့ ။ ရှိပါတယ်တဲ့ သေချာရှာပါဆိုပြီး သူ့သူငယ်ချင်းက ပြောတာ လာပြောလို့လော့အင်လုပ်ပြီးဝင်လိုက်တော့ ဘန်းထားတာကိုတွေ့တယ်။ ပင့်ဂိုးလ်ကို ကြည့်လိုက်တော့ ရှိနေသေးတာနဲ့ အန်တီ့ကိုဘန်းထားပါလား။ အန်တီ က ကိုယ့်ဖာသာထွက်ချင်တာ ဘန်းတာ မကြိုက်ဘူးလို့ ပြောထားတယ်လေ ဆိုတော့ ကိုစိုးမင်း ဘန်းလိုက်တာတဲ့။ ကိုစိုးမင်းဆိုတာ ဘလော်ဂါလားဆိုတာ့ ဟုတ်တယ်တဲ့။ ဒါဆို သူ့ဘလော့လင့်ပေးပါ ဆိုတော့ လိပ်စာ မေ့နေတယ်တဲ့။ အန်တီ့ကို ဘန်းတာတော့ မတရားဘူးလို့တောင် ပြောဖြစ်လိုက်တယ်။ ချက်တင်က အချိန်ကိုကြည့်လိုက်တော့ ၆ နာရီ ၁၈ မိနစ်။

ကဲ ဒါနဲ့ ခုန ဘန်းခံထားရတဲ့နေရာမှာ မက်ဆေ့ခ်ျ ပေးလို့ရတယ်ဆိုတာနဲ့ ဘာလို့ဘန်းတာလဲ။ ကျမက ကိုယ့်ဖာသာပဲထွက်ချင်တာ လို့ ရေးပြီး ပို့လိုက်တယ်။
နောက် ကျမအီးမေလ်ထဲကို စိုးမင်းဆိုသူပို့လိုက်တဲ့ မေးလ်တစောင် ၀င်လာတာက
ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။

တော်တော်အံ့သြသွားတယ်။ အဖွဲ့အစည်းတခုကို ဒီလိုလူမျိုးက ဦးဆောင်မတဲ့လား။ ဘယ်လိုမှ စဉ်းစားမရတော့ဘူး။ ဒါနဲ့ ဒီမေးလ်ကို ထွက်ချင်တယ်လို့ ပြောခဲ့ဘူးတဲ့ ဘလော်ဂါတွေကို ပို့ပေးလိုက်တယ်။ ဒီလို ဆက်ဆံတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိမယ်လို့။

ဒီလို နက်ဝပ်တခုကို ဒီလိုလူတွေက ဦးဆောင်တည်ဆောက်မှာလား၊ ခုလိုဆက်ဆံတတ်သူတွေကို ဘယ်လောက် ယုံကြည်ရမလဲ။ အဲဒီ Leave Button ဆိုတာ ပြန်ထည့် မရဘူးဆိုတာ ဟုတ်သလား။ သိပ်သိချင်တဲ့ မေးခွန်းပါပဲ။
ဖြေနိုင်သူတွေ ဖြေပေးကြပါရှင်။

(ချစ်ခင်စွာဖြင့်)
ခင်မင်းဇော်

37 comments:

MELODYMAUNG said...

:-( ဘိုဆက်ပြီးပြောရမှာတုန်းနော် အိအိ ..

Anonymous said...

စိုးမင်းဆိုတဲ့ကောင်က မာန်တက်နေတာလားမှမသိတာ သူကမော်ဒရေတာဆိုလား မော်ဒရေချာဆိုလားဘဲ ဦးနှောက်သိပ်ကျပ်မပြည့်ဘူး အရရူးဘုံမြောက် သလိုဖြစ်နေတာ သီးခံကြပါခင်ဗျာ တစ်ခါမှ သူအဲဒီလို လူစုစုဝင်မပါဘူးလို့ပါ။ လူကလဲအီးတီလိုပုံနဲ့ ချာတာတာ ငနဲတစ်ကောင်ပါ သူ့ဘလော့ဆိုတာလဲ အများသိပြီးသားတွေကို စာအုပ်ထဲကကူးချပြီး လျှောက်ရေးနေတာ computer programmer ဆိုသိပါတယ် မသိတဲ့သူတွေကိုဆရာလုပ်နေကြမို့လို့ပါ စိုးမင်းအရူးကို သီးခံကြပါ

Mg Yin said...
This comment has been removed by the author.
M.Y. said...

ထပ်တူထပ်မျှ ခံစားခဲ့ရပါ၏။

Unknown said...

http://myanmarbloggersociety.ning.com/forum/topic/show?topic=2256053&id=2256053%3ATopic%3A65277

Anonymous said...

ဖြစ်မှ ဖြစ်ရလေတယ်
အင်း လူတွေ ဆိုတာကလည်း လူလေး ၂ ယောက်ကနေ ၃ယောက် စုမိရင် အဖွဲ့အစည်း လိုလို society လိုလို ဖွဲ့လိုက်ကြတာပဲ။ ဘာတွေမှန်းလည်း မသိဘူး

Okisan said...

ထက်တူထက်မြ ခံစားရပါတယ်။

ဒီမှာရေးထားတယ်ဗျာ။ http://www.zawgyi.org/usr-zawgyi_one-going_wrong_with_myanmar_blogger_society-about.aspx

http://myanmaritpros.com မှာရော

ကိုပေါ said...

ကြိုက်တယ်ဗျာ….အဲသည်လို ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိပြောထုတ် ဝေဖန်ပစ်လိုက်တာ။ မြန်မာ ဘလော့ဂါလောက၊ မြန်မာ့အသိုင်းအ၀ိုင်းမှာ အဲသည်လို ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဝံ့တဲ့လူ ရှားတယ်။ အများစုက လူမုန်းခံရလေမလားအတွေးနဲ့ ကိုယ်ယုံကြည်တဲ့အတိုင်း မပြောရဲကြရှာဘူး။ ကိုယ့်စိတ်နဲ့ကိုယ် လူမလုပ်။ သူများစိတ်နဲ့ လူလုပ်နေကြရရှာတယ်။

ကျုပ်တို့သည် said...

