Thursday, April 16, 2009

တခါတုန်းက တက်ဂ်အကြွေး

နှစ်သစ်မကူးခင် တက်ဂ်အကြွေးကို ဆပ်ပါလို့ ပြောလာတဲ့ ဖိုးဂျူလိုင်အတွက် ရေးတဲ့ စာ

ဟိုးရှေးရှေးတုန်းက အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ ဆံပင်က တိုတို (တိုတာမှ ယောက်ျားကေလို ညှပ်ထားတော့ ထိပ်လယ်က ဆံပင်က ထောင်တောင်နေတယ်) နဲ့ ကောင်မလေးတယောက် ဆယ်တန်းအောင်လို့ ကောလိပ်တက်တဲ့အချိန်ပေါ့။

ကောလိပ်ဆိုတော့လဲ ပျော်တာပေါ့။ အသက်က ၁၆ နှစ်ကျော်ကျော် တခါတရံ အဲဒီခေတ်က မိန်းကလေးတွေသိပ်မ၀တ်တဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အကျီ င်္လဲ ၀တ်တတ်သေးတဲ့ ကောင်မလေးပေါ့။ ကောလိပ်ကို စက်ဘီးနဲ့ ကျောင်းတက်တယ်။ သူနဲ့ တူတူကျောင်းတက်တဲ့ ကောင်မလေးတယောက်နဲ့ ဆိုတော့ ၂ ယောက် စက်ဘီးကိုယ်စီနဲ့ပေါ့။

သူတို့နေ့တိုင်း ကျောင်းတက်တဲ့အချိန်တိုင်း ကျောင်းတက်ချိန်တူတဲ့ မေဂျာတူတွေနဲ့ အမြဲတမ်း စကားမပြောဖြစ်ပေမယ့် တူတူစက်ဘီးစီးနေကျ မျက်မှန်းတော့ တမ်းမိနေတဲ့ ကောင်လေးအုပ်စုလဲ ရှိသေးတယ်။ တနေ့တော့ အဲဒီကောင်မလေးနဲ့ ကျောင်းတူတူ တက်နေကျ ကောင်မလေးက ကျောင်းမတက်ဘူး။


ကောင်မလေးကလဲ တယောက်တည်း စက်ဘီးနင်းလာရတော့ ခပ်မြန်မြန်နင်းတယ် ခါတိုင်းလို စကားတပြောပြော အေးအေးဆေးဆေးမဟုတ်ဘူး။ သူ့နောက်မှာလဲ စက်ဘီးတစီးက အမြန်လိုက်စီးနေတယ်။ သေချာ ကြည့်လိုက်တော့ ကောင်လေးတယောက် မြင်ဖူးနေကျ။ အတန်းထဲကပဲ ပရယ်တီကယ် လုပ်ရင် တခန်းတည်း။ ဒါပေမယ့် တခါမှစကားမပြောဖူးဘူး။ ကျောင်းတက်တာကလဲ ၁ လကျော် ၂ လနီးပါးပဲ ရှိသေးချိန်ကိုး ။ နောက်က စက်ဘီးအနားကပ်လာတယ်ထင်လိုက် စက်ဘီးကို မြန်မြန်စီးလိုက် လုပ်နေရင်း ခရီးတ၀က်လောက်ရောက်တော့ ကောင်မလေးနာမည် ခေါ်သံကြားရရော။ ဒုက္ခပါပဲပေါ့ ငါ့ကိုများ စကားလိုက်ပြောမလို့လား ကျောင်းကို မြန်မြန်ရောက်အောင် အားစိုက်နင်းစမ်း။
စိတ်ထဲမှာ အဲလိုပြောရင်း ခပ်မြန်မြန်အရှိန်ကို မြှင့်နင်း။ နောက်က ကောင်လေးကလဲ စကားပြောဖို့ လိုက်သလို ခပ်မြန်မြန်လိုက်နင်းရင်း နာမည်ကို တရစပ်ခေါ်။

