Wednesday, April 22, 2009

ကျွန်းပြန်တယောက်နဲ့ စကားလက်ဆုံ…

မနေ့ညနေက မိတ်ဆွေတဦးက အမ မုန့်ဟင်းခါးချက်တယ် လာစားပါ ဆိုလို့ သွားရင်း ကျွန်းပြန်တဦးနဲ့ အမှတ်မထင်တွေ့တယ်။ အဲဒါ ဆရာဦးတင့်ဇော်လေ ဆိုပြီး ကဗျာဆရာ မောင်လွမ်းဏီက ပြောတော့ စားလက်စ မုန့်ပန်းကန်ကို ဘေးနားချရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လို့ သိချင်တာတွေ တရစပ်မေးမိတယ်။ သူကလဲ စကားကို ရေပက်မ၀င်ကို ပြောတာပဲ။ ကျမဖြင့် အားရလိုက်တာ စိတ်ထဲမှာ သိချင်တာတွေကို သေချာမေးလိုက်ရတော့ တော်တော် ကျေနပ်မိတယ်။

ဆရာဦးတင့်ဇော်နဲ့ တွေ့တော့ သူ့လက်ရေးစာမူ စာအုပ်ကို ၁၉၉၇ လောက်က ဖတ်ရတာ မှတ်မိနေတယ်။ အဲဒီစာအုပ်ဖတ်မိပြီး သိချင်တာတချို့ကို မေးမိတာပါ။

မေးမိတဲ့အထဲမှာ ကျွန်းက ထွက်ပြေးမယ့်လူတွေကို သံလိုက်အိမ်မြှောင် လုပ်ပေးခဲ့တဲ့အကြောင်း၊ လှေကို တွန်းထုတ်ပေးမယ့် လူအဖြစ် လိုက်ပေးတော့ လိုက်သွားချင်စိတ် မဖြစ်မိဘူးလား ဆိုတာရော မေးတာအစုံ။ သူ ပြန်ဖြေတာတွေကတော့ အများကြီးပေါ့။

အဲလိုပြောကြရင်းနဲ့ ကျွန်းဖျက်သိမ်းတဲ့ စာမထွက်ခင် ကျဆုံးခဲ့တဲ့ အစာငတ်ခံဆန္ဒပြတဲ့ လူတွေအကြောင်း ရောက်သွားရော။ ဘယ်လိုအစာငတ်ခံကြတာလဲ ဆရာရော အဲဒီအစာငတ်ခံတဲ့အထဲ ပါသေးလား ဆိုတော့ သူက ပထမ တခါ ရက် ၄၀ တိုက်ပွဲမှာ ပထမသုတ်ကတည်းက ပါထားလို့ ခုအပတ်မှာ မပါရပဲ ဘေးက ကူညီတဲ့အဖွဲ့မှာ ပါတယ်တဲ့။
သူတို့ အရက်၄၀ တိုက်ပွဲတုန်းက အသေအပျောက်မရှိပဲ သူတို့လိုချင်တဲ့ အချက်တွေ ရခဲ့တယ်တဲ့။ ခု သမီးမေးတဲ့်တိုက်ပွဲမှာတော့ ကျွန်းစနစ်ကို ဖျက်သိမ်းလိုက်တဲ့ ထိ အောင်မြင်ခဲ့တယ်တဲ့။ ဒါပေမယ့် တို့ဖက်က ၈ ယောက် ကျဆုံးခဲ့တာတဲ့။

ဦးတင့်ဇော်(ခ) ဦးလှဖေ(တကသ ကျောင်းသားခေါင်းဆောင်ဟောင်း)
တခါတိုက်ပွဲမှာ ပထမသုတ် ဒုတိယ သုတ် ဘယ်လိုခွဲလဲ ဆိုတော့ ပထမ တသုတ် အစာငတ်ခံပြီး တပတ်အကြာမှာ ဒုတိယသုတ်၊ ဒုတိယသုတ် ၀င်ပြီးနောက်တပတ်အကြာ တတိယသုတ် ၊ ပထမသုတ်နဲ့ ဆိုရင် ၂ ပတ်အကွာပေါ့။ အဲလိုဝင်တာတဲ့
ကျဆုံးတဲ့ ၈ ယောက်လုံးက ပထမသုတ်ကချည်းပဲလား ဆိုတော့ မဟုတ်ဘူးတဲ့ ပထမသုတ်ကလဲ ပါတယ် ဒုတိယသုတ်ကလဲ ပါတယ် တတိယ သုတ်ကလဲ ပါတယ်တဲ့။ နောက်ဆုံး တိုက်ပွဲ ဘယ်နှစ်ရက်ကြာခဲ့လဲ ဆိုတော့ ၅၃ ရက်တဲ့။

ဆရာရေ အဲဒီမှာ အစာငတ်ခံတိုက်ပွဲဝင်နေရင်း နှုတ်ထွက်တာရော ရှိသလားပေါ့။ သေတဲ့လူရှိလာတဲ့အခါမှာ နှုတ်ထွက်မယ့်လူရော မရှိဘူးလားပေါ့။ ဒီတော့ ဆရာဦးတင့်ဇော်က ဒီတိုက်ပွဲကို စတိုက်မယ် ဆိုကတည်းက အသက်သေတဲ့အထိ အဆုံးတိုင် တိုက်မယ်လို့ ဆုံးဖြတ်ထားတာပဲတဲ့ ။ ဒီတော့ လူတွေက ကြံ့ခိုင်ပြီးသားတဲ့။ သေတော့မယ်ဆိုရင် လူက ခြေဖျားတွေက စပြီးအေးလာတာတဲ့။ အေးလာတဲ့ လူကို ကျန်တဲ့လူတွေက ပြုစု ခြေဖျားလက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး စကားလေး ပြောပေးနေရင်း ကျဆုံးကြတာပဲတဲ့။ တချို့ကျ သတိလစ်သွားတာကနေ ကျဆုံးတာတဲ့။ တယောက်ဆိုရင် လက်မြှောက်တော့ တခုခု လိုချင်တယ်မှတ်လို့ ဘာလိုချင်လဲလို့ မေးနေရင်း က အလေးပြုလိုက်ရင်း ကျဆုံးသွားတာတဲ့။ ၅၃ ရက်တိုက်ပွဲမှာတော့ တယောက် နှုတ်ထွက်တာ ရှိခဲ့တယ်တဲ့။ ကျန်တဲ့လူတွေကတော့ တိုက်ပွဲ ပြီးတဲ့ထိ တိုက်မယ်ဆိုပြီး ကြံ့ကြံ့ခံနေခဲ့တာတဲ့။(အဲဒီနှုတ်ထွက်တဲ့ လူနဲ့ နှစ်အတန်ကြာ ထောင်ကလွတ်တော့ သူနဲ့ ဆုံခဲ့သေးတယ်တဲ့။ နှစ်တွေ အဲလောက်ကြာတဲ့အချိန်မှာတောင် အဲဒီလူက အဲဒီတုန်းက သူနှုတ်ထွက်ခဲ့တာ မှားပါတယ်လို့ တောင်းပန်တယ်တဲ့ ဆရာကပြောသွားသေးတယ်။)

သူတို့လက်ထက်က စာရေးဆရာ မြသန်းတင့်တို့ ၊လေထီးဦးအုန်းမောင်တို့တွေက ဒီတိုက်ပွဲတွေကို ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အသက်သေချင် သေပါစေ အာဏာရှင်ကို တိုက်မယ်။ မတရားတဲ့ အမိန့်ကို တိုက်မယ်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ တိုက်ပွဲကြောင့် ဒီနေ့ထိ အဲဒီကျွန်းစနစ်က မရှိတော့တာပေါ့။ သူတို့သာ ခုလိုအသေခံမတိုက်ခဲ့ကြရင် ခုချိန်ဆို ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ အဲဒီကိုကိုးကျွန်းကို ရောက်နေလောက်ပြီ။

သူပြောတာကို နားထောင်ရင်း ကျမက ဒီနေ့အခြေအနေနဲ့ ဆက်စပ်တွေးမိနေတာပါ။
အဲဒီကျွန်းလို နေရာမဟုတ်ပဲနဲ့ ဒီနေ့ နယ်စပ်ဒေသက လူတွေ အနေနဲ့ သူတို့လို ဆက်သွယ်မှုဘယ်လိုမှ လုပ်မရတဲ့နေရာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်တဲ့ ဘ၀မှာ ဘာလို့ တိုက်ပွဲတွေကို စွန့်ခွာပြေးကြသလဲ။ လူ့ဘ၀မှာ လူတိုင်းတွေ့နိုင်တဲ့ အခက်အခဲ အချို့ကြောင့် ဘ၀ရော အသက်ရော ပေးပြီးလုပ်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးနဲ့ ဝေးရာကို ဘာလို့ ပြေးကြသလဲ။ အဲဒီခေတ်က နိုင်ငံရေးသမားတွေ ၊ မျိုးချစ်ပုဂ္ဂိုလ်တွေလောက် အနစ်နာခံ အသေခံ ပြီး တိုင်းပြည်အတွက် လုပ်ပေးဖို့ စိတ်ဓါတ်တွေကို မရှိတော့တာလား။ လုပ်ဖို့ အလုပ်မရှိတာလား။

သားသမီးတွေ ရှေ့ရေးကြောင့်ဆိုတဲ့ လူတွေ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီနယ်က ထွက်ရတာလို့ သူများအပြစ်လွှဲချပြီး ထွက်သွားကြသူတွေ။ အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။ အော် …. တိုက်ပွဲကို သူတို့ ဘယ်လိုနားလည်သလဲ။ အနှစ် ၂၀ ရှိပြီ ဘာမှမဖြစ်သေးဘူး လို့ ပြောနေသူတွေ။ သူတို့ရော အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ခဲ့ဘူးသလဲ …

ခုနောက်ပိုင်းတွေ့ရတဲ့ အာဏာရှင်တိုက်နေတဲ့ ဘက်က လူတွေ မကောင်းကြောင်းတွေချည်း လိုက်ပြောပြီး ကိုယ်တိုင်က နာမည်တောင်မဖော်ရဲတဲ့ လူတွေ။ ဒါတွေကို မြင်ရ ဖတ်ရတဲ့အခါ ဆရာဦးတင့်ဇော်တို့ရဲ့ အသက်ပေးတိုက်တဲ့ ကျွန်းတိုက်ပွဲကိုပဲ မြင်ယောင်နေမိတော့တယ်။

အဲဒီမှာလဲ အဖွဲ့တွေပါတီတွေ အစုံရှိတာပါပဲ။ မြေပေါ် မြေအောက် ကျောင်းသား ပါတီ အစုံရှိနေခဲ့တာပဲ။ သူတို့တွေ သိခဲ့ကြတယ်။ အဓိကရန်သူက ဘာလဲ။ ဒီတိုက်ပွဲကို ဘယ်လိုတိုက်မလဲ။ ဘယ်သူတွေက ပံ့ပိုးကူညီမလဲ။ ဘယ်လောက်ထိ စွန့်ရမယ် …။ သိရက်နဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေ… အဲဒီခေတ်က နိုင်ငံချစ်စိတ်က ဒီနေ့ခေတ်ထက်များ ပိုနေကြသလား။

ဆရာနဲ့ စကားပြောခန်းက ဆုံးသွားပေမယ့် ကျမအတွေးတွေက မဆုံးနိုင်သေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောဖူးပါတယ်။ တော်လှန်ရေး လုပ်မယ်ဆိုရင် အဆုံးထိ လုပ်ရမယ်တဲ့။ ဒါ့ကြောင့်လဲ အကျဉ်းကျနေတဲ့ ကာလထဲမှာပဲ အာဇာနည်တို့၏ လုပ်ငန်းသည် ဆုံးခန်းတိုင်အောင် လုပ်ရမည်လို့ သူ့အိမ်မှာတောင် စာတန်းချိတ်ခဲ့ဘူးတာပဲ။ သူက ခိုင်မာပြတ်သားစွာ ရပ်တည်နေဆဲ။ တော်လှန်ရေးအပေါ် ယုံကြည်စိတ်က ခုလို ခိုင်မာပြတ်သားမှုကို ဖြစ်စေတာထင်ပါရဲ့။

တော်လှန်ရေးဆိုတာ ဘယ်နေ့ပြီးမယ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ယုံကြည်စိတ်ကပဲ အနားသတ်ပေးတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ ရှိနေဆဲပါ။
(ကိုယ်တွေးမိရာကို တွေးတဲ့အတိုင်း ရေးထားတာပါ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

85 comments:

ATN said...

ကျွန်းတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေထဲမှာ အချောင်သမားတွေ မပါဘူးလေဗျာ... အုတ်အရောရော ကျောက်အရောရောတွေမှ မပါတာ... ပြီးတော့ ကျွန်းတိုက်ပွဲမှာ မှန်ကန်တဲ့ ခေါင်းဆောင်တွေနဲ့ မှန်ကန်တဲ့ခေါင်းဆောင်မှု ရှိခဲ့တယ်လေ... အားလုံးက သည်ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်မှုနောက်ကို ယုံယုံကြည်ကြည်နဲ့လိုက်ပါခဲ့ကြတာကိုး... ဒါကြောင့်လည်း အဖွဲ့အစည်း မတူညီကြသည့်တိုင် တိုက်ပွဲအလံတခုအောက်မှာ အတူတကွ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ရင်ဆိုင်နေနိုင်ခဲ့ကြတာပါပဲ... ကျနော်ကတော့ သည်လိုပဲ ရိုးရိုးသာားသား မြင်မိပါတယ်...

နောက်တခုကတော့ ကျနော် တယောက်တည်းအတွက် ပြောတာပါ... ကျန်တဲ့သူတွေကို မဆိုလိုပါဘူး... လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာပြီး
တတိယနိုင်ငံကို ရောက်သွားတဲ့ ကျနော်ကတော့ ထွက်ပြေးရေးသမားပါ... သည်လိုပဲ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ပါတယ်... အောင်သာငယ်-ဟာ ကိုယ့်ကိုယ်ကို သူပုန်ပါ... တော်လှန်ရေးသမားပါလို့ လက်နက်ကို စွန့်လွှတ်ပြီး တောအုပ်ကို ကျောခိုင်းခဲ့ချိန်ကတည်း မပြောတော့ပါဘူး... သည်နေ့အထိလည်း မပြောပါဘူး... ဒါပေသည့် ရန်သူ့ဆီမှာ ဒူးထောက် အညံ့ခံပြီး လက်နက်ချခဲ့တဲ့သူတော့ မဟုတ်ပါဘူး... တတိယနိုင်ငံမှာလည်း လက်နက် ချစရာ မလိုပါဘူး... ချစရာ လက်နက်လည်း ကျနော့်မှာမရှိဘူး... ဘာလို့ဆို ကျနော့် လက်နက်ကို ကိုယ့်အဖွဲ့အစည်းမှာပဲ ချထားခဲ့ပြီးပြီမို့ပါ... ရန်သူ့ဆီမှာတော့ ဘယ်တော့မှ မချခဲ့ပါဘူး... ကျနော်ကတော့ အခုလက်ရှိမှာ တော်လှန်ရေးသမားလည်း မဟုတ်ဘူး... သူပုန်လည်း မဟုတ်ဘူး... အနိမ့်ဆုံး သူလိုငါလို သာမန်ပြည်သူတယောက်ပါပဲ... စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး... စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေကို ထေက်ခံအားပေးနေသူ တယောက်ပါပဲ...

နောက်တခု ကျနော် နားလည်ထားတဲ့ သူပုန်ဆိုတာကတော့ ဘုရင်တွေကို လက်နက်ကိုင်ပြီး ထောင်ထားခြားနားနေတဲ့သူတွေပါ... ဘုရင်တွေမှန်သမျှ ခြေက်ခြားကြရတဲ့သူတွေပါ... လက်နက်ကိုင်ပြီး ဘုရင်ကို မျက်နှာချင်း မဆိုင်သမျှ သူပုန်လို့ ခေါ်လို့ရမယ် မထင်ပါဘူး.. သူပုန်အားပေး... သူပုန်လိုလားသူ... သူပုန် sympathizer ပေါ့ဗျာ... အဲလိုပဲ ခေါ်လို့ရမယ် ထင်တယ်...

သို့သော်လည်း ခေတ်ကာလတွေပြောင်းလာတော့ စနစ်တွေကလည်း ပြောင်းလာတဲ့အခါ သက်ဦးဆံပိုင်စနစ် နေရာမှာ အာဏာရှင်စနစ်ကလည်း နေရာ အသစ်ယူလာတာ ဆိုတော့ သူပုန်ဆိုတဲ့ အနက်အဓိပ္ပါယ်ကလည်း ပြောင်းလာလေသလားတော့ မသိပါဘူး... ကျနော်တွေးမိတာ ပြောတာပါ...

သည်တော့ သူပုန်ဆိုတဲ့ အနက်အဓိပ္ပါယ်ကိုတော့ တတ်သိနားလည်သော ပညာရှင်များကသာ ဖွင့်နိုင်ကြမှာပါလို့ပဲ ပြောချင်ပါတယ်... ကျနော့်လို သာမန် ဘလော့လေး ချောက်တီးချောက်ချက် ရေးနေတဲ့ ဘလော်ဂါ တယောက်အတွက်တော့ လက်လှမ်း မမှီကြောင်း ပြောပါရစေဗျား...

ပြောချင်တာတွေများလို့ ကွန်မန့်က နည်းနည်း ရှည်သွားပြီ... ဆောရီး...း)

အောင်အောင် said...
This comment has been removed by the author.
အောင်အောင် said...
This comment has been removed by the author.
အောင်အောင် said...
This comment has been removed by the author.
ကိုပေါ said...

မခင်မင်းဇော်ရေ…. ကျွန်းပြန်တယောက်နဲ့ စကားလက်ဆုံကို မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အိုးဝေ(စင်္ကာပူ) အင်တာနက်စာမျက်နှာမှာတင်ခဲ့တဲ့ နီဟိန်းရေးသားတဲ့ လေထီးအုန်းမောင်အကြောင်း ဆောင်းပါးမှာ ကျွန်းတိုက်ပွဲကို ဖတ်ရတုန်းကလိုပဲ အခု မခင်မင်းဇော်ပို့စ်ကို ဖတ်ရတော့ ကြက်သီးဖြန်းဖြန်းထအောင် အားကျအတုယူမိပါတယ်။

ထောင်ထဲမှာ နှစ်ရှည်လများ အကျဉ်းကျခံရာကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးသမားတဦးကို မကြာခင်က ကျနော်တို့ စကားပြော မေးမြန်းခွင့်ရတယ်။

“အန်ကယ်လ်တို့ ဒီလို အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို ဒီလောက် ကြံ့ကြံ့ခံနိုင်အောင် ဘယ်လို ပြင်ဆင်သလဲ” လို့မေးတဲ့အခါ….

“နံပါတ်တစ်က ယုံကြည်မှု(belief)တဲ့။ ဒါပေမယ့် ယုံကြည်မှုသက်သက် နဲ့တင် မလုံလောက်သေးဘူး။ နံပါတ်နှစ်က ပိုင်းဖြတ်မှု(resolution)တဲ့။ နောက်တချက်က ကိုယ်စလုပ်ကတည်းက ကိုယ့်အတွက် အနိမ့်ဆုံး ပိုင်းဖြတ်မျဉ်းတော့ ရှိရမယ်တဲ့။ ဘယ်လိုအခက်အခဲတွေ့တွေ့ အဲသည် ပိုင်းဖြတ်မျဉ်းအောက်တော့ ပြန်မဆင်းသင့်ဘူး” လို့ ပြောခဲ့တာကို မှတ်သားခဲ့ရဘူးပါတယ်။

အဲဒီ နိုင်ငံရေးသမားကြီး ပြောတဲ့အချက်တွေဟာ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်တတ်တာက နိုင်ငံရေးရေချိန်အမြင့်မှာ ကိုယ့်ဟာကိုယ် ဘယ်လောက် ခံနိုင်ရည်ရှိသလဲ မတွေးတော၊ မဆန်းစစ်ဘဲ အတင်းစွတ်တင်တော့ ရေရှည်မှာ ဒုက္ခမျိုးစုံ ကြုံလာတဲ့အခါ မခံနိုင်တော့ဘူး၊ ယုံကြည်ချက်ကို ပစ်ချပြီး ထွက်သွားတယ် ဆိုတာမျိုးတွေက ဖြစ်တတ်လွန်းလို့ပါ။ နယ်စပ်မှာမှ မဟုတ်။ နေရာအနှံ့မှာ ဖြစ်ပျက်နေတာပါ။

တခါတလေကျတော့လည်း ယုံကြည်ချက်ကြောင့်ဆိုတာထက် ဖြတ်လမ်းကနေ သူရဲကောင်းဖြစ်ချင်တာမျိုး၊ ပေါ်ပြူလာဖြစ်ချင်တာမျိုးတွေကြောင့် ဟုန်းကနဲ ထတောက်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါမျိုးက ရေရှည်မခံဘူး။ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အကြောင်းအမျိုးမျိုးပြပြီး ဘေးထွက် ထိုင်သွားကြတာချည်းပါပဲ။

ပြည်တွင်းမှာ ဒုက္ခမျိုးစုံနဲ့ ဖိနှိပ်မှုဒဏ်ကို အံတုရင်း၊ နယ်စပ်မှာ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ယုံကြည်ချက်အတွက် ဆက်လက်တိုက်ပွဲဝင်နေသူအားလုံးကို အထူးလေးစားပါတယ်။ နောက်ပြီး တတိယနိုင်ငံရောက်သော်လည်း ကမ္ဘာအနှံ့အပြားကနေ နယ်စပ်နဲ့ ပြည်တွင်းကို နည်းမျိုးစုံနဲ့ ကူညီထောက်ပံ့နေကြဆဲ သူတွေကိုလည်း လေးစားပါတယ်။ ဒါလောက်ပါပဲ။

အောင်အောင် said...
This comment has been removed by the author.
Anon........ said...

Indoctrination works.

Beliefs can only be rooted deep in the young mind of those who were indoctrinated in any doctrine: Marxism, Radical Islam, Christian, Liberalism, at early age, earlier the better. So like it or not, any fighting force will need an appropriate doctrine.

Resolution came from reinforced beliefs that one is fighting for a right cause, and it has to be done.

So in any religion, any "-ism" that want to survive the test of time and events must have a built-in indoctrination mechanism. Look at Church choirs, Sunday schools, Madarassa are such mechanisms. Even the drill, war cries of soldiers not only instill discipline but they are in fact indoctrination camps, the armies want to make their men believe they are elite fighting force, an invincible army. A thinking army made of free will men is a good and romantic idea but it may not be able to fight an indoctrinated force, at least in the short run.

Thet Oo said...

ဆရာမောင်စွမ်းရည် ပြောသလို အကြမ်းပဲဖက်ဖက်၊ အနုပဲဖက်ဖက် ဘယ်နေရာရောက်ရောက် တခုခုတော့ ဖက်နေသင့်ပါတယ် ဆိုတာကို ကျနော်တော့ သဘောကျတယ်။

ခင်မင်းဇော် said...

ကိုအောင်သာငယ်… ခေါင်းဆောင်ကောင်းမရှိလို့ ဆိုတဲ့ အကြောင်းပြချက်က တကယ့်ကို တွေးစရာပါပဲ။ ဆက်ပြီးတွေးမယ်ဆိုရင် ကိုယ်တိုင်ရော ခေါင်းဆောင်ဖြစ်အောင် ကြိုးစားလို့ မရဘူးလား..။ ကိုယ်တိုင်လဲ တပ်ရင်းမှုးတာဝန်ယူခဲ့တာ မို့ ခေါင်းဆောင်တော့ ခေါ်နိုင်တာပဲ မဟုတ်လားးးးးလို့။ တွေးမိတာပါ။

မောင်လေးအောင်ဆွေ..
အသက် ငယ်ငယ်မှာ ကိုယ့်အဖွဲ့က ၀ိုင်းပြီး အနိုင်ကျင့်လို့ ဆိုတော့… အဲဒီကာလတွေက လက်နက်ကိုင်တဲ့ ကျောင်းသားနာမည်အခြေခံထားတဲ့ အဖွဲ့အစည်းတွေမှာ ကျောင်းသားတပ်မတော်ရှိမယ်။ လူ့ဘောင်သစ်ပါတီ ရှိမယ်။ လွတ်မြောက်နယ်မြေ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိမယ်။ ဘယ်အဖွဲ့ဆိုတာကိုတော့ ရှင်းရှင်းရေးသင့်တယ် ထင်တာပဲလေ။ တော်ကြာ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်ဦးမယ်။ ကိုယ်က တကယ့်အခြေအနေကို ပြောပြီဆိုရင်တော့ အဖွဲ့အစည်းကိုလဲ သေချာပြောပြသင့်တယ်။

ကိုပေါ…ဟုတ်ပါတယ် ကျမပြောချင်တာကလဲ ယုံကြည်ချက်ကို ပစ်ချထားခဲ့တဲ့ အဖြစ်မျိုးတွေကိုပဲ ဆိုလိုချင်တာပါ။

ကိုသက်ဦး…
ဘယ်နေရာရောက်ရောက် တခုခုကို လက်တွေ့ကျကျ ဖက်နေဖို့ဆိုတာတော့ ကျမလက်ခံပါတယ်။ လက်တွေ့လဲ ကျင့်သုံးပါတယ်။

ကောမန့်ရေးကြတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ ကျမကိုယ်တိုင် သိချင်တဲ့ မရှင်းတဲ့ အတွေးတွေကို တတ်နိုင်သလောက် ၀င်ရောက်ပြောပြကြတဲ့အတွက် ကျေးဇူးအထူးပါ။

အောင်အောင် said...
This comment has been removed by the author.
အောင်အောင် said...
This comment has been removed by the author.
Nge Naing said...

“သားသမီးတွေ ရှေ့ရေးကြောင့်ဆိုတဲ့ လူတွေ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီနယ်က ထွက်ရတာလို့ သူများအပြစ်လွှဲချပြီး ထွက်သွားကြသူတွေ။ အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။ အော် …. တိုက်ပွဲကို သူတို့ ဘယ်လိုနားလည်သလဲ။ အနှစ် ၂၀ ရှိပြီ ဘာမှမဖြစ်သေးဘူး လို့ ပြောနေသူတွေ။ သူတို့ရော အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ခဲ့ဘူးသလဲ …”

အစ်မ
ဒီိပို့စ်ကို ဖတ်ချင်လို့ ကျွန်မအရင်နေ့က ၀င်တော့ အင်တာနက်ပြုတ်ကျသွားတာနဲ့ မဖတ်လိုက်ရဘူး အခုမှ ပြန်လာဖတ်ဖြစ်တယ်။ အခုတလော ဆရာမ မေငြိမ်းဘလော့ဂ်၊ ကိုအောင်သာငယ် ဘလော့ဂ် အပါအ၀င် တခြားဘလော့ဂ်တော်တော်များများကိုလည်း ၀င်တာနဲ့ အင်တာနက်က ပြုတ်ကျတာပဲ ကျွန်မအင်တာနက် သိပ်မကောင်းလို့ ဖြစ်မယ်ထင်တယ်။ အစ်မရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ဆရာဦးတင့်ဇော်အကြောင်းကိုတော့ အကုန်လုံး မဖတ်ဖြစ်လိုက်ဘူး အဲဒီအကြောင်းတွေကို လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်ခုနီးပါးကနေ အခုထိ လူချင်းရော သူရေးတဲ့ ဆောင်းပါးတွေ၊ သူနဲ့အင်တာဗျူးလုပ်တဲ့ မီဒီယာတွေကတဆင့်ပါ သိပြီးသား၊ ပြီးတော့ အန်ကယ်က ကျွန်မအမျိုးသားနဲ့ကလည်း မြန်မာသံစဉ်သီးချင်းတွေကို ဒီမှာအတူတူ စန္ဒယားလေးနဲ့ ငြီးနေကျ ဆိုတော့ ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးနေပြီးသားဖြစ်လို့ အစ်မရေးထားတာကို အကုန်မဖတ်ဖြစ်ပေမယ့် အန်ကယ်ဦးတင့်ဇော်တို့ရဲ့ စွန့်စားမှု အကြောင်းကို သိနေပါပြီ။ ကျွန်မတို့ကတော့ ခေါင်းဆောင်ကြောင့်၊ ဘာပြဿနာကြောင့် ဆိုတာထက် လက်နက်ကိုင်တော်လှန်ရေးကို ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိ လုပ်ခဲ့တယ်။ ABSDF တာဝန်နဲ့ ရှေ့တန်းစစ်မြေပြင်က ကျည်ဆံတွေကြားမှာ ဒါဏ်ရာရ ရဲဘော်တွေရဲ့ အသက်ကို လုယူခဲ့၊ နယ်စပ် စခန်းတွေမှာ ငှက်ပျောအူနဲ့ ငပိရည်ပဲ စားပြီး တိုက်ပွဲအတွက် ပြင်ဆင်တဲ့ သင်တန်းတွေ တက်ခဲ့ရတာ၊ ကျေးလက်ဒေသက ကျန်းမာရေးချို့တဲ့ နေတဲ့ လူထုကို ဆေးဝါးကုသပေးခဲ့ရာကနေ ကနေဒါနိုင်ငံ ဗန်ဂူးဝါး မြို့မှာ လုပ်ခဲ့တဲ့ အာရှကျောင်းသားများ သမဂ္ဂညီလာခံ သွားတက်တဲ့အထိ မကဒတ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ လုပ်ခဲ့ဖူးပါတယ်။ ထားလိုက်တော့ ဒါတွေ၊ ကျွန်မ ဆိုလိုချင်တာက မကဒတဟာ ကျွန်မတို့ လုပ်ခဲ့တုန်းက အစ်မတို့ ရောက်လာတဲ့အခါမှာ လို ရေကန်အသင့်၊ ကြာအသင့် မဟုတ်ဘူးဆိုတာနဲ့ မကဒတရဲ့ တာဝန်ကို အတွင်းအပြင် အကုန်လုံး လုပ်ဖူးတယ်ဆိုတာပါပဲ။ အပေါ်က အစ်မပြောတဲ့ တတိယနိုင်ငံကို ထွက်တဲ့သူတွေရဲ့ အကြာင်းအရင်းမှာ ပြည်သူလူထုအတွက် ကိုယ်ဘာလုပ်နိုင်လဲ ဆိုတဲ့ ခံယူချက်ကတော့ တယောက်နဲ့တယောက် တူမယ်မထင်ဘူး ကိုယ်နဲ့ အမြင်ထပ်တူမကျတိုင်း တဖက်စောင်းနင်း မြင်လို့လည်း သဘာဝမကျပါဘူး။ အစ်မရဲ့ အမြင်တွေက ၈၈ ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ခန့်ကအထိတော့ ကျွန်မအမြင်နဲ့ ထပ်တူကျပါတယ်။ ဒါပေမယ့် ကျွန်က အဲဒီတုန်းက နိုင်ငံခြားထွက်ခဲ့တဲ့ သူတွေကို အဖွဲ့အစည်းအကျိုးကို မကြည့်ပဲ ကိုယ်လွတ်ရုန်းသွားတဲ့ သူတွေအဖြစ်ပဲ မြင်ခဲ့တယ်။ နိုင်ငံခြားတိုင်းပြည်မှာ လက်နက်သွားချတယ်ဆိုတဲ့ အသုံးအနှုံးကတော့ ဘယ်တုန်းကမှ မထင်ခဲ့ မသုံးခဲ့ဖူးပါဘူး။ အသက်ပေးပြီး မသေလို့ ကျန်ခဲ့တဲ့ သူတွေကို သိပ်ကို စော်ကားရာရောက်နေတယ်များ ထင်လို့ အစ်မကို ပြန်လည်သုံးသပ်ဖို့ အကြံပြုရတာပါ။ အမှားပါရင်လည်း ပြန်ဆွေးနွေးနိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်တွေကို လက်ခံတဲ့ ကျင့်စဉ်ပါအစ်မ။
စစ်အဏာရှင်ကို တော်လှန်နေသူ အားလုံးကို လေးစား ဂုဏ်ပြုလျက်ပါ။
With regard
ငယ်နိုင်

ခင်မင်းဇော် said...

မငယ်နိုင်…
မငယ်နိုင်တို့ တိုက်ပွဲဝင်ခဲ့မှုကို လေးစားပါတယ်။ ကျမက ခုလဲ အေဘီအဖွဲ့ဝင်မဟုတ်ပါဘူး။ နောက် ကျမ နယ်စပ်ရောက်လာချိန်မှာ အေဘီမှာ တာဝန်ထမ်းဆောင်တဲ့ ကျမအမျိုးသားက လဲ ဘာမှ မထောက်ပံ့ပေးနိုင်ခဲ့ပါဘူး။ အေဘီက မဟုတ်တဲ့ ကျမနဲ့ အထဲကတည်းက လုပ်ဖော်ကိုင်ဖက် တဦးအိမ်မှာ တနှစ်ခွဲလောက်နေပြီး ဘ၀ကို အသစ်က နေ စခဲ့ရတာပါ။ ကျမသားကိုလဲ တချိန်က ကူညီဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ကပဲ ကျောင်းထားပေးခဲ့ပါတယ်။ ကျမ အလုပ်ရဖို့ကိုလဲ ဘယ်အဖွဲ့အစည်းရဲ့ အရှိန်အ၀ါကိုမှ မယူခဲ့ရပါဘူး။ အပုဒ်စားနဲ့ ရိုက်ကူးပြီး သတင်းပို့ချိန်တုန်းက ၃ လအတွင်းမှာ ကျမပို့တဲ့ ၁၅ ပုဒ်ကို တပုဒ်မှ မသုံးတဲ့ထိလဲ ကြုံဖူးပါတယ်။ ဒါပေမယ့် ကျမဒီအလုပ်ကို ဇွဲရှိရှိနဲ့ လုပ်ခဲ့လို့ ဒီအခြေအနေကို ရောက်ရှိတာပါ။ ကျမ ဆိုလိုချင်တာက ကျမရောက်ချိန်မှာ ရေကန်အသင့် ကြာအသင့်ဘ၀မဟုတ်ဘူးဆိုတာ ပါ။

ကျမ ဒီပို့စ်ကိုရေးတာမှာ တွေးတဲ့ အတိုင်းရေးပါတယ်လို့ ၀န်ခံထားပါတယ်။ ဘာလို့ဆို ကျမက ယုံကြည်ချက်ဆိုတာကို အသက်နဲ့ လဲပြီး ထိန်းရမယ်လို့ ခံယူထားသူပါ။ ကျမထက်တောင် ယုံကြည်ချက်ပြင်းထန်လို့ စိတ်ဓါတ်မာကျောလို့ တောခို ခဲ့ကြတဲ့ လူတွေက ဘာလို့ဒီယုံကြည်ချက်တွေကို ပစ်ချသွားရတာလဲ ဆိုတာ တကယ်ပဲ သိချင်ပါတယ်။ အဲဒီယုံကြည်ချက်ကို ပစ်သွားတဲ့ ထဲမှာ ကျမနဲ့ ခင်တဲ့ ကိုမိုးသီးဇွန်တို့လို ခေါင်းဆောင်လုပ်သူတွေတောင် ပါတယ် မဟုတ်လား။ အကြောင်းကြောင်းကြောင့် ( ထိုင်းရဲ့ ဖိအားတွေကြောင့်) ထွက်သွားခဲ့ရတယ် ဆိုသူတွေကလဲ တကယ့်ကို ယုံကြည်ချက်ရှိနေသေးရင် ၁၀ နှစ် ၁၅ နှစ်အကြာမှာ ဒီနအဖကို တော်လှန်ဖို့ တခုခု ပြန်မလုပ်သင့်ဘူးလား။ အဲလို ပြန်လုပ်သူတွေက လက်ချိုးရေရင် လက်တဖက်လောက်ပဲ ရပါတယ်။ အနည်းဆုံး တတိယနိုင်ငံက အထူးနေ့တွေမှာ သံရုံးရှေ့သွားအော်တဲ့ အလုပ်မျိုးကိုတောင် မလုပ်တော့တဲ့ လူတွေလဲ အများကြီးပဲမဟုတ်လား။ နိုင်ငံခြားမှာ လက်နက်ချသွားတယ်ဆိုတာကတော့ ခုပဲ ကြည့်လေ နိုင်ငံခြားကို အဖွဲ့အစည်းရဲ့ ကိုယ်စားပြုနဲ့ ပညာတော်သင်ရောက်ခဲ့သူတွေက၂၀၁၀ကို ၀င်ဖို့အော်နေတာ လက်နက်ချတာပဲ မဟုတ်လား။ အသက်ပေးခဲ့ပြီး အသက်မသေခဲ့ပေမယ့် ယုံကြည်ချက် သေသွားသူတွေကိုတော့ ဒီပို့စ်ကနေ မေးမှဖြစ်မယ်ထင်ပါတယ်။ ဒါဟာ စော်ကားတာ ဖြစ်မယ် မထင်ပါ။ အနုအကြမ်း တခုခုကို ဖက်နေသေးတယ်ဆိုရင် ကျမ ထောက်ခံတယ်လို့တောင် ကိုသက်ဦးကောမန့်ကို ပြန်ထားပါသေးတယ်။
ခင်မင်စွာဖြင့်
ခင်မင်းဇော်

JulyDream said...

ကျွန်းအကြောင်း အသေးစိတ် သိချင်သေးတယ်။ အချိန်ရလို့ ရေးဖြစ်ရင် ဖတ်ချင်မိတယ် ခင်ဗျာ။

Thway Ni said...

ဒီပို့စ်ကကွန်မန့်တွေကိုဖတ်ပြီး ကျနော့်စိတ်ထဲရှိတာလေး ၀င်ပြောပါရစေ ။

တကယ်တော့ ကျွန်းတိုက်ပွဲမှာပါဝင်ခဲ့ကြသူတွေအားလုံးရဲ့လုပ်ရပ်မှာ အတုယူစရာတွေပါ ။ ပထမအချက်က ထောင်ကျွန်းကြီးတခုလုံးဆိုတဲ့ စနစ်တခုလုံးကို ပပျောက်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပြီး ပထမသုတ် ၊ ဒုတိယသုတ် ၊ တတိယသုတ် .. နောက် ဘယ်သူက ဘယ်အသုတ်မှာပါမယ် .. စတာတွေကို တကယ်ကို စနစ်တကျစီစဉ်ပြီးမှ ဆောင်ရွက်ခဲ့တာကို အတုယူနိုင်ပါတယ် ။ ဒုတိယအချက်ကတော့ အဲဒီအစာငတ်ခံတဲ့ပွဲမှာ နှုတ်ထွက်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်း ခုချိန်ထိ ဦးတင့်ဇော်က ထွေထွေထူးထူးမပြောခဲ့ဖူး ။ အဲဒီလူကိုယ်တိုင်က သူ့ကို ဘယ်သူကမှတွန်းအားမပေးဘဲ သူ့ဘာသာ နောင်တရခဲ့တယ်ဆိုတာ ။ လူတယောက်ဟာ ကိုယ့်လုပ်ရပ်အပေါ် မှားတယ် မှန်တယ်ဆိုတာ ကိုယ့်ဘာသာစမ်းစစ်သင့်ပါတယ် ။ ဘေးလူတွေကလည်း တခြားလူလုပ်ရပ်ကို မှားတယ် မှန်တယ်လို့ ပြောလိုက်တာထက် ကိုယ်ဖြစ်သင့်တယ်ထင်တာကို လက်တွေ့နဲ့နမူနာပြလိုက်တာမျိုးက ပိုကောင်းမယ်ထင်ပါတယ် ။ တတိယအချက်ကတော့ မငယ်နိုင်ကိုပြန်ပြောထားတဲ့ မခင်မင်းဇော်ရဲ့ ကွန်မန့်ထဲကလို မခင်မင်းဇော် ဒီပို့စ်ကိုရေးတာ "ကျမထက်တောင် ယုံကြည်ချက်ပြင်းထန်လို့ စိတ်ဓါတ်မာကျောလို့ တောခို ခဲ့ကြတဲ့ လူတွေက ဘာလို့ဒီယုံကြည်ချက်တွေကို ပစ်ချသွားရတာလဲ ဆိုတာ တကယ်ပဲ သိချင်ပါတယ်။" ဆိုတာပါပဲ .. ဒီပို့စ်ရဲ့ရည်ရွယ်ချက်ဟာ တကယ်သိချင်လို့ဆိုပေမယ့် တခါတလေကျ သုံးလိုက်တဲ့စကားလုံးတွေက အခန့်မသင့်ရင် အထင်လွဲနိုင်တယ်လို့ မြင်ပါတယ် ။

ကျနော့်အမြင်ကို ပြောရရင်တော့ .. ခုလိုပို့စ်ကိုသုံးပြီး ကိုအောင်သာငယ် နဲ့ ကိုအောင်ဆွေတို့ပြောပြသွားတဲ့ အဖွဲ့အစည်းတွေက မဟုတ်တာလုပ်နေတဲ့လူတွေကို ဘယ်လိုဖော်ထုတ် ဖယ်ရှားနိုင်အောင်လုပ်မယ်ဆိုတာကို ၀ိုင်းစဉ်းစားဆွေးနွေးသင့်တယ်လို့ မြင်ပါတယ် ။ တကယ်တော့ ဦးတင့်ဆွေတို့တုန်းကလည်း စနစ်ကြီးတခုကို အရှုံးပေးလိုက်တာထက် ဘယ်လိုတိုက်ထုတ်မယ်ဆိုတာ စဉ်းစားပြီး စနစ်ကျကျလုပ်ခဲ့လို့ အောင်မြင်ခဲ့တာပါ ။ အခြေအနေ အတိမ်အနက်က မတူဘူးလို့တော့ ပြောစရာ ရှိပါတယ် ။ ဒါပေမယ့် အတိုင်းအတာတခုအထိ အဲဒီအဖြစ်အပျက်ကို ကျနော်တို့ နမူနာယူပြီး တခုခုလုပ်နိုင်ရင် သိပ်ကောင်းမယ်ထင်တယ် ။ အဲလိုလုပ်ဖို့ အပြောလွယ်ပြီး လက်တွေ့ခက်တယ်လို့ ပြောမယ်ဆိုလည်း ပြောတာကတော့ ပြောနိုင်ပါတယ် ။ အဲလိုဆို ကျနော်တို့ ပြောနေတာတွေနဲ့ပဲ အဆုံးသတ်နေရတော့မယ်ထင်တယ် ။

ဆရာမောင်စွမ်းရည်ပြောခဲ့တဲ့ "အကြမ်းပဲဖက်ဖက်၊ အနုပဲဖက်ဖက် ဘယ်နေရာရောက်ရောက် တခုခုတော့ ဖက်နေသင့်ပါတယ်" ဆိုတာလေးကိုလည်း ကျနော်မှတ်သားသွားပါတယ် ။ အဲဒါလေးကို ၀င်ပြောပြခဲ့တဲ့ ကိုသက်ဦးကို ကျေးဇူးတင်ပါတယ် ။

ဦးဂင်ကြီး said...