ကြံ့ဖွတ် နဲ့ညီအကိုလားဗျို့။ ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ။ ဝင်ဖို့တော့ ဆွယ်တယ်။ ထွက်မယ် ဆိုတော့ အခက်တွေ့အောင်လုပ်၊ ကိုယ်ကပဲ မှားသလို။ ထွက်ချင်ရင် အဘန်းခံဆိုပြီး လုပ်၊ ကိုယ့်ကိုတောင် ပြန်ဟောက်လိုက်သေးတယ်။

Unknown said...

စိုးမင်းရေ ဖြေရှင်းဖို့ကောင်းတယ် မင်းပုံစံက စည်းကမ်းနဲ့ မညီလို့ ဘန်းသလိုမျိုးနဲ့ မနေနဲ့ကွ

Nyein Zay Oo said...

“ဘလော့ဂါမျိုးဟေ့ ဒို့ မပါ”
အော်..
အပျက်အပျက်နဲ့ နောက်ချေးချပ်ရှုရမယ့်အနေအထားပါလား
(နှာခေါင်းသွေးထွက်လို့ ပါ)။

ဖြစ်တတ်တယ် ..
ဖြစ်တတ်ခြင်းတွေထဲမှာ
ဒီဖြစ်တတ်ခြင်းက အစီအစဉ်တကျ
စနစ်တကျကိုဖြစ်တတ်တာ
ဖြစ်တတ်ခြင်းများ အသင်းအပင်းဖြစ်သွားတဲ့အခါ
ဖြစ်တတ်တာတွေဟာ ပြန်လမ်းမဲ့သွားကြရတာကိုက
ဖြစ်တတ်တယ်......။

ငြိမ်းဇေဦး
အမနှင့် အားလုံးသော comment ပွတ်သူ များခင်ဗျား
ပျော်ပျော်ပါးပါးပေါ့ဗျာ ဖြစ်တတ်ပါတယ် ဟီး

A random thoughts of a Burmese man said...

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပါဗျာ ကျနော်တို့ စုဖွဲခြင်းဟာ ကောင်းသော စုဖွဲ့ခြင်းမျိုးပါ ....မကောင်းသူနဲ့ ကောင်းသူကို အချိန်ကာလက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ် ခင်ဗျာ....
ကျေးဇူးတင်ပါတယ်

Anonymous said...

ကျော်ဇေယျ ပြောတာ မကောင်းသူနဲ့ ကောင်းသူဆိုတော့ ဘယ်သူကမကောင်းတာလဲ ဘယ်သူကကောင်းတာလဲ ကောင်းတဲ့စုဖွဲ့မှုဆို transparency ရှိသင့်တယ် ကိုယ်လဲ စိုးမင်းနဲ့အပြန်အလှန်ဖြစ်ပြီး ဘန်းခံရမှာစိုးလို့ ကိုယ့်သဘောနဲ့ကိုထွက်လိုက်တယ် ဘန်းတယ်ဆိုတာ မဟုတ်တာလုပ်တဲ့သဘောမျိုးသက်ရောက်တယ် ဒါကြောင့်အဘန်းမခံနိုင်ကြဘူး နောက် ငခုံးမတစ်ကောင်လို့ ပြောတာ ဘယ်သူက ငခုံးမလဲရှင်းရှင်းပြောပါကွာ ပြုသူလား အပြုခံရသူလား MBS ကရည်ရွယ်ချက်ကောင်းတာ လက်ခံတယ် MBS အရှည်တည်တံ့ဖို့လဲ ဆုတောင်းတယ် ဒါပေမယ့် MBS မှာဘာ မဟုတ်တာလေးနဲ့ မာန်တက်နေသူတွေရှိတယ် အုပ်စုဖွဲ့တာတွေရှိတယ် ကောင်းတဲ့စုဖွဲ့မှုကို လက်ခံတယ် မကောင်းတဲ့ငါဆိုတဲ့ အုပ်စုဖွဲ့မှုဆိုရင် အချိန်ကာလကစကားပြောမှာပေါ့

Steve Evergreen said...

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပါဗျာ ကျနော်တို့ စုဖွဲခြင်းဟာ ကောင်းသော စုဖွဲ့ခြင်းမျိုးပါ ....မကောင်းသူနဲ့ ကောင်းသူကို အချိန်ကာလက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ် ခင်ဗျာ....
ကျေးဇူးတင်ပါတယ်

This must be wise guy :-)

Steve Evergreen said...

Apparently, a society is composed of wise people, clever people, dull people, narrow minded people, flexible people and so on. Every society takes some time to get maturation. At the same time, system inside is important for the well being of a society. A system failure may lead to failure of society. Leadership also plays a vital role for a success. Attributes to a good leadership includes adaptability, flexibility, understanding others, knowledge of strong points and weak points of others, wide view and many more.

I don't know who is who. I don't know too many Burmese. But I reckon after sometime, this issue will be sorted in either.

ကျုပ်တို့သည် said...

"ဘန်းရတယ်ဆိုတာ ဘန်းစရာ အကြောင်း တစ်ခုရှိလို့ ဘန်းရခြင်းပါ.. " ဆိုနေပါလား။ http://myanmarbloggersociety.ning.com/forum/topic/show?topic=2256053&id=2256053%3ATopic%3A65277 မခင်မင်းဇော် ဘာများသွား ပြစ်မှားမိလိုက်လဲ မသိ?

ခင်မင်းဇော် said...

ကိုတင်ထက်ရေ..
လာရေးလို့ ပြောလိုက်စမ်းပါကွယ်။ ဘာများသူတို့ကို ပြစ်မှား မိသလဲ ဆိုတာ။ ပင့်ဂိုးလ်နဲ့ ထွက်ချင်ကြောင်း ပြောထားတာ အကုန် သက်သေရှိနေတယ်။

ကျုပ်တို့သည် said...

