Sunday, April 26, 2009

အမှတ်တရ နှစ်ပတ်လည်

နေမ၀င်အချစ်တွေ..
အချစ်ကို ပေးမယ်...

အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့ သူတွေဟာ
တဦးနဲ့တဦးအမြဲတမ်း သစ္စာ တူမှာ...

(ဒီပုံမှာ သားသားကိုယ်ဝန် ၄ လနဲ့ပေါ့)
အချိန်တွေ ပြောင်းပါစေ...
နေရာတွေ ဝေးပါစေ..
အသည်းချင်းမှာ အမြဲနီးနေတာ....

နှစ်စဉ်နှစ်တိုင်းရဲ့ ဧပြီ ၂၇ ရက်နေ့ ဟာ ကျမတို့ ဘ၀အတွက်တော့ ထာဝရ အမှတ်ရစရာနေ့လေးပါပဲ။
ခွဲခွာမှုတွေကို ကြုံလာရတိုင်းလဲ မတုန်မလှုပ် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်..ဘယ်တော့မှ မမေ့ဘူး။
အကြိမ်ကြိမ်ခွဲခွာခဲ့ရတယ်။
ပထမအကြိမ် ၁၉၈၈ မှ ၁၉၉၅ ခုနှစ်ထိ။
ဒုတိယအကြိမ် ၁၉၉၈ မှ ၂၀၀၅ ခုနှစ်ထိ။
ဒါပေမယ့် ကျမတို့ရဲ့ မြတ်နိုးမှုတွေ ၊ ယုံကြည်မှုတွေကို တော့ အချိန်က မတိုက်စားနိုင်ခဲ့ပါဘူး။
အချစ်မှာ သစ္စာတရားက အရေးကြီးတယ်ဆိုတာကို လက်တွေ့နားလည်စေခဲ့တဲ့ လောကဓံကို ကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

36 comments:

မေငြိမ်း said...

အမလေး.. နာ့သယ်ရင်းး.. နုနေတာ နုနေတာ...
ဒါနဲ့ပဲ တပ်ရင်းမှူးခမျာ.. ခိခိ..။
အင်း ဒီလင် ဒီမယား ခု အိမ်ထောင်သက် ၁၃နှစ်ရဲ့ နောင်.. နှစ်တရာတိုင်သည်အထိ မခွဲမခွာ အမြဲသာ သံသရာတည်သရွေ့ ပျော်မွေ့နေနိုင်ပါစေ....

Anonymous said...

အကို နဲ့ အမ ၁၃ နှစ်အပြီး နောက်လာဦးမယ့် နှစ်ပေါင်းများစွာမှာ ခုလိုပဲ ပျော်ရွှင်ကြည်နူးနေမယ်ဆိုတာ ယုံကြည်လျက် ...

အချစ်စစ်နဲ့အတူ စိတ်ချမ်းသာမှုတွေနဲ့ သား ပိုင်ပိုင်နဲ့အတူ အေးချမ်းတဲ့မိသားစုဘ၀လေးထဲ နေနိုင်ဖို့ ဆုတောင်းလိုက်ပါတယ် ...

Congrats :) You have both survived each other for 13 yrs! :D

-ညီမ-

ကိုပေါ said...

ဒီလင်ဒီမယား အိုအောင်မင်းအောင် ပျော်ရွှင်စွာ ပေါင်းသင်းရပြီး လွတ်လပ်သော မြန်မာပြည်တွင် မိဘဆွေမျိုး မိတ်သင်္ဂဟများဖြင့် အမြန်ဆုံးပြန်လည်ဆုံဆည်းခွင့်ရပါစေသတည်။

pandora said...

ကိုမင်းဇော်နဲ့ မခင်မင်းဇော်တို့ မင်္ဂလာ ၁၃ နှစ်ပြည့်မှသည် လက်တွဲညီညီ အတူလျှောက်နေတဲ့ ပန်းတိုင်ကို ပျော်ရွှင်စွာ အရောက်လှမ်းနိုင်ကြပါစေ။ ချစ်သူများနဲ့ မခွဲမခွာ နေကြရပါစေ။

ဒူကဘာ said...

၁၃နှစ်မှသည် ထာဝရများစွာ ပိုင်ဆိုင်နိုင်စေ သတည်း။

tg.nwai said...