ဒီလိုနဲ့ ကျောင်းကိုရောက်။ တနေ့ ပြီးသွားတယ်။ ကိုယ့်ကို ကျောင်းမှာကျတော့လဲ လာစကားမပြောရဲဘူး အဲဒီကိုယ်တော်က။ သူငယ်ချင်းကလဲ နေမကောင်းဖြစ်နေတော့ ကျောင်းမတက်နိုင်သေး။ သူကျောင်းမတက်မချင်းကိုယ့်မှာလဲ ဒီဒုက္ခအရှုပ်ကြီးနဲ့ စိတ်ညစ်ခဲ့ရ။

ဘုရားဘုရား ဘယ်လိုလုပ်ရပါ့။ ဒီနည်းနဲ့ ရည်းစားစကား ပြောတာလဲ တခါမှမခံဘူး။ အထက်တန်းကျောင်းမှာ တုန်းကတော့ စာပေးတာမျိုးပဲ ရှိတာကိုး။ ဒါတောင် ကျောင်းက ထိုင်ခုံထဲမှာ လာထည့်ထားတာပဲ။ ကျောင်းနဲ့ အိမ်ကလဲ နီး။ တခါကိုယ့်ကို စတဲ့ အတန်းထဲက ကောာင်လေးတယောက်ကို စီးထားတဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ပေါက်လိုက်လို့ ခေါင်းပေါက်သွားတာလဲ ရှိဖူးတော့ ကိုယ့်ရဲ့ လက်နဲ့ ပါးစပ်ကို ကြောက်ပြီး တော်ရုံဘယ်သူမှ လိုက်စကားပြောရဲတာမဟုတ်။ ဒါနဲ့ ၃ ရက်မြောက်နေ့မှာတော့စက်ဘီးကို အရှိန်လျှော့။ နောက် စက်ဘီးကို ရပ်ပြီးဆင်းလိုက်တယ်။ နင်ဘာပြောချင်နေတာလဲ လို့ ခပ်မာမာမေးလိုက်တော့ ကိုယ်တော်ချောက ကျောင်းမတက်တဲ့ သူငယ်ချင်း ဘာလို့ ကျောင်းမတက်လဲ မေးတယ်။ နောက် နင်က ငါပြောတဲ့စကားကိုမှ နားမထောင်ပဲ စက်ဘီးကို အမြန်စွတ်စီးနေတာကိုးတဲ့။ အမ်…. နင်နဲ့ငါမှမသိတာ နင်က ဘာစကားပြောစရာလိုလို့လဲ လို့ ပြန်မေးတော့ အဲဒီ(ကျောင်းမတက်တဲ့ )ကောင်မလေးရဲ့ သူငယ်ချင်းကို သူက ချစ်ခင်နှစ်သက်မိပါသတဲ့။ ဒါ့ကြောင့် ဘာဖြစ်လို့ ကျောင်းမတက်လဲ ဆိုတာကို ကောင်မလေးကို လိုက်မေးတာပါတဲ့။ သေဟဲ့ နန္ဒိယ( ကိုယ့်ကိုယ်ကို အထင်ကြီးဦး ၊ ကောင်မလေးဆိုတာ ကျမ.ဟိဟိ)။ (မှားတဲ့အခါလဲ မှားပေမပေါ့နော်)

ကိုဂျူလိုင် တက်ဂ်ထားတဲ့ တခါတုန်းက…… ဆိုတာဒီမှာတင် ပြီးပါပြီ။


လက်ကအရှိန်မသေဘူး ဆက်ပြီးရေးချင်သေးတော့ ဇာတ်လမ်းကို ဒီနေ့ထိ ဆက်ပေးရမယ်ဆိုရင်….

၃ ရက်လောက်စိတ်ညစ်နေရတဲ့ ဒုက္ခက ကင်းလွတ်သွားပြီး အဲဒီကောင်လေးဟာ ကျမရဲ့ အခင်ဆုံး သူငယ်ချင်းထဲကို စာရင်းဝင်သွားတာ ဒီနေ့ထိပါပဲ။ ကျမသူငယ်ချင်းကလဲ သူ့ကို မကြိုက်ခဲ့ပါဘူး။ ခုလောက်ဆို ပါမောက္ခဖြစ်နေမလားမသိ။ ကျမနဲ့နောက်ဆုံးတွေ့တော့ ကထိက။