သဘောပေါက်ပါတယ်။ ပင့်ဂိုးလ် ကိုယ်တိုင် ဒီစာကြောင်းတွေ ရေးထားတာပါ။

"ဘန်းရတယ်ဆိုတာ ဘန်းစရာ အကြောင်း တစ်ခုရှိလို့ ဘန်းရခြင်းပါ.. လူတွေက ဘန်းတာကိုပဲ မြင်တယ်.. ဘန်းတာရဲ့နောက်ကွယ်မှာ ဘာရှိလဲဆိုတာ နည်းနည်းလေး စဉ်းစားပေးဖို့ လိုလိမ့်မယ်။ လောလောဆယ် leave button ကိုထည့်ပေးဖို့ အဆင်မပြေသေးပါ။ data တွေ၊ group တွေ ပျောက်ဆုံးသွားနိုင်တဲ့ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ တစ်ခြား ဖိုရမ်တွေ၊ community တွေမှာ ၀င်ပြီးရင် ထွက်ခွင့်ပေးထားသလား တစ်ချက်လောက် စဉ်းစားကြည့်စေချင်ပါတယ်ရှင်။ အဲဒီတော့ ဒီမှာ ဘယ်လိုမှ နေလို့ မဖြစ်ပါဘူး၊ ဒီမှာ ဘယ်လိုမှ နေမပျော်ပါဘူး လို့ပြောနေတဲ့ သူတစ်ယောက်ကို ဘန်းပေးဖို့ပဲ တတ်နိုင်ပါလိမ့်မယ်။..... "

ဘာလို့ ဘန်းတာလဲမေးတော့ ပင့်ဂိုးလ် ရှင်းပြသလို စိုးမင်း က ရှင်းပြခဲ့ရင် ဒါမျိုး ဖြစ်မှာ မဟုတ်ဘူးဆိုတာလဲ သိပါတယ်၊

ခင်မင်းဇော် said...

ပင့်ဂိုးလ်စာ ဒီအထိပဲဆိုကိစ္စ မရှိပါ။ အကုန်လုံး ဖော်ပြပေးလေ ကိုတင်ထက်ရဲ့။ နောက်အပိုဒ်တွေက ဆိုးတယ်။ ကျမ ဖတ်ပြီးပါပြီ။ မဖတ်ရသေးသူတွေ ဖတ်ပါစေဦး။ စကားဆိုတာ မဆွေးဘူး မဟုတ်လား။ နှုတ်တရာ စာတလုံး လို့လဲ ဆိုထားတယ်။ လေထဲ လွင့်ပြယ်သွားမယ့်အရာတွေမှ မဟုတ်တာပဲလေ။

ကျုပ်တို့သည် said...

အဓိက ကျွန်တော်ပြောချင်တာက ပင့်ဂိုလ်း ရှင်းပြသလို အစကတည်း က ဖြစ်ခဲ့ရင် ဒါမျိုးဖြစ်မှာမဟုတ်ဘူး ဆိုတာပါ။ ဖတ်ချင်သူတွေ ဖတ်လို့ရအောင်လဲ link ပေးထားလို့ အားလုံးကို quote မလုပ်ပဲ ကွန်မင့်လဲ သိတ်ရှည်နေမယ် ဆိုတဲ့ သဘောရိုးနဲ့ ထားလိုက်တာပါ။ အစအဆုံး quote လုပ်မယ် ဆိုရင်တော့...

Quote
ဘန်းရတယ်ဆိုတာ ဘန်းစရာ အကြောင်း တစ်ခုရှိလို့ ဘန်းရခြင်းပါ.. လူတွေက ဘန်းတာကိုပဲ မြင်တယ်.. ဘန်းတာရဲ့နောက်ကွယ်မှာ ဘာရှိလဲဆိုတာ နည်းနည်းလေး စဉ်းစားပေးဖို့ လိုလိမ့်မယ်။ လောလောဆယ် leave button ကိုထည့်ပေးဖို့ အဆင်မပြေသေးပါ။ data တွေ၊ group တွေ ပျောက်ဆုံးသွားနိုင်တဲ့ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ တစ်ခြား ဖိုရမ်တွေ၊ community တွေမှာ ၀င်ပြီးရင် ထွက်ခွင့်ပေးထားသလား တစ်ချက်လောက် စဉ်းစားကြည့်စေချင်ပါတယ်ရှင်။ အဲဒီတော့ ဒီမှာ ဘယ်လိုမှ နေလို့ မဖြစ်ပါဘူး၊ ဒီမှာ ဘယ်လိုမှ နေမပျော်ပါဘူး လို့ပြောနေတဲ့ သူတစ်ယောက်ကို ဘန်းပေးဖို့ပဲ တတ်နိုင်ပါလိမ့်မယ်။ ကာယကံရှင်က ဘန်းပေးဖို့ တောင်းဆိုတာ ဖြစ်နိုင်သလို၊ တာန်ရှိသူတွေကို မနေချင်ဘူး၊ နေမပျော်ဘူးလို့ ခဏ ခဏ လာနားပူနေတာမျိုးလည်း ရှိပါတယ်။ ပြီးတော့ မနေချင်ပေမယ့်လည်း ခဏ ခဏ ၀င်ဝင်ကြည့်နေတယ်။ ကျွန်မသဘောသာဆို ကိုယ်မနေချင်ရင် ဘယ်သူ့ကိုမှ ပြောနေမှာ မဟုတ်ဘူး။ လှည့်မကြည့်တာြ့ကာလှပြီ။ မနေချင်ဘူးလည်းပြောတယ်.. မျှော်လည်းကြည့်နေတဲ့ သူမျိုးကိုကျတော့ စေတာနရှေ့ထားပြီး ဘန်းတာပဲ တတ်နိုင်ကြောင်းပါရှင်။

ဒီဘက်က နားပူခံရသူများရဲ့ အခက်အခဲကိုလည်း နားလည်စေချင်ပါတယ်။ Society တစ်ခုဟာ စစထောင်းချင်းမှာ ဘယ်လိုမှ ချက်ချင်းအဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ အားလုံးလည်း သည်းခံပြီး စောင့်စေချင်ပါတယ်။ ပြီးတော့ မန်ဘာဝင်အရေအတွက်နဲ့ ဘန်းပေးဖို့တောင်းဆိုလာသူ အရေအတွက်ကို ယှဉ်ကြည့်ရင်သိသာပါတယ်ရှင်။

အားလုံးကို နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကျေးဇူးပါ
ပင့်ဂိုလ်း
Un-quote

Unknown said...