အစ်မရေ...ချစ်တဲ့ မိသားစုလေးနဲ့အတူ တန်ဖိုးထားတဲ့ ဘ၀ရဲ့ အနှစ်သာရတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..

Nge Naing said...

အစ်မတို့ ဇနီးမောင်နှံ ၁၃ နှစ်မှသည် အသက်ထက်ဆုံး ချစ်ခင်ကြင်နာမှု၊ နားလည်မှု ရှိရှိနဲ့ ပေါင်းနိုင်ကြပါစေ။ အစ်မပုံက အရင်ကပုံထက် အခုပုံကပိုလှလာသလိုပဲ။ ကျွန်မကိုလည်း မိတ်ဆွေဟောင်းတွေ တွေ့ရင် ဒီလိုပဲ ပြောကြတာ မြှောက်ပြောတယ် ထင်နေတာ အခုအစ်မပုံကို ကြည့်ပြီး တကယ်ပြောတယ် ဟုတ်နိုင်တယ်လို့ ယုံရမလို ဖြစ်နေပြီ။

Anonymous said...

26 Apr 09, 12:41
Careful: Whatever the reason Daw Su and U Tin Oo came to your wedding, it should not be posted for your selfish reason. It is going to help SPDC proves that they are in contact with rebels. Don't you see that.
I know why they came but it should not be used to post on the blog at all.
You should not give SPDC a fact to attack Daw Su and U Tin Oo.

sonata-cantata said...

အိုအောင်မင်းအောင် ပေါင်းရလို့ ပျော်ရွှင်ကြစေချင် ဆုတောင်းလိုက်ပါတယ်ရှင်...

ATN said...

Happy anniversary!!
From the 13th to the centennial!!!

zawburma said...

!!
နု ပြနေတာ ဒီလိုနဲ့ ၁၃ နှစ်တောင်ရှိသွားပြီးကော အဲဒီတုံးက နှစ်ယောက်သား ပုသိမ် မှာ ဟန်းနီမွန်း သွားနေကြုလိုက်တာ ကျနော်တို့  က ခင်ဗျာတို့ လင်မယားပျောက်နေ လို့ လိုက်ရှာနေ ကြတာ ကကလှမ်း ကဘဲ ဆွဲသွားပြီးလာလို့  အဲဒီ မင်္ဂလာဆောင်နှစ်ပတ်လည်း လဲ ၁၃နှစ် မြောက် ကျနော် လည်းတပ်ရင်း (၈) ကထွက်ခဲ့တာ ၁၃ နှစ်မြောက် ဘဲဗျို့  ရဲဘော်ကြီး ဇော်လေး ကိုကော ၁၃နှစ်မြောက် မိန်းမ မရ ရှိခြင်း အခမ်းအနား လုပ်ပေးလိုက်ပါအုံး

သက်ဝေ said...

အမ မခင်မင်းဇော်တို့ ဇနီးမောင်နှံ၏ ၁၃ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့မှသည် အသက်ထက်ဆုံးအထိ ကိုယ်ယုံကြည်ရာပန်းတိုင်ဆီသို့ စိတ်တူကိုယ်တူ လျှောက်လှမ်းနိုင်ကြစေရန် ဆုတောင်းပါသည်...။

Nyein Zay Oo said...

နေနဲ့လ ရွှေနဲ့မြပဲ အမရေ....
ဒီရက်ပိုင်းမှ အင်တာနက်ပြန်တက်လာဖြစ်လို့
လာဖတ်ဖြစ်တယ်။

ပျားအုံတုတ်နဲ့သွားထိုးထားသကိုး ခွိခွိ။

JuneOne said...

မမတို့မောင်နှံ ရာသက်ပန်ပျော်ရွှင်ပါစေ။

ကြည် said...

ရာသက်ပန်ပျော်ရွင်ပါစေလို့ ထပ်လောင်းဆုတောင်းပေးပါတယ်။ ခွပ်ဒေါင်းမျိုးလို့မပြောရဘူး ကြီးလေလှလေပဲ။ အရင်ကပုံတွေထက် ခုပုံတွေက ပိုပြီးလှနေတာများ ပြောပြောချင်တော့ဝူး...မနာလိုလိုက်တာနော်။

JulyDream said...

အဟမ်း အဟမ်း...