ဆရာဦးတင့်ဇော်နဲ့တွေ့ရတဲ့အခါမေးဖြစ်တာလေးတွေရေးထားတယ်နော် ဆရာရှင်းပြထားတာလေးတွေ ဖတ်ရတာ ကောင်းတယ်ဗျာ အရင်ကလဲ ဆရာဒီအကြောင်းတွေ ဒေါင်းအိုးဝေမှာ အခန်းဆက်ရေးခဲပါတယ်။ ကျနော်လည်း ခင်မင်စွာနဲ့ဝေဖန်ရမယ်လေဗျာနော တတိယနိုင်ငံမှာ ရောက်နေတဲ့သူတဦးမို့ရေးတာတော့မဟုတ်ဘူး သုံးသတ်ထားတာစည်းရုံးရေးမဲ့နေတယ်ဗျ တတိယနိုင်ငံကိုထွက်တဲ့သူတွေဟာ တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေဆိုတာမရေးသင့်ဘူး ခင်ဗျားရေးသလိုသာတွေးကြည့်ရင် ဆရာဦးတင့်ဇော်ပါအဲ့ဒီလိုဖြစ်နေလိမ့်မယ် ဆရာလည်းအသက်နဲ့အခြေအနေအရ တတိယနိုင်ငံမှာနေရတာမလား ကျနော်တို့လဲတော်လှန်ရေးမှာ မသေလို့ကျန်တာပါ မတတ်သာလို့ဒီလိုရေးရတာပါ မခင်မင်းဇော်အလုပ်လုပ်နေတဲ့ ဒီဗွီဘီိ သတင်းဌာနဆိုတာ ဒီမိုကရေစီသတင်းဌာနပဲလေ တတိယနိုင်ငံမှာပဲဖွင့်ထားရတာမလား သူတို့လုပ်နိုင်တာလုပ်နေကြတာပဲလေ မခင်မင်းဇော်လဲလုပ်သင့်တယ် လုပ်နိုင်တယ်ထင်လို့လုပ်နေတာမလား ထိုင်းနယ်စပ်မှာနေမှတော်လှန်ရေးလုပ်မဲ့သူ စစ်အုပ်စုကိုစည်းပြတ်တဲ့သူလိုဆိုသလိုဖြစ်နေလို့ပါ ဘယ်အရပ်ဘယ်နေရာရောက်ရောက် မြန်မာပြည်က အဖိနှိပ်ခံလူထုအတွက် မမေ့မလျောရှိနေတဲ့သူမှန်သမျှ ကျနော်တို့အင်အားပဲ ဒီလိုစည်းရုံးရေးမဲ့တဲ့ရေးဟန်ကို အပြုသဘောဝေဖန်လိုက်တာပါ ခင်မင်စွာနဲ့ပါ သူ့အဆင့်နေရာနဲ့သူလုပ်နိုင်သလောက်လုပ်ကြတာပဲဗျာ

Unknown said...

ကျနော်က မခင်မင်းဇော်ဘလော့ကို အမြဲဖတ်သူတဦးပါ။ ကျနော့်ကိုယ်ကို အရင် မိတ်ဆက်ပါရစေ။ ကျနော်ဟာ မကဒတ (ABSDF) မဖွဲ့စည်းခင်ကတည်းက နယ်စပ်ကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ရောက်နေခဲ့တဲ့ လူငယ်တဦးပါ။ အေဘီ ဖွဲ့တော့ ဗဟိုကော်မတီဝင်တွေ အရမ်းမုန်းတဲ့ သေဘောဘိုး စခန်းရဲ့ အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပါတယ်။ နောက်တော့ တိုက်ပွဲမှာ ဒဏ်ရာရတယ်။ ကျနော့လိုပဲ ဒဏ်ရာရလို့ ကိုယ်လက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအများကြီးပါ။ အဖွဲ့အစည်းကကို တာဝန်မယူနိုင်တော့လို့ ယူအန်လျှောက်ပြီး တတိယနိုင်ငံကို ထွက်လာခဲ့ကြသူတွေထဲမှာ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ စွန့်လွှတ်ခဲ့တာက အေဘီကိုပါ။ အချောင်သမားတွေ ခေါင်းဆောင်နေရာတက်ယူပြီး အဖွဲ့အစည်းမှာ ဒီမိုကရေစီ ဆိုတာကို အကြောင်းပြပြီး လက်တွေ့မှာတော့ အာဏာရှင်စနစ်ကျင့်သုံးနေတာကို မကြည့်နိုင်လို့ ပေါ်လာတဲ့ တော်လှန်ကော်မတီ ဆိုတာထဲလည်း ကျနော် ပါခဲ့ဖူးပါတယ်။ အေဘီ အကြောင်းကို ပြောရရင် သေနတ်ထမ်းပြီး ပြောရမှာပါ။ စည်းရုံးရေး ပျက်ပြားမှုကို မလိုချင်လို့ ဒီအကြောင်းတွေကို ကျနော်တို့ မပြောတာပါ။ ဒါပေမယ့် ကချင်ကိစ္စ၊ ဘုရားသုံးဆူမှာ ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စ၊ အေဘီ ၂ ဖွဲ့ ကွဲချိန်မှာ နော်တခံစစ်ကြောင်းက ရဲဘော် ၃ ဦး အသတ်ခံရတဲ့ ကိစ္စ၊ ရဲဘော်ဇော်ထွန်း မာနယ်ပလောနဲ့ မဲဆောက်အကြား ပျောက်သွားတဲ့ကိစ္စအဲလို ကိစ္စတွေကို ဘယ်အေဘီခေါင်းဆောင်က တာဝန်ယူပါသလဲ။ ဆက်ပြောရရင် ကိုအောင်သာငယ် (ကိုအောင်ခိုင်)ဆိုတာ အဲဒီအချိန်တုန်းက သေဘောဘိုးစခန်းရဲ့ ဒုဥက္ကဌ ဖြစ်သလို တပ်ရင်း (၂၀၄)ရဲ့ တပ်ရင်းမှူးပါ။ သူ့ကို တပ်ရင်းမှူး ညီလာခံမှာ ဗဟိုကော်မတီနဲ့ကွဲလွဲလို့ စစ်ဦးစီးချုပ်ထွန်းဦးနဲ့ ကွဲလွဲလို့ မာနယ်ပလောမှာ လူမသိအောင် တိတ်တိတ်ကလေး သေနတ်နဲ့ ချိန် ဖမ်းခဲ့တာ ဘယ်သူတွေသိသလဲ။ သူနဲ့အတူ စခန်းအတွင်းရေးမှူး ကိုအောင်ကျော်မြင့်ပါ အဖမ်းခံခဲ့ရတာပါ။ ဗဟိုနဲ့ ကွဲလွဲရင် ဖမ်းရရောလား။ သူတို့ကို ဖမ်းတဲ့အချိန်မှာ ၂၀၄ တပ်ရင်းက ရဲဘော်တွေဟာ သံလွင်စခန်း (၂၀၉)မှာ စစ်ကြောင်းဆင်းဖို့အတွက် ရောက်နေတာပါ။ ဒီရဲဘော်တွေကို ဗဟို အမိန့်နဲ့ ဘယ်မှ ပေးမသွားဘူး။ ဒီလိုမျိုး ကလိန်ကကျစ်လုပ်နေတဲ့ ဗဟိုကော်မတီကို ကျနော်တို့က ဘယ်လို ယုံကြည်ရမလဲ။ ထားပါတော့ဗျာ။ တနေ့မှာ သမိုင်းမှာ ပြန်ရှင်းရမယ့် ကိစ္စတွေပါ။ ဒါပေမယ့် ခု ကျနော် ပြောချင်တာကတော့ ကျနော်တို့ဟာ အကြောင်းကြောင်းတွေကြောင့် မမှန်ကန်တဲ့ ခေါင်းဆောင်မှုကို မဖယ်ရှားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ အေဘီလည်း ၂ ဖွဲ့ကွဲခဲ့တာပါပဲ။ အဲသည်မှာ ခံရတာ အသက်ပေးရတာတွေက အောက်ခြေရဲဘော်တွေပါ။ ကိုမိုးသီးဆိုက်ကို ထွက်လာတဲ့ ရဲဘော် ၃ ယောက်ကို ကိုနိုင်အောင်ဆိုက်က ထွန်းထွန်း (ဒသ) က ကရင်ကို ထွက်ပြေးတယ်ပြောပြီး တိုင်လိုက်လို့ အသတ်ခံခဲ့ရတဲ့ ရဲဘော် ၃ ယောက် နံမည်ကို ကျနော်တို့ ဘယ်တော့မှ မမေ့ပါဘူး။ တကယ်တော့ ခေါင်းဆောင်တွေဟာ ဘာမှ ခံစားရတာ မဟုတ်ပါဘူး။ သူတို့က စံစားနေတာ။ ကျနော်တို့လို ရဲဘော်တွေသာ ခံစားကြရတာ။ ဒါကြောင့် အေဘီကို ကျနော်တို့ စွန့်ခွာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ ကျနော်တို့ တတ်နိုင်တာတွေ လုပ်နေသေးတယ်။ ပြီးတော့ ပြောရရင်ဗျာ ကိုဆလိုင်းယောအောင် အမေရိက လာတုန်းကလည်း ကျနော်တို့တွေ တတ်နိုင်သလောက် အေဘီအတွက် ငွေတွေ ထည့်ပေးလိုက်ပါသေးတယ်။ ဒါပေမယ့် တတိယနိုင်ငံတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေခဲ့ရတဲ့ အေဘီအဖွဲ့ဝင် ဟောင်းတွေ လှူတဲ့ငွေကိုတော့ လက်ခံပြီး ဒီလူတွေကို စော်ကားနေသလိုမျိုး ရေးနေတာကတော့ မဟုတ်သေးဘူးထင်တယ်။ ကျနော် အကြံပေးချင်တာကတော့ တစုံတယောက်ကို ရည်ရွယ်ရင်လည်း တခြားတနည်းနဲ့ ရေးပါဗျာ။ ခုကတော့ အားလုံးကို ပတ်ရမ်းနေသလို ဖြစ်နေလို့ပါ။
နောက်တခု ပြောရရင် ဦးတင့်ဇော် ကိုယ်တိုင်က သူ့သမီးတွေကိုတော့ အင်္ဂလန်မှာ ကျောင်းထားပြီး သူလည်း အော်စီမှာ နေနေတ မဟုတ်ဘူးလားဗျ။ သူကရော ဘာတွေ စွန့်လွှတ်နေခဲ့လို့လဲ။ ကျွန်းတိုက်ပွဲမှာ ပါတာတခုထဲပါပဲ။ သူကိုယ်တိုင်တောင် PDF ကို စွန့်ခွာသွားခဲ့တာကိုရော မခင်မင်းဇော်က ဘာကြောင့်လဲလို့ နောက်တခါကြုံရင် သူ့ကို မေးကြည့်ပါလား။ လက်နက်ကိုင်တော်လှန်ရေးအတွက် ဖွဲ့စည်းထားတဲ့ PDF ရဲ့ နိုင်ငံရေးတာဝန်ခံကြီး ဆရာ ဦးတင့်ဇော် (ခေါ်) ဆရာဦးလှဖေကတော့ တတိယနိုင်ငံမှာ လက်နက်ချသွားတာ မဟုတ်ဘူးပေါ့။ အဲလိုလား။ ကျနော်ကတော့ ကွန်မန့်တွေ ဘယ်မှာမှ မရေးပါဘူး.။ အခုက သိပ်ပြီးတော့ မဟုတ်ဘူးထင်လို့ ၀င်ရေးတာပါ။ မခင်မင်းဇော် ပြန်ရးမယ့် ကွန်မန့်ကိုလည်း စောင့်ဖတ်ပြီး ကျနော် ပြန်ရးပါဦးမယ်။

Nge Naing said...

အစ်မ
အစ်မ ပြန်ဆွေးနွေးပေးတာ သိပ်ကျေးဇူးတင်ပါတယ်။ အစ်မကို ကျွန်မက DVB မှာ အဖွဲ့စည်းက စေလွှတ်တဲ့ အဖွဲ့ဝင်တယောက်ထင်ခဲ့တာပါ။ အစ်မက ABSDF မှာ တပ်ဖွဲပ၀င်တယောက် မဟုတ်ဘူးဆိုတော့ အရင်ပေးတဲ့ မှတ်ချက်က တချို့နေရာမှာ ကွာဟမှု ရှိနေနိုင်တာကို ကျွန်မတောင်းပန်ပါတယ်။ အခု တပ်ဖွဲ့ဝင်တယောက်ရဲ့ ပါရမီဖြည့်ဖက် တယောက်လို သဘောထားပြီး ပြန်ဆွေးနွေးရရင် ကျွန်မတို့က အစ်မထက် ပိုပြီးစိတ်ဓါတ်ရှိလို့ တောခိုခဲ့တယ်ဆိုတာ ဟုတ်ချင်လည်း ဟုတ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိတပ်ဖွဲ့ဝင်တယောက်ရဲ့ ပါရမီဖြည့်ဖက်တယောက်အနေနဲ့ အပြင်ရောက်သွားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေအပေါ် မေးခွန်းထုတ်စရာရှိနေတာတွေ၊ အားမလိုအားမရ ဖြစ်နေတာတွေကို ကြည့်ခြင်းဖြင့် အစ်မက အခုလောလောဆယ် အခြေအနေမှာ ကျွန်မတို့ထက် ပိုပြီး စိတ်ဓါတ်ပိုရှိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အစ်မက အမျိုးသားနောက်ကို လိုက်လာပြီး အစ်မတို့မှာ သားလေးတယောက် မရှိခဲ့ဘူးဆိုရင် အစ်မအခုလို အပြင်မှာ အလုပ်ထွက်ရှာဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုရင် အစ်မငြင်းလို့ ရမယ်မထင်ဘူး။ အမျိုးသားနောက်ကို လိုက်လာတဲ့ အမျိုးသမီးတွေ သူတို့ အမျိုးသားတွေနဲ့အတူ တော်လှန်ရေးကို အတူတကွ ဖြတ်သန်းသွားကြတာ မကဒတ တပ်ရင်းတိုင်းလိုလိုမှာ အများကြီး ရှိခဲ့ပါတယ်။ အစ်မက အဲဒီလို အမျိုးသမီးတွေလို ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲဆိုတာ အစ်မပြန်ဖြေနိုင်ရင် ကျွန်တို့ ထွက်သွားတဲ့ အကြောင်းအရင်းပေါင်း မြောက်များစွာထဲက တခုရဲ့ အဖြေကို အစ်မရထားပြီးသား ဖြစ်ပါလိမ့်မယ်။ အပြင်ရောက်သွားတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ အဲဒီအကြောင်းအမျိုးမျိုး ဆိုတာတွေက အပေါ်က ရဲဘော်တွေ ပြောသွားတာ အပါအ၀င် လက်ရှိ ခေတ်ရေစီးကြောင်းမှာ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရှိရှိသမျှ အခက်အခဲ အားလုံးကို ဆိုလိုပါတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဒဏ်မခံနိုင်လို့ ထွက်သွားတယ်ဆိုတာ ကျွန်မကတော့ ၀န်ခံပါတယ်။ အဲဒီမခံနိုင်တဲ့ ဒဏ်တွေထဲမှာ သေနဂဗျူဟာ၊ ထိုးစစ်၊ သေနဂဗျူဟာ ခံစစ်နဲ့ ရန်သူ့လက်နက်ကို ကိုယ့်လက်နက် ဖြစ်အောင်လုပ်ကာ တိုက်ပွဲဝင်ပြီး အောင်ပွဲဆင်မယ် ဆိုတဲ့ စစ်ရေးလမ်းစဉ်ကို ဆွဲခဲ့တဲ့ သူတွေကိုယ်တိုင်တောင် ကျွန်မတို့ထက် အရင်စောပြီး သူတို့ဆွဲတဲ့လမ်းစဉ်ကို သူတို့စွန့်သွားခဲ့ကြတာလည်းပါပါတယ်။ ထားလိုက်တော့ ကျွန်မတဦးတည်းအတွက်တော့ ဒါက နံပါတ် ၁ အဓိကမဟုတ်ပါဘူး။ ရင်သွေးဆိုတာကို မတွေးမိခင်က တော်လှန်ရေးရဲ့ အခက်အခဲတွေကို ကျွန်မ ဘယ်လိုပဲ ခံနိုင်ခဲ့ပြီး(သို့) နောက်လည်း ခံနိုင်ပါတယ်လို့ အပြောကြီးလာခဲ့ပေမယ့် ရင်သွေးကိုတော့ ကျွန်မတို့ ဖြတ်သန်းလာခဲ့တဲ့ ပင်ပမ်းဆင်းရဲပြီး အန္တရယ် များလှတဲ့ ခရီးကြမ်းကြီးကို အမွေမပေးနိုင်တဲ့ အားနည်းချက်က အပြင်ရောက်လာရခြင်းရဲ့ အကြောင်းရင်းများစွာအနက် အဓိက နံပါတ် ၁ ဖြစ်ကြောင်းကို ကျွန်မတဦးတည်း ရဲ့ အကြောင်းပြချက် အနေဖြင့် အစ်မသိချင်တာကို ဖြေပေးလိုက်ပါတယ်။

Unknown said...

မခင်မင်းဇော် ... ရဲ့ ဘလော့ကို အမြဲတမ်း ၀င်ဖတ်ဖြစ်ပါတယ်..ဒါပေမဲ့  တခါမှတော့ ကွန်မန့် မရေးဘူးပါဘူး...
ဒါပေမဲ့ ...မငယ်နိုင် နဲ ညွန့် တို့ ပြောထားတာတွေက သဘာဝကျပါတယ်..ပြီးတော့ မခင်မင်းဇော်ပြောတဲ့ အယူအဆတခုက မှားနေတာနဲ့ ဝင်ရေးဖြစ်တာပါ..။
နိုင်ငံခြားကို ရောက်တဲ့ လူတွေထဲမှာ ပြန်ပြီး ကြည့်ကြတဲ့ လူက လက် တဘက်စာတောင် မပြည့်ပါဘူး..ဆိုတဲ့ စကား ကလည်း မှန်ကောင်းမှန်ပါမယ်..ဒါပေမဲ့ သံရုံးရှေ့ ဆန္ဒပြတာတောင် တချို့ တွေ ပြလို့ လားဆိုတဲ့ အချက်ကတော့ မှားနေပါတယ်။
တခုတော့ မေးခြင်ပါတယ်..။ နိုင်ငံရေးဆိုတာ ဘာကို ခေါ်တာလည်း မခင်မင်းဇော် ဘယ်လို နားလည်ထားလည်းဆိုတာကိုပါ... ဒေါ်အောင်ဆန်းစုကြည် ပြောထားသလို နိုင်ငံရေးဆိုတာ အရာအားလုံး အရေး လည်း နိုင်ငံရေးဆိုတာကို ကျနော်လက်ခံတယ်..။ ဥပမာ ပညာရေးလည်း နိုင်ငံရေး..လူမှုရေးလည်း နိုင်ငံရေးပါ..။
မခင်မင်းဇော် ပြောသလို နိုင်ငံခြား ရောက်နေတဲ့ လူတွေ သံရုံး ရှေ့ တွေ ဆန္ဒပြမှ နိုင်ငံရေးလား လူရှေ့  သူရှေ့ မှာ ထွက်နေမှ နိုင်ငံရေးလား...အဲဒီလို သံရုံး ဆန္ဒပြလည်း ပါ... အစည်းအဝေးဆိုလည်းပါ အသင်းဖွဲ့ ရင်လည်းပါ..အဲဒီလူတွေထဲမှာရော မြန်မာပြည်မှာ ရှိနေတဲ့ ထောင်ကျနေတဲ့ နိုင်ငံရေး သမားတွေ၊ လက်ရှိတောထဲမှာ နေဆဲ အေဘီကလူတွေ၊ အေအိုင်ဒီအက်စ် ဖြစ်နေတဲ့ ပြည်သူတွေ၊ ပြည်တွင်းမှာ ဒုက္ခရောက်နေတဲ့ နီးစပ်ရာက ပြည်သူတွေ ကို ဘယ်သူတွေက ကြည့်ပြီး ဘယ်သူတွေက ကိုယ့်အရေးပဲကြည့်လည်းဆိုတာ မခင်မင်းဇော် သိပါသလား.. ကျန်တာတွေ ထားပါတော့ နာဂစ်တုန်းကတောင် အဲဒီလို သံရုံးရှေ့ မှာ သွားအော်နေကြလူတွေ အလှူငွေ ထည့်ဖို့ ကျတော့ သူများကိုတော့ ကျနော်တို့ ကျမတို့  အားကျပါတယ်..ဒါပေမဲ့ မထည့်နိုင်လို့ ပါတဲ့ ..နိုင်ငံခြားက လူမှာ မထည့်နိုင်ဘူးဆိုတာ မရှိဘူး.. မထည့်ခြင်တာပဲ ရှိတယ်... ဆင်ပိန် ကျွဲလောက်ပါ...
အဲဒါကြောင့်မို့ လို့ မခင်မင်းဇော်ကို တခု ပြောခြင်တာက ကိုယ့်အထင် တခုထဲ ကိုယ့်လုပ်ရပ်တခုထဲကို ကြည့်ပြီး အားလုံးကို မပြောပါနဲ့ ... နိုင်ငံခြားရောက်နေတဲ့ လူတွေ ဟာ သူ့ နည်းသူ့ ဟန်နဲ့ တော့ ကူညီနေကြတာကို နားလည်ဖို့ လေ့ လာပါအုံး..။
မခင်မင်းဇော်ရေးခဲ့တဲ့ အထဲမှာ ..ကျမ အလုပ်ရဖို့ကိုလဲ ဘယ်အဖွဲ့အစည်းရဲ့ အရှိန်အ၀ါကိုမှ မယူခဲ့ရပါဘူး။..ဆိုပေမဲ့... မခင်မင်းဇော်ရဲ့ အမျိုးသားကြောင့် ဒီဗွီဘီက ပြန်ကြည့်ခဲ့တယ်လို့ ပြောလာရင်ရော မခင်မင်းဇော်ငြင်းနိုင်ပါလား..။
တကယ်တမ်း မခင်မင်းဇော်ဆိုတာ ရောက်လာထဲက မခင်မင်းဇော်အခုခေါ်ဘလော့ထဲမှာ ရေးရေးနေတဲ့ မခင်မင်းဇော်ရဲ့ ပီအေကြောင့်ပဲ မခင်မင်းဇော်ကို လူတွေ သိလာတာပါ..။
မငယ်နိုင်ပြောခဲ့ဘူးသလို မခင်မင်းဇော် တို့ ရောက်တဲ့ အချိန်မှာ ရေကန် အသင့်ကြာအသင့်ဆိုတာ မဟုတ်ဘူးလို့ မခင်မင်းဇော် ငြင်းထားတယ်.. မဟုတ်ဘူးဆိုတာ ဘာကို ဆိုလိုတာလည်း တောထဲမှာ မနေရ..စစ်မပြေးရ..ငှက်ပျောအူ မစားရပဲ မဲဆောက်မြို့ ပေါ်မှာ ရောက်ထဲက နေရတာ အဲဒီလောက်ထိ ရေကန် မသင့်ရင် ဘယ်ဟာကို ခေါ်တာလည်း..။
တောထဲမှာ ဒုက္ခရောက်နေတဲ့ ဧည့်သည်လာမှ အသားဟင်းကို မြင်ရတဲ့ ရဲ ဘော်တွေရဲ့ စိတ်ဓာတ်က တကယ်ကို လေးစားစရာကောင်းပြီး သူတို့ မှ တောထဲမှာ ဒုက္ခတကယ်ရောက်ပြီး နေနေရတာပါ....။
မခင်မင်းဇော်အမျိုးသား၊ ကိုလွမ်းဏီ၊ တို့ မှ ဘယ်က ဘာမှ မရပဲ တကယ်ကို မထွက်တဲ့ လူတွေပါ.. ဒါပေမဲ မဲဆောက်မှာ ငါတို့ ကတော့ ဘယ်နိုင်ငံမှ မသွားဘူး မဲဆောက်မှာ ပဲ နေမယ်ဆိုတဲ့ လူတွေကို လေ့လာကြည့်ပါ။
တချို့ တချို့ သော လူကြီးလို့ နာမည်တပ်ထားတဲ့ လူတွေ နဲ့ မခင်မင်းဇော်တို့ လို ရပ်တည်နိုင်တဲ့ လူတွေ အဲဒီလူတွေရဲ့ ဝင်ငွေ တလကို ဘတ်၂သောင်း အောက်ထစ် မရောက်ပါဘူး..။
ဒါဟာ မခင်မင်းဇော်က နိုင်ငံခြားသွားတဲ့ လူတွေကို ကိုယ့်အမြင်နဲ့ ပြောလာလို့ နားလည်ဖို့ ပြောပြတာပါ။
တကယ်တော့
လူတိုင်းလူတိုင်းဟာ အခြေအနေ တိုင်း ခံယူချက်နဲ့ လုပ်ရပ်တိုင်းဟာ ကွာခြားပါတယ်.. ကိုယ်မလုပ်တဲ့ ကိစ္စတခု အတွက် တခြား လုပ်တဲ့ လူတွေကို အပြစ် မတင်ပါနဲ့ ..လူတိုင်းဟာ ကိုယ်ထင်သလို တော့ မမှန်နိုင်ဘူးဆိုတာ မခင်မင်းဇော်ကို ပြောခြင်ပါတယ်..။

P.S။ နိုင်ငံခြားသွားမှ မဲဆောက်နေမှ တောထဲနေမှ မဟုတ်ပါဘူး... တန်းတူ အခွင့်အရေး ရဖို့ လုပ်နေတဲ့ လူအချင်းချင်းမှာ သာတဲ့ လူက ကဒုက္ခရောက်နေတဲ့ လူကို ဘယ်လောက် ပြန်ပြီး အကူအညီပေးလည်းဆိုတာက အဓိက ပါ..။ သံရုံးတွေရှေ့ ဆန္ဒပြနေတဲ့ အချိန်မှာ အလုပ်ဆင်းနေရပြီး တတ်နိုင်သလောက်လစဉ် ထောက်ပံ့ နေတဲ့ လူတွေလည်း နိုင်ငံခြားမှာ အများကြီးပါဆိုတာကို မခင်မင်းဇော်သိစေခြင်ပါတယ်။

ဦးရဲသွေး

Anonymous said...

wow! သွေးပူလေ့ကျင့်ခန်းဆင်းကြတာလို့မှတ်ယူပါတယ်..
အားလုံးသူနည်းနဲ့သူမှန်ကြပါတယ်..(သူမသာ..ကိုယ်အသုဘ ပေါ့ခင်ဗျာ)
အရေးကြီးတဲ့အချိန်မို့..အားလုံးကျောချင်းကပ်ထားတာပဲမြင်ချင်ပါတယ်..

လောက်ဖျား

mg said...
This comment has been removed by the author.
mg said...

ကျွန်တော်တို့ နိုင်ငံက စစ်အစိုးရနဲ့ပဲ တန်တယ်ထင်ပါတယ်။
ဘာလို့လဲ ဆိုတော့ ၂ ယောက်ရှိရင် ၄ ဖွဲ့ကွဲတတ်ကြလို့ ပါ။ ဒါကြောင့် လာမယ့် ၂၀၁၀ ပေါ်လာမယ့် အစိုရသစ်နဲ့ အံဝင်အောင်နေထိုင်နိုင်ဖို့ပဲ ကြိုးစားကြပါလို့ အတိုက်အခံ အဖွဲ့ အားလုံးကို တိုက်တွန်း စေချင်ပါတယ်။

အောင်အောင် said...
This comment has been removed by the author.
Zephyr said...

ဒီ comment က ၀င်ရေးရင်လည်းမကောင်း .. မရေးရင်လည်းတာဝန်မဲ့ရာရောက်မယ် ...

Blog ရေးတဲ့ အမ ခင်မင်းဇော် ကိုလည်းလေးစားလို့ရေးလိုက်တာပါ ....။

နိုင်ငံရေးကို နားလည်ပုံမတူကြဘူးလို့မြင်ပါတယ် ...။

လူတစ်ယောက်မှာစီမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ် .... ဖွင့်ပြောလို့မရတဲ့ အခက်အခဲတွေကို ကိုယ့် ဂုဏ်သိက္ခာကျမှာစိုးတာတစ်ခုတည်းနဲ့ ... ထုတ်ပြောလိုက်ရင်လည်း အဖွဲ့အစည်းအတွက်လည်းမကောင်းဘူး ..
ဆန့်ကျင်ဘက်တွေအတွက်လည်း weak points ကောင်းကောင်းရသွားဦးမယ် ...။

ကိုယ့်ထက်ပိုပြီးရဲရင့်လို့ .. ကိုယ့်ထက်ပိုပြီးတာဝန်သိလို့ ... သူတို့တွေ ချို့ချို့ငဲ့ငဲ့တော်လှန်ခဲ့ကြတယ် ...။ တချိန်မှာ .. အကြောင်းအမျိုးမျိုးကြောင့် သူတို့ ဒီလိုဆက်ပြီး နေလို့မဖြစ်တော့တာကို ထိုးနှက်ကြည့်မယ်ဆိုရင်တော့ မမျှတပါဘူး ... စည်းအပြင်ကတိုက်ကွက်ဖြစ်နေပါပြီ ....။ (တကယ်တမ်းသိချင်ရင် ... သူတို့ကိုသာဆက်သွယ်ပြီး မေးကြည့်ဖို့ကောင်းပါတယ် ...။)

...နိုင်ငံရေးလုပ်တာပဲ ဖြစ်ဖြစ် မလုပ်တာပဲဖြစ်ဖြစ်၊လုပ်ရင်းနဲ့ရပ်တာပဲဖြစ်ဖြစ်၊ ရပ်ရင်းနဲ့ ထလုပ်တာပဲဖြစ်ဖြစ် လူတစ်ယောက်စီရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ ....ဘာလို့လဲဆိုတဲ့မေးခွန်းရဲ့ အဖြေကို ကိုယ့်ရင်ထဲမှာ ကိုယ် အရင်ရှာကြည့်ရင်ပိုမျှတသွားမယ်လို့ထင်ပါတယ် ....။

..တော်လှန်ရေးသမားဆိုတာ .. ငါတို့အားလုံးအတွက် သေတဲ့ အထိ ဒီအတိုင်းပဲတော်လှန်ပစေ ...ဆိုတဲ့အမြင်မျိုးရှိတယ်ဆိုရင်တော့လဲ.... မတတ်နိုင်ဘူးပေါ့ ...။

ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ကြဖို့ပဲရှိပါတယ် ...။ ဟိုလူတွေက ငကြောက်တွေ... ဟိုလူတွေကဖြင့် နိုင်ငံရေးကို ပဲလှော်နဲ့လဲစားလိုက်ကြပြီ ... သူ့တို့ကိုလှောင်မှ ...ပြောင်မှ ..နိုင်ငံကြီးသား ...၊ သူတို့ကိုရိမှ ...နိုင်ငံရေးသမား ..၊ သူတို့ကို ထိမှ ... ကိုယ်က activist ...ဆိုတာမျိုးကတော့ စတန့်ပြရုံလောက်ပဲကောင်းပါတယ် ...။ ဘာအကျိုးမှမရှိဘူးဆိုတာ ကိုယ့်ဘာသာကို သိကြမှာပါ ...။

မတရားမှုမှန်သမျှကို မုန်းတီးပြီး .. ဖိနှိပ်မှုမှန်သမျှကို ခါးသီးနေသေးသ၍ ... သူတို့ရဲ့ရင်ထဲမှာစိတ်ဓာတ်တွေမီးမငြိမ်းသေးဘူးဆိုတာသိသာပါတယ် ...ဘယ်နည်းက အလုပ်ဖြစ်နိုင်လည်းဆိုတာကို တကယ်လုပ်ကြည့်ဖူးမှပဲနားလည်ပါလိမ့်မယ် ...။

ဘယ်တက်နဲ့လှော်လှော် ... ခရီးရောက်ဖို့ပဲအရေးကြီးပါတယ် ...။ ဘယ်သန်ကို ညာနဲ့ မလှော်ကြည့်ရကောင်းလား .. လက်ညောင်းလို့ ခဏနားတဲ့သူကို အမောဖောက်ရကောင်းလား ....၊ လက်ပြောင်းလှော်တဲ့သူကို အပြောင်းအလဲမြန်ရကောင်းလား ...၊ကြွက်သားနာသွားတဲ့သူကို အချောင်ခိုရကောင်းလား ... ဆိုပြီး အားမနာတမ်းမေးကြည့်ကြဖို့ တကယ်လိုအပ်တယ်လို့ကျွန်တော့်အနေနဲ့တော့ မထင်မိကြောင်းပါ ...။

ပွဲလန့်တုန်းဖျာဝင်ခင်းချင်တဲ့လူတွေအတွက် ဒီပို့စ်မှာနေရာလွတ်တွေများလွန်းနေတယ် ...။

မတူညီတဲ့ အမြင်ရှိပေမယ့် ...
ပို့စ်အတွက် အမကိုကျေးဇူးတင်ပါတယ် ...။

ကိုပေါ said...

ပို့စ်က ပေးချင်တဲ့ Message နဲ့ ဖြေကြားကြတဲ့ ကွန်မင့်တွေ အံလွဲနေတာကို တွေ့ရပါတယ်။

ဘလော့ဂ်ပိုင်ရှင်က ပို့စ်ထဲမှာ ဆရာဦးတင့်ဇော်တို့ရဲ့ ကျွန်းတိုက်ပွဲတုန်းက တိုက်ပွဲကို ဘယ်လို ခိုင်မာတဲ့စိတ်နဲ့ ဆုံးခန်းတိုင် တိုက်သွားခဲ့တယ်ဆိုတာကို ဖော်ကျူးပါတယ်။

ဒါပေမယ့် ဒီဘက်ခေတ်မှာ လူတိုင်းဘ၀မှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲမျှကို ကြုံတွေ့ရရုံနဲ့ တိုက်ပွဲကို ပစ်ခွာပြီး ထွက်သွားတာမျိုး ကြုံတွေ့လာရတော့ ဟိုတုန်းက လူတွေက ဒီဖက်ခေတ်က လူတွေထက် နိုင်ငံချစ်စိတ် ပိုလို့များလားလို့ မေးခွန်းထုတ်တယ်။ ထုတ်သင့်တဲ့ မေးခွန်းတခုပါ။

နောက်ဆုံးအပိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ “တော်လှန်ရေးလုပ်ရင် အဆုံးအထိ လုပ်ရမယ်” ဆိုတဲ့ မေးခွန်းနဲ့ ပြန်ပိတ်ထားတယ်။

ဒီပို့စ်ဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေကို မေးထားတဲ့၊ ရေးသင့်ရေးထိုက်တာတွေကို ရေးထားတဲ့ ပို့စ်တခုလို့ မြင်မိပါတယ်။

ကျနော်ဟာ ကိုယ့်တဦးတည်း အယူအဆကို ပြောရရင် လက်နက်ကိုင်လမ်းစဉ်ကို မထက်သန်ပါဘူး။ ဒါပေမယ့် လက်နက်ကိုင်လမ်းစဉ်ပဲဖြစ်စေ၊ မြေပေါ်က ရပ်တည်ပြီး အစိုးရကို ပေါ်ပေါ်ထင်ထင် ရပ်တည်တာဖြစ်စေ၊ နိုင်ငံပြင်ပကနေ အစိုးရကို ဆန့်ကျင်တာဖြစ်စေ မည်သည့်ကိစ္စမဆို ဆုံးခန်းတိုင်အောင် လုပ်သင့်တယ်ဆိုတဲ့ အယူအဆကိုတော့ သဘောကျ လက်ခံပါတယ်။

ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးလုပ်တာဟာ စားသောက်ဆိုင်စပ်တူဖွင့်သလို၊ အပျော်ခရီးသွားကြသလို၊ ထုတ်ဆီးတိုးသလို လမ်းတ၀က်ကျမှ ကိုယ့်သဘောနဲ့ကိုယ် (၀င်စို့ ထွက်စို့ လုပ်ပြီး) ထွက်ခွာသွားလို့ ကောင်းတဲ့အရာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် အသက်နဲ့ရင်းပြီး လှုပ်ရှားကြရတဲ့ လုပ်ငန်းတွေမှာ အဲသည်လို မလုပ်သင့်ပါဘူး။ အဲသည်လုပ်ရပ်ဟာ (မိမိ မရည်ရွယ်သော်ငြား) အတူသစ္စာနှံပြီး လက်တွဲလုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေကို ချန်ထားရစ်ပြီး ကိုယ်လွတ်ရုန်းသွားရာ ကျနေပါတယ်။ ကျန်ခဲ့တဲ့ လူတွေကလည်း အဲသည်လိုပဲ မြင်ကြမှာပဲ။ ဘေးလူကလည်း ဒီအတိုင်းပဲ မြင်မှာပဲ။ အဲဒါကို အဲသည်လို မမြင်ကြပါနဲ့လို့ လိုက်လံ ပိတ်ပင်နေလို့ အချည်းနှီးပါ။

လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ နယ်စပ်ကို ထွက်လာကြစဉ်ကတည်းက အသက်ပေးလှူမယ်လို့ ကြံရွယ်ခဲ့ကြသူတွေပီပီ ဒီလိုအခက်အခဲမျိုးတွေ ကြုံလာနိုင်တယ်ဆိုတာလည်း ထည့်တွက်ခဲ့ကြလိမ့်မယ်လို့ တွေးတောမျှော်လင့်စရာ ရှိပါတယ်။

အခုကတော့ အပေါ်က ကွန်မင့်တွေအရ ကြည့်ရရင် လက်နက်ကိုင်တော်လှန်ရေးအပေါ် ယုံကြည်ချက်ပြောင်းလဲသွားလို့ စွန့်ခွာသွားတာမဟုတ်ဘဲ ကျန်တဲ့ အခက်အခဲတွေ၊ ကွဲလွဲမှုတွေကြောင့် စွန့်ခွာသွားတာလို့ သဘောအဓိပ္ပါယ်ထွက်နေတဲ့အတွက် အပေါ်က မျှော်လင့်တွေးထင်ထားသမျှဟာ မှားယွင်းနေပြီလို့ ကိုယ့်ဘာသာ နားလည်လိုက်ပါတယ်။

ကျောင်းသားတပ်မတော်တခုလုံးက လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်တော့လို့ အားလုံးသဘောတူ ရပ်တန့်လိုက်ကြပြီး အခြားအသွင်ကွဲတမျိုးနဲ့ ဆက်လက်တော်လှန်တာမျိုးဆိုရင်တော့ တမျိုးပေါ့။ သို့သော် ယခုအနေအထားမှာတော့ တိုက်တဲ့လူတွေက တိုက်နေဆဲ။ ဘေးထွက်ထိုင်တဲ့လူက ထိုင်နေဆဲ…. ဆိုတော့ တိုက်တဲ့လူတွေက ဘာလို့ ဆက်တိုက်နေပြီး ဘေးထွက်ထိုင်တဲ့လူတွေက ဘာကြောင့် ဘေးထွက်ထိုင်နေသလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

တိုက်ပွဲမှာ ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်သွားလို့ဖြစ်စေ၊ ပြည်ပအဆက်အသွယ်တွေ ရှာဖွေဖို့ဖြစ်စေ အဖွဲ့ကနေ တာဝန်နဲ့ စေလွှတ်လိုက်လို့ သွားတာမျိုးတွေကိုလည်း ဘာမှ ပြောစရာမရှိပါဘူး။ အခုက အတော်များများ ထွက်ခွာသွားကြတာ အဲသည်လို တာဝန်နဲ့ သွားကြတာမဟုတ်လို့ ယူဆပါတယ်။ ကျနော်သိသမျှလူတွေကတော့ သန်သန်စွမ်းစွမ်းကြီးတွေပါပဲ။

တော်လှန်ရေးဆိုတာ ငါတို့အားလုံးအတွက် သေတဲ့အထိ ဒီအတိုင်းပဲ တော်လှန်ပစေ… ဆိုတဲ့ စိတ်နဲ့ ရေးကြပြောကြတာ မဟုတ်ဘူးဆိုတာသိစေချင်တယ်။ ဘာမဆို အလုပ်တခုကို လုပ်ရင် ဆုံးခန်းတိုင်အောင် လုပ်တာဟာ ကောင်းတယ်ဆိုတဲ့အချက်ကို ပြောချင်တာပါ။ (ကျနော်ကိုယ်တိုင် ဆုံးခန်းတိုင်အောင် မလုပ်နိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို မကောင်းဘူးဆိုတာ လက်ခံပါတယ်။)

တတိယ နိုင်ငံရောက်သွားတဲ့လူတွေထဲက တော်လှန်ရေးအတွက် ဆက်လက်လှုပ်ရှားနေသူတွေ၊ ငွေကြေးထောက်ပံ့နေသူတွေ မရှိမဟုတ်၊ ရှိကြပါတယ်။ အဲသည်အတွက်လည်း လေးစားပါတယ်။ ဒါပေမယ့် အဲဒါက တကဏ္ဍ၊ တချိန်က ကိုယ်ယုံကြည်လို့ လုပ်ခဲ့တဲ့ လုပ်ငန်းကို ဆုံးခန်းတိုင်အောင် လုပ်မသွားတာက တကဏ္ဍလို့ ဆိုလိုချင်တာပါ။

ဒီလိုရေးလို့….. မင်းကရော…. ဘာကောင်လဲ။ သူတို့လောက် ပေးဆပ်ဘူးလို့လား၊ စွန့်လွှတ်ဘူးလို့လား၊ အနစ်နာခံဘူးလို့လား မေးလာရင် ကျနော် ဘာကောင်မှလဲ မဟုတ်ပါဘူး။ သူတို့လောက်လဲ မပေးဆပ်ဘူးပါဘူး။ မစွန့်လွှတ်ဘူးပါဘူး။ အနစ်နာမခံဘူးပါဘူး။ ၀န်ခံပါတယ်။ ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။

ဒါပေမယ့် လုပ်ရပ်တခုကို ကောင်းတယ်၊ မကောင်းဘူး၊ မှန်တယ် မမှန်ဘူးတော့ ဘလော့ဂ်ပို့စ်တခုမှာ မိမိထင်တဲ့အတိုင်း လွတ်လပ်ပြောပိုင်ခွင့် ရှိတယ်လို့ ယူဆတဲ့အလျောက် အယူအဆတရပ်အနေနဲ့ ဒီကွန်မင့်ကို ရေးသားလိုက်ပါတယ်။

နောက်ပြီးတော့ ဒီလောက် ဝေဖန်ရုံလေးနဲ့ ညီညွတ်ရေးကိုထိခိုက်စေတယ် အကြောင်းပြပြီး ဒီလိုမရေးသင့်ဘူး၊ ဟိုလိုမရေးသင့်ဘူး စသဖြင့် ကန့်သတ်နေကြတာတွေကလည်း မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

တယောက်နဲ့ တယောက် အမြင်မတူရင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မဆွေးနွေးဘဲ၊ မဝေဖန်ဘဲ ရေငုံနှုတ်ပိတ်ပြီး အတင်းဆွဲစေ့ထားတဲ့ ညီညွတ်ရေးမျိုးဟာ တာရှည်မခံဘဲ အခုလို အကွဲကွဲ အပြဲပြဲ အမြဲ ဖြစ်နေခဲ့တာကိုကြည့်ပြီး သင်ခန်းစာ ယူသင့်ကြပါပြီ။

Unknown said...