ဟီးဟီး မခင်မင်းဇော်မို့လို့ ပင့်ရိုးက ဒီလိုပြောတာ တခြားလူဆိုရင် စွာတာတာနဲ့ ဟဲဟဲ

ZMT said...

Blog လောကကြီးက တကယ်ကို ရှုပ်စရာတွေကြီးပါပဲလား

(တေးမွန်) said...

အမခင်မင်းဇော်.. ပထမဆုံး ကွန်မန့် ပေးသွားပါတယ်။ စိတ်လျှော့.. ဟိ။ :P

ရယ်ရတယ်။ ဒီရက်ပိုင်း ရယ်စရာတွေပဲ ဘလော့ပေါ်မှာ တွေ့ နေရတယ်။ ငါမှန်လို့  မာန်တက်တဲ့သူနဲ့ ။ ငါမမှားဘူးဆိုပြီး နေရာတကာ လိုက် ဖိပြောနေတဲ့သူနဲ့ ။ ငါမှာ လုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီး မာန်တက်နေတဲ့လူနဲ့ ။ အမြင်မတူလို့ ဆွေးနွေးတာဆိုပြီး အသဲအသန် အနိုင်ယူချင်နေတဲ့ လူနဲ့ ။

MBS ရဲ့ တဖက်မှာ ဘာအဆင်မပြေတာ ရှိလည်းတော့ မသိဘူး။ ဒီလို မပြောကောင်းတာတော့ အသေအချာပဲ။ ကြမ်းတမ်း တဲ့ အသုံးကိုး။ နှိမ်ချတယ်ဆိုတာ အေးချမ်းမှုတမျိုး။ မောက်မာတယ်ဆိုတာ ပညာမဲ့တာတမျိုးပဲ။

အဟဲ.. ဆရာကြီးတော့ လာလုပ်သွားပြီ။ တာ့တာ အမ။
(ဆရာကြီး လာလုပ်တာ မကျေနပ်သောသူများ ပြောချင်ပြောကြပါ။ မောရင် ရေသောက်ပြောကြ..ဟဲ..ဟဲ :) )

တေးမွန်

(တေးမွန်) said...

ဒါက မေ့သွားလို့ ။
Leave Button က လုပ်ဖူးတဲ့ အလုပ်အတွေ့ အကြုံအရ ပြန်မထည့်နိုင်ဘူးဆိုတာ မ၇ှိပါ။ ဒါပေမယ့် သူတို့ မှာ ဘယ်လို အခြေအနေတွေ ကြုံနေရလည်းဆိုတာက လည်း အရေးကြီးပါတယ်။ တွေးမိသလောက်တော့ (logically) လွယ်လွယ်ကူကူပဲ ပြန်ထည့်လို့ ရတယ်လို့ ထင်ပါတယ်။ (တခြား သူတွေကို ထွက်ခွင့် ရှိနေတယ်လို့ ဒီပိုစ်မှာ ရေးတာတော့ ဒီ ထွက်တဲ့ function ဟာ ရှိနေပါသေးတယ်။ မပျက်စီးသေး။ ဒါပေမယ့် UI မှာပဲ button ကို မမြင်ရအောင် လုပ်ထားတယ်လို့ တွေးမိလို့ ၊ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။ ဘာခက်လို့ လဲ.. :D )

ဒဂါယ် လစ်ပြီ။

Ka Daung Nyin Thar said...

ကျနော်တော့ သူပြောလိုက်တဲ့ စကားဟာ အတော်ရိုင်းတယ်လို့ ထင်တယ်။ အခုမှ ဖတ်မိတာ အန်တီရေ..
မော်ဒီရိတ်တာထဲမှာ အပေါက်ခပ်ဆိုးဆိုး ဖြစ်မှာပေါ့ဗျာ။ စိတ်ထဲ မထားပါနဲ့။ စောင့်ကြည့်တာပေါ့။

ကျနော်တော့ MBS ဟာ အစိုးရပိုင်း မူဝါဒတွေ ပြောင်းလဲလာမှ ထူထူထောင်ထောင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တာပဲ။

Tea said...

မခင်မင်းဇော်..

ပြဿနာတွေ ဒီလိုဒီလို ရှိတယ်ဆိုတာ အခုမှ Gtalk က နေ တစ်ယောက်က ပြောပြလို့ သိတာပါ..

ဒီကိစ္စမှာ MBS က moderator က ပြန်ဖြေထားတာ လွန်တယ်လို့ ထင်ပါတယ်။
[ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။]
ဘယ်သူပဲဖြစ်နေပါစေ.. အဲ့လိုမျိုးတော့ ပြန်မဖြေသင့်ဘူး လို့ ထင်ပါတယ်..

ဒါပေမယ့်.. တစ်ဖက်ကစဉ်းစားရင်.. ဒီစကားတစ်ခွန်းထဲနဲ့ MBS ရဲ့ ဦးဆောင်သူတွေအားလုံးကို အပြစ်ပြောလို့ မရပါဘူး.. သူတို့လည်း သူတို့ တာဝန်တွေ ရန်သူတွေ အနှောက်အယှက်သမားတွေ.. ပြဿနာတွေ.. အခက်အခဲတွေ အားလုံးကို အချိန်နှင့် အမျှ ရင်ဆိုင်နေရပါလိမ့်မယ်..
moderator တစ်ယောက်က ဒီလိုမျိုး ဆက်ဆံခဲ့တာ သူ့အပြစ်ပါ.. သူပြန်တောင်းပန်ဖြေရှင်းသင့်ပါတယ်..

ဒါပေမယ့် ...
ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား
ဒီခေါင်းစဉ်က တစ်ဖက်က MBS က မဆိုင်တဲ့လူတွေကိုပါ တစ်မျိုး ဖြစ်စေပါတယ်..

အားလုံး နှစ်ဦးနှစ်ဖက် နားလည်ပေးမယ် ဆိုရင် ပြဿနာက ဖြေရှင်းလို့ ရမယ်လို့ ထင်ပါတယ်..

လေးစားလျှက်
Tea

Remark: ကျွန်တော့်၏ Opinion သက်သက်မျှသာ ဖြစ်သည်။ သဘောထား မတိုက်ုဆိုင်ကုန်သူတို့ ခွင့်လွှတ်ကြပါ.. ပြဿနာကိုသာ သေချာစဉ်းစားကြပါ..