ချောင်းဟန့်ကြည့်တာပါ။

ပီအေ ခန့်ချောကြီးက ငယ်ငယ်တုန်းကလည်း ခန့်ချောပဲနော်။ အဲဒီတုန်းက ခန့်ချောလေးပေါ့။

Anonymous said...

ကိုမင်းဇော်နှင့်မခင်မင်းဇော် တို့ ဇနီးမောင်နှံ စိတ်တူကိုယ်တူနှင့် ရာသက်ပန်ပျော်ရွင်ကြပါစေ။
အောင်ကျော်စိုး နှင့် မိဌေးမွန်(နော်ဝေ)

Anonymous said...

ဇော်ဘားမား ဆိုတာ ဘယ်သူတုန်းဗျ။ အဲဒီမင်္ဂလာပွဲအပြီးမှာ ဥက္ကဌကြီးနဲ့ ဒုဥက္ကဌကို ကကလှမ်းက ညဖက် ခေါ်သွားသေးတယ် မဟုတ်လား။ နောက် မင်္ဂလာဆောင်လာတဲ့ လူထဲကလဲ ဆွဲသေးတယ် ကြားတယ်။ သူတို့ ၂ ယောက်လဲ ကံသီလို့ မဟုတ်လား ။ သတိရစရာဗျာ။

လင်းလက်ကြယ်စင် said...

အန်တီ .. ဘ၀ချစ်ခရီးလမ်းရှည်ကို အောင်မြင်စွာ ဖြတ်သန်းလျှောက်လှမ်းနေတဲ့အတွက် ၀မ်းသာဂုဏ်ယူအားကျမိပါတယ်။ ရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်းတစ်လျှောက်လုံးမှာလည်း အေးချမ်းပျော်ရွှင်မှုတွေအားလုံးကို ချစ်ရသော မိသားစုနှင့်အတူ အမြဲထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။

ချစ်ခင်စွာဖြင့်

သမီး လင်းလက်ကြယ်စင်

တောင်ပေါ်သား said...

မကြီးရေ ပျော်ရွှင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

Unknown said...

၁၃နှစ်မှသည် နှစ်တရာတိုင် ပျော်ရွှင်ချမ်းမြေ့ သော မိသားစု ဘ၀ ဆက်လက်ပိုင်ဆိုင်ပါစေ..အမ နဲ့ ကိုမင်းဇော်ရေ..။
သားလေးကိုလည်း ညီမလေး သို့  ညီလေး အဖော်ရှာပေးလိုက်အုံးလေ... :P
မြတ်စပယ်

တန်ခူး said...

မ ရေ… ငယ်မူငယ်သွေးပုံလေးတွေက ချစ်စရာလေးနော်… မ တို့ မင်္ဂလာဆောင်ကို အမေစုကိုယ်တိုင်တက်တော့ ပိုလို့  မင်္ဂလာရှိသွားတာပေါ့နော်… မ ရေ… တိုက်ဆိုင်လိုက်တာနော်… အမတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်ပြီး ၂ရက်မြောက်က ကျွန်မတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်ပါ…

ခင်မင်းဇော် said...

မေငြိမ်း၊ညီမ။ကိုပေါ။ ပန်ပန်။ ဒူကဘာ။ ညီမသိင်္ဂီ။မငယ်နိုင်။ ကိုဧရာ မသီတာ။ ကိုအောင်သာငယ်။ ကိုဇော်ရဲ။ ညီမသက်ဝေ။ (မဟုတ်မှ လွဲ )ကေ၊ ညီမဂျွန်ဝမ်း။ ကြည်။ ကိုဂျူလိုင်။ နော်ဝေးက ကိုအောင်ကျော်စိုးတို့ ဇနီးမောင်နှံ၊ တို့ရဲဘော်ထဲက တယောက်ဖြစ်နိုင်တဲ့ အနောနီးမတ်။ သမီးလင်းလက် ။ မောင်လေး တောင်ပေါ်သား။ နော်ဝေးက ညီမလေးမြတ်စပယ်မိုး။ညီမတန်ခူး ...အားလုံးကို ကျေးဇူးတင်ပါတယ်။ တနေ့နေ့မှာတော့ ဒီလိုအမှတ်တရနေ့မျိုးကို ပျော်ပျော်ရွှင်ရွှင် ကျင်းပချင်ပါသေးတယ်။ အဲဒီကျရင်လည်း လာကြရမယ်နော်...

