Friday, December 19, 2008

အလွမ်း ဒီဇင်ဘာ နောက်ဆက်တွဲ

တနေ့က အလုပ်ထဲမှာ ရှိနေချိန်
ကျမပီအေက ဂျီတော့ကနေ လှမ်းမေးတယ်။
တကယ်လားတဲ့။ ဘာလဲ ဆိုတော့ လွမ်းတယ် ဆိုတာလေတဲ့....
အချင်းချင်းစကားကို မယုံတာလား...
ရင်ဘတ်ထဲထိ နားလည်တယ်ဆို... ဘာညာကွိကွပေါ့လေ... ပြန်ပြောရတာပေါ့...
သူက ဘလော့ကို ၀င်လည်တာ အလွမ်းဒီဇင်ဘာပို့စ်ကို ဖတ်ရလို့မေးတာတဲ့... ကြည့် မေးပုံက...
အင်းးးးး သူမေးလဲ မေးလောက်ရဲ့...
ကျမက ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးလဲ ကြည့်ပါဦးးးးး။




တကယ့်ကို နှင်းတွေမမြင်ဖူးလို့ တွေ့စလေးပဲ အဲလိုနေတာပါ။
ခုတော့ အချိန်တိုင်း စက္ကန့်တိုင်း ချမ်းချမ်းအေးအေးထဲ လွမ်းလို့သာ နေပါတော့တယ် လို့....
တကမ္ဘာလုံးးးးးးးးးးးးးကြားအောင် အော်ပြောလို့ရရင် အော်ပြောပြချင်ပါတယ်..... လို့
အဲလိုပြောလိုက်တော့.......
အင်းးးးးးးးတဲ့.....
(အချစ်ဆိုတာ အသက်အရွယ်နဲ့ ဆိုင်ပါသလား)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

17 comments:

ATN said...

အော်ပြောတာကို...
ကိုပီအေကြီး... ကြားပါစ...း)
----
နေဦး... တွေ့လိုက်တယ်...
ပိုကာဝိုင်းမှာ... ပြုံးဖြီးဖြီးကြီးနဲ့...
အဲတာ... ကိုပီအေကြီး... မဟုတ်လား....

Moe Cho Thinn said...

ဟာ ဟ.. ပီအေ တဲ့။ တယ်မိုက်တဲ့ အသုံးပါလား။
အေးလေ အမပုံကလဲ အရမ်းကို ပျော်နေတဲ့ပုံ။ မယုံတဲ့သူ အပြစ်မဟုတ်ပါဘူး။
ကဲ ချွန်ပေးခဲ့ပြီဟေ့..

ဟန်လင်းထွန်း said...

အချစ်က အသက်နဲ့တော့မဆိုင်ဘူး။ ပီအေ နဲ့ပဲဆိုင်တယ်။ :)

kay said...

အား---- ငါတို့အမကြီး..တကယ်တွေ ပြောကုန်ပြီ။း)

:P said...

တကယ် ပီအေလားလို့...:P:P
တကယ် ပီအေ ဖြစ်နေတာကိုး......
ပြုံးပြုံးကြီးလွမ်းနေတာလို့ ပြောလိုက်ပေါ့ အစ်မရာ

:P said...

ဆောရိး အစ်မရေ..
ရှေ့က အလွမ်း ဒီဇင်ဘာကို ခုမှ ဖတ်မိလို့

လင်း said...

ရင်ကိုဖွင့်၍ လွမ်းပါသည် တွေလုပ်ကုန်ပြီ။ တကယ်တွေ လွမ်းနေတာ ယုံသွားပြီ
အမအော်ပြောလိုက်တာ ဒီကတောင်ကြားရတယ်။
အချစ်ကလူကိုနုပျိုစေတယ်အမရေ

ယောနသံစင်ရော် said...

အမရေ.. ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်လို့ပြောလိုက်ပေါ့။

ဒူကဘာ said...

ကိုယ်ကိုတိုင် ရေးချယ်ထားတာကို ကိုယ်ရေးအရာရှိလို့ ခေါ်တာလား? မှတ်သားလောက်ပါဘိ..ကိုပီအေ ကတော့ လွှင်ပစ်တဲ့ ပုလင်းပြန်ကောက် ဂလုနေပုံ ရတယ်။

ကိုပေါ said...

ပျော်စရာကြီးပါလားဝေ့။ ဘာလိုလိုနဲ့ ဇာတ်လမ်းက ကောင်းခန်းနားကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာပြီ။ သတိနဲ့ စောင့်ဖတ်မှ…ဟိ။း-)

Unknown said...

I don't believe too. Your photos seem to be shot with enormous amusement. (hee hee)
Mr. PA, believe it or not.
:)

ခင်မင်းဇော် said...

ညီမ: အချစ်ဆိုတာ အသက်အရွယ်နဲ့ ဆိုင်ဖူး ဆိုင်ဖူး .. အဟဲ ။ ဆက်ပြီး ချစ်နိုင်ကြပါစေသား ။
18 Dec 08, 21:21
ညီမ: အကိုကြီး ပီအေ နဲ့ အမကြီးတို့ အချစ်ဇာတ်လမ်းတွေကို ပြုံးစိစိနဲ့ ဖတ်သွားပါကြောင်း ။

Anonymous said...

အဟမ်း..အဟမ်း..း)
အန်တီခင်မင်းဇော်ရေ.. အချစ်က အသက်နဲ့ဆိုင်ပေါင်...
ကြိုက်တဲ့အရွယ်မှာ ခံစားခွင့်ရှိတာပဲ နော့်လေ..

ZT said...

နှင်းတွေ မြင်တော့ ဆောင်းတွင်းကြီးတစ်ခုမှာ အေးလွန်းလို့ လမ်းမလျှောက်နိုင်တာနဲ့ တစ်ချိန်လုံး ပြေးနေရတာ ပြန်သတိရမိပါရဲ့။ ပြန်စဉ်းစားရင်း မေးတောင်ခိုက်လာ သလိုပဲ။ ဟီးဟီး။

မေငြိမ်း said...

ပူနဲ့သယ်ရင်း.. ငါထောက်ခံစာရေးပေးမယ်.. (ဟဲဟဲ ၀န်ထမ်းကျင့် မပျောက်တာ)။ သည်းကြီးကို အမှန်တကယ် လွမ်းကြောင်းး ငါ့ကို ဂျီတော့ကနေ လှမ်းပြီး အသည်းကြီးဆီ ဖုန်းခေါ်ပေးဖို့ ဂျီဂျီနေကြောင်းတွေပေါ့..။

pandora said...

နောက်တခန်းကျရင် ဘာဆက်ဖြစ်မှာလဲဟင်..။

JulyDream said...

အဟွတ် အဟွတ်...
သြော်.. ချောင်းတွေကလည်း ဆိုးလိုက်တာနော်... ဆေးခန်း သွားပြအုံးမှပဲ။

အဟွတ် အဟွတ်...
အဟွတ် အဟွတ်...
အဟွတ် အဟွတ်... :P