ကိုပေါဆိုသူသို့
မပြောချင်ပဲနဲ့ ပြောရဦးမယ်
မင်းဘာသာအေးအေးနေပါလား ဒီနေရာမှာ မင်းစောက်လုပ် ဘာတခုမှ မရှိဘူး တောထဲမှာဆို မင်းလိုကောင်မျိုး ကျွန်းပင်အောက်ရောက်သွားတာကြာပြီ မင်းလိုမျိုး စင်္ကာပူမှာ ပီအာရ်ရပြီး ဒေါ်လာထောင်ကျော်တန် အလုပ်လေးလုပ် အချိန်တန် ကိုယ့်မိန်းမ ဖက်အိပ် အဖမ်းမခံရမယ့် သံရုံးရှေ့ အခါအားလျော်စွာ ဆန္ဒပြတာမျိုးကတော့ လူတိုင်း ဆုံးခန်းတိုင်အောင် လုပ်လို့ရတာပေါ့ကွ ခွေးကောင်ရဲ့ ကြားထဲကနေ မင်း ၀င်မဟောင်နဲ့ကွာ နားငြီးတယ်

Nge Naing said...

ဆွေးနွေးရင်းနဲ့ အပြုသဘောထက် အပျက်သဘော ဖြစ်တာမျိုး မဖြစ်စေချင်ဘူး။ နိုင်ငံခြားမှာ လက်နက်ချတယ်ဆိုတာ အစ်မအဓိက ဆိုလိုတာက စကောလားရှစ်နဲ့ လာတဲ့သူတွေ နအဖ ရွေးကောက်ပွဲကို ပူးပေါင်းဖို့ ဆိုတဲ့အပေါ်မှာသာ မူတည်ပြီး ကျန်တဲ့သူတွေကိုကျတော့၊ တိုက်ပွဲတခုကို ပြီးဆုံးအောင် မတိုက်ပဲ ဘာကြောင့် လမ်းတခုလတ်မှာ ရပ်သွားကြတာလဲဆိုတာ သိချင်တာတခုပဲ ဖြစ်တယ် ဆိုတာ အခုတော့ အားလုံး သဘောပေါက်လောက်ပါပြီ။ ဒါတွေက ဆွေးနွေးရင်းနဲ့မှ သိရပြီး စစချင်း ပို့စ်ကို ဖတ်လိုက်တဲ့ အချိန်မှာ မသိတော့ အပြင်ရောက်နေတဲ့သူတွေအနေနဲ့ လက်နက်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရင်ဝကို လာထိသွားသလို ဖြစ်သွားကြလို့သာ ဖြစ်တယ်။ အစ်မလည်း ဒီလူတွေ ဘာကြောင့်ထွက်သွားသလဲဆိုတာ ခုလောက်ဆို ခန့်မှန်းလို့ ရလောက်ပြီထင်တယ်။ ဟိုတုန်းကဘာလုပ်လာတယ်ဆိုတာထက် အခုချိန်မှာ လုပ်နေတဲ့သူတွေကသာ မလုပ်တဲ့သူတွေထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ကိုယ်ပြီးဆုံးအောင် မလုပ်ခဲ့တဲ့ အလုပ်တခုကို ဆက်လုပ်နေတဲ့ သူတွေကို ကျေးဇူးတင်ရမယ် အားပေးရမယ်။ လုပ်ခဲ့တဲ့သူတွေရဲ့ ပေးဆပ်မှုတွေကိုလည်း ဆက်လုပ်နေဆဲ ဖြစ်တဲ့သူတွေက တန်ဖိုးထား အသိအမှတ်ပြုရမယ် ဒါဆိုရင် အချင်းချင်း အငြင်းပွားစရာ ရှိမယ်မထင်ဘူး။ ဆက်လုပ်တယ်မလုပ်ဘူးဆိုတာက တဦးချင်းစီရဲ့ ခံယူချက်၊ အခြေအနေနဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ လူတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒီလောက်ဆို အစ်မပို့စ်နဲ့ ပတ်သက်ပြီး ကျွန်မတို့မှာ မရှင်းလင်းစရာ ဘာမှ မကျန်တော့ဘူး ထင်တယ်။

ဆက်ဆွေးနွေးချင်တာက စစ်အာဏာရှင်နဲ့ပဲ တန်တယ် နှစ်ယောက်ရှိတာ လေးဖွဲ့ကွဲနေတယ်ဆိုတဲ့ Mg ပြောတဲ့စကားပါ။ မြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ တန်လို့ စစ်အာဏာရှင်စနစ်အောက်မှာ ရောက်နေရတာ လုံးဝဟုတ်ပါတယ်။ ဒါပေမယ့် နှစ်ယောက်ရှိတာ လေးဖွဲ့ကွဲနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းဆွေးနွေးချင်ပါတယ်။ နှစ်ယောက်ရှိပြီး သဘောထား လေးခုကွဲတာက နည်းသေးတာပေါ့။ တခါတရံ ကိုယ်တယောက်တည်းမှာတောင် ဘာကိုဘယ်ရွေးရလဲဆိုတာ ဇဝေဇ၀ါ ဖြစ်ပြီး စိတ်ဆယ်မျိုးလောက် ကွဲနေနိုင်သေးတာပဲမဟုတ်လား။ ကိုယ့်စိတ်ကိုတောင် ကိုယ်အလိုမကျ ဖြစ်ပြီး ဒေါသပြန်ထွက်တဲ့အခါတွေ ရှိနေသေးတာ တခြားသူတွေနဲ့ သဘောထားမတိုက်ဆိုင်တာကို အထူးပြောစရာ လိုမယ်မထင်ဘူး။ ကျွန်မတို့ ၆၂ နောက်ပိုင်း မွေးလာတဲ့သူတွေ အားလုံးက တပါတီအာဏာရှင် ဒါမှမဟုတ် စစ်အာဏာရှင် စနစ်အောက်မှာ မွေးဖွားကြီးပြင်းလာရသူတွေပဲ ဖြစ်နေတော့ အမြင်မတူရင် ဒေါသထွက်တတ်တဲ့အကျင့်၊ တနည်းအားဖြင့် အရာရာကို အကြမ်းဖက်တဲ့နည်းသာလျင် ဖြေရှင်းချင်တဲ့ အလေ့အကျင့်ဗီဇက မွေးကတည်းကပါလာကြတော့ သိပ်ကို ပြင်ရခက်တယ်။ ဒါကြောင့်မို့ ပါးစပ်နဲ့ ကျေလည်အောင် ဆွေးနွေးတာကို ရန်ဖြစ်တယ်ပဲ သဘောထားပြီး နည်းနည်းလေး သဘောထားမတူတာနဲ့ ဆက်လုပ်လို့မရတော့ဘူး ကွဲပြီ ဒါမှမဟုတ် ကွဲမှ ဖြစ်မယ်ထင်ကြတယ်။ ဗုဒ္ဓဘာသာတွေ အများစုဖြစ်ကြပြီး ဒေါသကို မထိန်းနိုင် ခြေပါ၊ လက်ပါ၊ ဒုတ်ပါ၊ ဓါးပါ သေနတ်ပါတွေဖြစ်ကြတယ်။ မြန်မာပြည်က ကျောင်းတွေ တက္ကသိုလ်တွေမှာလည်း တလမ်းသွားပညာရေးပဲ ရှိပြီး အပြန်အလှန် ဆွေးနွေးငြင်းခုန်ရတာမျိုး တခါမှ မသင်ကြားဖူးဘူးဆိုတော့ ဘွဲ့ရပညာတတ်လို့ ပြောတဲ့သူတွေမှာတောင် အကြမ်းဖက်ချင်တဲ့ ဗီဇက ဖျောက်လို့မရဖြစ်ခဲ့တယ်။ ကျွန်မတို့ အားလုံးပါပဲ။ အခုလည်း ဆွေးနွေးတာကို အမြင်သုံးလေးခု ကွဲတယ်လို့ ပြောလို့ရပေမယ့် သုံးဖွဲ့လေးဖွဲ့ကွဲနေတယ်လို့ ပြောလို့မရပါဘူး။ လူတိုင်းကွဲလွဲပိုင်ခွင့်ရှိပါတယ်။ Mg ကို ကျွန်မ ပြောချင်တာက ဒီပြင်ပ အင်အားစုတွေကပဲဖြစ်ဖြစ် နယ်စပ်က အဖွဲ့တွေကပဲ ဖြစ်ဖြစ် ဒီလိုလုပ်မယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်လည်း ပြည်တွင်းက ပြည်သူမပါပဲနဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ခေတ်စနစ်တခုကို ပြောင်းလဲလို့မရပါဘူး။ ကျွန်မတို့တုန်းက ငယ်ရွယ်နုပျိုတဲ့ ကျွန်တို့ရဲ့ ဟာသင်ခန်းထဲမှာ ကုန်ရမယ့် အချိန်တွေကို ကျွန်မတို့ အသုံးချပြီး အတတ်နိုင်ဆုံး အသက်ကိုတောင် လောင်းကြေးထပ်ပြီး လုပ်ခဲ့ပါတယ် အခုလည်း အပြင်ကနေပြီး ပံ့ပိုးနေဆဲပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြင်ကနေပြီးလည်း ပံ့ပိုးလို့ပဲရတယ် ဘယ်သူမှ ယူလာပေးလို့မရပါဘူး။ လက်ရှိဖိနှိပ်ခံနေရတဲ့သူတွေထဲက လုံလောက်တဲ့ အတိုင်းအတာနဲ့ တပြည်လုံး အုံကြွလှုပ်ရှားပြီး ဖြုတ်ချမှသာ စစ်အာဏာရှင်စနစ်က ပြုတ်ကျမှာဖြစ်တယ်။ ပြည်သူလူထု အများစုကြီးက ကြိတ်မှိတ် ငြိမ်ခံနေသ၍ ဒီလိုပဲ အဖိနှိပ်ခံနေရဦးမှာ ဖြစ်တယ်။

Nge Naing said...

ဆောရီးအစ်မရေ ကျွန်မက ပြီးသွားပြီထင်နေတာ ကိုပေါက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို နားလည်မှု လွဲနေတယ်ထင်လို့ ထပ်ဆွေးနွေးစရာ ပေါ်လာပြန်ပြီ။ ကိုပေါ- ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပြီးဆုံးအောင်လုပ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးကို ပြောတာမဟုတ်ပါဘူး။ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ရရှိရေးကို ပြောတာသာ ဖြစ်တယ်။ ကိုယ်က လက်နက်ကိုင်တဲ့ နည်းနဲ့ စလုပ်လို့ ဒါနဲ့ပဲ ဆုံးသတ်မှရမယ်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း မြန်မာပြည်ကွန်မြူနစ်ပါတီက ထွက်စရာအကြောင်း ဘာမှ မရှိဘူး။ မြန်မာပြည်ကလည်း ဗြိတိသျှလက်အောက်က လက်နက်ကိုင်တော်လှန်တဲ့နည်းနဲ့ပဲ အောင်ပွဲခံမှ ဖြစ်မယ်ဆိုပြီး လုပ်နေရင် အခုထိ လွတ်လပ်ရေးရသေးမှာ မဟုတ်ဘူး။ ဒီလို ပြောလိုက်လို့ ကျွန်မက ကိုယ်လုပ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကို စော်ကားလိုက်တယ်လို့ မထင်ပါနဲ့။ လိုအပ်ချက်အရ လက်နက်ကိုင်နည်းနဲ့ လုပ်သင့်လို့ လုပ်ခဲ့ပါတယ်။ နောက်လည်း လုပ်သင့်ရင်လုပ်ရမယ်ဆိုတာ ကျွန်မလက်ခံတယ်။ ဒါပေမယ့် ဆွန်ဇူုးရဲ့ စစ်အတတ်ပညာအတိုင်း ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ရမယ့် သေနဂ္ဂဗျူဟာကိုပဲ ကျွန်မက လက်မခံတော့တာ ဖြစ်တယ်။ လူဆိုတာ ကိုယ်တိုင်ကြုံမှ ကိုယ်သိတယ် ပြောရတော့ ခက်တယ်ကိုပေါ။ ဥပမာ- အခုကိုပေါလုပ်နေတဲ့အလုပ်ကို အလုပ်ရှင်ရှင်က ကိုပေါမိသားစုအတွက် စားလောက်ဖို့ လှူဖို့၊ တန်းဖို့ နေနေသာသာ ကိုပေါတယောက်စာနဲ့ ရေဖိုးမီးဖိုးလောက်တောင် မကာမိအောင် လစာလျှော့ချလိုက်ရင် ကိုပေါ ဒီအလုပ်ကို ဆက်လုပ်ဦးပါ့မလား။ စလုပ်တဲ့အလုပ်တခုကို ပြီးတဲ့အထိ ဘာကြီးပဲ ဖြစ်နေပါစေ ပြီးအောင်ဆက်လုပ်ရမယ် ဆိုလို့ ကျွန်မပြောတာပါ။ ကတ်ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီကို လိုလားတဲ့သူတွေအားလုံးဟာ ကျွန်မတို့ရဲ့ အင်အားတွေ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုပေါ။

ဦးဂင်ကြီး said...

မခင်မင်းဇော်က တတိယနိုင်ငံမှာလက်နက်ချသွားသူတွေလို့ ရေးလိုက်တော့ ကျနော်တို့စိတ်မကောင်းဖြစ်သွားကြတယ်။ ဒီတော့ ဒီလိုတော့မရေးသင့်ဘူးဗျာ ဒီရေးဟန်ဟာ သည်းရုံးရေးမဲ့ပါတယ်လို့ အပေါ်ကကျနော်ကွန်မင့်မှာ အပြုသဘောမခင်မင်းဖော်ကို ဝေဘန်ပါတယ်။ ဘာဖြစ်လို့ဝေဘန်ရသလဲဆိုတော့ မခင်မင်းဖော်ဟာ ကျနော်တို့ရဲဘော်ကြီးဖြစ်နေလို့ပါပဲ သူဟာနိုင်ငံရေးအကျည်းဟားဟောင်းတယောက်ပါ အေဘီက ကျနော်တို့ရဲဘော်ကြီးကိုမင်းဖော်ရဲ့ဇနီးပါ လက်ရှိလဲစစ်အာဏါရှင်စံနစ်ကိုဖျက်သိမ်းပစ်ဘို့ တတ်နိုင်သလောက် ထိုင်းမြန်မာနယ်စပ်မှာလုပ်နိုင်တာတွေလုပ်နေဆဲပါ။ အားမလိုအားမရဖြစ်လို့ရေးတာပါ ဆန္ဒစောသွားတော့ စေတနာအမှားပါသွားတာပေါ့ ဒါပေမဲ့ ရဘြော်ရဲဘက်တွေအနေနဲ့ ဒီလိုမျိုးရှိတဲ့အခါမှာ ထောက်ပြဝေဖန်ရပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင်စံနစ်ကိုတိုက်နေကြတာ ပြည်တွင်း၊နယ်စပ်၊ပြည်ပနိုင်ငံစတဲ့မျက်နှာစာသုံးခုရှိပါတယ်။ ပြည်တွင်းမျာတိုက်ပွဲဝင်တဲ့ရဲဘော်တွေဟာ ထောင်နှုပ်ခမ်းဝမှာလုပ်နေရတာပါ တကယ်ပေးဆပ်လုပ်ကိုင်ရင် ထောင်ကျပါတယ် ထောင်ထဲမှာအဆင်းရဲပင်ပန်းနှိပ်စက်ဒါတွေခံရပါတယ် အပြင်ကမိသားစုဒုက္ခရောက်ပါတယ် တချို့ဘဝပျက်ကြပါတယ်။ တောထဲမှာလက်နက်ကိုင်တော်လန်းရေးလုပ်တဲ့ရဲဘော်တွေ ပင်ပန်းဆင်းရဲပါတယ် အသက်နဲ့ရင်းလုပ်ကြရတာပါ တချို့ဒါဏ်ရာတွေရ ဒုက္ခိတတွေဖြစ် အသက်ပေးသွားကြတဲ့ရဲဘော်တွေမနည်းလှပါဘူး။ ရည်ရွယ်ခက်က စစ်အာဏါရှင်စံနစ်ဖျက်သိမ်းပစ်ချင်လို့ပါပဲ။ နောက်တချို့လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်း ဒါမှမဟုတ် စစ်အစိုးရရဲ့ထောင်ထဲကထွက်လာတဲ့အခါဖြစ်ဖြစ် ဘဝတွေအခြေအနေတွေအခက်အခဲတွေအရ တတိယနိုင်ငံကိုထွက်ကြပါတယ်။ ဒါပေမဲ့ စစ်အာဏါရှင်စံနစ်ကိုဖျက်သိမ်းပစ်ဘို့ လုပ်နိုင်သလောက် ဆက်လုပ်ကြပါတယ် ဒီလူတွေဟာကျနော်တို့ရဲဘော်တွေမဟုတ်လား ကျနော်တို့စည်းရုံးရေးအားတွေပါ ဒါကြောင့်ကျနော်တို့ရဲဘော်ကြီးမခင်မင်းဇော်ကို အဲပုသဘောဝေဖန်တာပါ။ ဒီနေရာမှာမလိုအပ်တဲ့ လက်တွေဝင်လာတယ်။ mg ခင်ဗျားကစစ်အာဏာရှင်စံနစ်ပဲကောင်းပါတယ်ပြောတယ် ကျနော်တို့ရော မခင်မင်းဇော်ပါစစ်အာဏာရှင်စံနစ်ကိုလုံးဝလက်မခံပါ ဒီလောက်ဆိုရင်သဘောပေါက်ပါ။ နောက်တခုက Ko Paw ပြောထားပါတယ် ကျနော်ဟာ ကိုယ့်တဦးတည်း အယူအဆကို ပြောရရင် လက်နက်ကိုင်လမ်းစဉ်ကို မထက်သန်ပါဘူး လို့ပြောထားပါတယ်။ ဟုတ်ပြီးဒါဆို ဘယ်နေရာမှာ ဘယ်လောက်အထိ စွန့်လွှတ်လုပ်ကိုင်ခဲ့ပါသလဲ ဒါမေးစရာရှိပါတယ်။ စစ်အာဏာရှင်စံနစ်ကိုရောက်တဲ့နေရာ လုပှ်ိုင်သလောက်လုပ်နေတယ်ဆိုရင်ဒီရဲဘော်တွေဟာ စစ်အာဏာရှင်စံနစ်ကိုတိုက်နေတာပါပဲ ခင်ဗျားပြောသလိုဝင်စို့ ထွက်စို့လုပ်နေတာမဟုတ်ပါဘူး နောက်တခုက မင်းကရော…. ဘာကောင်လဲ။ သူတို့လောက် ပေးဆပ်ဘူးလို့လား၊ စွန့်လွှတ်ဘူးလို့လား၊ အနစ်နာခံဘူးလို့လား မေးလာရင် ကျနော် ဘာကောင်မှလဲ မဟုတ်ပါဘူး။ သူတို့လောက်လဲ မပေးဆပ်ဘူးပါဘူး။ မစွန့်လွှတ်ဘူးပါဘူး။ အနစ်နာမခံဘူးပါဘူး။ ၀န်ခံပါတယ်။ ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ လို့ရေးထားတော့ တကယ်လုပ်ခဲ့ကြတဲ့ရဲဘော်တွေရဲ့ တကယ့်လက်တွေ့အခက်အခဲတွေကျနော်အပါအဝင် မဖြေရှင်းခဲ့နိုင်တာတွေရှိတယ် ခင်ဗျားလက်တွေ့သိအောင်လုပ်ပြီးမှရေးပေါ့ဗျာ ဆရာဝင်လုပ်တာလောက်တော့လာမလုပ်နဲ့။ ဒီတော့ခင်ဗျားရောဘယ်လောက်လုပ်ခဲ့သလဲဆိုတာ ပြောပါမယ် ကျနော်ကိုယ်ရည်သွေးသလိုဖြစ်နေရင် အားလုံးကိုတောင်းပန်ပါတယ် ၁၉၈၈ ကနေ ၁၉၉၀ အထိ ပြည်တွင်းမှာနိုင်ငံရေးလုပ်ပါတယ် ၁၉၉၀မှာတောခိုပါတယ် ၁၉၉၇ မှာဒါဏ်ရာ ရပါတယ် မသေလို့ကျန်တာပါ ၂၀၀၅ အထိနယ်စပ်မှာနေခဲ့ပါတယ် လုပ်နိုင်တာတွေလုပ်ခဲ့ပါတယ် ၂၀၀၆ မှာ US ကိုထွက်ခဲ့ပါတယ်။ ဒီလောက်ပါပဲ အခုအချိန်အထိစစ်အာဏာရှစံနစ်ဖျက်သိမ်းရေးအတွက် တတ်နိုင်သလောက်လုပ်နေပါတယ်။ ဌာင်ထဲမှာပေးဆပ်နေတဲ့သူတွေ ပြည်တွင်းကရဲဘော်တွေ တောထဲမှာ အနစ်နာခံနေကြတဲ့ရဲဘော်တွေကို အခုထက်ထိ တသသ လေးစားလျှက်ပါ။ သူတို့ဟာကျနော့်အတွက်တော့ သူရဲကောင်းတွေပါ။

လေးစားခင်မင်လျှက်ပါ မခင်မင်းဇော်

Unknown said...

ဒီပို့ စ်မှာ ဒီလောက်ဆူညံသွားရတာက မခင်မင်းဇော် အနေနဲ့ ကိုယ်ပြောခြင်တဲ့ လူ ကိုယ်နဲ့ ပုဂ္ဂိုလ်ရေးအရ မကြည်တဲ့ လူတွေကို တိုက်ရိုက် အနေနဲ့ မဟုတ်ပဲ..အားလုံးသိမ်းကျုံးပြောတော့ မဟုတ်တဲ့ လူက မခံနိုင်ပါဘူး..။ အားလုံးမိမိတတ်နိုင်သလောက် လုပ်နေတာပဲ..လုပ်ခဲ့ကြတာပဲလို့ တွေးတတ်မယ်ဆိုရင် ပိုကောင်းမှာပါ..။

''ဟိုတုန်းကဘာလုပ်လာတယ်ဆိုတာထက် အခုချိန်မှာ လုပ်နေတဲ့သူတွေကသာ မလုပ်တဲ့သူတွေထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ကိုယ်ပြီးဆုံးအောင် မလုပ်ခဲ့တဲ့ အလုပ်တခုကို ဆက်လုပ်နေတဲ့ သူတွေကို ကျေးဇူးတင်ရမယ် အားပေးရမယ်။ လုပ်ခဲ့တဲ့သူတွေရဲ့ ပေးဆပ်မှုတွေကိုလည်း ဆက်လုပ်နေဆဲ ဖြစ်တဲ့သူတွေက တန်ဖိုးထား အသိအမှတ်ပြုရမယ် ..။''
ဆိုတဲ့ မငယ်နိုင်ပြောတဲ့ စကားက သဘာဝကျတယ်။ တယောက်နဲ့ တယောက်လေးစားစွာ ဆက်ဆံမယ်ဆိုရင် ပိုကောင်းပါတယ်..။
နိုင်ငံရေး ဆိုတာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လက်ခံတဲ့ လူရှိသလို ငြိမ်းချမ်းစွာတောင်းဆိုတဲ့ လမ်းစဉ်ကိုလည်း လက်ခံတဲ့ လူရှိပါတယ်။ ဒီအမြင်မှာတောင်ယေဘူယျ အားဖြင့် ၂မျိုးကွဲနေပြီ။ ကျနော်တို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်စုတောင် ငြိမ်းချမ်းတဲ့ လမ်းစဉ်ကို ရွေးချယ်ပြီး ဇွဲရှိရှိနဲ့ စောင့်နေသေးတာပဲ..။
အဲဒီတော့ အမြင်မတူတာတွေကိုခ၀ါချပြီး ကိုယ်ဘယ်လောက်လုပ်ပေးနိုင်မလည်းဆိုတာကို
ကိုယ့်လက်ခံတဲ့ လမ်းစဉ်ကို ကိုယ်တဦးထဲ ရွေးချယ်ပြီး ပါဝင်တာလက်တွေ့ ကျပါတယ်။

တောထဲနေမှ မဲဆောက်နေမှ နိုင်ငံခြားမှ လို့ ခွဲခြားပြီး ကြည့်မယ်ဆိုရင်တော့ မဲဆောက်နေတဲ့ လူက နိုင်ငံခြားက လူကိုပြောသလို တောထဲနေတဲ့ လူကလည်း မဲဆောက်မှာနေတဲ့ လူကို ဝေဖန်မှာပဲ..
လက်ရှိအေဘီ ဥက္ကဌ ကိုသံခဲရဲ့ ဇနီး မလှိုင်ဆိုရင် ကန့် ထဲမှာ အားလုံးနဲ့ တန်းတူနေပြီး အခုထိ ဆရာမတာဝန်ကိုထမ်းဆောင်နေပါတယ်.။
အဲဒီလိုတွေ ထောက်ပြလာရင် ပြီးမှာ မဟုတ်တော့ပါဘူး..။

တိုင်းရင်းသားထဲမှာ နန့် ချန်ထောင်း တော်ပါတယ်..ဒါပေမဲ့ နိုင်ငံတကာကို သွားပြီးတော့ ကျမက အင်္ဂလိပ်၊ ထိုင်းလို တတ်ပါတယ်၊ တရုတ်လို နည်းနည်းတတ်ပါတယ်။ မြန်မာလို မတတ်ပါဘူး..အင်္ဂလိပ်လို ပြောပါလို့ ပြောပါတယ်။ မြန်မာတွေဟာ သူနဲ့ ပြောရာမှာ အင်္ဂလိပ်မြန်မာ စကားပြန်တယောက်နဲ့ စကားပြောရပါတယ်။ အမေရိကားကို သမ္မတဘုရှ်နဲ့ တွေ့ တဲ့ အချိန်မှာ လည်း အဲဒီလိုပဲပြောတော့ သမ္မတ ဘုရှ် ကတော်က မေးပါတယ်..သြော် ..ဟုတ်လားတဲ့ ...ကျမတောင် ဗမာလို သင်နေပါတယ်တဲ့ ..။ စဉ်းစားတတ်ရင် ရှက်စရာကောင်းပါတယ်။
နန်းချန်တောင်း အနေနဲ့ မြန်မာပြည်က ရှမ်းတိုင်းရင်းသူ တဦးပါ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ ရှမ်းအနေနဲ့ ကမ္ဘာကိုလှည့်နေပြီး တရုတ်စာတောင်နဲနဲ တတ်တယ်ဆိုပြီး ဗမာစာကြတော့လုံးဝမတတ်ပါ လို့ ပြောလိုက်တာ သူ့ အနေနဲ့ တော့ ဂုဏ်ယူခြင်ကောင်း ယူနေပါလိမ့်မယ်။

အဲဒီလိုပဲ ဖဒိုမန်းရှာ (ကွယ်လွန်) ရဲ့  သမီး ဇိုယာဖန်း စာအုပ်ထုတ်ဝေရာမှာ “မြန်မာပြည် အခြေအနေကတော့ လူထုတွေ ဒုက္ခရောက်နေတယ်၊ အမှန်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ မက ပါဘူး၊ ဗမာတွေလဲ စစ်အာဏာရှင် စနစ်မှာ ဖိနှိပ်ခံရတယ်“ ။

သူတို့  ၂ယောက်ရဲ့ စိတ်ထား ထားပုံကိုလေ့လာ ကြည့်ပါ။ ကျနော် ဇိုယာဖန်းရဲ့ စိတ်ဓာတ်ကို လေးစားတယ်..။ အများအလုပ်လုပ်တဲ့ လူဟာ အများကို လေးစားစိတ် ရှိသင့်ပါတယ်..။

ကျနော့် အဖို့ ကတော့ ကိုယ်က ဘာမှ မဟုတ်သေးပါဘူး.. လေးစားစရာကောင်းတဲ့ လူတွေ ကိုယ့်ဘေးမှာ အများကြီးပါ..အဓိက က ညီညွတ်ရေးပါ..စည်းလုံးရေးပါ..။ သူတပါးကို မုဒိတာ ပွားတတ်ဖို့ စိတ်ပါ..။ နောက်ဆုံး အခုအချိန်မှာ ဘာမှ မလုပ်ပေးတဲ့ လူရှိခဲ့ရင်တောင်မှ အဲဒီလူတွေ က သစ္စာဖောက် မဖြစ်တာကိုပဲ ကျနော်တို့ လေးစားရမှာပါ.....။ ကိုယ့်အမြင်နဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်.ကွဲလွဲခွင့်..ဆုံးဖြတ်ခွင့် ရှိပါတယ်..ဒါပေမဲ သူများတွေကို ကိုယ့်နဲ့ အမြင်မတူလို့ ဝေဖန်မယ်ဆိုရင် သဘာဝမကျပါဘူး....မခင်မင်းဇော်..။

အမြင်တူခြင်းတဘက်ထဲရပ်နေသေးတာကိုပဲလေးစားလျှက်ပါ..။
ဦးရဲသွေး

Unknown said...

ကျနော်ကိုယ်တိုင်လည်း ၁၉၇၄၊ ၁၉၉၀၊ ၁၉၉၃ ကနေ ၂၀၀၅ထိ ထောင်ထဲမှာ နေခဲ့ရတာပါ။ အခု ၂၀၀၆မှ နိုင်ငံခြားကို ရောက်လာတာပါ။ ကျနော် အနေ နဲ့ လုပ်သင့်တာတခုကို အသက်အပိုင်းအရတခုအနေနဲ့ လုပ်ခဲ့ပါတယ်..အခုလည်း တတ်နိုင်သလောက် လုပ်နေဆဲပါ...။
ဒါပေမဲ့ ကျနော် ဘာမှ မဟုတ်သေးပါဘူး..။
ထောင်ထဲမှာ နေတာ ကြာလာလို့ လည်း အပြင်အကြောင်းကို အခုမှ ပြန်လည်ပတ်အောင် လေ့လာ နေဆဲပါ..။ ဒါပေမဲ့ ကျနော် အခုအချိန်ထိ ဘယ်သံရုံးရှေ့ မှာ ဆန္ဒပြတဲ့ အထဲ မပါခဲ့ပါဘူး.. အလုပ်လုပ်နေရတဲ့ အတွက် အချိန်မရလို့ ပါ..။ ဒါပေမဲ့ ကျနော်တတ်နိုင်သလောက် လုပ်နေဆဲပါ..။ မခင်မင်းဇော် ပြောတဲ့ စကားက သိမ်းပြောလို့ ကျနော် ၀င်ပြောရတာပါ။ ထိုင်းဖိအားပေးလို့ ထွက်သွားတဲ့ ဆိုတဲ့ လူတွေကလည်း နအဖ ပြုတ်ဖို့ တခုခု မလုပ်သင့်ဘူးလားဆိုတာ..ထွက်သွားတဲ့ လူတိုင်း မလုပ် တော့တဲ့ လူတွေ မဟုတ်တာကို သိစေခြင်လို့ ဝင်ပြောဖြစ်တာပါ....။
လူကြီး၊ လူငယ်၊ အားလုံးကို ကျနော် လေးစားလျှက်ပါ....။
ဦးရဲသွေး

Anonymous said...

တကယ်တော့ မခင်မင်းဇော်နဲ့ကိုပေါက ” ငါ ” တွေနဲနဲများနေလို့ပါ၊လူပြောမသန်၊လူသန်မပြောတဲ့၊တကယ်
တမ်းလုပ်နေတဲ့သူတွေ၊ဘဝကိုစွန့်ပြီးအနစ်နာခံနေတဲ့သူတွေ
ဆီကအခုချိန်ထိဘာလုပ်နေပါတယ်၊ဘယ်လိုအနစ်နာခံနေပါ
တယ်၊ခင်ဗျားတို့ကထွက်ပြေးတဲ့လူတွေ၊သစ္စာဖေါက်တွေလို့
တခွန်းတပါဒမှမကြားရသေး၊နောင်လဲကြားရလိမ့်မယ်မထင်ပါ။
နောက်တခုကခင်ဗျားတို့ကလူထုကသတ်မှတ်ထားတဲ့၊လေးစား
ခံထားရတဲ့၊အသိအမှတ်ပြုထားတဲ့ခေါင်းဆောင်တွေမဟုတ်
ဘူးလေ၊ဆရာကြီးလူထုစိန်ဝင်းဒါမှမဟုတ်ဆရာကြီးဦးဝင်းတင်
ကပြောရင်တော့တမျိုးပေါ့၊အခုတော့ခင်ဗျားတို့ဟာကအ
ချင်းချင်းတမူးပိုရူနေတာမျိုးဖြစ်နေတာဗျ။အပြုသဘောနဲ့
ဝေဖန်တာထက်ဆရာကြီးလုပ်ချင်တဲ့စိတ်များနေတာ။ငါသိ၊
ငါတတ်၊ငါလုပ်တာမှအမှန်ဆိုတာမျိုး ”ငါ”တွေနဲနဲများ
နေသလားလို့........။

Anonymous said...

ထွက်ပြေးလာကြသူချင်းအတူတူ
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့  UNHCRရုံးတွင် ဒုက္ခသည် လျှောက်ထားလျှက် မြန်မာ့အရေး လှုပ်ရှားနေသော ကျနော်သည်၊ ၂၀၀၃ ခုနှစ် ဧပြီလ(၁၇ )ရက်(မြန်မာ နှစ်ဆန်းတစ်ရက်)နေ့ က၊ မဲဆောက်မြို့ AAPPရုံး သို့ရောက်ခဲ့စဉ် ၊၁၉၇၄ ခုနှစ် ၀န်းကျင်က နိုင်ငံ ရေး မှု့ကြောင့် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်းကြီးတဦးနှင့် စကားစမြည် ပြောဖြစ်ခဲ့ကြရင်း၊
ယခုအခါ ထိုသူ၏ပြောစကားအပေါ် အခြေခံလျှက်အတွေးပွားမိသဖြင့် ကျနော်ကဲ့သို့အတွေးပွားချင်သူများ ဆက်လက်တွေး တော နိုင်စေရန်၊ ဤစာကိုရေးသားလိုက်ရပါသည်။
ကျနော်သည်(၁၉၈၉)ခုနှစ်မှ(၁၉၉၂)ခုနှစ်အထိ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် န၀တစစ်အုပ်စု၏ နိုင်ငံရေးပုဒ်မ (၅/ည)ဖြင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ခြဲ့ပီး။(၂၀၀၂)ခုနှစ်တွင် ထိုင်းနိုင်ငံ သို့ ထွက်ပြေးလာသူ =(တ နည်း) ထွက်ခွာလာသူဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက်ပြီးနောက် (ABYMU)နှင့်(AAPP)တို့တွင် မြန်မာအရေးလှုပ်ရှားမှု့များလုပ်ဆောင်ရင်း၊အများနည်းတူ လုံခြုံရေး အခြေအနေ မကောင်းသဖြင့်၊ ကမ္ဘာ့ကုလသမဂ္ဂ(UNHCR)၏ စောင့်ရှောက်မူ့ ရစေရန် ၊ထိုင်းနိုင်ငံUNHCRရုံးတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ရပါသည်။
ထိုစဉ်အတောအတွင်းထိုင်းနိုင်ငံသို့ရောက်ရှိနေထိုင်နေကြသောမြန်မာ့အရေးအလှုပ်ရှားသူများအသိုင်းအ၀ိုင်းတွင်ကျနော်ကဲ့သို. ဒုက္ခသည်လျှောက်သူနှင့်မလျှောက်သူဟူ၍ကွဲပြားနေကြသည်ကို သတိပြုအကဲခတ်မိလာခဲ့ပါသည်။
အဖွဲ့ အစည်းများ၌ ခေါင်းဆောင်ပိုင်းမဟုတ်သူ -ကျနော်ကဲ့သို.လူများစုမှာ ဒုက္ခသည်လျှောက် ထားကြပြီး၊ ခေါင်းဆောင်ပိုင်း ဆို သူ လူနည်းစုနှင့်နောက်လိုက်တချို.့တ၀က်မှာ ဒုက္ခသည်-မလျှောက်ထားကြသည်ကို- လေ့လာ့အကဲခတ်မိ လာခဲ့ပါသည်။
အဖွဲ.အစည်းတခုတည်းမှာပင်-ဒုက္ခသည်လျှောက်သူနှင့်မလျှောက်သူများကြား-စကားအခြေအတင်အချိတ် အငေါ့လေးမျာ ပြော ကြား တတ်သည်ကိုတွေ.ရှိလာခဲ့ရပါသည်။
ဒုက္ခသည်လျှောက်သူတို့.ဘက်ကလည်း အကြောင်းပြသည်မှာ ...”ထိုင်:ရဲတို့.၏ အဖမ်းအဆီးခံခဲ့ရလျှင် ဗမာပြည်ပြန်မပို့ .စေရန် လုံခြုံရေးအထောက်အကူအဖြစ် ဒုက္ခသည် လျှောက်ကြရကြောင်း “ ပြောဆိုကြသလို ၊ဒုက္ခသည်မလျှောက်သူတို. ဘက်က လည်း ….“ထိုင်းရဲတို.၏အဖမ်းဆီးခံရမှာ ကြောက်လျှက်နှင့်ဒုက္ခသည်လျှောက်လျှင်ပဲ...သိက္ခာကျသလိုလို..ဘာလိုလိုနှင့်”မရေ မရာစကားများဖြင့်ပြန်လည်တုံ့ပြန်ပြောဆိုကြသည်ကိုကြားသိလာခဲ့ရပါသည်။
------------------------------------------------------------------