မျိုးဟန်ထွန်း said...

ညီလင်းဆက် က မခင်မင်းဇော် ကို ပြန်ရေးထားပါတယ် -- > http://nyilynnseck.blogspot.com/2008/09/myanmar-blogger-society.html

Okisan said...

ကျနော် အနေဲ့တော MBS တီထောင်သူများဟာ ဗိုလ်လုပ်ခြင်းစိတ် များနေပါတယ်။ လူတော်များ ဝင်လာမှာကို မလိုလားပါဘူး။ အထူသဖြင့် MBS ကို မှန်မှန်ကန်ကန် ခေါင်းဆောင်နိုင် မည်သူ ဝင်လာမှာကို မလိုလားပါဘူး။ ဝေဖန်တာကို မခံနိုင်ပါဘူး။

ကျနော်တို့ http://myanmaritpros.com မှာ ဘယ်သူမဆို ဘယ်သူမှ မပြောပဲ အချိန်မရွေး ထွက်လို့ရပါတယ်။ ထွက်ချင်လို့ ထွက်တာဘာမှ admin အနေဲ့ ပြောစရာမရှိပါဘူး။ အပြစ်လဲမတင်ပါဘူး။ ဒါပေမယ့် ထွက်ချင်ပါတယ်လို့ လာပြောရင်တော ဘာကြောင့်လည်း တက်နိုင်သမြ မထွက်အောင် လိုက်ရောပေးပါတယ်။ အချို discussion တွေ delete လုပ်ပေးတာတို့။

တစ်ခုရှိတာက ထွက်တယ်ဆိုတာ user ရဲ့ right ပါ။ NING ရဲ့ copyright အရ post တင်တာတွေ အားလုံးဟာ တင်တဲ့ user ပိုင်ပါတယ်။ ဖျက်ခွံ့ရှိပါတယ်။ MBS ရဲ့ အကြောင်းပြချက်ဟာ ပိုင်ဆိုင်လိုစိတ် ပိုလွင်းပါတယ်။

သတိ said...

အားလုံးသတိ

ကဲ.. ဘာမှမသိပဲ ၀င်ပြောတယ်လို့တော့ မယူဆစေချင်ဘူးခင်ဗျ.. တကယ်တော့ ဘာမှမသိပဲပြောတာပါပဲ.. ဟီးဟီး.. ခုမှပဲ ဟိုဟိုဒီဒီဝင်ကြည့်ပီး ရောက်လာ ဖတ်ရှုပီးမှ ဒီဆောင်းပါးရေးတဲ့လူကိုလဲမသိ.. ဟိုဘက်က ပြန်ကောတဲ့လူကိုလည်းမသိ.. အင်း.. ပင့်ဂိုးကိုလည်းမသိ.. ဘာမှမသိပဲကို ဖတ်ကြည့်ပီး ရှင်းရှင်းကြီး မြင်နေတဲ့ အမြင်လေးတစ်ခုကို ၀င်ပြောချင်တာပဲ..

ဒါကိုဖတ်ကြည့်ပီး မောင်သတိ ဒီလိုနားလည်တယ်ဗျာ..
၁) ဟော MBS က လူတွေဟာ member တွေ သူ့ဘာသာ ပြန်ထွက်ဖို့အတွက် စနစ်တစ်ခုလုပ်ပေးဖို့မှာ အခက်အခဲရှိကောင်းရှိနေမယ်.. ဒီအန်တီကြီးကိုပဲ ကတ်သပ်ပီး ပေးမထွက်တာတော့ ဟုတ်မယ်မထင်ပါဘူး.. ထားပါ.. mbs မှာ ဒီအခက်အခဲရှိနေတယ်လို့ ကျွန်တော်မြင်တယ်..

၂) အန်တီကြီးကလည်း ထွက်ချင်တယ်ဗျာ.. ကြည့်ရတာ နေ့တိုင်းကို သွားလည်ပီး ထွက်ချင်တယ်နဲ့ တဂျီဂျီ ပူစာနေပုံပါပဲ.. ဟဲဟဲ

၃) ကဲ.. ဘယ်လိုလုပ်မလဲ.. တဖက်ကလည်း မလုပ်ပေးနိုင်သေးဘူးဆိုတာကို အန်တီကြီးကလည်း ရဘူးရဘူးဆိုပီး အတင်းဂျီတိုက်နေတော့.. အီး.. ခက်တော့ခက်သားဗျာ.. အဲ.. ဘန်းပေးမယ်ဆိုတာလဲ လက်မခံ..

ကဲ.. ကြည့်မယ်ဆိုရင် အဖြစ်အပျက်က ရှင်းတယ်.. ကိုယ့်ဘာသာ မသွားတော့ပဲ နေလိုက်ရင် ရှင်းနေတာကြီးကို တမင်ဘာကြီးမှန်းမသိ ဂျီတိုက်နေတဲ့အဖြစ်.. နောက်တစ်ခုက ဒီလိုဂျီတိုက်တာကိုပဲ ငါမှန်တယ်လို့ လက်မထောင်ချင်တဲ့ အန်တီကြီးရဲ့ စိတ်.. ပီးတော့ ကိုယ်တောက်လျောက် ရစ်လာတာကို ဖြေရှင်းဖို့ ကြိုးစားပေးနေတဲ့ တဖက်ကလူတွေရဲ့ တုန့်ပြန်မှုတစ်ခုကို အမှားလုပ်ပီ အကွက်ပဲဆိုပီး ဖိထောင်းချင်တဲ့ စိတ်... ဖွချင်တဲ့စိတ်.. မလွယ်တော့ မလွယ်ဘူးဗျ.. ပိုဆိုးတာက ၀ိုင်းလက်ခုပ်တီးပေးနေတဲ့ လူတွေကရော ဟဲဟဲ.. သတိထားဦးဗျ.. ဘုံမြှောက်သလို ဖြစ်နေပါဦးမယ်..

