Monday, May 25, 2009

ငါတို့အားလုံးရဲ့အမေ

ရဲဝံ့တဲ့ တည်ငြိမ်မှုနဲ့ အတူ ခိုင်ခိုင်မတ်မတ် ခြေလှမ်းတွေ
ဖြောင့်မတ်မှန်ကန်တဲ့ ဦးဆောင်မှုခြေလှမ်းများဖြင့်

ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။
(ဒေါ်အောင်ဆန်းစုကြည် အသက် ၄၅ နှစ်မြောက် မွေးနေ့အခမ်းအနား ပုသိမ်ဒီချုပ်ရုံးမှာ ရွတ်ဆိုခဲ့ကြတဲ့ သီချင်းပါ။ သူငယ်ချင်း ဗကသ ကျောင်းသားတယောက်ရေးဖွဲ့ခဲ့ပါတယ်။)
အန်တီ....
ဘာမှ မလုပ်ပေးနိုင်တဲ့ဘ၀မို့ ကြေကွဲဝမ်းနည်းရပါတယ်။
ဒါပေမယ့် အာဏာရှင်ကို ဘယ်တော့မှ အရှုံးမပေးပါဘူး။
အသက်ရှိနေစဉ် ရောက်တဲ့နေရာက အတတ်နိုင်ဆုံး ဆန့်ကျင်နေပါ့မယ်။
အန်တီ ကျန်းမာပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

Anonymous said...

ဒေါ်စု ပန်းပန်မထားတာ ဒီတခါပဲ တွေ့ဖူးသေးတယ်။

စိတ်မကောင်းဘူးဗျာ။

Anonymous said...

ထောင်ထဲကနေ သူရို့ရုံးချိန်းကိုလာရတာ ဘယ်လိုလုပ် ပန်းပန်နိုင်မှာလဲ ငတုံး ရ။