နိုင်ငံရေး ဒုက္ခသည်မိသားတစု တတိယနိုင်ငံသို့ အသွား


ဤစာ(ဆောင်းပါး)အစမှာကျနော်နိဒါန်းချီခဲ့သော(၁၉၇၄)ခုနှစ်နိုင်ငံရေးအကျဉ်းသားဟောင်းကြီးကလည်း...
“ထိုင်းနိုင်ငံရောက်လာသူတွေကို..အမျိုးအစားခွဲကြည့် ရမယ်။ထွက်ပြေးလာတာလား။နိုင်ငံရေး ဆက်လုပ်ချင်လို့ လား။ဆိုတာ ခွဲကြည့် ရမယ်။ထွက်ပြေးလာသူတွေက..ဒုက္ခသည်လျှောက်ကြ။ဒို.လိုနိုင်ငံရေးဆက်လုပ်ချင် သူတွေက..ဒုက္ခသည်.. မလျှောက် ကြနဲ့ ”ဟူ၍ ကျနော့် သဘောထားနှင့်ကွဲလွဲသော အမြင်တခုကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးဖြစ်ခဲ့ပြီး၊ထိုစဉ်က အကျယ်တဝင့် ပြန်မပြောဖြစ်ခဲ့သော်လည်း ယခု အခါ ဤစာဖြင့်ပြန်လည်တင်ပြရခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံသို့. (နိုင်ငံရေးအရ) လာရောက်ပြီ ဆိုကတည်းကထွက်ပြေးလို့ ရောက်လာကြတာပဲ မဟုတ်လား ။စစ်အစိုးရရဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်မှာကို မခံချင်၍ ၊ထွက်ပြေးလာကြသူချည်းပဲမဟုတ်ပါလား ။
ထိုင်းနိုင်ငံရောက်ရှိသူတိုင်း-မိမိတို့၏ဘ၀အမှန်ကိုမိမိတို.မမေ့ဖို့လိုအပ်ပေသည်။
မိမိတို၏ပကတိအဖြစ်အမှန်ကို-မိမိတို.မဖုံးကွယ်ဖို့.လိုအပ်သည်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်လျှက်မြန်မာ့အရေး လှုပ်ရှားနေသူတိုင်းပထမဦးစွာလက္ခံကြရမည့်အချက်မှာ မိမိတို့ သည် ကိုယ်စီ ကိုယ်ငှ အတွင်းစိတ်တွင် တူညီနေကြသည်မှာ-
မြန်မာ စစ်အစိုးရလက်မှလွတ်ရာ ထွက်ပြေးလာကြသူချည်းပင်- ဆိုသည့် ပထမအချက်ကိုလက်ခံကြရမည်ဖြစ်သည်။
ဤ ပထမအချက်ဖြစ်သော -အားလုံးမှာ ထွက်ပြေးလာကြသူများပင် ဖြစ်သည်-ဟူသည့်အချက်သာ တူညီကြမည်ဖြစ်ပြီး၊ဒုတိယ အချက်ဖြစ်မည့် -နိုင်ငံရေး ဆက်လုပ်-မလုပ်ဆိုသည့် အချက်သာ ကွဲပြားသွားပေလိမ့်မည်ဆိုသည်ကိုလည်း ရှင်းလင်းစွာ လက်ခံကြရမည် ဖြစ်သည်။
အခြားသူများမည်သို့ ရှိမည်မသိ။ကျနော့်တကိုယ်ရည်ခံစားချက်အရဆိုရင် ပြည်တွင်းမှာမြန်မာအရေး မလုပ်ရဲတော့၍ ပြည်ပသို့. နိုင်ငံရေးလုပ်ဆောင်ရန်ထွက်ခွာ(ထွက်ပြေး) လာခဲ့ခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောချင်ပေသည်။ဘယ်အဖွဲ့ မှာဖြစ်ဖြစ်-ကျရာအခန်းမှနေ၍ တတ်စွမ်းသမျှဆောင်ရွက်ပေးရန်ရည်ရွယ်ချက်သာ ရှိခဲ့ပြီး။ ထိုင်းမှာအနေကြာရင်း ထိုင်းရဲတို့ ဖမ်းဆီးမှု အခြေအနေများကိုသိလာရပြီးနောက်ပိုင်းကျမှ UNHCR တွင်ဒုက္ခသည်လျှောက်မှစိတ်ချရကြောင်းအကဲခတ်မိလာခဲ့ပါသည်။
ထိုအခါကျမှ ဒုက္ခသည်လျှောက်ရကောင်းမှန်း သိလာခဲ့ရပြီး-ထိုင်းသို့ လာသည်မှာ ဒုက္ခသည်လျှောက်ဖို့ လာခဲ့ခြင်း မဟုတ် ကြောင်း ဝန်ခံရဲပါသည်။ သို့ သော် မပြေးသော်လည်း-ကန်ရာရှိဆိုသည့်စကားပုံလိုပင် ဒုက္ခသည်လျှောက်ရန်ထွက်ပြေး လာခြင်း မဟုတ်သော်လည်းအခြေအနေအရ ကျနော်ကဲ့သို့ ဒုက္ခသည်မလျှောက်မဖြစ် လျှောက်ထားလိုက်ရသူများ များစွာရှိလာခဲ့သည်ကို မြင်ခဲ့ရပါသည်။
ပြည်တွင်းမှ မထွက်ခွာလာခင်ကရော.. ပြည်ပထိုင်းကိုရောက်ကာစရော..(UNHCR)တွင်ဒုက္ခသည် လျှောက်ရခြင်းကိစ္စကို လုံးဝ မသိခဲ့ရိုးအမှန်ပင်။
ပြည်ပထိုင်းတွင် လအတန်ကြာနေထိုင်လာခဲ့ပြီးခါမှ လုံခြုံရေးအခြေနေများအရ UNHCR တွင်ဒုက္ခသည်လျှောက်ကြရ ကြောင်း သိလာခဲ့ရပေသည်။
ထိုအခါမှသာလျှင် ကျနော်သည်မြန်မာ့အရေးလှုပ်ရှားလုပ်ဆောင်ရင်း အဖမ်းအဆီးခံရမည်ကိုကြောက်သဖြင့်အကာအကွယ်တခု ခုတော့ရမည်ဟု ယုံကြည်ကာ ဒုက္ခသည်လျှောက်ထား(တနည်းအားဖြင့် )ဒုက္ခသည်လျှောက်ကြသူများ၏အယူအဆကို ထောက် ခံလျှက်လျှောက်ထားခဲ့ပေသည်။
ထိုသို့ လျှောက်ထားသဖြင့် တချို့ သော(UNHCR) မလျှောက်ကြသူများ ပြောသကဲ့သို့ သိက္ခာကျစရာအကြောင်းမရှိပါ။
ကျနော်ကဲ့သို့ နိုင်ငံရေးလုပ်ဆောင်နေသူ ဒုက္ခသည်များအဖို့ လုံခြုံရေးအရ လျှောက်ထားသည်မှာ မှန်သည်ဟုမြင်မိပါသည်။
ဒုက္ခသည် လျှောက်ခြင်းသည် သူများပစ္စည်းခိုးစားတာ မဟုတ်သဖြင့် သိက္ခာကျစရာ မလိုပါ။
ဒီအလုပ်သည် န၀တ၊နအဖထံသို့ ပြည်ပသတင်းများ ပြန်လည်ပေးပို့ နေခြင်းကိစ္စမဟုတ်သဖြင့်လည်း သိက္ခာကျစရာ မလိုပါ။
UNHCRလျှောက်ပြီး ဒီမိုကရေစီရေး နှောင့်နှေးနေစေသည့် လုပ်ရပ်များ လုပ်နေခြင်းမဟုတ်၍လည်း သိက္ခာကျစရာမလိုပေ။
ကျနော့်အမြင်အရ နိုင်ငံရေးလုပ်ရာတွင် အထောက်အကူလုံခြုံမူရစေရန် ဒုက္ခသည်ဆက်လုပ်နေသူများကိုထောက်ခံရပေမည်။
UNမှအသိမှတ်ပြုခံရပြီးပါကလည်း..နိုင်ငံရေးဆက်လုပ်နေသူများကိုထောက်ခံရပေမည်။
သို့သော်နိုင်ငံရေး လုပ်နေရင်း အဖမ်းဆီးခံရမှာကြောက်သဖြင့် UN လျှောက်ကြလျှက်- UN ၏အသိမှတ်ပြုခံရပြီးသောအခါ နိုင်ငံ ရေးဆက်မလုပ်တော့ဘဲ-UN ၏ လုံခြုံမူ အကာအကွယ်ကိုယူလျှက် မိမိတကိုယ်ရည်ကောင်းစားရေး မိသားစုတကွက်ကောင်း စားရေး စီးပွားရေးလုပ်သွားသူများ -လုပ်နေသူများကိုတော့ နိုင်ငံရေးနယ်ပယ်အသိုင်းအ၀ိုင်းမှ မထောက်ခံအပ်ပေ။
ကျနော်ကဲ့သို့ ခေါင်းဆောင်ပိုင်း မဟုတ်သောသူများ နိုင်ငံရေးလုပ်နေရင်း UNHCR လျှောက်ထားကြသကဲ့သို့ အဖွဲ့ စည်းတချို့ မှ ခေါင်းဆောင်ပိုင်းဆိုသူတချို့ လည်း လုံခြုံရေးအခြေနေရ UNHCR မလျှောက်ထားကြသော်လည်းအမေရိကန် အစရှိသော ဒီမို ကရေစီရေးအားပေးသောနိုင်ငံကြီးများသို့ သွားရောက်လျှက် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြကြောင်းထပ်မံ၍ ကြားသိ လာ ခဲ့ရပေသည်။
သွားခွင့်သာ၍ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားကြသည့်ကို ကျနော့်လို လူမျိုးကတော့ အပြည့်အ၀ မုဒိတာဖြင့် ကြိုဆိုပါသည်။
နိုင်ငံရေးလုပ်နေရင်း ပြည်ပနိုင်ငံမှာလုံခြုံရေးအခြေနေအရ မလုပ်မဖြစ်တော့၍ ခိုလှုံခွင့် သွားလျှောက်ကြခြင်းသည် လုပ်သင့် သည့် အလုပ်တခုကို လုပ်ခြင်းဖြစ်သဖြင့် သိက္ခာကျရာမလိုပါ။
အဓိက ရည်ရွယ်ချက်ဖြစ်သည့်နိုင်ငံရေးဆက်လုပ်ရေးပင်မဟုတ်ပါလော ။
သို့ သော်ခိုလှုံခွင့်လျှောက်ကြသူများ ခိုလှုံခွင့်ရရှိပြီးကာမှ နိုင်ငံရေး မလုပ်တော့ဘဲ၊ ရောက်ရာနိုင်ငံများတွင်မိမိတို့ မိသားစု တ ကွက် ကောင်းစားရေးဖြစ်သည့် စီးပွားရေးသော်လည်းကောင်း-လုပ်သွားကြလျှင်တော့ /လုပ်နေကြလျှင်တော့ နိုင်ငံရေးနယ်ပယ် အသိုင်းအ၀ိုင်းက လုံးဝခွင့်လွှတ်မည်မဟုတ်ပေ ။သိက္ခာကျစရာ လုပ်ရပ်အဖြစ်သာရှုံချကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးကိုအကြောင်းပြလျှက်ခိုလှုံခွင့်ယူသွားပြီးကာမှ နိုင်ငံရေးမလုပ်တော့ သဖြင့် န၀တနအဖ အလို ကျ=လက်နက်ချအလင်းဝင်သွားသည်နှင့်တူနေပြီဖြစ်ပြီး အလင်းဝင်တာနှင့်ဘာများထူးလို.နည်း။
ဒီမိုကရေစီရေးကို အားမပေးတော့သည်လုပ်ရပ်ဖြစ်သဖြင့် ဒီမိုကရေစီရေး လှုပ်ရှားနေသူများ၏
ဆူးငြောင့်ခလုတ်သာဖြစ်ပေလိမ့်မည်။
ကျနော.(ဆောင်းပါး)ကို နိဂုံးချုပ်တင်ပြရလျှင် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာကြသူချင်း
တူပင် တူငြားသော်လည်း...
(၁)။ နိုင်ငံရေး ဆက်လက်လုပ်ရင်း ဒုက္ခသည်လျှောက်သူ /မလျှောက်သူ ။
(၂)။ နိုင်ငံရေးလည်း ဆက်မလုပ်တော့ဘဲ ဒုက္ခသည်လျှောက်သူ /မလျှောက်သူ ။
(၃)။ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံရပြီးကာမှ နိုင်ငံရေးဆက်လက် မလုပ်တော့သူ /ဆက်လုပ်သူ ။
(၄)။ နိုင်ငံရေးဆက်လုပ်နေရင်း နိုင်ငံရေးခိုလုံခွင့် သွားလျှောက်သူ /မလျှောက်သူ။
(၅)။နိုင်ငံရေးလည်း ဆက်မလုပ်တော့ဘဲ နိုင်ငံရေးခိုလှုံခွင့် သွားလျှောက်သူ /မလျှောက်သူ ။
(၆)။ နိုင်ငံရေးခိုလှုံခွင့်ရပြီးကာမှ- နိုင်ငံရေးဆက်မလုပ်တော့သူ /ဆက်လုပ်သူ ။
ဟူ၍အမျိုးအစားများ ကွဲပြားသွားမည်သာဖြစ်ပေမည်။
နောက်ဆုံးအဖြေထုတ်ကြည့်လျှင် -ထိုင်းနိုင်ငံသို့ နိုင်ငံရေးအရ ရောက်လာသူတိုင်း ထွက်ပြေးလာသူချည်းပဲဆိုသည်ကို လက်ခံ ရပေမည်။
ထွက်ပြေးလာကြသူထဲမှာ နိုင်ငံရေး ဆက်လုပ်ချင်သူနှင့် မလုပ်တော့သူများကိုထပ်မံခွဲခြား သိမြင်ရပေလိမ့်မည်။
နိုင်ငံရေးလုပ်သူများထဲတွင်လည်း ဒုက္ခသည်လျှောက်သူနှင့်မလျှောက်သူ။ ခိုလှုံခွင့်လျှောက်သူနှင့်မလျှောက် သူများက ထပ်မံခွဲခြား သိရပေလိမ့်မည်။
နိုင်ငံရေးဆက်မလုပ်တော့သူများ (တနည်း)= စီးပွားရေးသာ လုပ်သွားကြသူများထဲတွင်လည်း ဒုက္ခသည် လျှောက်သူနှင့်
မလျှောက်သူ။ခိုလှုံခွင့်လျှောက်သူနှင့်မလျှောက်သူများကိုထပ်မံခွဲခြားသိမြင်ရပေလိမ့်မည်။
နိုင်ငံရေးလုပ်နေရင်း-ဒုက္ခသည်လျှောက်ထားရင်း UNမှ အသိမှတ်ပြုခံရပြီးကာမှ နိုင်ငံရေးဆက်လက် မလုပ်တော့သူများ =စီးပွားရေးလုပ်သွားကြသူများကိုလည်း ထပ်မံခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ပေသည်။
ထို့ အတူ နိုင်ငံရေးလုပ်ရင်း=ခိုလှုံခွင့်လျှောက်ထားရင်း၊ သက်ဆိုင်ရာ နိုင်ငံကြီးများမှ ခိုလှုံခွင့်ပေးပြီးကာမှ နိုင်ငံရေးဆက်မလုပ် တော့ဘဲ..မိမိကိုယ်ကျိုးစီးပွား ကောင်းစားရေးသာ လုပ်သွားကြသူများကိုလည်း ခွဲခြားသိမြင်ရပေလိမ့်မည်။
ထိုသို့ ဆိုလျှင် ၁၉၇၄ခုနှစ် နိုင်ငံရေးအကျဉ်းသားဟောင်းကြီးပြောသည့် သူ.အမြင်ထက် ပိုမိုပြည့်စုံသည့် ကျနော်၏ အတွေး အမြင် များ ရှင်းလင်းသွားလောက်ပြီဟု ယူဆမိပါသည်။
အချုပ်အားဖြင့်-ထွက်ပြေးလာကြသူချင်းအတူတူ နိုင်ငံရေးဆက်လုပ် /မလုပ် ဆိုသည့်အဓိက မူပေါ်တွင်သာ နိုင်ငံရေးလောက တွင် မှတ်ကျောက်တင်သင့်ပေသည်။
သာမည မူဖြစ်သော ဒုက္ခသည်လျှောက်ခြင်း /မလျှောက်ခြင်း ။နိုင်ငံရေးခိုလှုံခွင့်ရခြင်း /မရခြင်း ဆိုသည့် သာမည ကိစ္စများကို ရေးကြီး ခွင့်ကျယ်လုပ်ကာ ‘ဘယ်သူမြတ်သည် /မမြတ်သည် “ကို မငြင်းကြဘဲ အဓိကဦးတည်ချက် လမ်းကြောင်းဖြစ်သည့် မြန်မာ့ဒီမိုကရေစီရေး ဆက်လုပ်နေရေးသာ “အခရာ”ဖြစ်ပါကြောင်း…။

(အိုးဝေအောင်)

Anonymous said...

ဟစ်တိုင်အင်တာနက်စာမျက်နှာပေါ်က ကိုအိုးဝေအောင်ရဲ့ စာတပုဒ်ကို ဖတ်ရလို့  ကော်ပီ.ပေ့စ် လုပ်ပေးလိုက်ပါတယ်။ ဆိုင်လား မဆိုင်လားတော့မသိ။ ကျနော်လည်း ဒီပို့ စ်ကို စိတ်ဝင်တစား ဖတ်နေလို့  ထည့်သွင်းစဉ်းစားနိင်အောင် တင်ထားပေးတာပါ။ ကိုအိုးဝေအောင်ဆိုတာက ၁၉၈၈ ခုနှစ်တုန်းက အခြေခံပညာကျောင်းသားများ သမဂ္ဂ. အတိုကောက် အကသ အဖွဲ့ ဝင်တယောက် ထင်ပါတယ်။ မဆိုင်ဘူးဆိုရင်တော့ ခွင့်လွှတ်ပါ။
ဘလော့ဖတ်သူတယောက်ပါ။

ကိုပေါ said...

ပထမဦးဆုံး ညွန့်ဆိုသူကို ပြောလိုပါတယ်။

ကျနော်ဟာ စင်္ကာပူမှာ နေထိုင်ပေမယ့် မြန်မာနိုင်ငံသားတဦးသာ ဖြစ်ပါတယ်။ မြန်မာ့အရေးကိစ္စဆိုရင် မြန်မာတိုင်းမှာ လွတ်လပ်စွာ ပြောဆိုသုံးသပ် ပိုင်ခွင့်ရှိပါတယ်။ ငါတို့လောက် အသက်သွေးချွေးမပေးခဲ့လို့၊ မပေးဆပ်ခဲ့လို့၊ မစွန့်စားခဲ့လို့ ၀င်မပြောနဲ့ဆိုတာဟာ နအဖရဲ့ ဖုန်တက်နေတဲ့ အတွေးအခေါ်ပါ။ အဲဒီစကားမျိုးကို နအဖကပြောပြော၊ ဒီမိုကရေစီ ဘက်တော်သားဆိုသူတွေကပြောပြော လက်ခံနိုင်ဖွယ် မရှိပါဘူး။ (ဒီအဖြေဟာ ဦးဂင်ကြီးအတွက်လည်း ရည်ရွယ်ပါတယ်။)

တောထဲမှာဆို “မင်းလိုကောင်မျိုး ကျွန်းပင်အောက် ရောက်သွားပြီ” ဘာညာ ခြိမ်းခြောက်လို့လဲ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ အမြင်မတူမှုကို ရန်သူသဖွယ်သဘောထားပြီး အဲသည်လို အကြမ်းဖက်ဖြေရှင်းချင်တတ်မှုကို ဒီနေရာကနေ အတိအလင်း ရှုတ်ချလိုက်ပါတယ်။ အဲဒီလို မှားယွင်းတဲ့ သဘောထားတွေကို ပြင်ဖို့သင့်နေပြီဆိုတာလည်း သတိပေးလိုက်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သတ်မှတ်တာဟာ ဒီမိုကရေစီမဟုတ်သလို လူ့အခွင့်အရေးလည်း မဟုတ်ပါဘူး။

နောက်တချက်က မငယ်နိုင်ကို ပြောလိုတာပါ။ မငယ်နိုင်ရဲ့ စနစ်တကျ အေးအေးဆေးဆေး ပြန်လည် ဖြေရှင်းပုံကို သဘောကျပါတယ်။

မငယ်နိုင်ပြောသလိုပဲ မြန်မာပြည်သားတိုင်းဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်။ လူ့အခွင့်အရေးတွေကို ကမ္ဘာတလွှားက လူသားတွေနည်းတူ ရသင့်ရထိုက်တယ်လို့ပဲ ကျနော်တို့ ရှုမြင်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်ဖို့ဖက်က ကျနော်တို့ အမြဲသဖြင့် ထောက်ခံခဲ့ပါတယ်။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားဟာ လက်နက်ကိုင်တော်လှန်ရေးကို ရည်ရွယ်ပြီး ပြောတာ မဟုတ်ဘူးဆိုတာလည်း ကျနော်သဘောပေါက်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဘက်က ကာကွယ်ပြောကြားဖို့ဆိုရအောင် ကျနော်ကိုယ်တိုင်ကလည်း လက်နက်ကိုင်တော်လှန်ရေးအယူအဆကို မထက်သန်ဘူးဆိုတာ အရင်ကွန်မင့်မှာကတည်းက ပြောခဲ့ပြီးသားပါ။

ဒါကြောင့် အဆုံးတိုင်အောင် လုပ်မယ့်အကြောင်းကို ပြောကတည်းက နားလည်မှုလွဲမှာစိုးလို့ စကားခံပြီး အသေအချာ ပြောခဲ့ပါတယ်။ တော်လှန်ရေးလုပ်တာဟာ စားသောက်ဆိုင်စပ်တူလုပ်သလို၊ အပျော်ခရီးသွားသလို၊ ထုတ်ဆီးတိုးသလို မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် မငယ်နိုင်ပြောသလိုပဲ ကျနော့်အလုပ်ရှင်က ကျနော့်ကို လုပ်ခနှိမ်ပေးတယ်ဆို ဘယ်လက်ခံလိမ့်မလဲ။ ချက်ချင်း နောက်အလုပ်တခုကို ပြောင်းမှာပေါ့။ ဒါတောင် အစကတည်းက ကိုယ်ကျေနပ်လို့ ၂ နှစ် လုပ်ပေးပါမယ်လို့ နှုတ်ကတိပေးခဲ့တာမျိုး ရှိရင် အဲသည် ၂ နှစ်အတွင်းတော့ ပြောင်းဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။

တခြားအရာတွေမှာ တခုကနေ တခု အဲသည်လို ကူးပြောင်းသွားဖို့ လွယ်ကူပေမယ့် တော်လှန်ရေးတရပ်ကို ဆင်နွှဲနေရာက အခြားတော်လှန်ရေးအသွင်တမျိုးကို တဦးတယောက်တည်းအနေနဲ့ ကူးပြောင်းသွားတယ်ဆိုရင် ကျန်တဲ့ ကိစ္စတွေနဲ့ အကျိုးဆက်ခြင်းက မတူဘူးလို့ ဆိုလိုချင်တာပါ။

လက်နက်ကိုင်တော်လှန်ရေး လုပ်နေရာကနေ ယုံကြည်ချက်ပြောင်းသွားလို့ သူ့ရွေးချယ်ခွင့်နဲ့သူ တခြားတော်လှန်ရေးနည်းတမျိုးကို ပြောင်းလဲသွားလို့ရပါတယ်။ ကျနော်လည်း ပြောခဲ့ပါတယ်။ ကျောင်းသားတပ်မတော်တခုလုံး လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်တော့လို့ အခြား လှုပ်ရှားမှုတခုကို ပြောင်းလုပ်သွားရင်တောင် အထွေအထူးပြောစရာ အကြောင်းမရှိဘူးဆိုတာလေ။

ဒါပေမယ့် အတူတွဲလုပ်လာပြီးမှ လမ်းတ၀က်မှာ စွန့်ခွာသွားရင် အဲဒီလုပ်ရပ်ဟာ မှားတယ် မှန်တယ်ဆိုတာထက် ကိုယ်လွတ်ရုန်းသွားတာလို့ ကျန်ရစ်ခဲ့တဲ့လူတွေက မြင်သွားတတ်တဲ့ သဘောသဘာဝကိုတော့ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ အဖွဲ့အစည်း သဘောတူညီချက်နဲ့၊ အများသဘောတူညီချက်နဲ့ ကူးပြောင်းသွားတာဆိုရင်တော့ ဒီလိုထင်စရာအကြောင်းမရှိပါဘူး။

ဒါဟာ ဖြစ်တတ်တဲ့ သဘာဝကို ပြောပြတာပါ။ လက်နက်ကိုင်တော်လှန်ရေးမှာမှ မဟုတ်ပါဘူး။ အခြား အခက်အခဲကို အံတုရတဲ့ အရာမှန်သမျှမှာ ဒီလိုမျိုး ဖြစ်တတ်ကြပါတယ်။ ဥပမာပေးရရင်…. စင်္ကာပူမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေကို စင်္ကာပူအစိုးရက နေထိုင်ခွင့်ပါမစ်နဲ့ ပတ်သက်ပြီး ဖိအားပေးတဲ့အခါ တချို့က ဒူးထောက်ပြီး ဘေးထွက် ထိုင်သွားကြပေမယ့်၊ အာဏာပိုင်တွေဆီမှာ အညံ့ခံလိုက်ပေမယ့် ကျန်တဲ့လူတွေကတော့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပစေ…. မူလ ယုံကြည်ချက်နဲ့ အချင်းချင်းအပေါ်မှာ သစ္စာမဖောက်ဖျက်ဘဲ မူလ လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးနဲ့ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားတာကို တွေ့ရပါမယ်။ စင်္ကာပူမှာနေထိုင်ခွင့်ကို ကိုယ့်ယုံကြည်ချက်နဲ့ မလဲလှယ်ဘဲ ဆက်လက် အံတု ရပ်တည်သွားတာကို တွေ့ရပါတယ်။ အချို့မှာ အကျိုးဆက်အဖြစ် စင်္ကာပူမှ ထွက်ခွာသွားရပါတယ်။ ဒါပေမယ့် နောင်တမရသလို၊ လက်လည်း မြှောက်မသွားပါဘူး။ ရောက်ရာအရပ်မှာ တော်လှန်ရေးအတွက် ထက်သန်နေကြဆဲပါ။

ဒါပေမယ့် အထက်မှာ ပြောခဲ့ကြတဲ့ ကွန်မင့်တွေထဲမှာတော့ လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်ကြတော့လို့ စွန့်သွားတာမဟုတ်ဘူးဆိုတဲ့အတွက် ဘာကြောင့်စွန့်သွားတာလဲ ဆိုတဲ့ မေးခွန်းဟာ အလိုအလျောက်ပေါ်လာတယ်ဆိုတာကို ထောက်ပြတာပါ။

တတိယနိုင်ငံရောက်သွားလည်း အဲဒီရောက်ရာ ကမ္ဘာတလွှားကနေ ဒီမိုကရေစီအရေးအတွက် အားတက်သရော ဆက်လက် လှုပ်ရှားဆဲဆိုရင် ကျနော်လေးစားတယ်လို့လည်း ပြောခဲ့ပါတယ်။ နောက်ဆုံးကိုအိုးဝေအောင်ဆောင်းပါးပါ နိုင်ငံရေးခိုလှုံခွင့်ခံယူပြီးသည့်နောက်ပိုင်း နိုင်ငံရေးကို ဆက်လက်လှုပ်ရှားနေသည်ကိုလည်း ကြိုဆိုပါတယ်။ ကိုသက်ဦးပြောသလို တခုခုကို ဖက်နေသေးတယ်ဆိုတာမျိုးပေါ့။

ဒါပေမယ့် အဲဒါက တကဏ္ဍ၊ စွန့်ခွာသွားစဉ်က လုပ်ရပ်က တကဏ္ဍ ဆိုတာလည်း အသေအချာ ခွဲခြားပြောခဲ့ပါတယ်။ လူတယောက်ဟာ အတိတ်မှာ အမှားတွေ လုပ်ခဲ့ပေမယ့် ယခု အမှန်တွေ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အလားတူ အတိတ်တုန်းက အမှန်တွေ လုပ်ခဲ့ပေမယ့် အခုလောလောဆယ်မှာ အမှားတွေ လုပ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် “ ဟိုတုန်းကဘာလုပ်လာတယ်ဆိုတာထက် အခုချိန်မှာ လုပ်နေတဲ့သူတွေကသာ မလုပ်တဲ့သူတွေထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ” ဆိုတဲ့ မငယ်နိုင်ရဲ့ စကားကိုလည်း အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘာမှမလုပ်တော့ဘဲ အတိတ်က လုပ်ခဲ့တာလေးအပေါ်မှာ သာယာပြီး၊ ရေနှူးပြီး အခွင့်သာတိုင်း အသားယူဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကိုတော့ အသိအမှတ်မပြုတဲ့အပြင် ရှုတ်ချလိုပါတယ်။

နောက်တခုက မငယ်နိုင်ပြောတဲ့ ဒီမိုကရေစီစနစ်မှာ အယူအဆ အမျိုးမျိုး အဖုံဖုံ ကွဲပြားနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံပါတယ်။ တသွေးတသံတမိန့်ဆိုတာ အာဏာရှင်စနစ်အောက်မှာပဲ ဖော်ဆောင်လို့ ရတာပါ။ ကွဲလွဲတဲ့၊ မတူညီတဲ့ အယူအဆတွေ အမြင်တွေကို ရန်သူလိုသဘောမထားပဲ လက်ခံဆွေးနွေးနိုင်တဲ့ အလေ့အထတခုကို ကျနော်တို့ ထူထောင်ကြရမှာပါ။

ဒီလိုမှ မဟုတ်ရင် ဒီမိုကရေစီအတွက် အသက်ပေးတိုက်တယ်လည်း ပြောလားပြောရဲ့။ တဖက်မှာလည်း ကိုယ်စီးတဲ့မြင်းကို အထီးမှန်း၊ အမမှန်းမသိ ဆိုတာလို အာဏာရှင်အငယ်စားလေးတွေသဖွယ် အာဏာရှင်အကျင့်စရိုက်ကလေးတွေကို ထိန်းသိမ်းမွေးမြူထားပြီး အာဏာရှင်လို ပြုမူနေသရွေ့တော့ ဒီမိုကရေစီဆိုတာ ဝေးနေဦးမယ်ဆိုတာ တင်ပြလိုက်ပါတယ်။

ဦးဂင်ကြီး said...

Ko Paw ခင်ဗျားဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် တတ်နိုင်သလောက်လုပ်နေသလား ဟုတ်ပြီ အခု ကျနော်တို့လဲတတ်နိုင်သလောက် ဆက်လုပ်နေကြတယ်။ မြန်မာ့အရေးဟာ နိုင်ငံသားတိုင်းနဲ့ဆိုင်တယ် ပြည့်ကလုပ်နေတယ်ဆိုတာ အရံပဲဖြစ်တယ် အဓိကအဆုံးအဖြတ်က ပြည်တွင်းမှာပဲရှိတယ်။ ဒီတော့ ကျနော်တို့က ကြွားခြင်လို့ ဘာလုပ်ခဲတယ်ဆိုတာ ထုတ်ပြောနေကြတာမဟုတ်ပါ ခင်ဗျားကိုလဲမချိမ်းခြောက်ပါ ဒါပေမဲ့ လက်တွေဘဝအရကိုယ်တိုင်မသိခဲ့တဲ့ ကိစ္စတွေကို ရမ်းမဝေဘန်ပါနဲ့ လက်တွေ့ဘာလုပ်နေသလဲဆိုတာသိတ်အရေးကြီးတာပေါ့ အဲ့ဒါမှန်တယ်။ ကျနော်တို့ကသမိုင်းမျာကိုယ်လုပ်ခဲ့တဲ့ဟာကိုအမှန်အတိုင်းပြောခဲ့ကြတယ် နိုင်ငံရေးသမားဆိုတာဖြတ်သန်းမှုသမိုင်းရှိရတယ် ပြောလဲပြောရဲရတယ် လုပ်နိုင်တာလဲဆက်လုပ်နေရတယ်။ အခုကိစ္စက ခင်ဗျားနဲ့ပြိုင်နေတာမဟုတ်ပါ။ ပြိုင်စရာလဲမလိုပါ အဓိကကတော့ အခြေအနေမှန်ကို လက်တွေမသိပဲ သိသယောင်ယောင်ဝင်ပြောနေတာက ပြသာနာရှိနေတာပါ။ လူတယောက်ရဲဖြတ်သန်းမှုသမိုင်းဘယ်လောက်ရှိလို့ သူကဝင်ပြောနေတယ်ဆိုတာ ခင်ဗျားနဲ့ပတ်သက်ပြီးကျနော်တို့မတွက်တတ်ဘူး။ တတိယနိုင်ငံမှာ ဆက်လုပ်နိုင်တာလေးတွေဆက်လုပ်နေတယ်။ အရင်ကလဲလုပ်ခဲ့ဘူးတဲ့သမိုင်းရှိတယ် သူ့ပေးဆပ်မှုနဲ့သူပေါ့လေ ဒါဆိုလူတယောက်ရဲ့ဖြတ်သန်းမှုကိုတွက်လို့ရမှာပါ။ ကျနော်က မခင်မင်းဇော်ကို အပြုသဘောဝေဘန်တယ် သဘောတရားဆိုတာ လက်တွေနဲ့ပေါင်းစပ်မှ တိကျတဲ့ အဖြေကိုရတယ် လက်တွေမသိရင် လက်တွေသိအောင်လေ့လာရတယ် ပြီးရင်သဘောတရားနဲ့ပေါင်းစပ်ရတယ် ဒါငြင်းမရတဲ့အချက်ပဲ။ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီးနိုင်ငံခြားထွက်သွားတဲ့ ရဲဘော်တွေမှာ ဆက်လုပ်တဲ့သူရှိတယ် မလုပ်တဲ့သူရှိတယ် သိမ်းကြုံးပီး မပြောသင့်တာပြောရင် စည်းရုံးရေကျတယ် ဒါကြောင့်ဝေဘန်တာ ကျနော်တို့လဲ မခင်မင်းဇော်ကို ခင်ဗျားထက်မနည်းတဲ့ အသိအမှတ်ပြု ခင်မင်မှုရှိတယ် ခင်ဗျားကစင်္ကာပူကနေ ကနော်တို့ကို ဝေဘန်နေတယ် ဒီတော့ ခင်ဗျားဒီမိုကရေစီရေးကို ထောက်ခံတယ် ကောင်းတယ် ဒါပေမဲ့ ကိုယ်လက်တွေမသိတဲ့ကိစ္စတွေမှာ သိအောင်အရင်ကျိုးစားလေ့လာပြီးမှာ အကျိုးရှိတဲ့ဘက်က ထောက်ပြရတယ် လက်တွေဘာမှမသိပဲ ရောယောင်ပြောနေတာမျိုး မလုပ်ပါနဲ့လေ။ ကျနော်ကတော့သိတာ လက်တွေကြတာပဲပြောတယ် စင်္ကာပူမှာ ဘယ်သူက အလကား ဘယ်သူကတကယ်လုပ်တာ ကျနော်မသိပါ ဒါကြောင့်မပြောပါ။ ကျနော်ဖြတ်သန်းခဲ့ဘူးတဲ့ကိစ္စဆိုပြောတယ် သိမှပြောတယ် ဒီတော့ ဒီမိုကရေစီရှိတယ်ဆိုတာပြောပြီး တခြားသူတွေကိုဆရာလုပ်ဝင်ပြောနေလို့ပြောရတာပဲ အလုပ်တခုဆုံးအောင်လုပ်တယ်ဆိုတာ စစ်အာဏာရှင်စံနစ်ကို ရတဲ့နေရာကဖျက်သိမ်းဘို့ကျိုးစားတာပဲ အရင်တုန်းက လက်နက်ကိုင်တိုက်နိုင်လို့တိုက်တယ် အခုမတိုက်နိုင်တော့ စစ်အုပ်စုဆန့်ကျင်ရေးလုပ်နိုင်သလောက်လုပ်တယ် ဒါပေမဲ့ လုပ်နိုင်တာထက်ပိုမပြောဘူး ခင်ဗျားအခုဝင်ပြောနေတဲ့ကိစ္စက ကျနော်တို့ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကိစ္စတွေ ဒါကြောင့် ခင်ဗျားဘယ်လောက်လုပ်ခဲ့သလဲလို့ပြောရတာ ခင်ဗျားလုပ်ခဲ့တာနဲ့ကျနော်လုပ်ခဲ့တာတူခြင်မှတူမယ် ဒါကအရေးမကြီးပါ သူလုပ်နိုင်သလောက်လုပ်ကြတာပဲ။ ကိုယ်မသိတဲ့ သမိုင်းကို ဝင်ပြောနေတာမကောင်းတဲ့အချက်ပဲ အေဘီအကြောင်းတကယ်သိရင် ပြော အေဘီသမိုင်းကို ဝင်ပြော မေးခွန်းထုတ်လာရင်လဲ အာမခံဖြေရှင်းရမယ်။

Unknown said...

ကိုပေါ
မင်းဟာ ကိုယ်တိုင်လည်း ဘာမှမလုပ်ဖူးပဲနဲ့ နေရာတကာ ဆရာဝင်လုပ်နေပါ့လား
မင်းပြောသလိုဆိုရင် မင်း ကြက်သီး တဖြန်းဖြန်းထအောင် အားကျအတုယူနေတဲ့ ဆရာဦးတင့်ဇော်အကြောင်းကို မခင်မင်းဇော်တောင် အသေအချ မသိသေးပါဘူး။ သေချာသိတဲ့လူတွေကို မေးကြည့်ပါဦး ဗိုလ်မှူးကြီးစိန်မြနဲ့ PDF ကရဲဘော်တွေကို တောထဲထားခဲ့ပြီး သူကတော့ ဘာလို့ မြို့တက်သွားသလဲလို့ နောက်ပြီးတော့ မင်းပြောသလိုမျိုး (အခုအချိန်မှာ ဘာမှမလုပ်တော့ဘဲ အတိတ်က လုပ်ခဲ့တာလေးအပေါ်မှာ သာယာပြီး၊ ရေနှူးပြီး အခွင့်သာတိုင်း အသားယူဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကိုတော့ အသိအမှတ်မပြုတဲ့အပြင် ရှုတ်ချလိုပါတယ်) ဦးတင့်ဇော်ကိုလည်း အတိတ်က ကျွန်းတိုက်ပွဲမှာ လုပ်ခဲ့တာလေးအပေါ်မှာ သာယာပြီး၊ ရေနှူးပြီး အခွင့်သာတိုင်း စာတွေရေးပြီး အသားယူဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကိုတော့ အသိအမှတ်မပြုတဲ့အပြင် ရှုတ်ချလိုပါတယ်လို့ မင်းပြောပါလား။ ပြီးတော့ သူ ထောင်ကျခဲ့တဲ့ အကြောင်းတွေ ရေးနေတဲ့ မခင်မင်းဇော်ကိုလည်း အတိတ်က လုပ်ခဲ့တာလေးအပေါ်မှာ သာယာပြီး၊ ရေနှူးပြီး အခွင့်သာတိုင်း အသားယူဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကိုတော့ အသိအမှတ်မပြုတဲ့အပြင် ရှုတ်ချလိုပါတယ် လို့ မင်းပြောပါလား။ မင်းဟာက ဘယ်သူက ဘာမှန်း သိတာမဟုတ်ပဲ ဆရာကြီးနေရာတကာ ၀င်လုပ်နေတာပဲ မခင်မင်းဇော်အကြောင်းတောင် မင်းက ဘယ်လောက်သိလို့လဲ နောက်တခုက တကယ်လုပ်နေတဲ့သူတွေက သူတို့ ဘာလုပ်နေတယ် မပြောကြဘူးကွ လုပ်စရာရှိတာ လုပ်နေတာပဲ တတိယနိုင်ငံနေနေ ဘယ်မှာနေနေ လုပ်စရာရှိတာ လုပ်နေကြတာပဲ လုပ်နိုင်တာ လုပ်နေကြတာပဲ တတိယနိုင်ငံရောက်သွားပေမဲ့ စိတ်ဓါတ်ရှိနေသေးတဲ့ ရဲဘော်တွေက အများစုကွ တတ်နိုင်တာတွေ ဆက်လုပ်နေတာပါ အနည်းစုလောက်ပဲ ဘာမှ မလုပ်ကြတာ ရှင်းရှင်းပြောရရင်ကွာ ကိုယ်ဖြတ်သန်းလာရတဲ့ ဘ၀မျိုးကို တခြားလူတွေ မဖြတ်သန်းစေချင်တဲ့ စိတ်စေတနာမျိုးနဲ့ ကျန်တဲ့သူတွေကို ဒီကနေ့အထိ တတ်နိုင်သမျှ ထောက်ပံ့နေကြသေးတယ် ဒါဟာ ရဲဘော်ရဲဘက်စိတ် ရှိနေလို့ လုပ်နေကြတာပဲ မင်းအတွက်ကတော့ ၀င်ပြီး ဆရာလုပ်ရုံပဲဆိုတော့ လွယ်ပါတယ် ငရုတ်သီးနဲ့ ဆားကို ဟင်းလုပ်စားပြီး အသက်နဲ့ ရင်းရတဲ့နေ့တွေကို မကြုံဘူးတော့ ဘယ်သိမလဲကွ မင်းအဖေအမေသေတာကို မင်းကိုယ်တိုင်ကြုံမှ အဖေအမေသေရင် ဘယ်လိုခံစားရမယ်ဆိုတာ မင်းသိမှာပါ မင်းကိုယ်တိုင်ထောင်ကျဖူးမှ ထောင်ကျတယ်ဆိုတာ ဘယ်လိုအရသာ ရှိတယ်ဆိုတာ မင်းသိမှာပါ ခုတော့ မင်းက ထလရ နားရင်းရိုက်တာကိုလည်း တချက်တောင် မခံဖူးဘူး လက်ထိပ်ခတ်ကြိုးတုပ်တာလည်း မခံဖူးဘူး ဆိုတော့ ဒီလိုခံရတဲ့လူမျိုးတွေနေရာမှာ ၀င်မစဉ်းစားတတ်တာ သိပ်တော့လည်း မထူးဆန်းပါဘူး မင်းလို စင်္ကာပူမှာ နေပြီးတော့ ဘာအန္တရာယ်မှ မရှိတဲ့ အမည်ခံနိုင်ငံရေး လုပ်နေတာမျိုးဆိုရင်တော့ ဗမာပြည် တပြည်လုံးလာပြီး ဆုံးခန်းတိုင်အောင် လုပ်ကြမှာပါ
အေးတကယ်တော့လည်း မင်းတို့လို ရာသီဥတုသာယာမှ မိုးရွာမှ ထအော်တဲ့ ဖားတွေ များနေလို့ တော်လှန်ရေး နိုင်ငံရေးဆိုတာ ပေါတောတော ဖြစ်နေတာ တခုတော့ ထပ်ပြောချင်သေးပါတယ် မခင်မင်းဇော် အကြောင်းကိုလည်း မင်းကိုယ်တိုင် လေ့လာလိုက်ပါဦး နေရာတကာပါတဲ့ နေရာတကာ ဆရာလုပ် နေရာတကာ ဖင်ပိတ်ငြင်းနေတဲ့ မင်းလိုကောင်မျိုးကိုတော့ ကချင်မှာ လှီးသလို ၀ါးကြောနဲ့ပဲလည်လှီးချင်တယ် မင်းလိုကောင်မျိုးအတွက် ငါတို့ အာဏာရှင်လုပ်မယ် ဒါမှ ကျန်တဲ့လူတွေ မျက်စေ့အေးနားအေး နေရမှာ

ကိုပေါ said...