၂၀၀၅ နှစ်ဆန်းပိုင်းက ကျမ မင်္ဂလာဈေးက အပြန် ကျောက်မြောင်းသီတာလမ်းက သူငယ်ချင်းတယောက်ဆီကို ၀င် အဲဒီကနေ ဗိုလ်ချုပ်ဈေးကို သွားဖို့ ကားဂိတ်ကို လမ်းလျှောက်အထွက် ၊ကားတစီးဘေးမှာ ရပ်နေတဲ့ ဘောင်းဘီဒူးကျနဲ့ နေကာမျက်မှန်နဲ့ တယောက်က နင်-- မဟုတ်လားတဲ့၊ ကျမနာမည်ကို မေးနေတဲ့ အဲဒီတယောက်ကို မသိတာမို့ ဟုတ်တယ် နင်ကဘယ်သူလဲ ဆိုတော့ မျက်မှန်ကို ချွတ်ပြီး ရယ်ပြတဲ့ သူငယ်ချင်းက ခုန ကိုယ်တော်ပေါ့။ ငယ်ငယ်က ပိန်ပိန်မည်းမည်းလေးရှည်ရှည်လေးက ခုတော့ဝတုတ် စိုစိုပြေပြေဖြစ်လို့။

သူသဘောင်္သားလုပ်ပြီး ကျောက်မြောင်းမှာ နေတယ်တဲ့။ သူ့ထက် အသက်တော်တော်ငယ်တဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျပြီး ကလေးတယောက်အဖေ ဖြစ်နေလေရဲ့။ ဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ် ဆိုပြီး သူ့ကားပေါ်တင် စကော့ဈေးရောက်။ ထုံးစံအတိုင်း အစားအသောက်တန်းအရင်သွား မတွေ့တဲ့ နှစ်ပေါင်းများစွာအတွက် အာရိုက်ရင်း သူငယ်ချင်းကောင်းစားနေတာကို မုဒိတာပွားပြီး သူကျွေးတာ စား။ ခု ဒီပို့စ်ကို ရေးရင်း သူ့ကို သတိတရဖြစ်နေမိပါသေးတယ်။(သူလား နာမည်ကျော်ဂီတစာဆို မောင်ကြေးမုံနဲ့ အမျိုးအရင်းကြီးလဲ တော်တယ် သိလား) တကယ်လို့များ ဒီပို့စ်ကို သူဖတ်မိရင် ကျမကို ဆက်သွယ်လာနိုင်ပါစေသော်ဝ်။ (သူက ဘလော့တွေဘာတွေလဲ စိတ်ဝင်စားမယ် မထင်ပါဘူးလေ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

ကိုပေါ said...

မခင်မင်းဇော် ကတွတ်ပီဖြစ်တာ ရယ်ရသဗျိုး။း-)

JulyDream said...

မတ်လ ၅ ရက်နေ့မှာ ရေးခိုင်းခဲ့တဲ့ အကြွေးက ဧပြီလ ၁၆ ရက်နေ့မှာ ရလို့ တော်သေးတာပေါ့။ မြန်မာနှစ်ကူးအမှီ အကြွေးဆပ်သွားတယ်။ ကျွန်တော်က အတိုးမယူတဲ့သူမို့လို့နော်။ မဟုတ်ရင် အကြွေး လည်ပင်းနစ်နေမယ်။ အဟား...

မီယာ said...

အမခင်မင်းဇော်ရေ.. ဒေါက်ဖိနပ်နဲ့ ခေါက်ခံရတဲ့သူတော့ တသက်စာ မှတ်သွားမှာပဲ

tututha said...

အစ်မရေ ဘာပဲဖြစ်ဖြစ် အကြွေးဆပ်လိုက်တာ ကောင်းတယ် သိလား မဟုတ်ရင် အဲဒီအကြွေးရှင်က လူရှေ့မရှောင်သူရှေ့မရှောင် အော်တောင်းနေမှာ :)

Nge Naing said...