အိုကေဗျာ.. ကျွန်တော် တခြားအန်တီကြီးဖွင့်ထားတဲ့ မေးတွေ.. အကောင့်တွေရှိရင် (ဂူဂဲတို့ ရဟူးတို့ပေါ့..)ပြောပေးပါဦး.. သွားသတိပေးချင်လို့ပါ.. အန်တီကြီးလာရင် ကောင်းကောင်းမွန်မွန်ဆက်ဆံပါလို့.. ဟီးဟီး..

စိတ်မထင်ရင် ထွက်ချင်တယ်ဆိုပီး နေ့တိုင်း ဂျီကျခံနေရမှာ စိုးလို့ပါဗျာ..

ကျေးဇူးတင်ပါတယ်..

မောင်သတိ

Anonymous said...

မခင်မင်းဇော်
ဒါကျွန်တော့ရဲ့ ပထမဆုံးအကြိမ် comment ရေးခြင်းပါပဲ..
ဒီအကြောင်းလေး ဖတ်ပီးတဲ့နောက် အတွေးပေါက်တာလေးတွေ ရေးချင်တာပါ.. ပထမဆုံး မြင်တာက အမ ဆောင်းပါးဟာ ကိုယ်မမှားဘူးဆိုတာကို သက်သေပြချင်နေသလိုပဲ.. တနည်းအားဖြင့် ဒါကိုရေးခြင်းကြောင့် ပွဲဆူမယ်.. ငြင်းခုံမှုတွေ ဖြစ်လာမယ်ဆိုတာကို သိနေလို့ကို တမင်ဖန်တီးခဲ့သလိုပဲ.. လိုတာထက်ပိုပီး အချိန်တွေ နေရာတွေနဲ့ သက်သေထားခဲ့တာဟာ နောက်ပိုင်းအဖြစ်တွေအတွက် တမင်ရည်ရွယ်ချက်ရှိရှိကို ရေးခဲ့သလိုပါပဲ..
ဒါပေမဲ့ အမရေးခဲ့တာတွေကို ဖတ်ပီး ကျွန်တော်မေးခွန်းတွေ ရှိလာတယ်..
အမက ဒီအဖွဲ့ကနေ ထွက်ဖို့ဆုံးဖြတ်ပီးတဲ့နောက်မှာ
ကိုယ်တကယ် ထွက်ချင်တဲ့ အချိန်၊ ထွက်လို့ ရတာကို ချတ်တင်လုပ်ရင်း သိနေရတဲ့အချိန်မှာတောင် နေရာလေးတစ်ခုကိုသွားပီး ခလုတ်တစ်ခုနှိပ်ဖို့တောင် မအားလပ်ဘူးဆိုတဲ့ အဖြစ်ကိုတော့ ကျွန်တော်လက်မခံပါဘူး. ဟုတ်ပီ.. တကယ်သွားတဲ့အချိန်မှာတော့ အဲဒီထွက်တဲ့ button ကိုမတွေ့တော့ဘူးဆိုတာတော့ ဖြစ်နိုင်ပါတယ်..
နောက်ပိုင်းမှာ သူများထွက်လို့ရလို့ ချက်ချင်းသွားတာတောင် ကိုယ့်နေရာမှာ ထွက်ဖို့ button မရှိဘူး ဆိုတာတွေ.. ဟိုလူဒီလူတွေကို အချိန်နဲ့ နေရာနဲ့ မှတ်ပီးထွက်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာတောင် မရတာတွေဟာ MBS က အမတစ်ယောက်ကို တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပေးမထွက်ခဲ့တာပါလို့ သက်သေပြပီး ပြောချင်တာမျိုးလား..
တကယ်လို့ MBS အနေနဲ့ အမလို နာမည်ရှိ ဘလော့ဂါတစ်ယောက်ကို Member အဖြစ်က လက်လွှတ်ရမှာ စိုးရိမ်နေတယ်ဆိုရင်တော့ ကိုစိုးမင်းဆီက ဒီလိုမေးလ်မျိုး ပို့စရာမရှိလောက်ပါဘူး.. ဒီတော့ MBS ဟာ တမင်ကိုညစ်ပီး ပေးမထွက်တာလို့ ကျွန်တော်ကမယူဆပါဘူး.. အခက်အခဲတစ်ခုခုရှိလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်…
တခြားတစ်ဖက်အနေနဲ့ ကိုစိုးမင်းဟာ ကိုယ်ဖြေရှင်းပေးတာကို မကျေနပ်နိုင်တဲ့Member တစ်ယောက်ရဲ့ တောင်းဆိုမှုတွေကို ဒီလိုဒေါသသံပါတဲ့ တုန့်ပြန်မှုမျိုး မလုပ်သင့်ဘူးဆိုတာတော့ ကျွန်တော်လက်ခံပါတယ်.. ဒါကိုအများကလည်း လက်ခံကြပါတယ်..
ကိုစိုးမင်းရေးသားလိုက်တဲ့စာဟာ ရိုင်းစိုင်းမှုမပါပေမဲ့ ရင့်သီးတဲ့စာလို့ စာဖတ်ကြည့်လို့ နားလည်တဲ့လူတိုင်း လက်ခံနိုင်ကြမှာပါ.. ဒီနေရာမှာ ကျွန်တော်ချက်ချင်းသွားမြင်လိုက်တာက အမရဲ့ တုန့်ပြန်ခဲ့တဲ့ “ဒီလို နက်ဝပ်တခုကို ဒီလိုလူတွေက ဦးဆောင်တည်ဆောက်မှာလား၊ ခုလိုဆက်ဆံတတ်သူတွေကို ဘယ်လောက် ယုံကြည်ရမလဲ ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား” ဆိုတဲ့စာဟာလည်း သူ့လောက်ပွင့်လင်းမှုမရှိပေမဲ့ လူတစ်ယောက်တောင်မဟုတ်တဲ့ အဖွဲ့တစ်ခုမှာ ရှိတဲ့လူတွေရဲ့ သိက္ခာတရားကို လှမ်းစော်ကားတဲ့ စာဆိုတာ ထင်းနေအောင် မြင်နိုင်ပါတယ်.. ကျွန်တော့်အမြင်တော့ အမဟာ တူညီတဲ့ တုန့်ပြန်ချက်တစ်ခုကို ပိုပီးလှအောင်တန်ဆာဆင် ပြောနိုင်တာတစ်ခုပဲ ပိုသာတယ်လို့မြင်ပါတယ်.. ဒီစကားနှစ်ခုရဲ့ ကွာဟချက်ကို ကျွန်တော်မမြင်ပါဘူး..
နောက်တစ်ခုက ဒီဆောင်းပါးရဲ့ ဦးတည်ချက်က ဘာလဲ???
အချိန်ရှားပါးတဲ့ အမအတွက် ကိုယ့်ဘလော့မှာ ရေးစရာအကြောင်းအရာ တစ်ခုဖြစ်ခဲ့လို့လား
တမင်တကာကို မေးလ်တွေကို လိုက်ပို့ ဘလော့မှာတင်ပီး ဖွတဲ့အထိကို အငြှိုးကြီးခဲ့တာဟာ အဲဒီလူတွေကို ထိခိုက်စေချင်လွန်းတဲ့ သဘောလား
ကျွန်တော့်အမြင်က အမအနေနဲ့ ကိုယ့်ကိုယ်စော်ကားတဲ့ စာလို့ထင်ရင် သူ့မေးကိုတိုက်ရိုက်ပြန်ပို့ပီး ဖြေရှင်းလို့ရပါတယ်.. ဆောင်းပါးတစ်ပုဒ်ဖြစ်လာစရာ၊ ပိုဆိုးတာက တမင်တကာကို လူမဖတ်မှာစိုးလို့ မေးလ်တွေလိုက်ပို့ပီး အသိပေးနေစရာ အကြောင်းမရှိပါဘူး..
နောက်တစ်ခုက အဲဒီငြင်းခုန်မှုတွေမှာ ပါဝင်ကြတဲ့ comment ရေးသမားတွေဟာ ဘာလို့ ကိုစိုးမင်းကိုပဲ တိုက်ခိုက်ခဲ့ကြတယ်.. အပြစ်တင်ခဲ့ကြတယ်ဆိုတာကို့ ကျွန်တော်နားမလည်နိုင်ပါဘူး.. ကျွန်တော်မြင်တာတော့ ကိုစိုးမင်းဟာ အမလိုစကားလှလှ မသုံးတတ်တာပဲ ဖြစ်ပါလိမ့်မယ်..
ရလဒ်ကိုကြည့်မယ်ဆိုရင်လည်း ငြင်းခုံမှုတွေပါပဲ.. ဘယ်သူ့အတွက် ဘာအကျိုးရှိခဲ့ပါသလဲ.. ဒီဆောင်းပါးဟာ အမဘလော့မှာ ရုပ်ဆိုးတဲ့ ဆောင်းပါးလား၊ ဂုဏ်တက်စေတဲ့ ဆောင်းပါးလားဆိုတာတော့ မခင်မင်းဇော် အသိဆုံးဖြစ်ပါလိမ့်မယ်..
ကျေးဇူးတင်ပါတယ်
ဘယ်ရီ