ဦးဂင်ကြီးပြောတဲ့ မြန်မာ့နိုင်ငံရေးအတွက် အဓိက အဆုံးအဖြတ်က ပြည်တွင်းမှာပဲ ရှိတယ်ဆိုတဲ့ အချက်ကို ကျနော်လည်း သဘောတူပါတယ်။ မကွဲလွဲပါဘူး။ ပြည်ပကနေ ထောက်ကူပံ့ပိုးပေးနိုင်ရုံ၊ ဖြည့်ဆည့်ပေးနိုင်ရုံပဲ တတ်နိုင်ကြတယ်ဆိုတာလည်း အမှန်ပဲ။ ကျနော်လည်း အဲသလိုပဲ ခံယူပါတယ်။

ဒါပေမယ့် ဦးဂင်ကြီးပြောတဲ့ “မသိရင် ၀င်မပြောနဲ့” ဆိုတာကတော့ မဟုတ်သေးပါဘူးဗျာ။ အဲဒါဆို နအဖ ကလည်း ပြောမှာပေါ့ဗျ။ မင်းတို့ဖြင့် အစိုးရ တခါမှလည်း မလုပ်ဘူးဘဲနဲ့….. မင်တို့ မသိရင် ၀င်မပြောနဲ့ ဆိုတာမျိုး နအဖကလည်း ပြောလာလိမ့်မယ်။ ကိုယ်တိုင်မတွေ့ကြုံဖူးသော်လည်း ဘေးလူအနေနဲ့ စောင့်ကြည့်ဝေဖန် မေးခွန်းထုတ်လို့ရတာပဲ။ အထူးသဖြင့် ကိုယ့်နိုင်ငံအရေးကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့။ အဲဒါကြောင့် လွတ်လပ်တဲ့နိုင်ငံတွေမှာ အတိုက်အခံနိုင်ငံရေးသမားတွေဆိုတာ လိုအပ်လာတာပေါ့။

တကယ်လို့ ကျနော်တို့ မသိသေးဘူးဆိုရင် ခင်ဗျားတို့အနေနဲ့ ကျနော်တို့တွေ သိအောင် ပြောပိုင်ခွင့်ရှိတာပဲ မဟုတ်ဘူးမဟုတ်လား။ ကျနော်တို့ ထောက်ပြတဲ့အချက်ဟာ လွဲမှားနေတယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ အချက်အလက်နဲ့တကွ လွတ်လပ်စွာ ပြန်လည် ဖြေရှင်းခွင့်ရှိတာပဲ မဟုတ်လား။ အဲသည်လို အခြေအနေရှိပါလျက် ၀င်မပြောနဲ့ဆိုတာမျိုးကကျတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်ရာ မကျဘူးလားဗျာ။ နောက်တခုက ဝေဖန်မှုကို ပိတ်ပင်ရာမကျဘူးလား။ နအဖ စာပေစိစစ်ရေးရဲ့ လုပ်ရပ်နဲ့ ဘာများထူးသေးလို့လဲ။ ကျနော်ဝေဖန်တာ အသုံးမကျရင် ကျနော့်ဘာသာ မြောင်းထဲကို အလိုလို ရောက်သွားမှာပေါ့ဗျာ။ မပြောရဘူးလို့ ပိတ်ဖို့ ကြိုးစားတာကတော့ နည်းလမ်းမမှန်သေးပါဘူး။

နောက် ဆရာကြီးလုပ်တယ်ဆိုတဲ့ ကိစ္စ။ လူတယောက်ဟာ သူ့အမြင်ကို သူ ပွင့်ပွင့်လင်းလင်း ပြောပြတာနဲ့ ဆရာကြီးလုပ်တယ်လို့ ယူဆစရာလားဗျာ။ ဆရာကြီးလုပ်တယ်ဆိုရအောင် ကျနော်က ကျနော့်အမြင်ကို ခင်ဗျားတို့ကို အတင်းအကြပ် ကြိမ်နဲ့ရွယ်ပြီး လက်ခံခိုင်းနေတာမှ မဟုတ်တာပဲကလား။ ကျနော့်အမြင်ကို ခင်ဗျားတို့ လက်ခံချင်မှ ဖြစ်တာ မဟုတ်ဘူးလား။

တကယ်တမ်း ပြောရရင် ကျနော်ရေးတဲ့ ကွန်မင့်တွေမှာ ခင်ဗျားတို့ ကွန်မင့်တွေမှာလို “ဒီလိုမရေးသင့်ဘူး၊ ဟိုလိုမရေးသင့်ဘူး၊ ဟိုလို ဒီလို မပြောသင့်ဘူး” စတဲ့ ပိတ်ပင်တားဆီးမှုတွေ မပါသလို ဖိအားပေးတဲ့ သဘောတွေ လုံးဝမပါဘူး။ အမှန်တော့ အဲသည်လို လူတယောက်ရဲ့ လွတ်လပ်စွာ တွေးခေါ် ရေးသားပိုင်ခွင့် လာရောက်ကန့်သတ်နေတာကမှ ဆရာကြီးလုပ်ရာကျတဲ့ လုပ်ရပ် မဖြစ်ပေဘူးလားဗျာ။

ခင်ဗျားတို့ ညီညွတ်စေချင်တဲ့ ဆန္ဒထက်မနည်း ညီညွတ်စေချင်တဲ့ စိတ်ဓါတ် ကျနော့်မှာလည်း ရှိပါတယ်။ ဒီ နိုင်ငံရေးစနစ်ကြီးတခုလုံးကို ပြောင်းလဲတဲ့နေရာမှာ တဦးတယောက်၊ တစုတဖွဲ့အားနဲ့ ပြောင်းလဲလို့ မရနိုင်ဘူး၊ လူအများရဲ့ ပါဝင်မှုရှိရမယ်ဆိုတာ ခင်ဗျားတို့ နားလည်သလို ကျနော်လည်း သဘောပေါက်ပါတယ်။

ဒါပေမယ့် နအဖကိုပဲ ကော်ဆဲနေပြီး ကိုယ့်လူအချင်းချင်းကျတော့ ညီညွတ်ရေးပျက်ပြားမှာစိုးလို့ မဟုတ်တာတွေ့ရင်တောင် မဝေဖန်ရဘူး၊ အမြင်မတူရင်တောင် တင်ပြလို့မရဘူး ဆိုတာမျိုးကတော့ နည်းလမ်းမမှန်သေးဘူးလို့ မြင်တယ်ဗျာ။ တကယ်ဆိုရင် ကိုယ့်အချင်းချင်းကြားမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်လို့လည်း ရန်သူတွေလို မုန်းတီးမသွားကြဘူးဆိုရင် အဲသလို ညီညွတ်ရေးမျိုးကမှ တာရှည်ခံတဲ့ ညီညွတ်ရေး၊ စစ်မှန်တဲ့ ညီညွတ်ရေး မဖြစ်ပေဘူးလား။

အခုတော့ ကိုယ့်အချင်းချင်းကို ဝေဖန်မယ်လို့ ပါးစပ်ဟလိုက်တာ၊ မတူညီတဲ့ အယူအဆတခုကို ထုတ်ဖော်ဖို့ ပါးစပ်ဟလိုက်တာနဲ့ ၀ိုင်းအာပြီး ထိုးနှက်ကြတာမျိုးဆိုတော့ ဝေဖန်မယ့်လူက ပြောချင်သော်လည်း ကြောက်လန့်ပြီး ရေငုံနှုတ်ပိတ်သွားကြတော့ အဆုံးသတ်မှာ အတင်းဆွဲစေ့ထားတဲ့ ညီညွတ်ရေးမျိုးပဲ ဖြစ်နေတော့တာပေါ့။ အဲလို ညီညွတ်ရေးမျိုးနဲ့ ဘယ်လောက်ကြာရှည် ခရီးဆက်နိုင်မယ်လို့ ထင်ပါသလဲ။

ညွန့်ကို ပြောချင်တာက….ကျုပ်ကြက်သီးဖြန်းဖြန်းထတယ်ဆိုတာက ကျွန်းတိုက်ပွဲကို ကြက်သီးထတာပါ။ ဦးတင့်ဇော်အကြောင်းကို ကျနော်မသိပါဘူး။ ဒါပေမယ့် ပို့စ်အရကတော့ သူဟာ ကျွန်းတိုက်ပွဲကို စွန့်ခွာသွားခဲ့သူမဟုတ်ဘူး။ အဲသည်အတွက် လေးစားတယ်။ အဲသည်တုန်းက ကျွန်းတိုက်ပွဲကနေ ထွက်သွားသူကလည်း နောက်ပိုင်းမှာ သူမှားပါတယ်ဆိုပြီး ၀န်ချ တောင်းပန်ရဲတဲ့ စိတ်ဓါတ်ရှိတယ်။ အဲဒါတွေကို ကြက်သီးဖြန်းဖြန်းထတာပါ။

မခင်မင်းဇော်အကြောင်းလည်း ကျနော်သိပ်မသိပါဘူး။ ဒီဘလော့ဂ်ပေါ်မှာ သူရေးပြသလောက်ပဲ သိတာပါ။ အဲဒါက သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် လူတယောက်ရဲ့ ခံယူချက်ကို သူရေးတဲ့ စာတွေကနေ ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်လေ။ မခင်မင်းဇော် အတိတ်က ဘာလုပ်ခဲ့တယ်ဆိုတာထက် အခုလောလောဆယ် သူဘယ်ဖက်က ရပ်တည်နေသလဲ၊ သူ့ယုံကြည်ချက်က ဘာလဲဆိုတာပဲ ကျနော်စိတ်ဝင်စားတယ်။

ဦးတင့်ဇော်တို့၊ မခင်မင်းဇော်တို့ ဘာမှမလုပ်ပဲ ချေးခြောက်ရေနှူးတာဆိုရင်တော့ သူတို့လည်း ပါတာပေါ့ဗျာ။ ကျနော်ပြောတာ ခင်ဗျားတို့မှ ပြောတာမဟုတ်။ အားလုံးကို ခြုံပြီး ယေဘူယျပြောလိုက်တာပဲ။ ဒါပေမယ့် ခင်ဗျားတို့က ယေဘူယျပြောသမျှကို ကိုယ့်ကိုယ်ပြောတယ်ပဲ ထင်ထင်နေတော့ ခက်တာပေါ့ဗျ။

ခင်ဗျားအပါအ၀င် ကျန်တဲ့ တတိယနိုင်ငံကို ရောက်သွားကြသူတွေ အများစုဟာ…. ခင်ဗျားအပြောအရ ကျန်ခဲ့သူတွေကို ဆက်ကြည့်နေတာဆိုတာ ကြားရလို့ ၀မ်းသာပါတယ်။ ဒါဆိုရင်လည်း ခင်ဗျားက ဒီပို့စ်မှာ ကြားက မဆီမဆိုင် ဘာဝင်နာနေစရာ လိုသလဲဗျ။ အနေသာကြီးပဲ။ မလုပ်တဲ့လူတွေ နာကြပေလိမ့်မပေါ့။ သူရေးတာလည်း မလုပ်တဲ့လူတွေကို ဦးတည်ရေးတာပဲ။ တိုက်ပွဲကို စွန့်ခွာသွားတဲ့ လုပ်ရပ်ကတော့ သူမေးခွန်းထုတ်ချင်တာ ဘာဆန်းလဲ။ ကျုပ်လဲ သိချင်တာပဲ။ ခင်ဗျားတို့ ဖြေနိုင်ရင် ဖြေပေါ့။ မဖြေချင်လို့ တိတ်တိတ်လေး နေချင်လည်း ရတာပဲဗျာ။ ခင်ဗျားတို့ လွတ်လပ်ခွင့်ပဲ။

နောက်တခု ခင်ဗျားကို ပြောချင်တာက အာဏာရှင်စနစ်ဆိုတာ လူအများအပေါ်မှာ ဖိနှိပ်ရက်စက် ပြုမူကျင့်ကြံနေမှ အာဏာရှင်စနစ်မဟုတ်ဘူး။ အပြစ်မရှိတဲ့ လူတဦးတယောက်အပေါ်မှာ သူ့ရဲ့ “အသက်ရှင်သန်ပိုင်ခွင့်၊ သူ့ကြမ္မာသူဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်”တွေကို ထိပါးချိုးဖျက်ရင်လည်း ခင်ဗျားဟာ အာဏာရှင်အသေးစားကလေး၊ လူ့အခွင့်အရေးကို မလေးစားသူ အသေးစားကလေး ဖြစ်နေဦးမှာပဲ။ အဲလိုလူမျိုး အာဏာရလာရင် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး အာဏာရှင်အကြီးစားကြီးဖြစ်လာတတ်တယ်။ (နအဖ ထက်တောင် ပိုဆိုးရင် ဆိုးဦးမယ်။ ဘယ်သူပြောနိုင်မလဲ။)

ကျုပ်ကို လူတောင်မမြင်ဖူးသေးဘဲ ဒီလောက် အငြိုးထားပြီး လုပ်ချင်စိတ်ရှိနေသေးသရွေ့ ခင်ဗျားအာဏာရလာရင် ခင်ဗျားအပေါ် ဝေဖန်သူမှန်သမျှကို ၀ါးကြော နဲ့ လည်လှီးချင်တယ်ဆိုတာ ခင်ဗျားမှာ ဖြစ်လာဦးမှာ အသေအချာပဲ။ အခုတောင် မုန့်ဆီကြော်က ဘယ်မှာမှန်းမသိသေးဘူး။ အာဏာရှင်စရိုက်က ထထပြီး ဇာတိပြနေတယ်။ ဒီတော့ ခင်ဗျားပြောဆိုနေပုံက ၀ါးရင်းတုတ်ကိုင်ပြီး အကြမ်းဖက်ချင်တဲ့ စွမ်းအားရှင်နဲ့ ဘာမှ မခြားတော့ဘူး။

ခင်ဗျားဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်အောင်၊ အပြောနဲ့အလုပ်ညီအောင်နေတတ်စေဖို့ ဒုတိယအကြိမ် ထပ်မံသတိပေးလိုက်ပါတယ်။ လူဆိုတာ ကိုယ့်သမိုင်းကြောင်းကိုယ်ရေးနေတာမို့ ခင်ဗျားအနေနဲ့ ဆင်ခြင်နိုင်အောင်ပါ။

ခင်မင်းဇော် said...

ညွန့် ….
ခေါင်းဆောင်တွေကို မကြိုက်လို့ စွန့်ခွာခဲ့တယ် ဆိုတာ ပြောပြလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်မကြိုက်တဲ့ ခေါင်းဆောင်ကို ဘာ့ကြောင့် ဖြုတ်မချနိုင်တာလဲ ဆိုတာလဲ ထပ်မံစဉ်းစားရပါ့မယ်။ ဘာ့ကြောင့်ဆို ဒီဖက်က အဖွဲ့တွေက ကိုယ်စားလှယ်ကို အဆင့်ဆင့်ရွေးချယ်တဲ့ စနစ်နဲ့ ခန့်ထားတာလို့ သိထားတော့ အံ့သြမိပါတယ်။ ပြီးတော့ အဲဒီ ခေါင်းဆောင်တွေကြောင့် ဒီအလုပ်တွေကို လုပ်ခဲ့တာ မဟုတ်ပဲ ဘာ့ကြောင့် ကိုယ်ယုံကြည်တဲ့ အလုပ်ကို သူတို့ကြောင့် စွန့်လွှတ်ခဲ့ရတာပါလိမ့်လို့လဲ ထပ်စဉ်းစားမိတော့တယ်။ ဒါဆို ကျန်ရစ်ခဲ့သူတွေကလဲ မကောင်းသူတွေနဲ့ တူတူပဲ ဖြစ်နေလို့လား။ ဒီမကောင်းဘူးလို့ ပြောခဲ့တဲ့အဖွဲ့ကိုရော ဘာ့ကြောင့် ထောက်ပံ့နေသေးလဲ လို့လဲ မေးချင်လာပြန်ပါတယ်။ နောက် ဒီနေရာကနေ ကျမပြောရင် အေဘီအဖွဲ့ဝင် ဟောင်းတွေ လှူတဲ့ငွေကိုတော့ လက်ခံပြီး ဒီလူတွေကို စော်ကားနေသလိုမျိုး ရေးနေတာကတော့ မဟုတ်သေးဘူးထင်တယ်။ ဆိုတဲ့ စာသားကတော့ ကျမနဲ့ ဘာမှမဆိုင်ဘူး ထင်ပါတယ်။ ကျမအေဘီအဖွဲ့ဝင်မဟုတ်သလို အေဘီ ဘဏ္ဍာရေးမှုးလဲ မဟုတ်ပါဘူး။ အဲဒီငွေကို ကျမလက်ခံတာလဲ မဟုတ်ပါ။ ဒါ့ကြောင့် ကျမရေးတဲ့ကျမအတွေးတွေကိုတော့ လာတားလို့ ရမယ် မဟုတ်ပါ။ နောက် ကျမခုတွေ့ရသလောက်မှာတော့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ရဲဘော်တွေကို သုတေသနလို တာဝန်တွေ ပေးထားတာ တွေ့ရပါတယ်။ အဖွဲ့အစည်းက တာဝန်မယူဘူး ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဖြစ်ခဲ့ရင်လဲ ဒါမျိုးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တာပဲ မဟုတ်ပါလား။

နောက် ညွန့်ရဲ့ ဒုတိယ ကောမန့်မှာတော့ ခပ်ရိုင်းရိုင်း ရေးထားတာ ဖတ်လိုက်ရတော့ ဒီလိုလူမျိုး မို့ ထွက်သွားရတာလားလို့လဲ ထပ်မံတွေးမိလိုက်ရပြန်ပါတယ်။ ကျမတို့ဟာ ကိုယ့်အယူအဆတွေ ကို ဆွေးနွေးတဲ့အခါမှာ ယဉ်ကျေးသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ရန်ဖြစ်နေတာ မဟုတ်ပါဘူး။

ကိုဂင်ကြီး..
တတိယနိုင်ငံကို ဘာ့ကြောင့် သွားရတယ်ဆိုတာကို ဘာမှ ပြန်မပြောပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေလို့ပြောတော့စိတ်မကောင်းဘူး ဆိုတာ ကျမတော့ နားမလည်ဘူး။ တချို့က လက်နက်ချယုံတောင်မကပဲ ဒူးပါ ထောက်သွားခဲ့တာပါ။ ဒါဟာလဲ အမှန်တကယ် ရှိနေတာပဲ။ အဲဒီလူတွေကို ဒီလိုပြောလို့ စိတ်မကောင်းဖြစ်တယ် ဆိုရင်တော့ ကျမက တောင်းပန်စရာမလိုပါ။ နောက် ကျမ ဒီပို့စ်မှာ အဓိက ရည်ရွယ်တာက တစုံတယောက်မဟုတ်ပါဘူး။ နောက် နိုင်ငံရေးကို မသိ ၊တော်လှန်ရေးကို မသိ မလုပ်ဖူးတဲ့ လူတွေကိုလဲ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကိုယ်တိုင် တော်လှန်ရေးထဲဝင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ဘူးပြီးမှ ခု ကိုယ်လုပ်ခဲ့တဲ့ အဖွဲ့အစည်း (သို့) အလုပ်တွေကနေ စွန့်ခွာ ထွက်သွားသူတွေကို ရေးတာပါ။ ဒါ့ကြောင့် ဒီလိုလူတွေကို စည်းရုံးရေး ဆင်းစရာ မလိုပါဘူး။ အားလုံးက ခုပို့စ်တွေမှာ လာရေးကြသလို သိကြပြီးသားချည်းပါ။ ဒါပေမယ့် ဘာ့ကြောင့်ကိုယ့်ယုံကြည်ချက်ကို စွန့်ခွာခဲ့တယ် ဆိုတာကို မပြောနိုင်ရင်လဲ ကိုယ့်အခွင့်အရေးပဲ မဟုတ်လား မပြောပဲနေလို့ရပါတယ်။
ဘယ်နေရာ ရောက်ရောက် လုပ်နေဖို့ လိုအပ်တယ်ဆိုပေမယ့် အရင် ၁၀ပိသာထမ်းတဲ့အလုပ်ကို လုပ်နေရင်း ဘာ့ကြောင့် တစ်ပိသာပဲ ထမ်းတော့တာလဲ ဆိုတာကိုတော့ သိချင်တာ လူသားပီသမယ် ထင်ပါတယ်။

ဦးရဲသွေး…
ဒီဗွီဘီဟာ ကျမကို အလုပ်မလုပ်နိုင်ပဲနဲ့ ကိုမင်းဇော်ကြောင့် ခန့်တယ် ထင်ရင် မှားပါလိမ့်မယ်။ နောက် ကျမ မဲဆောက်မှာ ရေကန်အသင့် နေနိုင်တယ် ဆိုရင် ဦးရဲသွေးကရော အဲလို ရေကန်အသင့်ရှိတဲ့ နေရာမှာတောင် မနေနိုင်ပဲ ဘာ့ကြောင့်မိသားစုပါ ခေါ်ပြီး တတိယနိုင်ငံထိ ခရီးဆက်ခဲ့ရတာလဲ။ ထိုင်းထဲထိ နအဖက လိုက်ဖမ်းမှာ စိုးလို့လား။
နောက်ကျမပြောထားတဲ့ အနိမ့်ဆုံး သံရုံးရှေ့ဆန္ဒပြလို့ပြောခဲ့ပါတယ်။ အနိမ့်ဆုံးထက် တဆင့်တက်ပြီး လှုနေပါတယ် ဆိုသူတွေကို ကျမမပြောပါ။ ဒုက္ခသည်အဖြစ် သွားခဲ့ပြီး ကိုယ့်ရတဲ့လုပ်ခရဲ့ အပုံတထောင်ပုံ တပုံလောက်ကို တနှစ်တခါ လှုနေပါတယ် ဆိုရင်တော့လဲ မပြောလိုတော့ပါ။ ဒါဟာ နိုင်ငံရေး လုပ်နေတာ လူမှုရေး လုပ်နေတာလို့တော့ ကိုယ့်ကိုယ်ကို ဆက်လက်အားတင်းနိုင်ပါတယ်။ စေတနာက အဓိကကိုး။

မငယ်နိုင်…. ကျမဟာ အေဘီက ရဲဘော်ကို ယူမှ နိုင်ငံရေးနဲ့ ထိတွေ့မိသူ၊ အာဏာရှင် ဆန့်ကျင်တဲ့ လုပ်ငန်းတွေနဲ့ ထိတွေ့ရသူမဟုတ်ပါ။ ကျမ အစကတည်းက ယုံကြည်စွာ လုပ်လာတဲ့ အဖွဲ့အစည်းရှိပြီးသားပါ။ ဒါ့ကြောင့် ကျမ အေဘီရဲဘော်ယူပေမယ့် အေဘီတပ်ထဲထိ လိုက်မနေပဲ မူလလုပ်ခဲ့ပြီးသား အဖွဲ့အစည်းမှာပဲ ဆက်သွယ်ခဲ့တာပါ။ အဲဒီက စောင့်ကြည့်ကာလအတွင်းမှာ အဖွဲ့အစည်းက ပေးအပ်မယ့်တာဝန်ကို မျှော်ရင်း ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာပါ။ အဲဒီအချိန်ကာလက ၃ နှစ်ကြာပါတယ်။ကျမ အဖွဲ့အစည်းက တာဝန်မပေးအပ်ခင်မှာပဲ ကျမ မီဒီယာ လောကမှာ အခြေကျနေပြီမို့ အဖွဲ့အစည်းရဲ့ သာမန်အဖွဲ့ဝင်အဖြစ်ပဲ ရပ်တည်နေပါတော့တယ်။ ကျမ ဒီဖက် ထွက်မလာခင်ကတည်းက ဒီဖက်က လူတွေ တော်တော်များများက ကျမကိုသိပါတယ်။ အဲဒါ ကျမယောက်ျားကြောင့် မဟုတ်ပါ။ ကျမရဲ့ ပြည်တွင်းလှုပ်ရှားမှုတွေကြောင့်ပါ။ ဘာတွေ လုပ်တယ် ဆိုတာကတော့ တွဲလုပ်ဖူးသူတွေ အကုန်သိပါတယ်။ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ရိတ်သိမ်းတယ် ဆိုတယ် မဟုတ်ပါလား။

ဇစ်ဖွာ…
ဘယ်နဲ့လှော်သူကို ညာနဲ့လှော်လို့ ပြောနေတဲ့ ပို့စ်မဟုတ်ပါ။ လှော်နေရင်း တက်ချသွားတဲ့ လူတွေကို သူတို့ဘာ့ကြောင့်တက် ချသွားတာလဲ ဆိုတာ မေးတာပါ။ ကိုယ်သိချင်သလို ကိုယ့်လိုသိချင်သူတွေ ၊ ဒီခေတ်ရဲ့ လက်တွေ့ဘ၀တွေကို သိစေချင်သူတွေ သိနိုင်ဖို့ လိုမယ် ထင်လို့ ရေးတာပါ။ အဖွဲ့အစည်းကို ဝေဖန်မယ်။ ပုဂ္ဂိုလ်တွေကို ဝေဖန်တာတွေကို ကြောက်နေဖို့ မလိုပါ။ ဒါဟာ လက်တွေ့ လုပ်လာသူတွေ သိရတဲ့ အချက်တွေမို့ စဉ်းစားဖို့ အဖိုးတန်အချက်တွေပဲ မဟုတ်လား။ ဒါဟာ လျို့ဝှက်ထားရမယ့် တရားတွေမှမဟုတ်တာ။ အဝေဖန်ခံရတဲ့အဖွဲ့အစည်းအနေနဲ့ နည်းလမ်းတွေပြုပြင်မှုတွေ ရှိလာရင် အမြတ်ပါပဲ။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်နဲ့ လုပ်ခဲ့တဲ့ အလုပ်တခုကို တခြားလူတွေကြောင့် စွန့်ခဲ့တယ် ဆိုလာတာတွေ ဖတ်ရတော့ အံ့သြမိပါတယ်။ ကျမ တွေးထင်မိတုန်းက ဒုက္ခဆင်းရဲတွေ မခံနိုင်လို့ ၊ ဒါမှမဟုတ်လဲ လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်လို့ လား။နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်က မဖြစ်နိုင်တော့လို့လား။ ကျောင်းသားတပ်မတော်ရဲ့ လမ်းစဉ်မှားနေလို့လား။ အဖွဲ့အစည်းတခုလုံးက လူတွေ မှားနေလို့လား စသဖြင့် အကျိုးနဲ့အကြောင်းဆွေးနွေးနိုင်မယ် လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါ့ကြောင့်လဲ အနောနီးမတ်ကို ကျမ ဖွင့်ထားပေးတာပါ။ လွတ်လပ်စွာ ရွေးချယ်ခွင့်အရ ရွေးချယ်သွားတာကို ကျမ မကန့်ကွတ်ပါဘူး။ ဒါပေမယ့် အခု ဖတ်ရသမျှတော့ အဲဒီလို ရွေးချယ်သွားတာမှာ သူများကြောင့်လို့ လက်ညှိုးထိုးသူများကိုသာ ကျမက မလေးစားနိုင်တော့တာပါ။

အနောနီးမတ် ၀မ်း
လူတိုင်းက ငါဆိုတာ ရှိပါတယ်။ ရဟန္တာ မဖြစ်သေးသ၍ ပေါ့။ သာမန်လူတွေက ငါမရှိဘူးဆိုရင် လိမ်ညာတာပါပဲ။

အနောနီးမတ် တူး
အိုးဝေအောင်ရဲ့ ပို့စ်ထဲက သဘောတရားကို သဘောတူပါတယ်။ သူက အသေးစိတ်ခွဲပြထာတာပဲ။ သူရေးထားတဲ့ ဒီစာသားကတော့ တော်တော် သဘောကျစရာပါ။ ကျမသာဆို အဲဒီလောက် ရေးနိုင်မယ် မထင်ပါ။ ကိုယ့်လူချင်းချင်း အားနာနေမိလို့လေ။

သို့ သော်ခိုလှုံခွင့်လျှောက်ကြသူများ ခိုလှုံခွင့်ရရှိပြီးကာမှ နိုင်ငံရေး မလုပ်တော့ဘဲ၊ ရောက်ရာနိုင်ငံများတွင်မိမိတို့ မိသားစု တကွက် ကောင်းစားရေးဖြစ်သည့် စီးပွားရေးသော်လည်းကောင်း ။ လုပ်သွားကြလျှင်တော့ /လုပ်နေကြလျှင်တော့ နိုင်ငံရေးနယ်ပယ် အသိုင်းအ၀ိုင်းက လုံးဝခွင့်လွှတ်မည်မဟုတ်ပေ ။သိက္ခာကျစရာ လုပ်ရပ်အဖြစ်သာရှုံချကြပေလိမ့်မည်။

တကယ်က ခုပို့စ်က လက်နက်ကိုင် တော်လှန်ရေး လုပ်ပြီးမှ စွန့်သွားသူတွေကို အဓိက မေးထားတာပါ။ မစွန့်ဘူးလို့ ကိုယ့်ကိုယ်ကို ခံယူရင် ဖြေစရာမလိုပါ။

Anonymous said...

Hello Ma Khin Min Zaw,

I really thank for this post.

Nanda said...

အလွန်မှသင့်မြတ်လှတဲ့ ပို့စ်ပါ။ မေးသင့်တာကိုမေးတယ်။ ဖြေတဲ့သူတွေက ရင့်ကျက်စွာ၊ နားလည်မှုရှိစွာနဲ့ ပြန်ဖြေတာကိုပဲ သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ မျှော်လင့်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာ နဲ့ပတ်သတ်တဲ့ စကားတွေပြောကြကြေးဆိုရင် တကယ်ကို ယုံကြည်ရာအတွက် အလုံးစုံစတေးပြီးလုပ်ခဲ့ကြပါတယ်ဆိုသူတွေရော။ ဒီလောက်တော့ မစတေးခဲ့ရပါဘူး ဒါပေမယ့် ကျွန်တော်တို့လဲ ကိုယ့်ဟာနဲ့ကိုယ်လုပ်နေကြတာပါပဲ ဆိုသူတွေရော.. ခုတ်ရာတလွဲ ရှရာတခြားဖြစ်နေကြဆဲပါပဲ။ အန်တီ ခင်မင်းဇော် ရေးသားထားတဲ့ မူလ ရည်ရွယ်ချက်ကို သာမန်စာဖတ်သူတစ်ဦးအနေနဲ့ နားလဲလည် သဘောလဲကျပါတယ်။ ကျွန်တော်နားလည်သလိုဆိုရင်တော့ အနှစ်ချုပ်က တော်လှန်ရေးမှာ စိတ်ဓါတ်ခိုင်ကျည်ဖို့၊ နည်းဗျူဟာရှိဖို့နဲ့။ မဆုတ်မနစ် အောင်မြင်သည်အထိလုပ်ဖို့.. အဲလိုပဲ ရည်ရွယ်တယ်လို့ သဘောပေါက်ပါတယ်။ အဲလို မဟုတ်တဲ့သူများအနေနဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် တိုက်ပွဲက စွန်ခွာသွားသူတွေ၊ လမ်းကြောင်းပြောင်းသွားသူတွေ၊ တိုက်ပွဲမှာ လုံးဝကိုမပါတော့ သူတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒါလဲ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ အဲလိုလူများကိုတော့ အပြစ်မတင်ပါ။ ကိုယ်တိုင်ပင်လျင် ဘာမှရေရေရာရာ မလုပ်ဖူးသူတစ်ယောက်အနေနဲ့ တစ်စုံတစ်ရာ လုပ်ဖူးသူများကို အပြစ်တင်စရာ အကြောင်းလုံးဝမရှိပါ။ သို့သော် မူလတိုက်ပွဲမှ စွန့်ခွာသွားကြသူတွေအနေနဲ့ ဘာကြောင့်များ စွန့်ခွာသွားကြပါသလဲ မေးခွင့်ရှိပါတယ်။ မေးတဲ့အတွက် ညီညွတ်ရေးကိုထိခိုက်စေခြင်း၊ တိုက်ပွဲကိုထိခိုက်စေခြင်း ဖြစ်သွားပါတယ်ဟု မထင်ပါ။ ဖြေပုံဖြေနည်းများကသာ အဲသလိုဖြစ်စေကုန်ပါတယ်လို့ ပြောချင်ပါတယ်။ (မသိပဲ ရမ်းသမ်းမပြောပါနဲ့ ထိခိုက်ပါတယ်ဆိုလျှင်လဲ အကျိုးအကြောင်းနှင့်တကွရှင်းပြပါ။) သတ်ပစ်လိုက်လို့ရတယ်။ ရိုက်ပစ်လိုက်လို့ ရတယ်ဆိုတဲ့ စကားတွေနဲ့ အတွေးအခေါ်တွေနဲ့ တော်လှန်ရေး အောင်မြင်ဖို့ သိပ်ဝေးလွန်းနေတယ်ဆိုတာ လူတိုင်းနားလည်နေပါတယ်။ အမှန်အတိုင်းပြောရရင် ဒီငြင်းခုံပွဲဟာ သိပ်ကိုကောင်းလွန်းပါတယ် ဘယ်လောက်တောင်ကောင်းလဲဆို နအဖဖက်ကလူတွေ နဲနဲမှ မကြားသင့်လောက်အောင် ကိုကောင်းပါတယ်။ ဒီလိုအခြေအနေမှာ ငါ့မှာ ဒီလိုပွေးတွေဝဲတွေရှိတယ်ကွလို့ လှန်ပြမနေသင့်ပါဘူး။ ငါ့ပေါင်ကတော့ ဒီလိုကွဆိုပြီး လှန်ထောင်းပြမနေသင့်ပါဘူး။ လက်တွေ့ တိုက်ပွဲဝင်ဖူးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ တိုက်ပွဲဝင်နည်းဗျူဟာတွေ ဒီထက်ပိုနားလည်သင့်ြ့ပီလို့ထင်ပါတယ်။ ဘာမှမသိပဲ ၀င်ပြောမနေနဲ့ လို့ ပြောအုံးမှာလား? ဘာမှမသိပဲကို .. အခုခင်ဗျားတို့ တတွေပြောထားတဲ့ စကားတွေအရသိနေလို့ ၀င်ပြောတယ်လို့ပဲ မှတ်ပါ။ မိမိဘာကြောင့် မူလ လမ်းကြောင်းကနေ ပြောင်းသွားရတယ်ဆိုတာကို ခုခံဖြေရှင်းဖို့ လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ လူတကာမှာ သူ့ခံနိုင်ရည်နဲ့ ရပ်တည်မှုအစွမ်းဟာ အကန့်အသတ်ရှိပါတယ်။ ဒီနည်းအားဖြင့်တော့ ငါ့မှာ မတတ်နိုင်လို့ အခြားဟိုနည်းနဲ့ တိုက်ပွဲပုံစံပြောင်းလိုက်ရပါတယ်လို့ သာမန်အားဖြင့် ပြောလိုက်လျှင် ပြီးနေတဲ့ ကိစ္စကို.. မသိရင် မပြောနဲ့ ...မင်းမသိတဲ့ ကိစ္စတွေအများကြီးရှိတယ်။ မင်းတို့နားမလည်တာတွေ အများကြီးရှိတယ်လို့မတုံ့ပြန်သင့်ပါ။ သင့်လျော်တဲ့ တိုက်ပွဲပုံစံတခုကျုပြောင်းလဲနိုင်ဖို့ ဖော်ဆော်နိုင်ဖို့၊ ယခင်က အခက်အခဲများစွာ တွေ့ကြုံခဲ့ရသူများမှ အကြံညဏ်ကောင်းများပေးမှသာ လက်တွေ့အားဖြင့် လူအများလိုက်နာဖော်ဆောင်နိုင်မယ့် တိုက်ပွဲပုံစံများကိုဖော်ဆောင်နိုင်မယ်မဟုတ်ပါသလော၊ မိမိအင်အားကို ချည့်နဲ့စေမဲ့ မလိုလားအပ်သောအခက်အခဲအတားအဆီးများကို ဖယ်ရှားနိုင်မည်မဟုတ်ပေလော။

Unknown said...

ကိုပေါ
ခုမင်းတို့ပြောနေတဲ့ ဆရာဦးတင့်ဇော်ဆိုတာ PDF ကို ကျောခိုင်းသွားခဲ့တဲ့သူပါ လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ PDF မှာ နိုင်ငံရေးတာဝန်ခံယူထားပြီး PDF နဲ့ လက်နက်ကိုင် တော်လှန်ရေးကို ကျောခိုင်းသွားသူပါ သူ့ကိုတော့ မင်းတို့က သူရဲကောင်းလုပ်ပြီး ကျန်တဲ့လူတွေကိုတော့ မှားတဲ့အပေါက် ပြောနေကြတာ ရီစရာပဲ တောထဲကိုလာခဲ့ပြီး သူ့ကိုယုံကြည်လို့ PDF ကို ၀င်ခဲ့ကြတဲ့ ရဲဘော်တွေ အများကြီးပါ သူကသာ PDF ကို ကျောခိုင်းခဲ့တာ ထားပါတော့ မင်းကိုလည်း ထပ်ပြောမနေတော့ဘူး လက်ညောင်းတယ်

မခင်မင်းဇော်
ကိုယ်မကြိုက်တဲ့ ခေါင်းဆောင် ကြိုက်တဲ့ ခေါင်းဆောင်ဆိုတာ မရှိဘူးဗျ ကျုပ်တို့က မှန်ကန်တဲ့ ခေါင်းဆောင်နဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှုကိုပဲ လိုချင်တာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါစေဦး သူ့ခေါင်းဆောင်မှု မမှန်ကန်ရင်တော့ သူ့နောက်ကို ကျုပ်တို့ မလိုက်နိုင်ဘူး
မခင်မင်းဇော် မသိသေးတဲ့ အေဘီကိစ္စတွေ အများကြီးရှိပါသေးတယ် မခင်မင်းဇော်ပြောသလို မမှန်ကန်တဲ့ ခေါင်းဆောင်ဆိုတဲ့ကောင်တွေကို ဖြုတ်ချဖို့ ဘယ်လို မလွယ်ခဲ့သလဲဆိုတာ အဖမ်းခံရ အသတ်ခံခဲ့ရတဲ့ အေဘီရဲဘော်တွေရဲ့ အသက်တွေက သက်သေပြခဲ့ပြီးပြီ ခေါင်းဆောင်နေရာရထားတဲ့ လူတွေမှာ လုပ်ပိုင်ခွင့်တွေရှိတယ် အခွင့်အာဏာတွေရှိတယ် မဟာမိတ်ကလည်း သူတို့စကားကိုပဲ လက်ခံတာလေ သူတို့ ဖမ်းဆို ဖမ်းပစ်တာပဲ မဟုတ်လား မခင်မင်းဇော်က ဒီလို ဘ၀တွေကို မဖြတ်သန်းခဲ့ရဖူးတော့ ဘယ်သိပါ့မလဲ ဟုတ်လား ပြောရရင် ခေါင်းဆောင်မှုပြသနာနဲ့ပဲ အေဘီ ၂ ဖွဲ့ ကွဲခဲ့တာပဲ အဲဒီအချိန်က ကျနော်တို့လို အောက်ခြေရဲဘော်တွေဟာ မိဘ ၂ ပါးကွဲတဲ့အခါ ကလေးတွေက အဖေဖက်လား အမေဖက်လား ဘယ်ဖက်ကို လိုက်ရမှန်းမသိ ဖြစ်တာမျိုး အားလုံးလိုလို ခံစားကြရတာပါ ဒါတောင် တကယ်ဆို ကြားနေဆိုပြီး ရှိနေခဲ့သေးတယ်ဆိုတော့ ၃ ဖွဲ့ကွဲခဲ့တာပါ နောက်ပိုင်းရပ်တည်ရေးကြောင့် ကြားနေလည်း မဟာမိတ်ထဲရောက်သူရောက် ဒုက္ခသည်လျှောက်သူလျှောက် နီးစပ်ရာ အေဘီထဲ ရောက်သူရောက်နဲ့ အားလုံးပျောက်သွားခဲ့တာပဲ ကျုပ်ကတော့ အေဘီ ၂ ဖွဲ့ကွဲတေ့ ကိုမိုးသီးဆိုက်မှာ ရပ်ခဲ့တယ် ဒေါက်တာနိုင်အောင်ဆိုက်မှာ မရပ်ခဲ့ဘူး ဘာလို့လဲဆိုတော့ DAB စစ်ဆင်ရေးကာလမှာ ရန်သူကိုစစ်ရေးအရ နာကျည်းအောင် မလုပ်သင့်ဘူးလို့ သူ့ပါးစပ်က ကိုယ်တိုင် ပြောထွက်ခဲ့တဲ့ ဒေါက်တာနိုင်အောင်ကို မယုံကြည်လို့ပဲ NGO ပေးတဲ့ ငွေကိုယူပြီး စခန်းမှာ ဓါတ်ပုံရိုက်ရင်တောင် သေနတ်တွေ စစ်လက်နက်ပစ္စည်းတွေ မပါရတဲ့ အထိ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဒေါက်တာနိုင်အောင်ကို မယုံကြည်လို့ပဲ နောက်ဆုံးတော့ အေဘီ ၂ ဖွဲ့ ပြန်ပေါင်းတယ် ကျုပ်တယောက်တည်းကတော့ အေဘီရဲ့ အဲဒီအချိန်က ခေါင်းဆောင်မှုကို မယုံကြည်တော့ဘူး ဒါကြောင့် ထွက်တယ်ဗျာ လက်နက်ကိုင်တော်လှန်ရေးအပေါ်ကတော့ ဒီနေ့အထိ ယုံကြည်နေဆဲပဲ လက်နက်ကိုင် တော်လှန်ရေးနဲ့သာ အဆုံးသပ် အောင်ပွဲကို ရယူနိုင်မယ်လို့ ယုံကြည်တယ် ဒါပေမဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အေဘီက လက်နက်ကိုင် တော်လှန်ရေးနဲ့ ရန်သူကို ဖိအားပေးနိုင်တဲ့ အခြေအနေမှာ အခု ရှိသေးရဲ့လားလို့ ပြန်ကြည့်ပါဦး လူတွေလည်း ကုန်ကုန်ပါပြီ ခုဆို အေဘီရဲ့ တိုက်ခိုက်ရေး အင်အားဟာ နဂိုရ်ရှိတဲ့ အင်အားရဲ့ အစွန်းထွက်တောင် မရှိတော့ဘူး မဟုတ်လား နဂိုရ်ရှိပြီးသား အင်အားတွေဟာ ထပ်မတိုးပွားချင်ရင်နေ လျော့တော့ မသွားသင့်ဘူး မဟုတ်လား လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အေဘီအတွက် တပ်တည်ဆောက်ရေးဆိုတာ အရေးအကြီးဆုံး မဟုတ်ဘူးလား ဒီတည်ဆောက်ရေးကိုတောင် အောင်မြင်အောင် မလုပ်နိုင်ခဲ့တာ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ အောက်ခြေရဲဘော်တွေကြောင့်လား မခင်မင်းဇော် အမျိုးသားကိုပဲ ပြန်မေးကြည့်ပါဦး ခေါင်းဆောင်မှု မှန်ကန်ရင် အဖွဲ့အစည်း တခုဟာ ကြီးထွားလာရမှာပါ ခုဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲ ပြန်ကြည့်ပါဦး ဥပမာပေးစရာတွေ အများကြီးပါ လက်နက်ကိုင်တော်လှန်ရေးမှာ အကြီးဆုံး အင်အားစုဖြစ်တဲ့ ဗကပ ဘယ်လိုဖြစ်လို့ ခုလက်ရှိဘ၀ ရောက်သွားသလဲ အောက်ခြေရဲဘော်တွေကြောင့်လား ဗဟိုကော်မတီကြောာင့်လား ကေအဲန်ယူ အခု ဘယ်လိုဖြစ်သွားလဲ အဲဒါ အောက်ခြေ ရဲဘော်တွေကြောင့်လား ဗဟိုကော်မတီကြောင့်လား အခု အေဘီမှာ တိုက်ခိုက်ရေးအင်အား တရာတောင် ရှိလို့လား ကျနော်တို့ရှိနေတုန်းက (၂၀၄) တရင်းထဲမှာတောင် တိုက်ခိုက်ရေးအင်အား (၁၅၀) ကျော် ရှိပါတယ် ခုအဲဒီအင်အားတွေက ဘယ်ရောက်ကုန်ကြရတာတဲ့လဲ ခေါင်းဆောင်တွေ တော်ကြလွန်းလို့ အဲဒီအင်အားတွေ ပြုန်းတီးကုန်ကြတာလား လူထုမှားတယ်ဆိုတာ မရှိပါဘူး ခေါင်းဆောင်မှားတယ်ဆိုတာပဲ ရှိတယ် ခေါင်းဆောင်မှားရင် အားလုံးခံရတယ် နောက်တခု
ကျုပ်တို့ ထောက်ပံ့နေတယ်ဆိုတာက အောက်ခြေရဲဘော်တွေအတွက်ပါ ခေါင်းဆောင်တွေကို ထောက်ပံ့နေစရာကို မလိုဘူးဗျ တကယ်တော့ သူတို့မှာ လုံလောက်ပြီးသား တောထဲက ရဲဘော်တွေ အသားဟင်း မစားနိုင်တဲ့ရက်တွေမှာ မဲခေါင်အရက်ကို ၀က်သားကင်နဲ့ မြည်းနေတဲ့ ခေါင်းဆောင်ဆိုသူတွေ အများကြီးပါဗျာ နံမည်တွေ တပ်ပြောရရင်တောင် စာမျက်နှာ ၂ မျက်နှာလောက်ရှိမယ် ထားလိုက်ပါတော့

နောက်တခုက ကျောက်ရောင်းတဲ့နေရာမှာ ဆေးရိုးသည် လာရှုပ်တာ ကျုပ်တို့ကတော့ စစ်တိုက်ခဲ့ဖူးတဲ့သူတွေပီပီ ခပ်ကြမ်းကြမ်းပဲ ပြောတတ်တယ် အခုက ကျုပ်တို့ ပြောနေတာက မခင်မင်းဇော်နဲ့ပါ ဆေးရိုးသည်နဲ့ ပြောနေတာ မဟုတ်ဘူး တော်လှန်ရေး နိုင်ငံရေး ဒီမိုကရေစီ လူ့အခွင့်အရေး တွေ အော်ပြီး မီးရထားကို ကြားဘူတာက တက်စီးလာတဲ့ ကောင်မျိုးတွေကို ကျုပ်အနေနဲ့ကတော့ ယဉ်ယဉ်ကျေးကျေး ပြောမှာကို မဟုတ်ဘူးဒီလိုကောင်မျိုးတွေနဲ့လည်း ဘာမှ ဆွေးနွေးနေစရာကို အကြောင်းမရှိဘူး
ဒါလောက်ပဲဗျာ
ထပ်ပြီးတော့ ပြောချင်စိတ်တော့ မရှိတော့ဘူး ဒါပေမဲံ ထပ်ပြီးပြောလာသေးရင်တော့ ထပ်ပြီး ပြောကြရသေးတာပေါ့ဗျာ

ဦးဂင်ကြီး said...