မင်္ဂလာရှိသော နှစ်သစ်ပါ အစ်မ။ နှစ်သစ်မှာ ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှ ပြည့်ဝပါစေ။ အလုပ်များတာနဲ့ မရောက်တာကြာသွားလို့ စာကြွေးတွေ အများကြီး ကျန်နေတယ်။ မဖတ်ဖြစ်သေးတဲ့ ပို့စ်အကြွေးတွေကို နောက်မှပြန်လာ ဖတ်တော့မယ်။

တန်ခူး said...

မ ရေ… ကျွန်မလဲ ခုံတလုံးနဲ့  လူတယောက်ဒူးကို ညွတ်သွားအောင် ရိုက်ဖူးတယ်… ပြီးတော့ ခဲလုံးနဲ့ လဲပေါက်ဖူးတယ်… ဟိဟိ… မရဲ့ ဒေါက်ဖိနပ်အကြောင်းဖတ်မိတော့ အဲဒါတွေကို ပြန်သတိရသွားမိတယ်… မရဲ့ညီမ လက်သံပြောင်တာ မ အတိုင်းပဲနော်… မ ရေ… အမှတ်တရ အလွဲလေးကို စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေး ဖြစ်အောင်ရေးတတ်လွန်းလို့  ဖတ်လို့ ကောင်းလိုက်တာ… စိတ်ချမ်းသာကိုယ်ကျန်းမာ လိုရာဆန္ဒပြည့်ဝသောနှစ်သစ်ဖြစ်ပါစေလို့ ….

Steve Evergreen said...

happy new year

tg.nwai said...

ရီရတယ်..အဲဒီလို အလွဲလေးတွေက အခုချိန်မှာပြန်တွေးတော့ ရီချင်စရာပဲနော်..သူနဲ့ ခင်သွားတော့ အစ်မက အဲဒီအကြောင်း ပြန်ပြောဖြစ်သေးလား..အင်း..တို့ အစ်မလည်း ငယ်ငယ်ထဲက လက်သံပြောင်တာပဲနော်.. :)

Ko Boyz said...

ဟင်.. မိန်းကလေးအများစုက ဘာလို့ ကိုယ့်ကို ချစ်တယ် ကြိုက်တယ် လာပြောတဲ့သူကို အကြမ်းပတမ်း ပြန်ဆက်ဆံတာလဲဟင်...။
ဒေါက်ဖိနပ်နဲ့ အပေါက်ခံရတဲ့သူနဲ့၊ ခွေးခြေနဲ့ ဒူးညွှတ်သွားအောင် အခွေခံရတဲ့သူနဲ့... ပါးကို ဖိနပ်နဲ့ ရိုက်ခံရတဲ့သူနဲ့...။

ခင်မင်းဇော် said...
This comment has been removed by the author.
ခင်မင်းဇော် said...

အရှုပ်နည်းနည်း လုပ်နေလို့ စာပြန်နောက်ကျသွားတယ် ။ လာပြီးအားပေးတာ ကျေးဇူးပဲနော်။ ငယ်ဘ၀ကတော့ မမေ့ကောင်းပါဘူးလေနော်... နှစ်သစ်မှာ ကျန်းမာလန်းဖြာစေကြောင်း ဆုမွန်ကောင်းလေး တောင်းလိုက်ပါတယ်။

မီယာ။ တန်ခူး၊ သိင်္ဂ င်္ညီမတို့ရေ....ငယ်ငယ်တုန်းက လက်သံများဆိုတဲ့ပို့စ် တက်ဂ် လုပ်ဦးမှ ထင်တယ် ဟားဟား။

ကိုပေါကတော့ ရယ်သွားလေသတည်းပေါ့ သူ့ထက်ပေါသူတွေ့သွားတာကိုးးးး

ကဘ... သူတို့က ချစ်တယ် ကြိုက်တယ်ကို ချစ်အောင်ကြိုက်အောင် မပြောတတ်လို့ဖြစ်မှာပေါ့ဟာ..
ပြောတတ်တဲ့ လူနဲ့ ကျတော့ ခုမြင်တဲ့ သိတဲ့အတိုင်းပေါ့ .. ပညာတွေ ယူထားပါ ကဘ.. အားလုံးသောအမတွေက စီနီယာကြီးတွေချည်းနော်