PAUK said...

အစ်မရေ..
အထိမ်းအမှတ်အဖြစ် တစ်ခုခုကျွေးပါ..

thitkaungeain said...

ယောက်ဖကြီးရေ
အချစ်နဲ့ခေတ်ကိုဖြတ်သန်း
စိမ်းလန်းနိုင်ပါစေ
(ကိုယ့်အမကိုယ်တော့ သိပ်ကြည့်လို့မရလို့

ဂျူနို said...

မမရေ
စိတ်တူ ကိုယ်တူ
ချစ်သောသူတို့ 
အတူလျှောက်တဲ့ ဒီခရီး
အတူဖောက်တဲ့ ဒီလမ်း
လက်တွဲ မြဲမြဲ
ပန်းတိုင် အရောက်
ကြည်နူးချမ်းမြေ့
ဘ၀ ဆက်ဆက်
ပျော်ရွှင် ပေါင်းဖက် ကြစေသတည်း။ ။

Hteink Min said...

တီရေ စကားတွေ ပွက်နေတာ ကြားလို့ လာကြည့်တာ. မရောက်တာ ကြာပါ့. မင်္ဂလာသတင်းတွေကြားလိုက်ရလို့ ဝမ်းသာပါဘိ.. အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေဗျာ.. ဆုတောင်းပေးဖို့ လိုမယ်မထင်ဘူး၊ တကယ်ချစ်ရင် ရာသက်ပန်ဆိုတာလေး)

chan mya said...

Congratulations Ama KKK nae Ako KAK!!

ကျမတို့ စတွေ့ကြတဲ့အချိန်တွေကို သတိရမိတယ်။
တောင်ကွဲစေတီ နဲ့ သူနာပြုကျောင်းလေးကိုရောပေါ့။

Anonymous said...

Congratulation

Khin Ma Ma Myo said...

အမရေ။

၁၃ နှစ်မြောက်မှသည် သက်ဆုံးတိုင်အထိ ဘ၀နဲ့ ဆန္ဒတထပ်တည်းကျစွာ မကွဲမကွာ အတူတကွ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

ညီမ ခင်မမမျိုး

Dr. Yi Yi Win said...

ယနေ့ မှစ နှစ်တစ်ရာတိုင်ကွယ် ပေါ့ အစ်မကြီးရေ။

မီယာ said...

မင်္ဂလာခရီး အနှစ်တရာကျော် တိုင်ပါစေ အမရေ... လာတာ နောက်ကျသွားတယ်။ မင်းသားရော မင်းသမီးပါ တကယ် ချောတယ်။

Tin said...

Dear
ကိုမင်းဇော်နှင့်မခင်မင်းဇော်,,
... တို့ ဇနီးမောင်နှံ စိတ်တူကိုယ်တူနှင့် ရာသက်ပန်ပျော်ရွင်ကြပါစေ။
မင်္ဂလာခရီး အနှစ်တရာကျော် တိုင်ပါစေ...လာတာ နောက်ကျသွားတယ်။ Congratulation & Biz as Usaul.

ညလေး said...

မခင်မင်းဇော်တို့ မိသားစု နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်မှု များစွာနဲ့ သက်ဆုံးတိုင် စည်းလုံးညီညွတ်စွာ နေထိုင်သွားနိုင်ကြပါစေ..
ခင်လျက်

ပုံရိပ် said...

မခင်မင်းဇော် ၁၃နှစ်မှ အနှစ်တစ်ရာတိုင် အိုအောင် မင်းအအောင် ပေါင်းရပါစေ။

Anonymous said...

မကြည်ကြည်ခင်
အခုမှပဲ အပြင်မှာတော့ တပ်ရင်းမှူးကို ကိုယ်တိုင် စစ်ဦးစီးချုပ်လုပ်နေပြီးတော့ ဘလော့ခ်မှာ ကျမှပဲ ဘာညာကွိကွလုပ်နေတယ်။ ကျနော်က တပ်ရင်းမှူးဘက်မှာရှိနေတယ်နော်။ ဆန်ရင်း နာနာဖွတ်တဲ့။ အဟဲ၊ စိတ်ဆိုးပြီး ရန်တွေ့ရင်လည်း ခံလိုက်မယ်။

ဂျွန်ဂလင်း