မခင်မင်းဇော်ရေ
အများကြီးတော့မပြောတော့ဘူး တတိယနိုင်ငံကိုဘာဖြစ်လို့ထွက်သွားတာ
လဲဆိုရင် ခင်ဗျားရော ထိုင်းကိုဘာဖြစ်လို့ထွက်လာတာလဲ.. အဲ့ဒါခင်ဗျားဖြေရင် ကျနော်တို့လဲဖြေပီးသားဖြစ်သွားပါပြီ ထွက်ကြရတဲ့အကြောင်းတော့ကွဲပါလိမ့်မယ်။
နောက်တခုကအရင်က ၈ ပိသာ ထမ်းပြီးအခု ၁ပိသာပဲထမ်းတော့တာ ရိုးရိုးလေးဖြေရရင် နိုင်သလောက်လုပ်တာပါ။ ခင်ဗျားလဲ ၈ပိသာထမ်းနေတာမဟုတ်တော့ဘူး နိုင်သလောက်ပဲလုပ်နေတော့တာ ကျနော်တို့က တံဆိပ်မကပ်ဘူး ဘယ်သူဖြစ်ဖြစ်နိုင်သလောက်လုပ်တာကောင်းတယ်။ ခင်ဗျားလက်နက်ကိုင်တော်လှန်ရေးကိုမလုပ်ဘူးပါ။ မြေပေါ်နိုင်ငံရေးလုပ်ဘူးတယ်။ အသိအမှတ်ပြုတယ် ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးမလုပ်နိုင်တော့တာ အထက်ကကွန်မင့်တွေမှာလဲပြောထားပြီးပီ ခန္တာကိုယ်က မရတော့ဘူး။ ကျနော့်အမြင်နဲ့ခင်ဗျားနဲ့မတူတော့တာပဲ ကျနော်က ဘယ်နေရာရောက်ရောက် စစ်အာဏာရှင်စံနစ်ကို ဖျက်သိမ်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်နိုင်တာလုပ်နေတာ ကောင်းတဲ့အချက်ပဲ ဒီလိုလူတွေကိုမစည်းရုံးဘူးဆိုတာကျည်းမြောင်းတာဖြစ်တယ် ဝေဖန်ရေးပေးထားပြီးပြီ လက်မခံတာခင်ဗျားအပိုင်း စစ်အုပ်စုကိုဒူးမထောက်သေးတဲ့ စစ်အုပ်စုအလိုကြမလုပ်တဲ့ လူထုအတွက်စဉ်းတားတဲ့ ဘယ်သူမဆို ကျနော်တို့မိတ်ဆွေတွေပဲ အထူအပါးတော့ရှိမှာပေါ့လေ ဗမာပြည်ထဲ့မှာနေတယ် စစ်အုပ်စုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲသားရေကျနေမယ်ဆိုရင်၊ နယ်စပ်မှာတော့နေတယ် စစ်အုပ်စုနဲ့ပတ်သက်ရင်မပြတ်သားဘူး၊ တတိယနိုင်ငံမှာနေတယ် စစ်အုပ်စုနဲ့ပတ်သက်ရင်မပြတ်သားဘူး ဒီလိုလူတွေကိုခင်ဗျားတံဆိပ်ကပ်ရင်ကပ် ရောပြီးသိမ်းကျုံးပြောလို့အခုလိုဆွေးနွေင်္းဖြစ်တာပဲ။

ပိုပေါ နဲ့ နန္ဒာ
ဝင်ဆွေးနွေးတာကောင်းတယ် သေသေချာချာသိအောင်လုပ်ပီးမှာ ဝင်ဆွေးနွေးတာကောင်းတယ် ဥပမာ ဂီတအကြောင်းနွေးမယ် ဆိုရင်တဏုံတရာတော့ သိထာမှဆွေးနွေးသင့်တယ် နင့်မိုဆို နက်နဲတဲ့အပိုင်းတွေပြောကြတဲ့အခါ သိသလောက်လေး ဝင်ဝင်ပြောတော့ ကန့်လန့်နိုင်နေတယ် နှစ်ယောက်စလုံးအဲ့ဒီလက်မှာ အတွေအကြုံရှိပုံမရဘူး တခြားဘက်မှာကျနော့်ထက်သာချင်သာနေမှာပါ လူဆိုတာ အရည်အချင်းတမျိုးစီကောင်းကြတာကိုး ကိုယ်မပိုင်တဲ့ကိစ္စတွေမှာအခွင့်အရေးရှိတိုင်းစွတ်ဝင်ပြောနေတော့ တခြားသူတွေအနှောက်အယှက်ဖြစ်တယ်လေ ဂီတသမားတယောက်ဟာ စင်ပေါ်တက်တီးချင်ရင် ပရိတ်သတ် လက်ခံလောက်တဲ့လက်ရှိမှတက်တာကောင်းတယ် ဒါပေမဲ့မတီးရဘူးမပြောဘူး ကိုယ်ဘာသာတဦးတည်းကြိုက်သလောက်တီးလို့ရတယ် ကိုယ်အဆင်ပြေတဲ့နေရာမှာပေါ့လေ ဥပမာက ထိခိုက်စေလိုတဲ့ဆန္ဒမပါဘူးနော်။ အခုလဲ ကိုယ်နိုင်သလောက် ဝင်ဆွေးနွေးပါ နက်နဲလာရင်သေသေချာချာသိအောင်လုပ်ပီးမှဆွေးနွေးပါ အဲ့ဒါကောင်းတယ် အကျိုးဖြစ်တယ်လေ။ ဒီမိုကရေစီရေးကိုထောက်ခံနေတာကောင်းတယ် အားပေးတယ် လုပ်နိုင်သလောက်လုပ်ကြ သိတ်မလုပ်နိုင်တော့တဲ့သူတွေကိုလဲအပြစ်မပြောနဲ့ နိုင်ရေးသမားဆိုတာ လူထုအတွက် စည်းရုံးရေးသမားကောင်းတွေပဲ ခင်ဗျားတို့ဟာ သာမန်နိုငှ်ု့သားတွေပဲဆိုလဲကျနော်ကလေးစားတယ် ဒီမိုကရေစီရေးအတွက်တတ်နိုင်သလောက်သာလုပ်ကြပါ။ ငါ့လိုမလုပ်လို့ဆိုသူများကိုအပစ်တင်တဲ့စိတ် အဲ့ဒါတကယ်ပြင်ရမဲ့ ကျနော်တို့ နိုငှ်ု့သားတွေရဲ့ အားနည်းချက်ပဲ သိရှုသိတဲ့သူတွေကစပြင်ရမယ်။

ဦးဂင်ကြီး said...

နောက်ဆက်ပြောခြင်တာကတော့ စင်္ကာပူမှာ သံရုံးရှေဆန္ဒပြတယ်ဆိုပါတော့ စင်္ကာပူအစိုးရရဲ့ မြန်မာအတိုက်အခံတွေအပေါ်ထားတဲ့ အသေးစိတ်သဘောထား အဲ့ဒီမှာလက်တွေ့ကြုံနေရတဲ့ တကယ်လက်တွေ့ဘဝတွေ ကျနော်တို့သူတို့လောက်မသိနိုင်ဘူး သူတို့ကို ဘယ်လိုလုပ်ပါလို့ ဆရာလုပ်လို့မရဘူး သူတို့တတ်နိုင်သလောက် အခြေအနေပေါ်မှာကြည့်လုပ်ရမှာဖြစ်တယ် ဒါဆိုရှင်းလောက်မယ်ထင်တာပဲ။ နေရာတိုင်းမှာ အခက်အခဲဆိုတာရှိတာပဲ ဒါကြောင့်သေသေခြာခြာသိအောင်လုပ်ဘို့အရင်ကျိုးစားရမယ် သိအောင်လုပ်ခြင်ရင် ပေးဆပ်ရတယ် ရင်းနှီးရတယ် လက်နက်ကိုင်တော်လှန်ရေးက ပိုအရင်းအနှီးကြီးတယ်။ မြန်မာ့အရေးတက်ကြွတာတခုတည်းနဲ့ အရာရာဝင်ဆွေးနွေးနိုင်မယ်လို့ ကျနော်တော့မထင်ဘူး အခြေအနေတိုင်းမှာ သိမ်မွေ့တဲ့ပြသာနာတွေအများကြီးရှိတယ်။ နန္ဒာပြောတဲ့ ကိုယ်ပေါင်က ပွေးတွေလှန်ပြနေတယ်ဆိုတာ စော်ကားတယ်လို့မြင်တယ် ဒီမှာအခုကွန်မင့်ဝင်ပေးနေတာ နံမည်အတိအကျနဲ့ ဝင်ပေးတာ တခြားကိုယ်ကိုမသိအောင်လုပ်လို့ရတဲ့နည်းတွေမသုံးဘူး ရိုးရိုးရှင်းရှင်းပဲလုပ်တာ။ နိုင်ငံရေးသမားဆိုတာသတ္တိရှိရတယ် လက်သီးပုန်းမထိုးရဘူး။ကိုယ်လဲဘာမှမလုပ်ဘူးဘူးဆိုရင်ထိမ်းပြောရတယ် သေသေချာချာသိအောင်လုပ်ပီးဆွေးနွေးရတယ်။ သမိုင်းဆိုတာမသိရင် အနာဂတ်ကိုချီတက်လို့မရဘူး။

နော်မန် said...

မခင်မင်းဇော်
“သူပြောတာကို နားထောင်ရင်း ကျမက ဒီနေ့အခြေအနေနဲ့ ဆက်စပ်တွေးမိနေတာပါ။
အဲဒီကျွန်းလို နေရာမဟုတ်ပဲနဲ့ ဒီနေ့ နယ်စပ်ဒေသက လူတွေ အနေနဲ့ သူတို့လို ဆက်သွယ်မှုဘယ်လိုမှ လုပ်မရတဲ့နေရာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်တဲ့ ဘ၀မှာ ဘာလို့ တိုက်ပွဲတွေကို စွန့်ခွာပြေးကြသလဲ။ လူ့ဘ၀မှာ လူတိုင်းတွေ့နိုင်တဲ့ အခက်အခဲ အချို့ကြောင့် ဘ၀ရော အသက်ရော ပေးပြီးလုပ်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးနဲ့ ဝေးရာကို ဘာလို့ ပြေးကြသလဲ။ အဲဒီခေတ်က နိုင်ငံရေးသမားတွေ ၊ မျိုးချစ်ပုဂ္ဂိုလ်တွေလောက် အနစ်နာခံ အသေခံ ပြီး တိုင်းပြည်အတွက် လုပ်ပေးဖို့ စိတ်ဓါတ်တွေကို မရှိတော့တာလား။ လုပ်ဖို့ အလုပ်မရှိတာလား။”

ဆိုတဲ့ မခင်မင်းဇော် သိချင်တာကို ကျနော်ဖြေချင်ပါတယ်...။ ဒါပေမဲ့ ကျနော်က comment နေရာမှာ မဖြေချင်ပါဘူး...Gtalk မှာဖြေချင်ပါတယ်...။ ကျနော့် Gtalk က quine1988@gmail.com ပါ...။

ပြီးတော့ ...

“အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။”

ဆိုတာ မခင်မင်းဇော် အနေနဲ့ အကုန်လုံးကို သိမ်းကျူံးစော်ကားလိုက်တာဘဲ...။
မခင်မင်းဇော် အနေနဲ့ အကြောင်းကြောင်းကြောင့် တတိယ နိုင်ငံ ရောက်နေတဲ့ သူတွေကို တတိယနိုင်ငံမှာ လက်နက်ချတယ်လို့မြင်သလို
ရှေ့တန်းစစ်မျက်နှာပြင်မှာ ရန်သူနဲ့ အသေအကြေ တိုက်နေကြတဲ့ (မကဒတ)ရဲဘော်တွေ၊ နောက်တန်းစခန်းတွေက
ရဲဘော်တွေ၊ ရဲမေတွေ၊ ရဲဘော်မိသားစုတွေ အနေနဲ့လည်း မခင်မင်းဇော် လို မဲဆောက်မှာနေလိုက်၊နိုင်ငံခြားသွားချင်ရင် အချိန်မရွေး ထသွားနိုင်တဲ့သူကို တမျိုးမြင်မှာပါ...။

(မကဒတ) ရဲဘော်တွေ ၊ ရဲမေတွေ ၊ ရဲဘော်မိသားစုတွေက မဲဆောက်၊ မယ်စလင်းယန်း၊မယ်ဟောင်ဆောင် ဆိုတဲ့ ထိုင်းနယ်စပ်က မြို့တွေကို သွားချင်တိုင်းသွားလို့ရတာမဟုတ်ဘူးလေ...။
တော်တော်များများ မရောက်ဖူးကြပါဘူး...။
ကျန်းမာရေးကိစ္စ၊ သင်တန်းကိစ္စ ရှိမှသာ တချို့ ရောက်ဖူးကြတာပါ...။

ကျနော်ကတော့ တတိယနိုင်ငံမှာ လက်နက်ချတာ မဟုတ်ဘူး...။လက်နက်ချ စရာလဲမလိုဘူးလေ...။
ကျနော့်လက်နက်က “အလယ်ပိုင်း” မှာ ထားခဲ့ပြီးသားပါ...။

ဒီအချိန်ဟာ တူတဲ့သူတွေ အချင်းချင်း အငြင်းပွား တိုက်ခိုက်နေရမဲ့ အချိန် မဟုတ်ပါဘူး...။ ကျောချင်းကပ်ရမဲ့ အချိန်ပါ...။
ကြားထဲက ရန်သူခွေးတွေ ဝမ်းသာ တာပေါ့ ဗျား...။



ကိုပေါ

ကြားထဲက ဆရာကြီး ဝင်မလုပ်ပါနဲ့...။

ATN said...

မခင်မင်းဇော် -
အငြင်းအခုန်လုပ်ရတာကို ကျနော် ၀ါသနာ မပါဘူး... ဒါကြောင့် အပြင်မှာလည်း မငြင်းဘူး... ဘလော့တွေမှာလည်း မငြင်းဘူး... အကျိုးအမြတ်ရှိတဲ့ အဆုံးအဖြတ်ကျတဲ့ အရာတခုဆိုရင်တော့ ဆွေးနွေးပါတယ်... ခုဟာ ငြင်းနေနေရမှာစိုးလို့ ထပ်ပြီး ၀င်မရေးပဲ နေတာပါ...
ခုတော့ ကိုယ့်လူတွေအချင်းချင်း ငြင်းနေတော့ ၀င်ပြောတာပါပဲ... မခင်မင်းဇော်ရဲ့ မေးခွန်းက ဘယ်လို အကျိုးအမြတ်ရှိသလဲ ဘယ်လို အဆုံးအဖြတ်ကျတဲ့ ကိစ္စတခုကို ဖြစ်စေမှာလဲ ကိုယ့်ဘာသာ ခေါင်းအေးအေး ပြန်စဉ်းစားကြည့်ပါ... လက်တွေ့ အကျိုးသက်ရောက်မှုကတော့ ဘယ်လိုရှိတယ်ဆိုတာ အခု ရေးနေတဲ့ ကွန်မန့်တွေကို ကြည့်တာနဲ့ သိလောက်ပါပြီ... မခင်မင်းဇော်လိုချင်တဲ့ အဖြေတချို့လည်း ရလောက်ပြီထင်ပါတယ်... ခုကွန်မန့်တွေမှာ မလိုလားအပ်တဲ့ အချက်အလက်တွေပါ ပါလာကုန်တာ ဘယ်သူ့အတွက်မှ အကျိုးအမြတ် ရှိဘူးထင်တယ်... သည်တော့ တော်လောက်သင့်ပြီထင်ပါတယ်...

ညွန့် - စကားကို ဆင်ဆင်ချင်ချင် ပြောစေချင်ပါတယ်... အခု ပြောချင်တာတွေ ပြောပြီးပြီဆိုရင် တော်သင့်ပါပြီ...

ဦးဂင်ကြီး - ခင်ဗျားပြောတာလည်း အတော် ပြည့်စုံနေပါပြီ... ဒါကြောင့်မို့ ရပ်သင့်ပါပြီ... တခြား လုပ်စရာတွေအတွက် အချိန်ပေးလိုက်ပါဦး...

နော်မန် - ခင်ဗျားပြောတာကို ကျနော်လက်ခံတယ်... ဂျီတော့မှာ ပြောကြရင် ပိုကောင်းပါတယ်... သည်မှာတော့ ပြောမနေကြပါနဲ့တော့...

ရဲဘော်တွေအးလုံးကို ပြောချင်တာကတော့ ဆက်လက် ငြင်းခုန်မနေကြပါနဲ့တော့လို့ပါပဲ...

မခင်မင်းဇော်-
နောက်ဆုံး တခုတော့ ပြောချင်ပါသေးတယ်... ကျနော် သိသမျှ ကျနော့် တပ်ရင်းက လူတွေအားလုံးဟာ တတိယနိုင်ငံကို ရောက်နေကြသည့်တိုင် ယနေ့ထက်ထိ သူတို့ တတ်နိုင်တာတွေကို လုပ်နေကြဆဲပါပဲ... ဘာမှ မလုပ်တဲ့လူဆိုတာ တယောက်မှကို မရှိပါ... သည်လိုပဲ ကျန်တဲ့ မကဒတ တပ်ရင်းတွေက ရဲဘော်တွေလည်း သည်လိုပဲလို့ ယုံကြည်ပါတယ်... တခုရှိတာ အားလုံးက ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်အသိဆုံးပါပဲ... ပါးစပ်ကထုတ်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ... အရေးမကြီးပါဘူး... လူအထင်ကြီးအောင် လူလေးစားခံရအောင် လုပ်နေတာ မဟုတ်ဘူးဆိုရင်ပေါ့...
ကျနော့်တယောက်တည်းအတွက်ကတော့ ကိုယ်တတ်နိုင်တာတွေ ကိုယ့် အခြေအနေ ပေးသလောက်နဲ့ လုပ်ပါတယ်... ဒါအတွက် ဟိုလူသည်လူက ကိုယ့်ကိုယ် မလေးစားတာတို့ ဘာဘာညာညာ ထင်တာတို့ကို ဂရုမစိုက်ပါဘူး... ဟိုလူသည်လူ လေးစားအောင် အာကျယ်နေတဲ့ အထဲမှာ ကျနော် မပါဘူး...

ငြိမ်းစု said...

ခင်မင်းဇော်ရေ.....
သင့် Blog ခေါင်းစီးက စာမှာ "လွတ်လပ်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်" လို့ ဆိုထားတယ်နော်။ သူတို့လဲ သူတို့ လွတ်လပ်ခွင့်နဲ့ တတိယနိုင်ငံကို သွားကြတာဘဲ။ ဘာပြောနေ မေးနေစရာလိုလဲဗျာ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့်ရှိပြီးသားဘဲ။ နောက် သင့်ရဲ့ About Me profile မမှာ “ငြိမ်သက်နေတယ်။ ကောင်းတာလား ဆိုးတာလား”လို့ ရေးထားတာတွေရတော့ ကိုယ့်ကိုကိုယ်တောင် မဝေဖန်ပိုင်ခြားနိုင်မှု မရှိသေးပါလားလို့ တွေးမီပြီး စိတ်မကောင်းဖြစ်မိတယ်။
မင်ကနော်

Anonymous said...

"လွတ်လပ်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်"

ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ဆောင်းပါးတခုရဲ့  ခေါင်းစဉ်နာမည်ပါ။ လူတယောက်ဟာ သူလုပ်ချင်တဲ့ သူလုပ်သင့်တယ်ထင်တဲ့အရာတခုကို သူများတွေကောင်းကောင်း ဆိုးဆိုးဘယ်လိုပဲထင်နေသည်ဖြစ်စေ ဆင်းရဲပင်ပန်းတဲ့အလုပ် ထောင်နူတ်ခမ်းနင်းရတဲ့အလုပ် သေမင်းနဲ့ နဘမ်းလုံးရတဲ့အလုပ် ပိုက်ဆံမရတဲ့အလုပ်ဖြစ်ပလေ့စေ ကိုယ့်ရွေးချယ်ခွင့်နဲ့ ကိုယ်တိုင် ပြတ်ပြတ်သားသား ရွေးချယ်လုပ်ကိုင်ရဲသူဟာ လွတ်မြောက်သူဖြစ်တယ်လို့  ဆိုလိုရေးထားခဲ့တယ်လို့  နားလည်ပါတယ်။ လွတ်လပ်ခြင်းပီတိကို ခံယူခံစားပိုင်ခွင့်ရရှိတဲ့ လွတ်မြောက်သူတွေ များများပေါ်ထွက်နိင်ပါစေ။

မလွတ်မြောက်နိုင်သေးသူ

Unknown said...

မခင်မင်းဇော်...
ကျနော် လည်း ရေကန်အသင့်ထဲနေခဲ့ရတာပါ..ကျနော် မနေခဲ့ရဘူးလို့ ပြောမိလို့ လား....။ ကျနော် အစထဲက ကျနော် ဘာမှ မဟုတ်ပါလို့ ဝန်ခံပြီးသားပါ.....ကိုယ့်ကိုယ်ကို အထင်ကြီး ပြီး သူများတွေကို မခန့် လေးစား ကျနော် တခါမှ မပြော ခဲ့ဘူးပါဘူး.....
နောက်တချက် ဒီဗွီဘီက မခင်မင်းဇော်ရဲ့ အမျိုးသားကြောင့် ခန့် မခန့် ကိုတော့ သူတို့ အသိဆုံးဖြစ်မှာပါ..ဒါပေမဲ့ သေချာတာတခုကတော့ ဒီဗွီဘီကို ဦးစီးနေတဲ့ ကိုထက်အောင်ကျော်၊ ကိုမိုးအေး၊ ကိုအေးချမ်းနိုင်တို့ က အေဘီ ရဲဘော်ဟောင်းတွေဆိုတာတော့ အားလုံးသိပါတယ်...။
ကျနော့်ကို မိသားစုနဲ့ အတူရောက်လာတယ် ဆိုတဲ့ မခင်မင်းဇော်ရဲ့ စိတ်ဓာတ်နဲ့ ပြောပုံ ကို ကြည့်ရင် အင်မတန် ကလေးဆန်ပါတယ်....။
ကျနော်တယောက်အတွက် တမိသားစုလုံး ဘ၀ပျက်ခဲ့ပေမဲ့ .. ကျနော် တယောက်ထဲပဲ US ရောက်လာခြင်းပါ..။ ကုန်ကုန် ပြောရရင် နောက်ကိုလည်း မည်သူ့ ကိုမှ ခေါ်ဖို့ စိတ်ကူးမရှိပါ..။
နိုင်ငံရေးလုပ်ခြင်ရင် စကားကြီး စကားကျယ်တွေ ပြောမနေပဲ ကိုယ်လုပ်နေဖို့ ကသာ အဓိကပါ မခင်မင်းဇော်..ပြီးတော့ နိုင်ငံရေးသမား ခံယူချက် သိပ်ပြင်းပြနေတဲ့ လူဆိုရင် မခင်မင်းဇော်ရဲ့ စိတ်ဓာတ်ကို အရင်ပြန်ကြည့်ပါ..အရမ်းကလေးဆန်နေပါတယ်..။ တခုတော့ မေးခြင်ပါတယ်... ။ မခင်မင်းဇော်ရော ဘယ် ၂ခါ ဘယ်သူ့ အတွက် ဒီဘက်ရောက်ပြီးမှ ကြည့်ဘူးပါသလည်း....အခု ဒီဗွီဘီမှာ လုပ်နေတာဟာ နိုင်ငံကို သိတ်ချစ်နေလို့ လား ဘာကြောင့်လား ကိုယ်ကိုယ်တိုင်သိမှာပါ... တခါလှူသလား ၂ခါလှူသလား ကိုယ်ဘာလုပ်နေလည်းဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးဖြစ်သလို မခင်မင်းဇော် သိဖို့ လည်း မလိုပါ..။
မိမိ ဘာလည်းဆိုတာ ကိုယ့်ကိုယ်ကို အရင်ပြန်မကြည့်ပဲ သူများတွေကိုပဲ လိုက်ကြည့်နေမယ်ဆိုရင် လိုခြင်တဲ့ ပန်းတိုင်လည်းရောက်မှာ မဟုတ်ဘူး မခင်မင်းဇော်အတွက် မိတ်ဆွေ ကောင်း ဆိုတာလည်း ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး..။
ကျနော် ထပ်ဆွေးနွေးစရာမရှိတော့ပါ..။

မင်းကနော် ရေးထားတာလေးကို သေချာ တွေးကြည့်ပါ မခင်မင်းဇော်..။

PS. ကိုမင်းဇော်ကိုတော့ လေးစားပါတယ်.။

Unknown said...

ကျနော် ရေးတဲ့ အထဲမှာ ကျန်ခဲ့လို ပါ ပြန်ရေးတာပါ..။

မခင်မင်းဇော် ညွန့် ကိုရေးထားတဲ့  အထဲမှာ .... ညွန့်ရဲ့ ဒုတိယ ကောမန့်မှာတော့ ခပ်ရိုင်းရိုင်း ရေးထားတာ ဖတ်လိုက်ရတော့ ဒီလိုလူမျိုး မို့ ထွက်သွားရတာလားလို့လဲ ထပ်မံတွေးမိလိုက်ရပြန်ပါတယ်။ ကျမတို့ဟာ ကိုယ့်အယူအဆတွေ ကို ဆွေးနွေးတဲ့အခါမှာ ယဉ်ကျေးသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ ရန်ဖြစ်နေတာ မဟုတ်ပါဘူး။....

အဲဒီလို ဆဲမှ ရိုင်းတယ် ရန်ဖြစ်တာ မဟုတ်ဘူးဆိုပြီး မခင်မင်းဇော် ကျနော့်ကိုရေးထားတဲ့  ထိုင်းမှာ ဘာလို့ မနေလည်း ထိုင်းအထိလိုက်ဖမ်းမှာစိုးလို့ လားဆိုတာ ရန်တွေ့ တဲ့ စကားပါ..။

မှန်တယ် လိုက်ဖမ်းမှာစိုးလို့ တော့ နိုင်ငံခြားရောက် လာတာ မဟုတ်ဘူး......။
ဒါပေမဲ့ မခင်မင်းဇော်လည်း အခုလို...ရန်တွေ့ နေနိုင်တာ ကိုမင်းဇော်ကြောင့်ဆိုတာကိုတော့ မမေ့ ထားပါနဲ့ ...လင်ယောက်ျားကို ရိုသေတဲ့ မိန်းမမှ သိက္ခာရှိတဲ့ မိန်းမ ဖြစ်မှာပါ.....မခင်မင်းဇော် တယောက်ထဲ ယောကျာ်းမရှိပဲ... ရောက်လာကြည့်ပါ....။ အခုအချိန်မှာ ဒီလို ပြောနိုင်မလား ကျနော် သိခြင်ပါတယ်..။
အခု ထိုင်းမှာနေမဲ့ လူတွေအဖို့ အဖွဲ့ အစည်း အရှိန်အ၀ါ လိုအပ်ပါတယ်... မခင်မင်းဇော် အတွက် အဖွဲ့ မရှိပေမဲ့ ကိုမင်းဇော်ရဲ့ အရှိန်အ၀ါရှိပါတယ်.... ။ အေဘီက ရဲဘော်လေးတွေကို ခိုင်းနိုင်တဲ့ အဆင့်ရှိပါတယ်..ရဲဖမ်းရင် လိုက်ရွေးနိုင်မဲ့ သူ ရှိတယ်.... ကုန်ကုန် ပြောရင်ဗျာ မခင်မင်းဇော်ရဲ့ နိုင်ငံခြားခရီးထွက်ဖို့ ကို အနိမ့်ဆုံး အဆက်အသွယ်အဆင့်တော့ ကိုမင်းဇော် ဆီက မှ မခင်မင်းဇော် ရမှာပါ.. ဘယ်သူမှ မခင်မင်းဇော် ကြောင့်တော့ တိုက်ရိုက် မသိနိုင်ပါဘူး..။
ကျနော် နေခဲ့တုန်းက လည်း မထွက်ဘူးဆိုတာကို စဉ်းစား ခဲ့ဘူးပါတယ်.. မြန်မာပြည်က လာထဲက ဘာလုပ်ဘာကိုင်ရမလည်း မသိ ဇဝေဇ၀ါနဲ့ ပဲ လာတာပါ....။ ဒါပေမဲ့ ရောက်ပြီး ၆လထိ ဘာလက်မှတ်မှ မရှိ ဘယ်မှ မသွား မလာရဲ ခဲ့ပါဘူး....။ ရဲဖမ်းရင်တောင် လိုက်ရွေးဖို့ ကျနော့် မှာ ဘာနောက် ခံမှ မရှိဘူး....။
ကုန်ကုန်ပြောမယ်ဗျာ ထိုင်းမှာ ကျနော်နေတဲ့ အိမ်မှာ ကျနော် အသက်အကြီးဆုံးပါ... ..။ ဒါပေမဲ့ အဲဒီအိမ်မှာ ပုဂံဆေးပြီး ကျနော် နေခဲ့တာပါ...။
နောက်မှ နိုင်ငံခြားက သူငယ်ချင်းတယောက်က သိသွားပြီး သူရဲ့ အဆက်နဲ့ ဒီကို ရောက်လာတာပါ..။
အခုမခင်မင်းဇော်နေ နေတဲ့ ဘ၀က လက်တော့ကိုင်ပြီး ဆိုင်ကယ်စီးနေတာပါ...။ ဒါပေမဲ့ ချီးကျူးပါတယ်..။ တကယ်ကို လုပ်တတ်ကိုင်တတ်လို့ ပါ..။
ကျနော် ပြောခြင်တာ ဒါပါပဲ..နောက်လည်း ဘာမှ ပြောစရာမရှိတော့ပါဘူး....မခင်မင်းဇော်..။

Anonymous said...

အမေရိကန်၏ ဆောင်းရက်များက ပိုအေးလာခဲ့ပြီ။ တော်ရုံတန်ရုံဆိုလျှင် အပြင် မထွက်ချင်တော့။ အ၀တ်ကို အထပ်ထပ် ကျပ်စည်းသလို ၀တ်နေရသည်မှာလည်း မသက်သာလှ။ ညမှောင်ချိန်ကလည်း စောလာသည်။ အမှောင်စောပုံက စိတ်ဓါတ် ကျဖွယ် ကောင်းလှသည်။ နှလုံးကို အေးခဲနေအောင် ဆွဲဆုပ်ထားသည့်နှယ် ရှိသည်။ တရက်တော့ သူတို့ မြို့အနီးအစပ်က မိတ်ဆွေတဦးအိမ်သို့ ထမင်းသွားစားဖြစ်သည်။ တကယ်တော့ သူနှင့် မသိ။ သူ၏ သူငယ်ချင်း ဆရာဝန်ဖြစ်သူတဦးဖြစ်သူ ဒေါက်တာအေးဝင်းနှင့်သာ ရင်းနှီးသည့်မိတ်ဆွေ ဖြစ်သည်။ အမေရိကန်မှာကလည်း မြန်မာ လူမျိုး အသိုက်အ၀န်း ဟူ၍ ကြီးကြီးမားမား မရှိလှ။ အချို့မြို့ကြီးများတွင် ထောင်ဂဏန်းမျှ ရှိတတ်သော်လည်း အချို့သော မြို့များ တွင် ဆယ်ဂဏန်းမျှသာ ရှိတတ်သည်။ ခင်ရာဆွေမျိုး၊ မြိန်ရာ ဟင်းကောင်းလုပ်၍ ပေါင်းကြရသည်။ သို့သော်လည်း အနည်းဆုံး မြန်မာလူမျိုး အချင်း ချင်းဟူ၍ ခင်မင်ပေါင်းသင်းမှုတော့ ရှိကြသည်။ သူ့ သူငယ်ချင်း ဒေါက်တာအေးဝင်းက ABSDF အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သလို၊ ယခင်ကတည်းက တပ်ရင်းတခုတည်းတွင် အတူတာဝန်ယူခဲ့ကြသူများ ဖြစ်သော ကြောင့်လည်း ညီအစ်ကိုလို ဖြစ်နေကြသည်။ ယခုအိမ်ကိုလည်း သူခေါ်၍ပါလာခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်ယောက်ျားက ယခင်က မြန်မာ အစိုးရ ဌာန တခုတွင် ညွှန်ကြားရေးမှူးလားမသိ၊ တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း ယခုတော့ ဒေါက်တာအေးဝင်းနှင့် မြို့၏ ရပ်ဆွေရပ်မျိုး ဖြစ်နေခဲ့ပြီ။

သူ၏ သားက လူပျိုအရွယ်၊ တက္ကသိုလ်တခုခု တက်ခွင့်ရရန် ကြိုးပမ်းနေသည်။ အိမ်ရှင်မိတ်ဆွေက ဘယ်လိုရည်ရွယ်၍ ပြောမှန်း မသိ။ သူတို့ကိုလည်း ရည်ရွယ်ပြောလိုခြင်းလည်း ဟုတ်ပုံမရ။ သူ၏ သားကို ကျနော်တို့ရှေ့မှာပင် လှမ်းပြောခဲ့ သည်။

“ဟေ့ကောင်... ဒီမှာကြည့်စမ်း။ တောထဲက လာတဲ့ကောင်တွေတောင် ဆရာဝန်တွေ ဖြစ်နေကြပြီ။ ဟားဗတ်တို့ ဘာတို့ က ဘွဲ့တွေ ရနေကြပြီ။ မင်းက မိဘက အပြည့်အစုံနဲ့ စာဖတ်ခိုင်းနေတာတောင် မကြိုးစားချင်ဘူး။” သူ့သားကို သူလှည့်၍ ဆူပူလိုက်ခြင်း ဖြစ်သည်။

ဒီပုဂ္ဂိုလ်က ကိုယ့်စကား ဘယ်ကိုရောက်မှန်းမသိ။ သူတို့ကို နှိမ်ပြော ပြောလိုချင်း ဟုတ်ချင်မှတော့ ဟုတ်မည်။ သူ့နှာခေါင်း ပြားကနဲ ဖြစ်သွားသည်။ စိတ်ထဲတင်းသွားခဲ့သည်။ ငုံ့လျှိုးနေခဲ့သည့် စိတ်က အမောက်ထောင်လာသည်။

“အာ ဟား.... ငါတို့က လူဆိုးတွေမိုလို့၊ ငတုံးတွေမိုလို့ တောခိုခဲ့ကြတာမှ မဟုတ်တာ။ ၀ရမ်းပြေးမိုလို့ ထွက်ပြေးခဲ့ကြတာမှ မဟုတ်တာ။ ငါတို့က ယုံကြည်ချက်တခုအတွက် ငါတို့ရဲ့ ဘ၀ အကောင်းဆုံးအချိန်တွေ ပေးခဲ့ကြတာ။” ဤသို့ သူ ဖွင့်မပြော ဖြစ်ပါ။ စိတ်ထဲကတော့ ဤသို့ ပြောဖြစ်သည်။ ဒီပုဂ္ဂိုလ်နှင့်လည်း စကားပြောချင်စိတ် မရှိတော့ပါ။ သူတို့ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံက သင်ခဲ့ပြီ။ သူ့မျက်နှာက ပြုံးနေလိမ့်မည်။ သံတမာန် ဆန်ဆန်။ သေချာသည်ကတော့ ဤအိမ်သို့ နောက် တကြိမ် သူအလည်ရောက်လာတော့မည် မဟုတ်ချင်းပင်။ တော်ရုံကိစ္စလေးတွေနှင့်လည်း သူ ရန်မဖြစ် ချင်တော့ပါ။ ဤသို့ အသေးအဖွဲများနှင့်သာ ရန်စများနေကြလျှင် ကမ္ဘာကြီးလည်း စစ်ပွဲများ ငြိမ်းသတ်၍ မကုန်နိုင်အောင် ရှိချေတော့မည်။ သူ့ဘ၀အတွက် နောက်ထပ်အပိုဆာဒါး ကိစ္စများ လည်း သိပ်များများ မလိုချင်တော့ပါ။ သို့သော် သူဝမ်းနည်းသလို ဖြစ်မိ သည်။

သေချာသည်ကတော့ သူတို့ဘ၀၏ အချိုမြိန်ဆုံး ပျိုရွယ်ချိန်များကို စွန့်ခဲ့ရခြင်းပင်။ ဤအကြောင်းများကို ဂုဏ်ပြုခံလို၍ လျှောက်ပြောနေကြခြင်းလည်း မဟုတ်။ သူ့အထွာနှင့်သူ ပေးဆပ်ခဲ့ကြရသည့် သူများချည်းပင်။ မျိုးဆက်တခုလုံး အတွက် ၀ရုန်းသုန်းကား ဖြစ်ခဲ့သောနှစ်များဟု ဆိုရမည်။ ယုံကြည်ချက်အတွက် ထောင်အတွင်း နှစ်ရှည်လများ ပေးဆပ်ဒုက္ခခံခဲ့ကြ ရသည့် သူတို့ရဲဘော်များရှိသလို၊ သူတို့လည်း ယုံကြည်ချက်ကျောပိုး၍ တောတိုးခဲ့ကြသည်။ ကောင်းမည်ထင်ရာ စွန့်လုပ် ခဲ့ကြသည်။ ဖြူစင်မွန်မြတ်စွာ သူတို့စွန့်လွှတ်လုပ်ကိုင်ခဲ့ကြသည်။ သူလုပ်ခဲ့သမျှ ကိစ္စတွေအတွက် မှားသည်ဟုတော့ မဆိုချင်။ သို့သော်လည်း အနာလေးတပြပြ မလုပ်နေချင်တော့ပါ။

“ကျနော်တို့ဟာ
ယုံကြည်ချက်တွေနဲ့ချည်း
မုန်ယိုနေကြတဲ့ ကောင်တွေ
ဒီလိုနဲ့
ကိုယ့်အိမ်ကိုယ် ပြန်နေခဲ့ကြတယ်
အနှစ် နှစ်ဆယ်လုံးလုံး။” (ကိုအောင်မွန်) ကဗျာလေးကို သူသဘောကျသည်။ အနှစ်နှစ်ဆယ်လုံးလုံး သူတို့ပြေးနေခဲ့ကြ သည်။ နာကျဉ်လျှက် ပြေးနေကြသည်။ ရည်ရွယ်ချက် တခုအတွက် ပြေးနေကြသည်။ အမေရိကန်နိုင်ငံကို အကြောင်း အမျိုးမျိုး ကြောင့် ခြေချခိုလှုံလာခဲ့ကြရသော်လည်း အိမ်ကိုပြန်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်သည်။ အမေရိကန်သည် သူတို့ အိမ် မဖြစ်သေး။ သူတို့အိမ်က မြန်မာပြည်တွင် ရှိနေသည်ကို သူတို့ သိထားကြသည်။ မည်သို့ဖြစ်စေ သူတို့ပေးဆပ်ခဲ့ရ သော အချိန် များကိုတော့ ပြန်တသနေဆဲ ဖြစ်သည်။ နာကျဉ်သည့် ဒဏ်ရာကို လျှက်နေသည့် ကြောင်တကောင်လို တသသ ချိုမြိန် နေဆဲ ဖြစ်သည်။

သူတို့ ABSDF ရဲဘော်ဟောင်း အများစုရှိသည့် ဖို့တ်ဝိန်း Ft. Wayne မြို့ကလေးလိုနေရာမျိုးတွင် ပိုသိသာသည်။ မည်သည့် စကားဝိုင်း စစ တောထဲ ပြန်ရောက်ကြသည်။ အချို့ရဲဘော်များကတော့ ဒဏ်ရာကို ထုံထား၍ ရပ်တည် ချက်အတွက် အပြောင်း အလဲ လုပ်နိုင်သူလည်း ရှိသည်။ အပြောင်းအလဲ မလုပ်နိုင်ပဲ ယခင်ဒဏ်ရာ၊ နာကျဉ်မှုထဲ အိပ်မက် နှင့် တ၀ဲလည် လည် ဖြစ်နေသူ လည်း မရှားလှ။ အပြောင်းအလဲ လှိုင်းပုတ်ဒဏ်ခပ်ကြမ်းကြမ်းတွင် ပင်ပန်း အလူးအလိမ့် ဖြစ်နေရသူလည်း ရှိသည်။ ဤအပြောင်းအလဲတွင် အောင်မြင်သူများ ရှိခဲ့သလို၊ ကျဆုံးသူများလည်း ရှိခဲ့သည်။ ပညာ မပြည့်စုံဘဲ လာခဲ့ကြ ရသူ များရှိသလို၊ သူတို့ကို အနှစ် ၂၀ လုံးလုံး သင်ကြားပေးလိုက်သည့်ကိစ္စကလည်း အမေရိကန် တွင် ရပ်တည် ရှင်သန်ရေး အတွက် မဟုတ်။ ယခုတော့ ကွန်ကရစ်တောတွင် တိုက်ပွဲအသစ် ၀င်နေကြရပြီ။

သေချာသည်ကတော့ သူတို့တွင် နာကျဉ်မှုတစုံတရာ ရှိနေပါသည်။ မသိသော တနေရာတွင် ကိန်းအောင်းနေကြသည်။ တခါ တလေတွင် ဤအငုံ့စိတ်က ပြန်ပေါ်လာသည်။ စာရေးဆရာ မောင်စူးစမ်းက ယခင်ရုရှား ကွန်မြူနစ်စနစ်ပြိုကွဲပြီး နောက်ပိုင်း ရင်တွင်း ဆွဲနှုတ်လိုက်သလို ဟာလာဟင်းလင်းသဖွယ် ဖြစ်သွားခဲ့ကြရသည့် ကွန်မြူနစ်ဝါဒီများ၏ ခံစားချက်ကို (Melancholy) (အစားထိုးမရသည့် အစွမ်းကုန်ကြေကွဲမှုကြီးဟု ဘာသာပြန်လျှင် ရမည်ထင်သည်) ဟု ရေးခဲ့ဖူးသည်။ သူတို့ရဲဘော်များ တွင် လည်း ဤသို့အလားတူ မီလန်ခိုလီ ရှိနေသည်ဟု ထင်ပါသည်။ သူတို့ ဆုံးရှုံးခဲ့ရမှုမှာ အခြားမဟုတ်၊ သူတို့ ယုံကြည်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးမဟုတ်။ သူတို့၏ အငယ်ရွယ် အပျိုမြစ်ဆုံး အချိုမြဆုံး အချိန်များသာ ဖြစ်ပါသည်။

နာကျဉ်လျှက်လည်း ဆက်၍ ပြေးနေရပါဦးမည်။

ယောဟန်အောင်

Htoo Myat said...

