Saturday, February 7, 2009

ဒီနေ့မနက်ခင်းစာ

အားမနာနဲ့ စားသွားလို့ရတယ်

မနက်စောစော ထမင်းကြမ်းနဲ့ အကြော်စားချင်တယ်ပြောလို့လေ။ ကိုယ့်ပီအေကို ရှိတာလေးနဲ့ ကြော်ပေးထားတာလေး ဘလော့ပေါ်တင် ကြွားလိုက်တယ်။ အာလူးရယ် ကြက်သွန်နီ ရယ်ပဲ အိမ်မှာက အဆင်သင့်ရှိတာပါ။ ရေနွေးကြမ်းတခွက်တည်းကို နှစ်ယောက်သောက်တယ် သိလား။ ကြက်သွန်ဖြူ ဥတလုံးလေးကို လေးစိတ်ခွဲပြီး ထည့်ထားတယ်။ အချဉ်ကလေ ထိုင်း ကထုတ်တဲ့ ငရုတ်သီးဆော့ က ကောင်းတယ် ။ အဲဒါနဲ့ အချဉ်ရည် သီးသန့်မဖျော်ဖြစ်တော့တာ။ ထမင်းကြမ်း ထည့်ပြီး ဓါတ်ပုံမရိုက်မိလို့ပါ။ တကယ့်ကို ထမင်းကြမ်းနဲ့ စားခဲ့တာ သိလား။(သားဖို့မပါဘူးနော်။ သားသားက အိပ်ယာတောင်မနိုးသေးဘူး)
(တီဇက်အေတို့ ဘွိုင်းဇ် တို့က သူတို့ ချက်တာတွေ မဟုတ်ပဲလဲ အစားအသောက်တွေ တင်တင်နေလို့ အားကျမခံ တင်ကြည့်ရင်း ဆားချက်လိုက်ပါတယ်၊)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Rest of your post

20 comments:

Zatlite said...

Looking at your breakfast and thinking if anyone brought me that tiny plate, I'm not going to share :D

MANORHARY said...

အမနော်
အကြော်နဲ့ထမင်းကြမ်းကဟုတ်ပါပြီ
ရေနွေးကြမ်းတစ်ခွက်နှစ်ယောက်သောက်တယ်
ဆိုတာကတော့...)း)
အကြော်တွေသားဖို့ရောကျန်လား..း)

မီယာ said...

ရန်ကုန်မှာ မနက်ဆို ထမင်းကြော်နဲ့ စားဖို့ အကြော်ဖိုက အကြော် ပူပူနွေးနွေးလေး ၀ယ်လို့ရတယ်။ စားချင်စိတ်တောင်ပေါက်လာပြီ။

လင်း said...

အတင်းလုစားသွားတယ်။ ရေနွေးကြမ်းလဲ ... သနားလို့ လုမသောက်တော့ပါဘူးနော်း)

:P said...

ဘာပြုလို့ ရေနွေးကြမ်းတခွက်တည်းကို နှစ်ယောက်သောက်တာလဲ.....ငှင်

Nanda said...

သားအတွက် ဘယ်ကျန်မတုံး ရေနွေးတောင် နှစ်ယောက်အတူသောက်ပါတယ်ဆိုမှ အကြော်တွေလဲ နှစ်ယောက်အတူအကုန် လုစားလိုက်ကြမှာပေါ့ :)

Anonymous said...

လက်ဖက်ခြောက် မလောက်တော့လို့ဖြစ်မယ် :D
ဒါမှမဟုတ်.. အဟင်းး..
ရက်စက်ပါပေ့အန်တီဇော်ရယ်.. အဟင့်.. အာလူးကို အဲ့လိုကြော်ရင် သိပ်ကြိုက်တာ.. ပြီးတော့ ကြက်သွန်ကြော် မွမွလေး.. နံနံပင်ကပါသေး ဂလုး(

tututha said...

အစ်မ နောက်တပတ် ချင်းမိုင်လာရင်ကြော်ကျွေး ဒါပဲ ..

kay said...