Han Thit Nyeim said...

ကိုကဒေါင်းပို့စ်မှာ ကျွန်တော်ဒီအတိုင်းပဲ comment ပေးခဲ့ပါတယ်။

`ကျွန်တော်ပြောချင်တာက Admin နေရာမှာ နေပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောတာမျိုး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ Admin နေရာမှရယ် မဟုတ်ပါဘူး။ ဘယ်နေရာမဆိုမှာပါပဲ။ ကျွန်တော့်ဆရာတစ်ယောက်ပြောဖူးတယ်။ `သူဘာလုပ်တယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ ဘယ်လိုလုပ်တယ်ဆိုတာ အဓိကပါ´ တဲ့။

နောက်တစ်ချက်က လူကြီးတွေအနေနဲ့ လူငယ်တွေကို နားလည် နေရာပေးသင့်ပါတယ်လို့ ထင်ပါတယ်။ လူငယ်တွေက အချိန်အားပိုရလေတော့ အဲလို Society တွေမှာ အားတက်သရော ကူညီနိုင်ကြလို့ပါ။

နောက်ဆုံးပြောချင်တာက Junior, Senior တွေ၊ အကြီးအငယ်တွေ၊ ရှေ့မှီနောက်မှီတွေ၊ နိုင်ငံရေး နိုင်ငံမရေးတွေ၊ မာနတွေ၊ အတ္တတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ နာမည်တွေ၊ ဂုဏ်သိက္ခာတွေ စတာ စတာတွေကို ခဏဘေးချိတ်ပြီး တန်းတူလေး စကားပြောကြရင် စည်းစည်းလုံးလုံးနဲ့ ခင်မင်တဲ့ အဖွဲ့အစည်းဖြစ်လာမယ်လို့ ထင်ပါတယ်။´

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

Okisan said...

ကျနော် အဗန်းခံရလို့ ပြောတာ မဟုတ်ပါဘူး၊ MBS မှာ ဗိုလ်တက်လုပ်နေတဲ့ သူများဟာ မာန်တက်ပြီး ဟိတ်ဟန် များလွင်းပါတယ်။ တန်းတူ ရည်တူ စကားပြောဖို့ လိုပါတယ်။ နောက်တော့ ဝီကီ မှာ ရေးပါတယ်။ blogger community လို cbox တွေမှာ sugger politic တွေ မပါပဲ သုတပြန့်ပွားရေးကို အဓီက ထားတဲ့ community မို့ ပိုခင်မင်ဖို့ ကောင်းပါတယ်။ ဆဲစာရေးတာတွေ ရှိပါတယ်။ ဗန်းဖို့ဝေးလို့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောပါတယ်။

strike said...

Ma yay..why did they fight like that..?

By the way, ကိုညီလင်းဆက်ကဗျာက ကျွန်တော့်ကို မမှီသေးပါဘူး ဟဲဟဲ
အဲဒီကဗျာက မခင်မင်းဇော် ကို ဆော်ထားတာ မဟုတ်လားဟင်? :P
ကောင်းလိုက်တဲ့လက်ရာဗျာ အနုပညာသိပ်မြောက်တယ်
မဟာအလက်ဇနြ | 10.05.08 - 8:22 pm | #

--------------------------------------------------------------------------------

မဟာအလက်ဇနြာရေ ခင်ဗျားပြောမှပဲ ဒေါ်ခင်မင်းဇော်က ခွေးမကြီးလုံးလုံး ဖြစ်တော့တာပဲ မျက်စိထဲမှာ ထင်းနေတာပဲ...။
ကိုပြောချင | 10.06.08 - 2:48 am | #

--------------------------------------------------------------------------------

http://www.haloscan.com/comments/lynnseck/1490716307520986104/

strike said...