အန်တီရေ... ကျနော် အန်တီ့ကိုရော ဦးမင်းဇော်ကိုရော တကယ့် အဒေါ်နဲ့ ဦးလေးအဖြစ် အမြဲ သတ်မှတ်ပါတယ်။ ကျနော် အခုထိ ဦးမင်းဇော် လက်ဆောင်ပေးဖူးတဲ့ ပြောက်ကျား ကုတ်အင်္ကျီလေးကို ဘယ်နေရာ သွားသွား ကျနော် ဂုဏ်ယူပြီး မြတ်မြတ်နိုးနိုး ဝတ်ပါတယ်။ ဒီတစ်ထည်ပဲ အမြဲ ဝတ်နေလို့ အမေတောင် ဆူပါသေးတယ်။ ဒါပေမဲ့ ကျနော့် အမြင်ကို ကျနော် ပြောပြချင်ပါတယ်။ အဲဒီအတွက် စိတ်ထဲမှာ ဘယ်လိုမှ မခံစားပါနဲ့...

ကျနော့် အမြင်မှာ နိုင်ငံရေး လုပ်တယ်၊ တော်လှန်ရေး လုပ်တယ်ဆိုတာ အာဏာမရရင် အလကားပါပဲ။ ကိုယ် ထိပ်မှာ တက်ထိုင်မနေနိုင်ရင် ကိုယ့်အလောင်းကို သူများက နင်းပြီး ခေါင်းပေါင်းစ ထောင်သွားမှာပါပဲ။

ကျနော့်အမြင်ဆို ထောင်ကျခဲ့တဲ့ နိုင်ငံရေး သမားတွေထက် အစိုးရရဲ့ ထောက်လှမ်းရေးထက် ပိုပါးနပ်ခဲ့ပြီး ရှောင်ထွက်လာနိုင်ခဲ့တဲ့ နိုင်ငံရေး သမားတွေကပဲ ပိုတော်တယ်လို့ မြင်မိပါတယ်။

အစွန့်လွှတ် အနစ်နာခံတယ် ဆိုတဲ့ လူတွေဟာလည်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ခဲ့ကြတဲ့ လူတွေချည်းပါပဲ။ ဘယ်သူ့ကိုမှ ပြည်သူတွေက ကျနော့်တို့အတွက် အနစ်နာခံပေးပါခများ ဆိုပြီး ဒူးထောက် တောင်းပန်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီအတွက် ကိုယ်ကြိုးစွန့်တယ်တို့၊ အနစ်နာခံတယ် ဆိုတာကို အော်နေတာဟာ မှားယွင်းတယ်လို့ မြင်ပါတယ်။

အန်တီ ခင်မင်းဇော် မဲဆောက်ကို မခွာပဲ အဲဒီမှာ ရပ်တည်တာနဲ့ ပတ်သက်လို့ အထူးမပြောလိုပေမဲ့ စွန့်လွှတ် အနစ်နာခံပါတယ်လို့ ဆိုလာရင်တော့ အဲဒါကို ကျနော် လက်မခံပါဘူး။

ကျနော့်အနေနဲ့ ကျနော့်မိဘက သားသမီး အရေးအတွက် အမေရိကကို ထွက်တယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်။

ဘာလို့လဲဆိုတော့...
ကျနော့်အမေဟာ ထိုင်းမှာ နေရတာ ဒီမှာ နေရတာထက်တောင် အဆင်ပြေ သက်သာတာ အန်တီလည်း သိပါလိမ့်မယ်။

အဲဒါနဲ့ အဲဒီမှာပဲ ဆက်နေ... ကျနော်လည်း အမေ့ အဆက်အသွယ်နဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာပဲ အလုပ်သင် ဝင်လုပ်ခဲ့လို့ ရှိရင် ရုတ်တရက် တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ အသက်မွေးဝမ်းကျောင်း တခြားပညာ ကောင်းကောင်း မတတ်တဲ့ ကျနော့်ဘဝဟာ ခွေးဖြစ်မှာပါပဲ။

တခါတလေကျတော့ အင်အားမမျှပဲ ပေတေပြီး ခံချနေတာက သတ္တိကနေ မိုက်ရူးရဲ ဖြစ်သွားတတ်ပြီး အဝေးကို ရှောင်လိုက်တာဟာ အညံ့ခံတယ် ဆိုတာထက် ပါးနပ်တယ်လို့ ဖြစ်သွားတတ်ပါတယ်။ မုန်တိုင်းထဲမှာ လေနဲ့အတူ ယိမ်းနိုင်တဲ့ အပင်တွေပဲ ရှင်သန် ကျန်ရစ်နိုင်ပါတယ်။

Anonymous said...

ကိုယောဟန်အောင်ရဲ့  တောင်တန်း သစ်ပင် သွေးစတွေပဲ သက်သေခံနေတော့တယ် အပိုင်း ၇ ထဲက စာသားတပိုင်းတစဖတ်မိလို့  တင်ပေးလိုက်ပါတယ်။

ကိုယောဟန်အောင်ဆိုတာက ကျောင်းသားတပ်မတော် တာဝန်အဆင့်ဆင့်တွေထဲက အထွေထွေအတွင်းရေးမှူးတို့  ဒု ဥက္ကဌတို့ အထိ လုပ်ခဲ့ဖူးတယ်။ နောက် လူ့ ဘောင်သစ်ပါတီကို ကူးပြောင်းပြီး ဒု ဥက္ကဌတာဝန် ယူခဲ့ဖူးသူတယောက်ဖြစ်ပါတယ်ဆိုတာ သိထားလို့ ပါ။

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများခင်ဗျား...
့ နိုင်ငံတကာရောက် ရဲဘော်ဟောင်းများရဲ့  ခံစားချက်နဲ့ ပါတ်သက်ပြီး ကိုယောဟန်အောင်ရဲ့ အကဲဖြတ်ချက်ကို သဘောတူကြပါသလား။ အများစုကြီးဟာ သူ့ အကဲဖြတ်ချက်အတိုင်း ခံယူထားကြပါသလား။ သိချင်ပါတယ်။

သူတို့ ဆုံးရှုံးခဲ့ရမှုမှာ အခြားမဟုတ်၊ သူတို့ ယုံကြည်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးမဟုတ်။ သူတို့၏ အငယ်ရွယ် အပျိုမြစ်ဆုံး အချိုမြဆုံး အချိန်များသာ ဖြစ်ပါသည် တဲ့။

ကျေးဇူးတင်ပါတယ်။

ခင်မင်းဇော် said...

ကိုထွန်းခင်:

မခင်မင်းဇော်။ ကျနော်က တတိယ နိုင်ငံမှာနေထိုင်ပါတယ်။ အရင်က နယ်စပ်မှာ နေသေးတယ်။ ရှေ့တန်းမှာ နှစ်ပေါင်းတော်တော်ကြာတယ်။ဒီလိုနဲ့ အိမ်ထောင်ကျပြီးကလးတွေရပေါ့ဗျာ။ဒုက္ခသည်စခန်းမှာနေခဲ့တာ အကြာကြီးပဲ။ထုတ်ပေးတဲ့ ရိက္ခာလေးတွေ ဖြစ်တဲ့ ဆန်။ဆား။ငရုတ်။ဆီ ။ပဲ။ စားပြီးနေခဲ့တာ နှစ်ပေါင်းကြာပေါ့။ဖယောင်းတိုင်မ၀ယ်နိုင်လို့ များစွာ မှောင်တာနဲ့စောစောအိပ်တယ်။နှစ်ပေါင်းများစွာနေ့တိုင်း ပဲဟင်း။ပဲသုတ်။ပဲကြော်။ ပဲကိုပုံစံအမျိုးမျိုး လုပ်စားတယ်။ဟင်းကို ၀ယ်စားနိုင်တဲ့ အနေအထားလုံးဝ မရှိဘူး။ကလေး။လူကြီးဖျားနာရင် ဖြစ်နေတဲ့ ရောဂါနဲ့ ဆေးနဲ့တခြားစီပဲ ရတဲံ ဒုက္ခသည်စခန်းက ဆေးခန်းပဲပြေးရတယ်။ကျနော်တို့ရဲဘော်တယောက်ရဲ့ကလေးဆိုမသေသင့်ပဲသေသွားတယ်။ ကလေးတွေက ဒုက္ခသည်စခန်းထဲက ၀ိုင်းတည်မထားတဲ့ စာသင်ကျောင်းမှာတက်ရောက်သင်ကြားတယ်။ စာရေးကိရိယာသင်ထောက်ကူပစ္စည်းတွေက တော့ မခင်မင်းဇော် ရဲ့ ခင်ပွန်းသည်ရဲ့ ရဲဘော်တွေရှိရာ ဒုက္ခသည်စခန်းကိုသွားကြည့်ရင်သိမှာပါ။ မခင်မင်းဇော်တို့ မိသားစုတခါတလေ သွားလည်ရင်တွေ့ရမျာပါ။ ခင်ဗျားတို့ရဲ့သား တက်ရောက်နေတဲ့ မဲဆောက်မြို့ပေါ်က ကျောင်းလိုတော့ မဟုတ်ဘူးပေါ့။ (ခင်ဗျားတို့ ကလေးကျောင်းစရိတ်ကို အရင်က တတိယနိုင်ငံရောက် ကိုမင်းဇင်က ထောက်ပံ့နေတာမဟုတ်လား)ခင်ဗျားခင်ပွန်းရဲ့ရဲဘော်တွေမသားစုမူကြိုကျောင်းလည်း တတိယနိုင်ငံရောက်ရဲဘော်တွေကပဲ ကူညီနေတာယနေ့ထိတိုင်ပဲ။ အခု ကျောင်းသားတပ်မတော်ကို ကူညီထောက်ပံ့နေတာလည်း တတိယနိုင်ငံရောက်ရဲဘော်တွေကပဲကညီနေတာပဲမဟုတ်လား။သိနေတာပဲဗျာ။ ဘာဖြစ်လို့စည်းရုံးရေးမဆန်တဲ့။နိုင်ငံရေးမဆန်တဲ့ထင်မြင်ချက်တွေန့ပြောဆိုနေတာ သေချာစဉ်းစားပြီး ပြောဆိုရေးသားသင့်ပါတယ်။ ရမ်းမပြောပါနဲ့။ မခင်မင်းဇော်က နယ်စပ်ရောက်ကတည်း မဲဆောက်မှာပဲနေ တာဆိုတော့ အဆင်ပြေတာပေါ့ဗျာ။ ကိုမင်းဇော်တောင် အောက်ခြေရဲဘော်ထုနဲ့ ကင်းကွာနေတာ နှစ်အတော်ကြာပြီပဲ။ အလည်သွားရုံလောက်ပဲ ရဲဘော်တွေရှိရာ လာတတ်ကြောင်း သူ့တပ်ရင်းက ရဲဘော်တွေရဲ့သတင်းစကားကြောင့် တတိယနိုင်ငံရောက်နေတဲ့ ကျနော်တို့ ရဲဘော်ဟောင်းတွေတောင်သိနေတာကြာပြီ။ဘာပဲဖြစ်ဖြစ် လုပ်နေနိုင်တာကို လေးစားတယ်.။ ရှေ့နောက် ညီညီနဲ့ ပြေဆိုဖို့လိုတယ်။

Anonymous said...

အေး
ငါလည်း စောင့်ဖတ်နေတာ။ ဟို အဖိုးကြီး ကိုလှဖေလည်း ကြားထဲကနေ ငထွားခါးနာ ခေါင်းဟက်တက်ဖြစ်လို့။ အေး အေဘီသမိုင်းကလည်း အတော်ကို ဆိုးတယ်။ နိုင်အောင်ကလည်း တမျိုး။ မိုးသီးနဲ့ အောင်သူငြိမ်းကလည်း တဘာသာ။ အေး ယောဟန်အောင်ဆိုတဲ့ အောင်သူငြိမ်း ငတကလည်း သူ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တာ မှားတယ်ဆိုပြီး တိုက်ပွဲဝင်ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ အလံကိုမှ မထောက် အေဘီသမိုင်းကို ပေါချာချာဖြစ်အောင် လုပ်နေတယ်ကွာ။ ဖတ်ပြီး ရင်ထဲမကောင်းဘူး။ တကယ်အငတ်ခံပြီး သစ္စာရှိရှိ (အယ်ဒီတာစိုးချိန်နဲ့ ဇင်ဇင် မဟုတ်ဘူးနော်)လုပ်ခဲ့တဲ့ လုပ်နေတဲ့ ရဲဘော်တွေကိုတော့ ငဲ့ညှာသင့်တယ် ထင်တာပဲကွယ်။
အဘ
ခေတ္တ တတိယနိုင်ငံ

Anonymous said...

ဦးတင့်ဇော်က သူ့အလိုလိုနေရင်း ဇာတ်လိုက်လိုလို တရားခံလိုလို ဖြစ်သွားတာတော့ စိတ်မကောင်းဘူးဗျာ။ အောက်ခြေရဲဘော်တွေရဲ့ ဘ၀ကို ကိုယ်တိုင်ကြုံဖူးမှ သိနိုင်မှာပါ။ အစောပိုင်း ကွန့်မန့်တွေမှာ ကြားထဲက ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ၀င်လုပ်နေတာတော့ ကြည့်ရတာ အတော်ဆိုးတယ်။ မသိသားဆိုးရွားလွန်းတဲ့ အဲဒီဆေးရိုးသည်ကိုလည်း ဂရုဏာသက်မိတယ်။ သူက နာမည်အရင်းမဟုတ်တော့ ထင်ရာမြင်ရာ စွတ်ပြောနိုင်တာပေါ့ဗျာ။ ဘလောဒ့်တခုရေးပြီး နာမည်အရင်းတောင် မသုံးရဲပဲနဲ့ ထင်ရာမြင်ရာ စွတ်ရွတ်ပြောနေတာတော့ အမြင်ကတ်မိတာ အမှန်ပဲဗျို့။ ဒီမိုကရေစီရဲ့ လွတ်လွတ်ခွင့်ဆိုတာကို ဘာသာပြန်တာ လွဲနေပုံပါပဲ။ စင်ကာပူမှာ သံရုံးရှေ့ဆန်ဒပြတာတောင် အကျိုးအမြတ်ကြည့်ပြီးမှ ပြပါတယ်ဆိုသူက ဒီစကားဝိုင်းမှာ ၀င်ဆွေးနွေးနေတာကိုမြင်ရတော့ ဘေးကကြည့်နေတဲ့လူတွေအတွက် အမြင်ရ တော်တော်ဆိုးပါတယ်။

ကိုညွန့်ဆိုသူ ဆွေးနွေးတာမှာ ရိုင်းစိုင်းမူတွေပါတယ်။ ဒါပေမဲ့ သူစိတ်ဆိုး ဒေါသထွက်မယ်ဆိုလည်း ထွက်ချင်စရာကိုကောင်းအောင် ဆေးရိုးသည်က ကန့်လန့်ခံနေတာကိုး။ ခင်ဗျားတို့ အများစုကို ကျနော်သိပါတယ်။ မငယ်နိုင် ဆွေးနွေးတာတွေ သဘောကျတယ်။ ကိုဂင်ကို အရင်က အဲလောက်မထင်မိဘူး။ ဂီတနဲ့ ဥပမာပေးသွားတာ ကွက်တိပဲ။ လေးစားပါတယ် ရဲဘော်ဂင်။ ကိုညွန့်ဆွေးနွေးတာတွေမှာ ဦးတင့်ဇော်နဲ့ အေဘီအတွင်းရေးတချို့ကို ဖော်ကောင်လုပ်တာတွေ ပါနေတာတော့ မကောင်းလှဘူးဗျာ။ ဒီစကားတွေ ဒီနေရာမှာ ပြောရမဲ့ စကားတွေမဟုတ်ဘူး။
နောက်ထပ်ဆွေးနွေးရင် ဆင်ချင်ဖို့ အကြံပြုပါတယ် ကိုညွန့်ရေ။

ကိုယောဟန်အောင်ရဲ့ အနုပညာကို လေးစားတယ်။ ဒါပေမဲ့ သူက ရပ်တည်ချက် ပျက်သွားတဲ့လူပါ။ ဟားဗတ်မှာ တနှစ်ပဲတက်ရလို့သာပဲ။ လေးနှစ်လောက်သာ တက်ရရင် မလွယ်ဘူး။ ဘုရားမှတ်လို့ ကိုးကွယ်မိခဲ့ကြတယ်။ အေဘီမှာ အတွင်းရေးမူးအထိ ရဲဘော်တွေက တာဝန်ပေးခဲ့တယ်။ အေဘီကထွက်သွားတယ်။ အခု သူရေးတဲ့ ဟားဗတ်ဒိုင်ယာရီဆိုတာမှာ လူငယ်တွေကို နေရာပေးချင်လို့ ထွက်သွားရတာပါတဲ့။ ဒီကိစဟုတ်မဟုတ် ခင်ဗျားတို့ ကျနော်တို့ အသိပါပဲ။ မရိုးသားတဲ့ကိစကိုတော့ ခွင့်လွှတ်ဖို့ခက်တယ်။ ဖွတ်ထွက်မှာ တောင်ပို့မှန်းသိခဲ့ရတယ်။ နောက်ကျသွားပြီ။ ငယ်ငယ်တုံးကတော့ စစ်သွေးကြွခဲ့ဖူးတယ် ဆိုတာ သူ့လက်သုံးစကားပဲ။ တကယ်က စစ်သွေးကြွခဲ့ကြတာမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ အားလုံးအသိပါပဲ။ လက်နက်ကိုင်ထားတဲ့ ရန်သူကို လက်နက်နဲ့ တုံ့ပြန်ခဲ့တာပါ။ အေဘီကထွက် လူ့ဘောင်သစ်မှာ ဒုဥကဌ ရာထူးရတယ်။ ခဏပဲလုပ်ပြီး ထွက်သွားတယ်။

ဒုကရောက်လို့ အဖွဲ့အစည်းကနေစွန့်ခွာသွားရတဲ့ ရဲဘော်တွေဟာ မသွားချင်ပဲနဲ့ သွားကြရတာပါ။ ကိုအောင်သူငြိမ်း (ကိုယောဟန်အောင်) လို ဒုဥကဌ တာဝန်ကို သူ့သဘောနဲ့သူ စွန့်ခွာပြီးထွက်သွားကြတာမဟုတ်ဘူး။ ပြီးတော့ ကိုယောဟန်အောင်လို ဘယ်သူမှ ကိုယ်လုပ်ခဲ့တာကို မှားပါတယ်လို့ ချေးခြောက်ရေနူး စာတစ်တန်ပေတဖွဲ့ လုပ်မနေဘူး။

ဒီစကားတွေ ပြောနေတာ ပုဂိုလ်ရေးတိုက်ခိုက်နေတာမဟုတ်ဘူး။ တချိန်က ကိုယောဟာ ကျနော် သဘောကျခဲ့ဖူးတဲ့လူပါ။

Anonymous said...

ကိုထွန်းခင်ဆိုသူခင်ဗျား
ကိုထွန်းခင်ရဲ့ စီဘောက်နဲ့ ကွန်မင့်မှာရေးသားချက်တွေကို ကျနော်တို့ ရှင်းချင်ပါတယ်။ ရှင်းဖို့လည်းလိုတယ်ထင်လို့ပါ။ တပ်ရင်းမှူး ကိုမင်းဇော်နဲ့ တပ်ရင်းကိစ္စပါ။ လက်ရှိ အေဘီရဲ့ အနေအထားနဲ့ တပ်ရင်းတွေရဲ့အနေအထားကို လက်ရှိရှိနေတဲ့ ရဲဘော်တွေသာ အသိဆုံးပါ။ နယ်စပ်က လက်ရှိ လက်နက်ကိုင်တော်လှန်ရေး ဘ၀ကိုလည်း သူတို့သာ ခံစားဖြတ်သန်းသိရှိနေတာပါ။ တပ်ရင်းမှူး ကိုမင်းဇော်နဲ့ လက်ရှိတပ်ရင်း၈ ကရဲဘော်တွေကြားမှာ အရင်ကလိုပဲ သွေးစည်းညီညွတ်ပြီးသားပါ။ နားလည်မှုမလွဲဘူး။ ထင်ယောင်ထင်မှားမရှိဘူး။ တပ်ရင်းမှူးဟာ သူ့ရဲဘော်တွေနဲ့ တသားတည်းရှိနေတယ်ဆိုတာ အားလုံးအသိပါ။ တော်လှန်ရေးဆိုတာ ဧည့်သည်ကို အိမ်ခေါ်ပြီး ထမင်းဖိတ်ကြွေးနေတာမဟုတ်တော့ လူမှုရေး နွေးထွေးမှုတွေကို တတယယ ပြောနေ၊ မျှော်လင့်နေရတာမျိုး မဟုတ်ဘူးလို့ တပ်ရင်း၈ ကခံယူပါတယ်။ ကိုထွန်းခင် စာထဲမှာ
`ကိုမင်းဇော်တောင် အောက်ခြေရဲဘော်ထုနဲ့ ကင်းကွာနေတာ နှစ်အတော်ကြာပြီပဲ။ အလည်သွားရုံလောက်ပဲ ရဲဘော်တွေရှိရာ လာတတ်ကြောင်း သူ့တပ်ရင်းက ရဲဘော်တွေရဲ့သတင်းစကားကြောင့် တတိယနိုင်ငံရောက်နေတဲ့ ကျနော်တို့ ရဲဘော်ဟောင်းတွေတောင်သိနေတာကြာပြီ။´ ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝမမှန်ပါဘူး။ လက်ရှိရှိနေတဲ့ ရင်း၈က ရဲဘော်တွေ ဒီစကားမျိုး သတင်းမျိုး မဖြန့်ဘူး။ ကျနော်တို့ တပ်ရင်းမှာ ပွင့်လင်းမှုရှိတယ်။ ဝေဖန်ရေးရှိတယ်။ ဒါကြောင့် ကွယ်ရာမှာ အတင်းပြောဖို့မလိုဘူး။
နောက်တခုက ကိုထွန်းခင် မခင်မင်းဇော်ရဲ့ ပို့စ်က အိုင်ဒီယာကို ဆွေးနွေးချင်ရင်။ ခုခံချင်ရင်၊ ချေဖျက်ချင်ရင် အိုင်ဒီယာနဲ့ပဲချေဖျက်ပါ။ ရင်း၈ရဲဘော်တွေက သတင်းပေးသလို ဘာလို ဆွဲထည့် အသုံးမချသင့်ဘူး။ ဒီချေပချက်ဟာ အမှန်နဲ့လဲ တည့်တည့်ကြီးလွဲနေသလို လားရာလည်းမကောင်းဘူး။ တပ်ရင်း၈က ခုလိုဝင်ရှင်းတာဟာလည်း တပ်ရင်းမှူးနဲ့ တပ်ရင်းကြား အထင်အမြင်လွဲကုန်မှာကို စိုးရိမ်လို့မဟုတ်ဘူး။ စာဖတ်သူတွေ အချက်အလက်အမှားကို ဖတ်မိရရှိသွားမှာ စိုးလို့ပါ။
နောက်ဆုံးပြောချင်တာက တပ်ရင်းမှူး ကိုမင်းဇော်ဟာ သူ ဒုရင်းမှူးဘ၀ကနေ ခုတပ်ရင်းမှူးဖြစ်တဲ့အထိ ရင်း၈ရဲ့ တပ်ရင်းမှူးပါပဲ။ မခင်မင်းဇော်နဲ့ အိမ်ထောင်မကျခင်ကလည်း တပ်ရင်းမှူးပဲ။ ခုလည်း တပ်ရင်းမှူးပါပဲ။ ဒီမှာ ဒီလိုဝင်ပြီး မပြောချင်ဘူး။ စကားတွေသိပ်မပြောချင်ဘူး။ ကျနော်တို့ လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။
ရဲဘော်များ ...
အမှတ်(၈)တပ်ရင်း
ABSDF

Anonymous said...

ခင်ဗျားက(ရဲဘော်များ ... အမှတ်(၈)တပ်ရင်း ABSDF)လို့ သုံးသွားတော့ ရဲဘော်တွေရဲ့အာဘော်လားလို့ မေးလာနိုင်စရာ ရှိပါတယ်။ ကျနော်မေးကြည့်ရသလောက် ဘဲကလော်မှာ ရှိတဲ့ ရင်း ၈ ရဲဘော်အတော်များများက သိတောင် မသိသေးပါဘူး။ နောက် ကျနော်တို့က ကိုမင်းဇော်နဲ့ အတူအလုပ်လုပ်ခဲ့သူတွေဖြစ်လို့ သူတို့နှစ်ယောက်အကြောင်းကို သိပီးသားပါ။ တချို့ကိစ္စတွေက ဒီနေရာမှာ မပြောသင့်လို့ မပြောပါရစေနဲ့ဗျာ။ ခင်ဗျားဟာ တပ်ရင်း ၈ ရဲဘော်တယောက်ဆိုရင် ဘာကြောင့် တပ်ခွဲမှူး ကိုစိုးနိုင် တပ်က ထွက်ခဲ့ရသလဲဆိုတာကို သေချာလေ့လာသင့်ပါတယ်။ ဒီလိုပြောနေရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပါဘဲ။ ခုလိုပြောဖြစ်အောင်လုပ်သူက ခင်မင်းဇော်ပါ။ သူသာ “နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ”လို့ မရေးခဲ့မိဘူးဆိုရင် ကျနော်တို့မှာ ရေးစရာ ပြောစရာ အကြောင်းမရှိပါဘူး။ ခင်မင်းဇော်သာ စကားလုံး အသုံးအနှုံး မှားသွားပါတယ်လို့ ပြန်ပြောလိုက်ရင် ပြီးသွားမှာပါ။ အခုလိုပဲ ဆက်သွားနေဦးမယ်ဆိုရင်တော့ ရေးသားချက် ပြောဆိုချက်တွေ ဆက်တွေ့နေရဦးမယ်လို့ ကျနော်တို့ မြင်ပါတယ်။
ထော်ကြီး/ကိုပေါက်

Anonymous said...

26 Apr 09, 13:39
ဘမြင့်အောင်: အဲဒီ တတိယ နိုင်ငံရောက် ရဲဘော်တွေကပဲ။ မကဒတ ကို ကူညီထောက်ပံ့နေတာကို မခင်မင်းဇော် မသိဘူးလား။ မသိရင် ကိုမင်းဇော်ကို သေချာမေးကြည့်ပါဦးဗျာ။ မကဒတ ရင်း(၈) က ယမုန်နာ ဆိုတဲ့ မူကြို ကျောင်းလေးကို ထောက်ပံ့နေတာက တတိယနိုင်ငံက ရဲဘော်တွေနဲ့ ဂျပန်က ရဲဘော်တွေပါ။ မခင်မင်းဇော် သိထားဖို့က တတိယ နိုင်ငံမှာနေပြီး ဇိမ်ကျနေပြီ မထင်နဲ့ဗျ ကျွန်တယောက်လို အလုပ်လုပ်ရတာ။ အင်မတန် ပင်ပန်းပါတယ်။ ရတဲ့ချွေးနှဲစာနဲ့ နယ်စပ်က ရဲဘော်တွေကို ထောက်ပံ့ပါတယ်။ ထိုင်းနယ်စပ်က နိုင်ငံရေး လုပ်နေသူတွေထက် များစွာ ပင်ပန်းပါတယ် သူတို့ကတောင် ကျနော်တို့ထက် ပိုပြီး ဇိမ်ကျသား ကလား။ မနက်အိပ်ရာထ။ လ္ဘက်ရည်ဆိုင်သွား။ ရုံးကိုပြန်ထမင်းစား။ ကွန်ပျူတာဖွင့် သတင်းကြည့်။ တရေးတမောအိပ် ဇိမ်ကျပါတယ်။ ကျနော်တို့က မနက်စောစောထ အလုပ်သွား ကျွန်လို လုပ် ညနေလောက် အိမ်ပြန်။ အိမ်ရောက်တော့ မောပန်းနဲ့........... အလုပ်နဲ့ အိမ် ။ အိမ်နဲ့အလုပ် ဇိမ်မကျနိုင်ဘူး။ ရတဲ့ လစာထဲက ငွေကို နယ်စပ်က ရဲဘော်များ။ မိတ်ဆွေများထံ ထောက်ပံ့။ ဂျပန် က ရဲဘော်တွေဆို တော်တော်ပင်ပန်းပါတယ်။ အိုးတိုက်ပန်းကန်ဆေး ပန်းရံလုပ် စသဖြင့် ပင်ပန်းပါတယ်။ ဒီငွေတွေနဲ့ တော်လှန်ရေး ကိုထောက်ပံ့။ အဲဒါတွေ မခင်မင်းဇော် သိသလား။ သနေမှာပါ။ မိုးသီးဇွန်က အရင်တုန်းက အဲဒီလို ပြောဘူးတယ်။ (တော်လှန်ရေးက ထွက်သွားသူတွေ ဖေါက်ပြန်ရေးသမားတွေ ဘာညာပေါ့) နောက် သူလည်း တတိယနိုင်ငံမှာ ရောင်ပေပေနဲ့ ရောက်လာ။ အခုတော့ ဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ အဖွဲ့တွေဖွဲ့ ဥက္ကဌ နေရာယူ အူကြောင်ကြောင်နဲ့ နေနေတာပဲ။ အခုလည်း လာပြန်ပြီ တယောက်။ မဲဆောက်မှာ နေပြီး။ တကယ့် နိုင်ငံရေးကြီး လုပ်နေသလိုလိုနဲ့။ ဒီဗွီဘီ ဗွီဒီယို လစာနဲ့ သတင်းထောက် လုပ်နေတာကို အဟုတ်ကြီး မှတ်လို့။ ကိုမင်းဇော်ကလည်း ဟုတ်တော့ မလိုလိုနဲ့ မဲဆောက်က မခွာတော့ဘူး။ တပ်နဲ့ တော်တော် ကင်းကွာနေပြီ။ အဲဒိသတင်းကို သူ့တပ်ရင်းက မပြောလို့ ဘယ်သူက သိမတုန်း။ တပ်ရင်း(၈) ရဲဘော်များ ဆိုပြီး ထပြောတဲ့ ရဲဘော် ကရော မဲဆောက်(သို့) မြို့ပေါ်က ရုံးမှာနေနေတဲ့ ။ ကိုပေါက်ဆိုသူနဲ့ ထော်ကြီး ဆိုသူပဲဖြစ်မယ်။ ဇော်လေးတို့ ကိုစိုးနိုင် တို့ မဖြစ်နိုင်ဘူး။ ထော်ကြီးဆိုတဲ့ တပ်ထောက်ကလည်း ရရှိကောက်ခံထားတဲ့ ငွေတွေကို လိမ်စားနေတာကြာပြီပဲ. သူ့မိသားစုတောင် မြို့ပေါ် တက်ဖို့ ပြင်နေတယ်ကြားတယ်။ ဟိုမြို့ပေါ်က ရုံးကလည်း သူ့အိမ်လို ဖြစ်နေပြီ။ ကိုချင်း ကို မကြိုက်တဲ့သူ က ကိုချင်း ပုံစံချိုးနေတာ ကြာပြီဆိုတာ။ ခင်ဗျားတို့ ရဲဘော်တွေထံကပဲ ကျနော်တို့ တတိယနိုင်ငံရောက် ရဲဘော်တွေသိနေတာ ကြာပေါ့ဗျာ။ အားလုံးကို ရမ်းပြီး မပြောနဲ့ တချိန်ချိန်မှာ အဲဒီတတိယ နိုင်ငံရောက်သူတွေရဲ့ အကူအညီကိုပဲ မခင်မင်းဇော် ပြန်ယူနေရဦးမှာ။ ကိုမင်းဇင်တောင် ခင်ဗျားသား ကျောင်းစရိတ် ထောက်ပံ့ပေးခဲ့တာ မဟုတ်လား။ သတိရှိရှိနဲ့ပြောပါ။

Anonymous said...

အင်း
ကျမလည်း ကွန်မင့်တွေကို ဖတ်နေတာ။ စိတ်ဝင်စားလာတယ်။ တကယ်က ခင်မင်းဇော်က brain storming လုပ်လိုက်တာလို့ မြင်တယ်။ အဲဒါကို ဖြေရှင်းကြ ရန်တွေ့ကြနဲ့ အတော့်ကို ပွဲဆူနေတော့တာပဲ။
ကျမ သိတာကတော့ နယ်စပ်လက်နက်ကိုင် တော်လှန်ရေးဟာ ကြမ်းတမ်းတယ်ဆိုတာကိုပဲ။ ဒီနေ့ အဲဒါကို လုပ်နေသူတွေဟာ ဘာပဲဖြစ်ဖြစ် အတော်ဒုက္ခရောက် နေမှာပါ။ ဒါပေမယ့် သူတို့ ယုံကြည်ချက်နဲ့ သစ္စာတရားကို မစွန့်တာတော့ မလေးစားပဲ မနေနိုင်ပါဘူး။
ရင်း၈ ကရဲဘော်များဆိုပြီး ဖြေရှင်းထားတာတွေ့ရတယ်။ ပုဂ္ဂိုလ်ရေးမပါပဲ တရားကိုပဲသူတို့ ပြောတာပဲ။ ဟုတ်တယ်လေ ဒီချိန်မှာ စကားတွေများနေမယ့်အစား လက်တွေ့ကျတဲ့အလုပ်တွေ လုပ်ဖို့ပဲမလား။ တကယ်ဆို ပြောမယ်ဆိုရင် သူတို့က အများကြီးပြောနိုင်တာပဲ။ ဒါပေမယ့် မပြောဘူး။ အလုပ်လုပ်ကြဖို့ကိုပဲ စည်းရုံးရေးဆန်ဆန်ပြောတယ်။ ထားပါလေ
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ မင်းကိုနိုင်တို့ကို လေးစားရင် စစ်အာဏာရှင်စနစ်ကို ဘယ်လိုတိုက်ဖျက်မလဲ၊ အားလုံးကျောခြင်း ကပ်ကြရမယ့်အချိန်ပါ။ ၂၀၁၀ ကလည်း နီးနေပြီ မလား။
ကျမက ဘာမှတော့ မဟုတ်ပါဘူး။ အမိမြန်မာပြည်မှာ ဒီမိုကရစီကို လိုလားတောင့်တတဲ့ သာမန်ပြည်သူ ပြည်သားတယောက်ပါ။ အေးအေးလူလူ ဆွေးနွေးကြရင် အကောင်းဆုံးဖြစ်မှာပါ။ ခုဟာက လူကြားလို့လည်း မကောင်းပါဘူး ရှင်တို့ရယ်...။

အိမ်လွမ်းသူ said...

ကျမကတော့ တပ်ရင်(၈) ရဲဘော်ဟောင်း.. ယခုလက်ရှိ လူ့ဘောင်သစ် ပါတီိဝင်အဖြစ်နဲ့ဘဲ US ကိုရောက်ရှိနေသူဖြစ်ပါတယ်။ ကျမပြောချင်တာကတော့ အခုပြောနေကြတဲ့ အခြေခံအကြောင်းက မခင်မင်းဇော်ရဲ့ “နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ” ဆိုပြီးရေသားခဲ့တာကို ပြန်လည်ဆွေနွေးနေကြတာပဲ ဖြစ်စေချင်ပါတယ်။ ဘာမှမဆိုင်တဲ့ တပ်ရင်းကရဲဘော်တွေ တပ်ရင်မှုးတွေကို ဆွဲထည့်နေစရာမလိုဘူးလို့ ထင်ပါတယ်..။ ပုဂ္ဂိုလ်ရေးနဲ့ အဖွဲ့အစည်း မရောထွေးစေချင်ပါဘူး... ဒီပိုစ့်ကိုရေးခဲ့သူဟာ မခင်မင်းဇော်သာဖြစ်လို့ သူ့ကိုသာ တိုက်ရိုက်ပြောဆိုဖြေရှင်းသင့်ပါတယ်.. ကျမကိုယ်တိုင်လည်း မခင်မင်းဇော်ရဲ့ ဒီရေးသားချက်ကို လုံးဝလက်မခံနိုင်ပါဘူးရှင်....

Unknown said...

ကျနော် ဒီဘလော့ကို ဖတ်နေကြပါ။ ကွန်မန့် ရေးတာကိုလည်း စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ 
ကွန်မန့် များအားဖတ်ရင်းဖတ်ရင်း စိတ်ဝင်စားလာလို့ ကျနော် အမြင်လေး ၀င်ပြောတာပါ။ ကျနော် ပြောတာ မှားလျှင် ကျနော် နှင့်သာ ဆိုင်ပါ၏။
ကြည်ကြည်ခင် (ခ) ခင်မင်းဇော် ခင်ဗျား ကိုယ့်ကိုယ်ကို အထင်ကြီးလျှင် မိမိရေးထားသော စာ၊ မိမိပြောသော စကားကို မိမိ တာဝန်ယူရပါမည်။
တတိယနိုင်ငံမှာ နေပြီး သားကိုကျောင်းထားပေးတဲ့ မင်းဇင်ကြတော့ ကျေးဇူးရှင်.. ခင်မင်းဇော်ကို မပေးကမ်းတဲ့ သူတွေကြတော့ “နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ” လို့ ပြောတာ တကယ်တော့ မဆန်းပါဘူး..။ ရောက်သွားတဲ့လူတွေ အားလုံး ခင်မင်းဇော်ကို ထောက်ပံ့ကြည့်ပါလား..ထိုင်းမှာနေတဲ့ လူတွေထက်တောင် ခင်မင်းဇော် လေးစား နေမှာ အမှန်ပဲ။
တကယ်တော့ ငါသိ..ငါတတ်..ငါတော်.ငါသာ စွန့် လွှတ်သူ လို့ ..ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ရှိနေတဲ့ ခင်မင်းဇော်က သူများတွေကို လေးစားစိတ်မရှိပဲ တတိယနိုင်ငံက လူတွေကို စော်ကားလိုက်လို့  အခုလို တုန့် ပြန်မှုတွေ ရလာတာပဲ..။ အမှန်တော့ ခင်မင်းဇော်မှာ မုဒိတာစိတ်မရှိခြင်းသာ ဖြစ်ပါတယ်။
ဒီပို့ စ်ရေးလိုက်တာလည်း ကောင်းပါတယ်..ခင်မင်းဇော်လိုခြင်တဲ့ အဖြေအပြင် ခင်မင်းဇော် ဘာလည်း၊ လူတွေ ခင်မင်းဇော်ကို ဘယ်လို နားလည် သဘောပေါက်နေလည်း ဆိုတာ သိသင့်လောက်ပါပြီ...... ။
၂၀၀၈ အတွက် နှစ်ချုပ်စာရင်း ပို့ စ်ထဲမှာ......... ဒီနှစ်ထဲမှာပဲ ခင်မင်းဇော်ဆိုတဲ့ ဘ၀မှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ မှတ်တိုင်တချို့လဲ စိုက်ထူနိုင်ခဲ့ပြီ...လို ရေးခဲ့ပြီး......။ နိုင်ငံရပ်ခြား ခရီးသွားပြီးတဲ့ နောက်မှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်ဘ၀င်တွေ မြင့်သွားပြီး ပြောမိပြောရာ ရေးမိရေးရာတွေ မဆင်မခြင်လုပ်မိတာ ဒီပို့ စ် ကသက်သေပါပဲ။
ဘယ်နေရာမှာပဲနေနေ တကယ်လုပ်နေသူများ အသံလုံးဝမထွက်ပါ..။ လူအထင်ကြီးစေခြင်ရင် အလုပ်နဲ့ သာ သက်သေပြပါ..နာမည်ကောင်းကျန်ပါလိမ့်မည်..။ ငါကတော့ ဘာ..နင်တို့ ကတော့ ဘယ်လို ပြောစရာလုံးဝ လုံးဝကို မလိုပါ။ ရင့်ကျက်တဲ့ သူတယောက်ဟာလည်း “ ငါ့စကားနွားရ ” မပြောပါ။
နိုင်ငံရေး သမိုင်းစာမျက်နှာဆိုတာ ကိုယ်ကိုယ်တိုင်ရေးစရာမလိုပါ...နိုင်ငံအတွက်တကယ်လုပ်နေသူ ပေးဆပ်နေသူတွေကို သမိုင်းစာမျက်နှာများက သူ့ အလိုအလျောက် သမိုင်းတင်ပြီးသားပါ..။

နအဖ ဘက်တော်သားက ဒီပို့ စ်ထဲမှာ ပြောဆိုနေတာတွေကို ဖတ်ပြီး ၀မ်းသာနေပါလိမ့်မယ်။ (ကျနော်ရေးတာ အပါအ၀င်ပေါ့ ) ခင်မင်းဇော် ပြောခြင်သူများ၊ ပုဂ္ဂိုလ်ရေးအရ မကြည်သူများကို တိုက်ရိုက် မေးမြန်းလျှင်ပိုကောင်းပါသည်။

ရွာသား
ခေတ္တ Belgium

Khin Ma Ma Myo said...