အေးလေ..ပိုင်ပိုင်ကျတော့ဘာသောက်ရမှာလဲ..း)
အော်စီက..ကိုအန်ဒီကတော့ပြောတယ်..အစားအသောက်ပုံ ရိုက်ရင်.. အပေါ်တဲ့တဲ့က မရိုက်ပဲ တစောင်း အနေအထားက..ပိုပုံကြွတယ်တဲ့။ ( ထပ်ဆင့် ဆရာလုပ်လိုက်သည်။ )း)

nu-san said...

မမခင်မင်းဇော်ရဲ့ မနက်စာကို စားချင်လိုက်တာ... စားကောင်းမယ့်ပုံ.. :)

သားသား သနားပါတယ်.. အဟိ.. :P

LRDP said...

ဒီလိုမျိုးလည်းနောက်တက်သားပဲ --အမကတော့ ကလေးတွေအားကျမခံ ဖြစ်ကုန်မယ် --နော့

ATN said...

စားမရလို့... ငမ်းသွားသည်...

နောက်တခါ အစားအသောက်ကို ရိုက်ချင်လျှင် တုတ်ကြီးကြီးတချောင်းနှင့် တချက်တည်း အပြတ်ရိုက်ပါ... ပန်းကန်တွေတော့ မကွဲပါစေနှင့်...

(မကေကို အားကျလို့ ဆရာ ထပ်လုပ်သွားသည်...း)

P.Ti said...

မနက်ခင်းမှာ ထမင်းလေးဆီဆမ်းဆားဖြူး အကြော်လေးနဲ့စားလိုက်ရတာကိုက အရသာ...

စင်ကာပူမှာတော့ တို့ဖူးနဲ့ဘာယာကြော်ကို အလွယ်တကူလုပ်လို့ရတာ.. ဓာတ်ပုံရိုက်ပြီး ပြန်ကြွားဦးမယ်.. :D

Moe Cho Thinn said...

ရေနွေးကြမ်းတခွက်ကို နှစ်ယောက်အတူ သောက်တယ်ဆိုတော့ ပန်းကန်ဆေးရ သက်သာတာပေါ့လေ။ ချိုသင်းလဲ ပန်းကန်ဆေးဖို့ ပျင်းရင် အဲဒီလိုပဲ လုပ်တယ် သိလား .. :D

ခင်မင်းဇော် said...

အားလုံးပဲ စားကြပါနော်.. လဘက်ရည်ကြမ်းတခွက်တည်း သောက်တာကတော့ ချိုသင်းပြောသလိုပဲ ..
ပန်းကန်တခွက်ဆေးရသက်သာ နည်းလား လို့..
အဲလေ ဟုတ်ပါဘူး ..
အကျင့်တွေတော့ ပေါ်တော့မယ်...
နောက် အစားအသောက်တွေကို မစားခင် သတိရလို့ ဓါတ်ပုံရိုက်ဖြစ်ရင် ခုလိုပဲ တင်ပေးမယ်နော် ပျော်စရာကြီး။
(ဒါပေမယ့် စားပြီးမှ သတိရမိတာ များတယ် ဟင့်)

s0wha1 said...

တူတူပဲ အန်တီရေ... သမီးရောပဲ။ ဟင်းချက်နေတုန်းတော့ ရိုက်မယ်လို့ စိတ်ထဲတွေးထားတယ်။ ချက်လည်းပြီးရော စားပစ်လိုက်တာ ဘာမှကို ရိုက်စရာမကျန်။ ဟိ

Ko Boyz said...

ကျွန်တော်ကတော့ သတိရတဲ့ အချိန် တင်လိုက်တာပဲ။
အစ်မကြီးက လာပြီး နောက်ထပ် မကျောလိုက်ရအောင် ခုလေးတင်ပဲ ထပ်တင်ထားလိုက်တယ်... ဟဲဟဲဟဲ။

ရွှေဂျမ်း said...

ညကြီးမင်းကြီး ဗိုက်ဆာနေတုန်း လာကြည့်မိတာ ပိုဆာပြီး ပြန်သွားပါတယ် အမရေ။း( စားချင်လိုက်တာ။

TTT said...

hello ama,

Thank you for the visit!! Are you now living in Oslo?

I found you have done many things!! Congratulations!!

Anonymous said...

အမ.. စားချင်လိုက်တာ။
မန်းလေးပဲကြော်လေးပါ ပါရင် ပိုကောင်းမယ်။