ပြောရရင်တော့ ရိုင်းတယ်ဖြစ်မယ်
ဖင်လေး တခါခါနဲ့
ရာသီချိန်မှာ ဆာပြတတ်တာ လောက်နဲ့
ခွေး ဇာတ်မခင်းနဲ့
ခွေး ဇာတ်ခင်းချင်ရင်
ခွေးနဲ့တူအောင်နေ
ကျွေးထားတဲ့ သခင်တွေအပေါ်တော့ နဲနဲရိုသေ
မည်းမည်းမြင်တိုင်းထိုးဟောင်
တစိမ်းမြင်သွားဖြဲ
ကိုက်တန်ကိုက်
ဖီတန်ဖီ
လူတွေ့ရင် ပြီတီတီ မလုပ်နဲ့
အကန်ခံရရင်တော့ တအီအီ လုပ်ပြတတ်ပါစေ
လတိုင်းဟာ တော်သလင်း မဟုတ်ဘူးဆိုတာလည်းသိထား
ဂိသွားမယ်
အချိန်ကျရင်တော့ အရှက်ကမ်းကုန်ပလေ့စေပေါ့
အူတန်အူ
အိုင်တန်အိုင်
အားလုံးကို ဒိုင်ခံပြီး ဖြေရှင်းသင့်ရှင်း
တစ်ခါတစ်လေတော့ ဆန္ဒတစ်ခုအတွက်
ရဲရဲကြီး ရင်းရဲတတ်ရသတဲ့
ဒါပေမယ့်
သားသမီးကိုလည်း မှတ်ထားဦး
ပြန်မစားနဲ့
မင်းဟာ ခွေးစုန်းကြီးလားလို့ အမေးခံရမယ်
တစ်လတည်းအတွက်နဲ့တော့
မတတ်တတတ်နဲ့ ခွေးဇာတ်မခင်းနဲ့
အရပ်ပျက်တယ်
ခွေးဘက်ကလည်းနာတယ်။
ကျွန်တော် ဝါသနာနဲ့ စေတနာနဲ့ လုပ်နေတဲ့ အလုပ်တွေကို သူ့အိတ်ထဲ ထည့်နေတာလို့ ပြောတဲ့ ဆရာမကြီး တစ်ယောက်ကိုလည်း တနုံ့နုံ့နဲ့ လည်ပင်းညှစ် သတ်ပစ်ချင်စိတ် ပေါက်နေမိတယ်။ ဒေါသကို ထိန်းလိုက်ပါတယ်။ ပြန်ပြောပြန်ရင်လည်း သူတို့ အထုပ်တွေ ပြေကုန်တော့မယ်။ ဘာကြောင့်လာပြောတယ် ဆိုတာတော့ စဉ်းစားလို့ကို မရဘူး။
http://nyilynnseck.blogspot.com/

naungthu said...

kogyi

လင်းဆက်ကော ပါပါသလားခင်ဗျာ..... သူတို့ကဘာကြောင့် ဒါမျိုးတိုက်ခိုက်ရတာလည်း ဆိုပြီးမခင်မင်းဇော်ကိုမေးထားတဲ့ မေးခွန်းထဲက သူတို့ဆိုတဲ့ထဲမှာ ညီလင်းဆက်ပါ ပါပါသလားခင်ဗျာ......ကိုကြီးကပါ ဟိုလူနှစ်ယောက်ပြောသလို လင်းဆက် က မခင်မင်းဇော်ကို ရည်ရွယ်ပြီးရေးထားတယ်လို့ထင်ပါသလားခင်ဗျာ...


နောက်တစ်ခု
ခင်ဗျား မတူတဲ့ ပို့စ်နှစ်ခုကိုပေါင်းထားပါတယ်....ကဗျာက သတ်သတ်ပါ အပေါ်မှာရေးထားတဲ့စာက သတ်သတ်ပါ.....အဲဒီထဲက သူပြောတဲ့ ဆရာမကြီးဘယ်သူလည်းကျွန်တော်မသိ ....
စေတနာအမှန်လား ရန်ဖြစ်တာကြည့်ချင်တာလားခင်ဗျာ....စေတနာ အမှန်ဆိုရင် လည်း သေချာစဉ်းစားဆင်ခြင်ပြီး မှ ပြောစေချင်ပါတယ် .....

FreedomFighter88 said...

commenmts တွေအားလုံးဖတ်ပြီးတော့မြင်တာလေး
ပြောရမယ်ဆိုရင်အချို့ ကတွန်းဆွဲ၊ အချို့ ကမီးလောင်ရာ
လေပင့်၊အချို့ ကတော့စေတနာနဲ့ ဝင်အမုန်းခံရှင်းပြချင်သူ
အချို့ ကတော့ပွဲဆူအောင်လုပ်ချင်ကြသူတွေအစရှိသဖြင့်
တွေ့ ရပါတယ်၊ ကိုယ့်အမြင်ကိုပြောရမယ်ဆိုရင်တော့
ဒီပြဿနာဟာတယောက်နဲ့ တယောက်ကြားမှာ RESPECT မထားနိုင်ကြလို့ ဖြစ်ကြတာပါ။ ကိုယ့်လူမျိုး
အချင်းချင်းဒီလိုရန်ဖြစ်နေတဲ့ရလာဒ်ကတော့ရှက်စရာပဲရှိမယ်
ဘယ်သူမှဂုဏ်ရှိလာမှာတော့မဟုတ်ဘူး။
အားလုံးကိုလေးစားလျှက်...........

Anonymous said...

top [url=http://www.c-online-casino.co.uk/]casino games[/url] hinder the latest [url=http://www.casinolasvegass.com/]free casino bonus[/url] free no consign perk at the foremost [url=http://www.baywatchcasino.com/]no lay down tip
[/url].