ပထမဦးဆုံး ကျွန်မ ဘာလဲလို့ မေးရင် ကျွန်မ မြန်မာပြည်ကို အရမ်းတိုးတက်စေချင်တဲ့ လူငယ်တယောက်လို့ပဲ ဖြေကြားလိုပါတယ်။ ၇၄ ကာလမှာ ကျွန်မ လူ့လောကထဲမှာ မရှိသေးပါဘူး။ ၈၈ ကာလမှာ ပြောင်းလဲနေတဲ့ အခြေအနေ အရပ်ရပ်တွေကို ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ လိုက်စိတ်ဝင်စားနေတဲ့ မူလတန်းကျောင်းသူတယောက်ပါ။ အရွယ်ရောက်လာတော့ လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်ပျက်နေတာတွေကို အားမရဘူး။ ပညာရေးလောကမှာ ယိုယွင်းနေတာတွေကို သတိထားမိလာတယ်။ စီးပွားရေးတွေ လုပ်ဖြစ်လာတော့ မှားယွင်းနေတာတွေကို မြင်တွေ့လာတယ်။ ကျောင်းရဲ့ လိုအပ်ချက်ကြောင့် ဆေးရုံထဲ ရောက်လာတော့ လူနာကုတင်တခုပေါ်မှာ လဲလျောင်းနိုင်ဖို့ အသပြာတွေ လိုအပ်နေတာကို မြင်ရတာ ရင်ထဲမှာ မချိမဆန့် ခံစားရပါတယ်။ ဒီလိုတွေ ဖြစ်နေတာ နိုင်ငံရေးစနစ်ကြောင့် ဆိုတာ နားလည်လာတဲ့ အချိန်တွေမှာကျတော့ ဒီစနစ်ဆိုးတံတိုင်းကြီးကို ဖြိုချဖို့ ခေါင်းနဲ့တိုက်သူတိုက်၊ ခြေထောက်နဲ့ ကန်သူကန်၊ တုတ်နဲ့ထိုးသူထိုး လုပ်နေကြတာတွေကို မြင်တွေ့လာရတယ်။ ဒီလို ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နေကြတာကို အားတက်သရော ထိုင်ကြည့်မိရင်း၊ ဘေးက ထိုင်ကြည့်နေတာထက်စာရင် တတ်နိုင်တာလေးမှာ ပါဖို့ စိတ်ပါလာတာမို့ ပါလာဖြစ်ပါတယ်။

ဒီလိုပါနေဆဲမှာပဲ အုတ်တံတိုင်းအတွင်းက လူတွေရဲ့ ဘ၀တွေ တစတစ ပိုဆိုးလာတာကိုလဲ စိတ်ဆင်းရဲစွာ ကြားနေရ၊ မြင်နေရတယ်။ ကလေးလေးတွေရဲ့ ငိုကြွေးသံတွေ၊ အဖိုး၊ အဖွားတွေရဲ့ ခွက်လက်ဆွဲနေတဲ့ ပုံရိပ်တွေ၊ လူ့အဖွဲ့အစည်းရဲ့ ခြစားယိုယွင်းမှုတွေ-----။

ဒါတွေ ပျောက်ကွယ်သွားအောင် အခုရှေ့ဆက်ပြီး ကျွန်မတို့ ဘာလုပ်ကြရမလဲဟင်။ ဒီတံတိုင်းကို ဘယ်လိုပြိုအောင် ဖြိုကြရမလဲ။ ဖြိုတဲ့အုပ်စုက ဖြိုနေတုန်း၊ ဖြိုနေသူတွေ ပင်ပန်းလာရင်၊ သူတို့ကို တလှည့်အနားပေးပြီး၊ နောက်တဆိုင်းက ၀င်ဖြို၊ နားနေသူတွေ အားပြည့်လာအောင် အစာပေး၊ ရေတိုက်မယ့် သူတွေ၊ နောက်တော့ ဘေးထိုင်ရပ်ကြည့်သူတွေ ၀င်ပါလာအောင် လှုံ့ဆော်ပေးမယ့်သူတွေ၊ ဖြိုနေတဲ့ ယန္တရားတွေ ပျက်စီးသွားတဲ့အခါ ချက်ချင်းအစားထိုးနိုင်ဖို့တွေ၊ ဖြိုနေသူတွေ ခေါင်းပေါက်၊ ခြေထောက်မျက်နဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါ ဆေးပေးမယ့်သူတွေ။ ဒါတွေအားလုံး ဟန်ချက်ညီအောင် ဘယ်လိုဝိုင်းလုပ်ကြရင် ကောင်းမလဲ မသိဘူးနော်။

ဒီလို ကျွန်မရဲ့ မြန်မာ့ကောင်းကျိုးအရေး ဆောင်ရွက်နေသူ အစ်ကို၊ အစ်မတွေရဲ့ ဆွေးနွေးပွဲမှာ ကျွန်မ ကြားကနေ ဆေးရိုးသည်ကန့်လန့်ကန့်လန့် ၀င်လုပ်တာ မဟုတ်ပါဘူးနော်။ အရှိန်နဲ့ ပြေးနေတဲ့ ရထားကို ကြားဘူတာကနေ ခုန်တက်လာတာလဲ မဟုတ်ပါဘူး။ မပြိုသေးတဲ့ တံတိုင်းတခုကို ဆက်ဖြိုဖို့အရေးမှာ တတ်နိုင်သမျှလေးပါဝင်လာမိရင်း၊ ဘာလိုလုပ်ရင် ပိုပြီး ထိရောက်လာမလဲဆိုတာ အဖြေရှာမိနေရုံ သက်သက်ပါ။

သမိုင်းမှာ အညတရနဲ့ပဲဖြစ်ဖြစ်၊ အထင်ကရနဲ့ပဲဖြစ်ဖြစ် ပါဝင်ခဲ့ကြတဲ့ အစ်ကို၊ အစ်မအားလုံးကို လေးစားစွာနဲ့ တောင်းပန်ပါရစေရှင်။ ဖြစ်ခဲ့သမျှ အဖြစ်အပျက်တွေကို တစမကျန် ဖော်ထုတ်တာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပေမယ့်၊ မသိမမှီလိုက်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အတွေးအခေါ်နဲ့ ရှုမြင်သုံးသပ်ချက်တွေကို ထင်ယောင်ထင်မှား ဖြစ်စေမှုတွေ၊ေ၀၀ါးစေမှုတွေ ဖြစ်စေနိုင်တာကြောင့် လက်ဆင့်ကမ်းတော်လှန်ရေးမှာ ထိခိုက်သွားမှာကို စိုးရိမ်လှပါတယ်။ အခုလို ဒီလောကထဲမှာ ရောက်လာတာ အချိန်အတိုင်းအတာ တခုရှိလာချိန်မှာ၊ နိုင်ငံတကာက အဖြစ်အပျက်တွေနဲ့ ယှဉ်ထိုးကြည့်လာနိုင်ချိန်တွေမှာ တော်လှန်ရေးလူ့အဖွဲ့အစည်းတွေထဲမှာ ဒါမျိုးတွေရှိတတ်တယ်ဆိုတဲ့ အသိနဲ့ ယှဉ်တွဲမြင်လာနိုင်ပေမယ့်၊ လွန်ခဲ့တဲ ဆယ်နှစ်လောက်ကလို အတွေးအခေါ်မျိုးအချိန်မှာ ဒီလို ပုဂ္ဂိုလ်ရေးထိခိုက်စော်ကားမှုတွေ၊ မသိသင့် မသိအပ်တဲ့ အတိတ်ပုံရိပ်ဆိုး တချို့တွေကိုသာ ရုတ်တရက် ဖတ်လိုက်ရရင် အတွေးအခေါ်နုနယ်မှုကြောင့် “ဘာတွေဖြစ်နေကြမှန်းလဲ မသိဘူး၊ သူတို့ဟာ သူတို့ အချင်းချင်း တယောက်က တယောက်လက်ညှိုးထိုးပြီး ရှုပ်နေတာပဲ” ဆိုပြီး၊ စိတ်ပျက်ကောင်း ပျက်သွားမိခဲ့ပါလိမ့်မယ်။

အတွင်းစည်းက လူတွေအတွက် ပြောရိုးပြောစဉ်တွေဟာ အားလုံးသိပြီးသားပဲမို့ ကိစ္စမရှိပေမယ့်၊ အခုမှ လာကြည့်နေသူတွေ၊ နားထောင်နေသူတွေ အတွက်ကျတော့ အသစ်အဆန်းတွေ ဖြစ်နေတတ်တာမို့၊ အချိန်ကာလကိုကြည့်ပြီး၊ ရှုမြင်သုံးသပ်ပေးကြပါ။ ဆွေးနွေးပေးကြပါလို့ လေးစားစွာ တောင်းပန်ပါတယ်။ အခုလတ်တလောမှာဆိုရင် တံတိုင်းဖြိုဖို့ လုပ်နေသူတွေက နည်းပြီး၊ ဖြိုနေသူတွေ ဘာတွေလုပ်နေတယ်ဆိုတာ ထိုင်ကြည့်သူတွေက များတဲ့ ကာလကို ရောက်နေတာအတွက်ကြောင့် လက်ရှိလူထု စည်းရုံးရေးမှာ၊ လူငယ်မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူရေးမှာ အတားအဆီးဖြစ်စေတတ်တဲ့ ပုဂ္ဂလိက ခံစားချက်နဲ့ အမြင်များကို အစ်ကို၊ အမတို့ရဲ့ ဂျီတော့ခ်များမှာ သီးသန့် ဆွေးနွေး၊ ငြင်းခုံကြပြီး၊ အတိတ်က ဖြတ်သန်းခဲ့တဲ့ သမိုင်းစဉ်များကနေတဆင့် သင်ခန်းစာယူစရာများကို ပြန်လှန်သုံးသပ်ပြီး၊ အခု ကျွန်မတို့ ၂၁ မျိုးဆက်တွေအနေနဲ့ ဘာတွေကို လုပ်သင့်တယ်၊ ဘာတွေကို ရှောင်သင့်တယ်ဆိုတာတွေကို ပြောပြလမ်းညွှန်၊ စည်းရုံးလှုံ့ဆော်၊ ချပြဆွေးနွေးပေးပါလို့၊ ပြောကြားလိုပါတယ်။

ကျွန်မပြောတာတွေထဲမှာ အမှားအယွင်း တစုံတရာ ပါသွားခဲ့ရင် တောင်းပန်ပါတယ်ရှင်။ သမိုင်းဖြစ်စဉ်ထဲက အညတရ၊ အထင်ကရ အစ်ကို၊ အစ်မများကို လေးစားရင်း၊ တဘက်ကလဲ ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာကို ပူးပေါင်းတွေးခေါ်ရေးကို စိတ်ဝင်စားစွာဖြင့်။

ခင်မမမျိုး

Anonymous said...

သြော်... လူတွေ လူတွေ ။

တချို့ ကျတော့လဲ နယ်စပ်က နိုင်ငံရေးသမားတွေထဲမှာ ဘယ်သူအချမ်းသာဆုံးလဲ စစ်တမ်းကောက်တော့ တခါထဲ သဘောတွေကျ ကျိတ်ဝမ်းသာ အဲဒီဘလော့လင့်ကို အပြန်အလှန်ပို့ ကြ ။ အဲဒီလိုလုပ်လို့  တကယ်မှားနေသူတွေ ဆင်ခြင်နိုင်ရင်လဲ ကောင်းတာပေါ့။

တချို့ တွေကျပြန်တော့ တတိယနိုင်ငံကို ဘာ့ကြောင့်ထွက်တာလဲ မေးတော့ စိတ်တွေတို ဒေါသတွေဖြစ် ။ ... ... ... ... .... .... .... ... ။

ရှုတတ်ရင် တရားတွေချည်းသာတကား။

အနိစ္စ ဒုက္ခ အနတ္တ

ခင်မင်းဇော် said...

ရွာသား
ခေတ္တ Belgium…

ဘယ်လဂျီယန်ကိုရောက်နေတဲ့ ဒီဖက်ကသွားသူတွေကို လက်ချိုးရေတွက်လို့  ရပါတယ်။ ကိုရွာသားရဲ့ စာမှာပါတဲ့ အကြောင်းအရာတွေဟာ အများနဲ့ လည်း သက်ဆိုင်နိုင်တဲ့အတွက် ပြန်ပြောပါရစေ။

ဟိုးအပေါ်က မငယ်နိုင်နဲ့ ကျမဆွေးနွေးနေတဲ့အချက်တွေမှာ လိုအပ်လို့  လိုအပ်တာလောက်ပဲ ဖြစ်တဲ့ ကျမသားကိုလဲ တချိန်က ကူညီဖူးတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ကပဲ ကျောင်းထားပေးခဲ့ပါတယ် လို့ ရေးခဲ့တယ်။ အဲဒီလူဟာ အေဘီကမဟုတ်ဘူးလို့ ပြောချင်တာတခုပါပဲ။ ဒါကို ပြောကြရင်းနဲ့ တယောက်က မင်းဇင် ဆိုပြီး နာမည်ထုတ်ရေးတယ်။

ကျမဒီပို့ စ်ရဲ့ ဆိုလိုရင်းက မင်းဇင်တို့ လို ပြည်တွင်းကနေ တန်းထွက်လာ လူမျိုးစုလက်နက်ကိုင်ဒေသတွေမှာ မလုပ်ဖူးခဲ့ဘဲ တတိယနိုင်ငံကို မဲဆောက်ကနေ ဖြတ်သွားကြတဲ့သူအားလုံး မပါဘူး။ မဆိုလိုဘူး။ ၈၈ကထွက်လာ…လူမျိုးစုတွေနဲ့ အတူနေ လက်နက်ကိုင်တပ်တွေထောင် စစ်တွေတိုက် အဲဒီကနေမှ တတိယနိုင်ငံကို့ အကြောင်းကြောင်းကြောင့် ထွက်သွားကြသူတွေကို ပြောနေတာ။ သူတို့ လုပ်ခဲ့ကိုင်ခဲ့တဲ့ အဖွဲ့ အစည်းက ဆက်ကျန်နေပြီး ဆက်လုပ်နေတဲ့ အဖွဲ့ အစည်းက ထွက်ခွါသွားတဲ့သူတွေကို ပြောနေတာပါ။ ရှင်းပြမှ ပိုဇာတ်နာဆိုသလို ဖြစ်နေပါဦးမယ်။ ကျမပြောနေတာကို အခုဝင်ရေးကြတဲ့သူ တော်တော်များများ မရှင်းလင်းဘူး ဖြစ်နေသလိုပဲ။ တတိယနိုင်ငံရောက်နေသူအားလုံးကို မဆိုလိုဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ခဲ့သည်ဖြစ်စေ။ မလုပ်ခဲ့သည်ဖြစ်စေ။ ဖုန်းမော်ဗီဇာနဲ့  တတိယနိုင်ငံရောက်နေကြသူတွေကို ထည့်ကို မပြော်ထားပါဘူး။ နောက်နိုင်ငံခြားမှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်အကုန်ခံလာပြီး အလုပ်လုပ်နေတဲ့ ကျောင်းတက်နေတဲ့ကြားထဲက နိုင်ငံရေးလုပ်သူ ဘယ်သူ့ ကိုမှ ဆိုလိုတာမဟုတ်ပါဘူး ။အော်. ငါ့နှယ် ဒုက္ခ ဒုက္ခလို့ သာ အော်လိုက်ချင်တော့တယ်။ ကိုယ်ပဲ မြန်မာစာ အရေးမတတ်တာလား မသိ။

ဒီလောက်ဆို ရွာသားပြောတဲ့ ကျမရဲ့ ကျေးဇူးရှင် မင်းဇင်ကို ဘာ့ကြောင့်ထည့်မပြောသလဲ သဘောပေါက်လောက်ပြီပေါ့။ ကိုယ်နဲ့ခင်လို့ ကိုယ့်ကို ထောက်ပံ့ထားလို့ ဆိုပြီး နိုင်ငံရေးအရ အမြင်မတူတာကို မပြောတဲ့ အကျင့် ကျမမှာ မရှိတာ တွဲလုပ်ဖူးတဲ့လူတွေသိပါတယ်။ နောက် မင်းဇင်တို့ပြည်တွင်းမှာ ၈ နှစ်လောက်ပုန်းအောင်း နေ။ ဘယ်လိုမှ နေမရတော့လို့ ပြည်ပကိုထွက်ဖို့ ခေါ်ထုတ်တာ ဘယ်သူလဲရော သိရဲ့လား။ အဲဒီဟာတွေပါ ထုတ်ပြောနေရရင် စင်ပေါ်တက်တယ်ပြောကြဦးမယ်။

နောက်င်္ဒီပို့စ်အပေါ်မှာ တုံ့ ပြန်ချက်တွေရေးလာမယ့်သူတွေက ကိုယ့်နာမည်မှန်တပ်ပြောဖို့ လည်း မလိုအောင် ကျမက အနောနီးမတ်တောင် ဖွင့်ပေးထားတာ။ သူတို့ရင်ထဲက မကျေလည်မှုတွေ ။ အဖွဲ့အစည်းအပေါ်။ အဲဒီတုန်းက အခြေအနေအပေါ်။ လူပုဂ္ဂိုလ်တွေ အပေါ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်လို့ ရအောင်လို့ပါ။ ကျနော် ကျမ အေဘီတုန်းက ဆေးမှူးပါ. တပ်သားပါ။ တပ်မှူးပါ။ ဗဟိုကော်မတီဟောင်းပါ ။ ဥက္ကဌပါ ။ လူ့ ဘောင်သစ်က အဖွဲ့ ဝင်တယောက်ပါ။ ဒီချူပ်(လွတ်မြောက်နယ်မြေ) အဖွဲ့ ဝင်တယောက်ပါ စသဖြင့်ပေါ့ ဒါဆိုရပြီ။ ရေးလာမယ့် အကြောင်းအရာပိုင်း အချက်အလက်တွေ မှန်ကန်တာကိုပဲ သိချင်ဖတ်ချင်တာ။ ရဲဘော်ချည်းပဲ ထွက်သွားခဲ့တာမှ မဟုတ်ပဲ။ ခေါင်းဆောင်ပိုင်းတွေလဲ ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေရှိခဲ့တာပဲ။


နောက် ကျမရေးတဲ့ ပို့စ်က စာသားတွေကို သေချာမဖတ်ဖူးလား။ ကျမက တတိယနိုင်ငံမှာ လက်နက်ချသွားသူ အရှေ့မှာ ၂ မျိုး၂ စားထည့်ရေးထားပါသေးတယ်။ အဲဒီနောက်မှာလဲ ၂ မျိုး ၂စား ထည့်ထားပါသေးတယ်။ စုစုပေါင်း ၅ မျိုးထဲမှာမှ ဒီတခုကိုပဲကိုယ့်ကိုပြောတယ် ထင်ပြီး နာကြတာတော့ အံ့သြစရာပဲပေါ့။

လက်နက်ချတယ်ဆိုတာ လက်နက်ကြီး ယူပြီး ချတယ်လို့ ထင်တာလဲ အံ့သြရဲ့။ လက်နက်ချတယ် ဆိုတာမှာ ရန်သူကို ရန်သူလို့ မသတ်မှတ်တော့တာ။ ဗမာပြည်အရေး လုံးဝ စိတ်မ၀င်စားတော့တာ။ ကိုယ့်ကိုယ်ကို ရီဖျူဂျီနဲ့ လာတာ လူမသိစေချင်တော့တာ။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ခိုင်းတာ။ ကိုယ့်မိသားစုအတွက်ပဲ လုပ်တော့တာ။ တချို့ မြန်မာပြည်ထိပြန် မင်္ဂလာဆောင်သူ၊ ပြန်လည်သူတောင် ရှိသေး။ ပြောရရင်တော့ များသားကလား။

ကျမကို မုဒိတာစိတ်ထားရမယ်ပြောတော့ နားတောင်မလည်တော့ဘူး။ ကျမလဲ ထွက်ချင်ရင် တတိယနိုင်ငံကို ထွက်လို့ရတဲ့ ကိုယ်ပိုင်ပရိုဖိုင်းရှိပြီးသားပါ။ မုဒိတာ ဆိုတာ ကိုယ့်ထက်သာတဲ့ လူတွေအပေါ်ထားရတာ မဟုတ်လား။ တတိယနိုင်ငံရောက်တာနဲ့ ကျမထက်သာတယ်လို့ ဆိုလိုချင်တာလား နားကိုမလည်ပါ။

ကျမ စိုက်ထူနိုင်တယ်လို့ ပြောတဲ့ မှတ်တိုင်က ဘာလဲ လို့ သိလို့လား။ နိုင်ငံခြားကို ရောက်ဖူးတာလို့ ရှင်ထင်တယ်ဆိုရင်တော့ တော်တော်တိမ်တဲ့ အတွေးပဲ။ ကိုယ်နဲ့ နှိုင်းလိုက်တာပဲလို့ မှတ်သားထားပါ့မယ်။

ညီမမျိုးရေ..
ဒီစာကိုဖတ်ပြီး အဖွဲ့အစည်းနဲ့တော်လှန်ရေး လုပ်ငန်းတွေကို နားလည်မှုပြီး စိတ်ပျက်လက်ပျက်နဲ့ မ၀င်လာမယ့် လူတွေ ရှိလာနိုင်တယ် ဆိုတဲ့ စိတ်ပူမှုတော့ မထားပါနဲ့။ ဘာလို့ဆို ဒီစာကို ဖတ်နေသူအများစုဟာ အင်တာနက်နဲ့နီးစပ်ပြီး စာပေါင်းစုံဖတ်ဖူးသူ။ ရေးနေသူတွေပါ။

အမ တခု ပြောပြချင်သေးတယ်။ ၂၀၀၇ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးအပြီး နယ်စပ်ရောက်လာသူတွေထဲမှာ ကျောင်းသားတပ်မတော်ကို ၀င်ချင်လို့ ဆိုပြီး ရောက်လာသူ တယောက်မှ မရှိပါဘူး။ ထားတော့ ၊ ထူးခြားတာက နဂိုကတည်းက ဒီဖက်မှာ အလုပ်လာလုပ်တဲ့ လူငယ်တွေထဲက အယောက် ၅၀ လောက်က ရွှေဝါရောင် တော်လှန်ရေးကြောင့် ကျောင်းသားတပ်မတော်ကို ၀င်ရောက်လာကြတယ်။ ဒါကိုကြည့်ရင်း စဉ်းစားစရာ အချက်တွေ ရလာပါတယ်။ အဲဒီအတွက်လဲ ပို့စ်အသစ်တင်ပါဦးမယ်။

Anonymous said...

အော်ရေးတုန်းက စောက်ရမ်းရေး နောက်တော့မသက်မသာဖြစ်လာ ပြောင်ဝန်ခံရမှာကြောက်တော့ အခုမှဟိုလူမျိုးမပါဘူးဒီလူမျိုးမပါဘူးပြော ခင်ဗျားဒုက္ခလဲမသေးပါလား ဒါမျိုးစာတွေရေးဘို့ ခင်ဗျားမှာ အရည်အချင်းမရှိတာပေါ်တာပေါ့ တင်ပြပုံမနိုင်ရင် ဒါမျိုးတွေမရေးနဲ့ပေါ့ ရေးမယ်ဆိုရင်တင်ပြပုံနိုင်အောင်ကျိုးစားအုံး ခင်ဗျားလဲ ကလလတ ရောက်နေတဲ့ ကိုမင်းဇော်ကို ရန်ကုန်အထိခေါ်မင်္ဂလာဆောင်ခဲ့တာမလား နောက်ဒေါ်စုနဲ့ တွဲရိုက်ထားတဲ့ပုံကြီးတင်ကြွား ကိုမင်းဇော်အားနာလို့ဗျို့ နောက်တော့မရေးတော့ဘူး။

Anonymous said...

ခင်မင်းဇော်ပြောတဲ့အမျိုးအစားအတိုင်းဆို ဦးတင့်ဇော်ပါပါနေပါရောလား လက်နက်ကိုင်ဒေသရောက်လာ လက်နက်ကိုင်တောလှန်ရေးလုပ်နေတဲ့ PDF ဝင် နောက်နိုင်ငံခြားထွက်သွား အဖွဲကိုထားခဲ့ ဟုတ်ရော ကိုဗျူးတဲ့လူကို ပြန်ဆော်နေသလိုတောင်ဖြစ် ကောင်းရောခင်မင်းဇော် နောက်တခါ ဆရာဦးတင့်ဇော်တို့လိုလူတွေမပါဘူးပြန်ရေးအုံး ဆင်သေကိုဆိတ်ရည်နဲ့ကာနေတဲ့ ခတ်ညံညံသမားပါလား ကျွှတ်....။

Anonymous said...

နောက်ဆို တခြားသူတွေတော့အားနာပါတယ် ဖင်မနိုင်ပဲ ပဲကြီးဟင်းမစားနဲ့ပေါ့ရှင်

Anonymous said...

အော်အော်မိန်းမလည် သိန်းကြွယ်ပါလားဟ ခင်မင်းဇော်ကိုယ်တိုင်လိုအပ်လာလို့ တတိယနိုင်ငံမှာ လက်နက်ချရရင်...အော်ယောင်လို့ပါ ထွက်ရရင် လက်နက်ချမဖြစ်ရအောင် ထောင်ကလွတ်လာပြီးတတိယနိုင်ငံ ထွက်သွားသူတွေက ကျမပြောခြင်တဲ့ အမျိုးအစားတဲမပါဘူးလို့ ကြိုကာထားတာကိုး
ကောင်းပါ့ ကောင်းပါ့ ခင်မင်းဖော် ထောင်လေး၂နှစ်လောက်ကျဘူးလို့ ၁၀ နှစ်လောက်ကျဘူးရင် သကြားမင်းတောင် ဝရဇိန်လက်နက်နဲ့ နအဖကိုမပစ်လို့ဆိုပြီး နင့်လက်နက်ချစာရင်းထဲသွင်းချင် သွင်းနေဦးမှာ တော်တော်လူတွေကိုစော်ကားတတ်တဲ့ ဘဝင်ရူးပဲ ခင်မင်းဇော်..။

ခင်မင်းဇော် said...

ခုပို့စ်မှာ မပါသေးတာပါ ။ သူတို့အတွက်က လဲသီးသန့်တင်ပါဦးမယ်။ ကျမ စာကို သေချာမဖတ်တတ်တာတော့ သနားပါရဲ့။ ကျမရဲ့ အထက်က ကောမန့်တွေ သေချာဖတ်ပြီးရင်တောင် ခုထက်အရင် ရှင်ဒီလို ရေးနိုင်တာပဲ ဟဲဟဲ။ အဝေဖန်ခံနိုင်ပြီး ကိုယ့်ကိုယ်ကို ခုထက် အားတင်းနိုင်ပါစေ။ ရောက်တဲ့နေရာမှာ အစစ်အမှန်ပျော်ရွှင်နိုင်ပါစေရှင်။
။ ကျမကိုမနာလိုတာလဲ သိပ်မပေါ်စေနဲ့ပေါ့ရှင်။
ဒါပေမယ့် လိုအပ်လို့ တတိယနိုင်ငံထွက်တယ် ဆိုရင် ဘယ်လိုလိုအပ်ချက်ဆိုတာလေးတော့ တို့သွားဦးပေါ့ရှင်။ ဟဲဟဲ အနောနီးမတ်နဲ့ပဲ ရေးရဲကတည်းက သတ္တိကို သိပြီးသားပါ။ ဒီလောက်နာနေပုံထောက်တော့ လက်နက်ချတင်မဟုတ် ဒူးထောက်ပါ ဖြစ်နေပုံပဲ ။ ရှင့်ကို ဒါနောက်ဆုံး ပြန်ရေးတာပဲ အမည်မသိရေ..

ကိုပေါ said...

မခင်မင်းဇော်ရေ….

အထက်က ကွန်မင့်ကြတဲ့ (တတိယနိုင်ငံမှာ လက်နက်ချသွားကြတဲ့) သူရဲကောင်းကြီးများကတော့ မနှမြောလောက်ပါဘူးလို့ပဲ ပြောချင်ပါတယ်။

ကိုယ်တချိန်က ယုံကြည်ခဲ့တဲ့အဖွဲ့အစည်းနဲ့ ရဲဖော်ရဲဖက်တွေကိုတောင် မထောက်ထားဘဲ ကိုယ်ရေးကိုယ်တာတွေ ဆွဲထည့်၊ ငယ်ကျိုးငယ်နာတွေဖော်ပြီး နှုတ်သီးကောင်းလျှာပါး ရန်တွေ့နေကြတာကို မြင်ရတော့ တော်တော်လေး အထင်သေးမိတယ်ဗျာ။ ဘာဖြစ်သလဲ။ ကိုယ်ဆက်ပြီး တောင့်မခံနိုင်တော့လို့ ထွက်သွားရင် ထွက်သွားတယ်ပေါ့ဗျာ။ အမှန်အတိုင်း ၀န်ခံလိုက်တော့ ဘာဖြစ်မှာမို့လဲ။

နောက်ပြီး သူတို့ပြောနေတဲ့ ကိစ္စတွေကလည်း ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်းနဲ့ အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ရေးကြသားကြနဲ့ လူတိုင်းသိပြီးသားကိစ္စတွေပါ။ ဒါကိုများ ရေးကြီးခွင်ကျယ်လုပ်ပြီး ဘယ်သူမှ မသိတဲ့ အတွင်းရေးသဖွယ်၊ အထူးလျို့ဝှက်ချက်ကြီးသဖွယ် (မသိရင် ၀င်မပြောနဲ့) လုပ်နေကြတာ ရယ်ဖွယ်အတိပါပဲ။

အတွင်းရေးတွေမို့ မပြောဘဲ နေနိုင်ကြသလားဆိုတော့လည်း နေနိုင်ကြဟန် မတူရှာဘူးခင်ဗျ။ ဒီပို့စ်ကျမှ မဟုတ်။ အင်တာနက်၊ ဂျီတော့ခ်ပေါ်မှာ သူရဲကောင်းကြီးတွေလုပ်ပြီး တွေ့ကရာလူကို (ဒေါ်မြလေးစတိုင်နဲ့) မပြောချင်ဘူး၊ မပြောချင်ဘူး စကားခံပြီး အဲသည်အကြောင်းတွေကို ချက်တင်လုပ်ရင်း အကုန်ပြောပြနေတာတွေ တွေ့ဖူးဖတ်ဖူးပါသဗျား။ ဘယ်သူတွေလဲဆိုတာ ကိုယ့်ဖာသာကိုယ် သိကြဖို့ကောင်းပြီ။

နောက်ပြီး ဂူဂယ်လ်ပေါ်မှာ “သူပုန်၊ တော်လှန်ရေးသမား” ဆိုတဲ့ စကားလုံးကို ရိုက်ထည့်ပြီး ရှာကြည့်လိုက်ရင် တတိယနိုင်ငံရောက်တဲ့အထိ ဘယ်သူတွေ ကိုယ်ရည်သွေးလို့ ကောင်းနေဆဲပဲဆိုတာ မြင်ရပါလိမ့်မယ်။ တချို့ဆိုရင် ကျနော့်ဘလော့ဂ်က ပို့စ်တခုမှာတောင် “ကျနော်တို့အမျိုးက သူပုန်(အစိုးရအခေါ်)မျိုးရိုး ကိုပေါရဲ့။ အမှန်က တော်လှန်ရေးသမားပါ” လို့ လာရေးဖူးသေးတာ။ အခုကျမှ မပြောခဲ့ပါဘူးဆိုပြီး မှောက်ချည်လှန်ချည် လုပ်တာမျိုးတော့ အံ့သြလို့ဗျိုး။

တော်သေးတယ်။ အထက်က ပုဂ္ဂိုလ်ကျော်တွေ တတိယနိုင်ငံကို အေးအေးဆေးဆေး ထွက်သွားကြပေလို့။ မတော်တဆ နအဖကများ ဖမ်းမိသွားလို့ကတော့ ရိုက်တောင်မစစ်ရဘဲ အကုန်ဖော်ကြမယ့်အပေါက်ပဲဗျိုး။ အံ့ရော… အံ့ရော။

Anonymous said...

ဂျီတော့ကနေ အဖွဲ့အစည်းအတွင်းရေး၊ တော်လှန်ရေးအတွင်းရေးတွေကို စင်ကာပူနဲ့ နိုင်ငံတကာရောက် ရွှေ့ပြောင်း အလုပ်သမားတွေကို ဖောက်သည်ချနေသူ နိုင်ငံတကာရောက်နေသူများနဲ့ မဲဆောက်ထုံထောင်းရပ်ကွက်မှာနေသူများကိုပါ ရူတ်ချတယ်။ သင်တို့လုပ်ရပ်ဟာ အမေကျော်ဒွေးတော်လွှမ်း၊ သူ့လူကိုယ့်ဖက်သားလုပ်ရပ်ဖြစ်တယ်။ နိုင်ငံတကာရောက်နေသူများက ငါတို့ ဘာကြောင့်ထွက်ခဲ့ရတယ်၊ ငါက တချိန်က ဘာတာဝန်တွေယူခဲ့တယ်ဆိုတာ ကိုပြောချင်လို့ ဂျီတော့တွေမှာ ဖော်ကောင်လုပ်နေတာဖြစ်ပြီး၊ မဲဆောက်ကခင်မင်းဇော်တို့လို လူတွေက စင်ကာပူလိုနိုင်ငံမျိုးက ဘလော်ဂါတွေဆီက တစ်ပြားရတစ်ပြား နှစ်ပြားရနှစ်ပြား တောင်းစားဖို့ အဖွဲ့အစည်းအတွင်းရေးတွေကို ဂျီတော့ကနေ ဖောက်သည်ချနေကြတယ်။ မင်းတို့ လုပ်ရပ်အားလုံးကို ရူပ်ချတယ်။ အဲဒီလောက်ပါးစပ်ဆော့ချင်ရင် ပါးစပ်ထဲမှာ တခုခု ငုံထားဖို့ အကြံပေးချင်တယ်။ မင်းတို့ လုပ်ရပ်တွေက ရန်သူနဲ့ သိပ်မထူးဘူး။ ရန်သူအားပေး သူ့လူကိုယ့်ဖက်သားတွေပဲ။ ထွီ။

Anonymous said...

မခင်မင်းဇော်

မခင်မင်းဇော် အဆင့်က ဒီလောက်ဘဲဆိုတာ မခင်မင်းဇော် ရဲ့ ဖြေကြားချက်တွေ အရ သိလိုက်ရတယ်။ ရှေ့နောက်မညီဘူး ဖြစ်နေတယ်။

နောက်တခုက မခင်မင်းဇော် အဖေ အခြေအနေဘယ်လိုလဲ။ ထောင်ထဲမှာဘဲလား။ သတင်းမေးတာပါ။

မခင်မင်းဇော်ကို မခင်မင်းဇော် အဖေ လာတွေ့ပြီး အပြန် ပြည်တွင်းမှာ အဖမ်းခံရတယ်လို့ ကြားထားတာ ကြာပြီ။

ရန်သူ အားပေး တမင်တကာ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။

သတင်းမေးသူ

koko said...

SPDC dogs will be very happy after reading these comments.
What a shame.

Tri Asian Taste said...

Nyunt ဆိုတဲ့ နာမည်တလုံးတည်း ဆိုတော့ ကျနော်ကို သိတဲလူတွေက ကိုညွန့်ဝင်း ခင်ဗျားရေးတာလားတဲ့ ဘာကိုပြောတာလဲ။ ဘယ်မှာရေးတာလဲ စသည်ဖြင့် လိုက်မေးတော့မှဘဲ ဒီနေရာကို ရောက်ဖူးတယ်၊ အဲဒီ Nyunt ကတော့ ဘယ်ကလဲတော့ မသိဘူး၊ ကျနော်ကိုတော့ လူတွေ ယုံထင်ကြောင်ထင် ဖြစ်ကုန် ကြပြီး။ ကျနော်ကတော့ ညွန့်ဝင်းပါ ၂၀၄ တပ်ရင်းကပါ။ ဒါပေမဲ့ ဒီလိုမျိုးရေးတာ ၀ါသနာမပါဘူး။ ကျနော်ရဲ့ပင်ကို စရိုက်ကိုက သူတပါးကို နစ်နာစေလိုတဲ့ စိတ်မရှိတာအ မှန်ပါ။ ကျနော်မှာ ဒီလိုမျိုး internet မှာ အချိန်မရှိပါဘူး။
အကောင်းကို ဦးတည်ပြီးရေးတာဘဲဖြစ်ဖြစ် အဆိုးကိုရေးတာဘဲဖြစ်ဖြစ် ကျနော် ညွန့်ဝင်း တပ်ရင်း(၂၀၄) သေဘောဘိုးက မဟုတ်ပါကြောင်း ဒီနေရာကနေ ပြန်ကြားလိုက်ပါတယ်၊

Anonymous said...

တော်လိုက်တာ IP Hide က ယူထားတဲ့ Ip လိပ်စာကို ရလိုက်တာ။ ဟီ.... Ip ကို သုံးချင်ရင် http://www.smarthide.com/

မောင်ဦး

Hlaing Bwa said...

I don`t agree Ma Khin Min Zaw. I don`t agree you. You should not insult to our former comrades of ABSDF. Stop writing like this again!!
You don`t know all about ABSDF.( Hlaing Bwa

Anonymous said...

ကိုညွန့်ဝင်း (လက်ပြတ်)သို့ -
ခင်ဗျားကလည်း မဆီမဆိုင် သည်မှာ ဘာတွေ လာပြောနေသလဲ သည်မှာ ကျုပ်နံမည် ညွန့်ကို ကျုပ်သုံးတာ ခင်ဗျားကို ထိခိုက်စရာ ဘာရှိလို့လဲ
၂၀၄ တပ်ရင်းမှာ ခင်ဗျားအပါအ၀င် ညွန့်ဝင်း ၃ ယောက် ရှိတာကိုရော ခင်ဗျား သိရဲ့လား ကျုပ်က အဲဒီ ညွန့်ဝင်း ၃ ယောက်လုံး မဟုတ်ဘူးဗျ နောက်တခုက ၂၀၄ မှာ ဒဏ်ရာရတာ ခင်ဗျား တယောက်ထဲ ထင်နေလို့လား ၂၀၄ ရဲ့ အစောဆုံးသော အထူးတပ်ဖွဲ့မှာ ကျုပ်ပါပါတယ်ဗျ ညွန့်ဆိုတာ ကျုပ်ရဲ့ နောက်ဆုံး နံမည်ဗျ ခင်ဗျားတို့ မသိတဲ့ ၂၀၄ ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အများကြီးပါ တပ်ရင်းမှူးတွေနဲ့ စခန်း အုပ်ချုပ်မှု ကော်မတီပဲ သိတာပါ ကျုပ်ကို ခင်ဗျား မသိတာ မဆန်းပါဘူး နောက်ကျရင် ကိုယ်တိုင် မသိရင် ခင်ဗျားလည်း အေးဆေးနေဗျာ အာလျှောက်ချောင် မနေနဲ့

Nyunt

Anonymous said...

Comment များကိုဖတ်ရတာ သိပ်အားရပါသည်၊ ဒီလိုငြင်းခုံစရာမျိုးတင်ပေးတာကိုလည်း ကျေးဇူးတင်ပါသည်။ ဆွေးနွေးပွဲတခုကို အသေအချာတက်ရောက်ရသလို ခံစားမိပါတယ်၊ နိုင်ငံတကာရောက် ရဲဘော်များရဲ့ခံစားချက်ကို မှေးမှိန်သလိုဖြစ်သွားခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်။

Anonymous said...

နည်းနည်းကျန်ခဲ့လို့ပါ။ Anonymous ကိုသုံးတာ သတ္တိနည်း၍မဟုတ်ပါ။ မလိုဘူးထင်လို့ပါ။

Anonymous said...

အရက်ပုလင်းတွေ တောင် လို ပုံမှဒီမိုကရေစီ ရမယ်ဆို ရင် မကဒတ ခေါင်းဆောင်တွေ ရဲ့ အရက်ပုလင်းတွေ ကဟိုးအောက်ဆုံးမှာရှိမယ်။

Anonymous said...

အမ ခင်မင်းဇော် ကျနော်တို့ကတော့ စောင့်ဖတ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ဖို့ အရေးကြီးတယ် ဆိုတာ လက်ခံတယ်။ အမှန်တရားက ဘယ်တော့မှ မရှုံးနိမ့်ဘူး။ ကျနော်တို့ ဆက်တိုက်စောင့်ဖတ်တယ်။ မသိခဲ့တဲ့ အကြောင်းအရာတွေကို တဖြည်းဖြည်းသိလာတယ်။ ကျေးဇူးတင်ပါတယ်။
မျိုးဆက်သစ် ထဲက တဦးပါ။

Anonymous said...

Third country is not the third wave. You need to larn more.

Anonymous said...

http://www.khitpyaing.org/news/june_09/1-6-09d.php

Anonymous said...

နည်းနည်းတော့ထပ်ပြောအုံးမယ်။ ဒီ Post ကြောင့် တချို့ထိခိုက်တာတွေရှိပါတယ်။ ကောင်းတာကတော့ မခင်မင်းဇော်အနေနဲ့ တတိယနိုင်ငံရောက်ရဲဘော်ဟောင်းများထံ တောင်းပန်စာရေးသင့်တယ်လို့ထင်ပါတယ်။