Wednesday, July 15, 2009

မေတ္တာဆုံမှတ်

သူ့ကို မျှော်လင့်တကြီးနဲ့စောင့်ကြိုခဲ့ရတယ်။
(သားဦးတုန်းက ဖိတ်စင်ခဲ့တာကိုး)
သူရောက်လာတဲ့နောက် ဘ၀ဟာတဆစ်ချိုးပြောင်းလဲ ခဲ့ပြန်တယ်။
သူ့အတွက်ပဲ ဘ၀ဖြစ်လာသလို ထင်ရလောက်အောင် ချစ်ခြင်းမေတ္တာကို ယုံကြည်လာခဲ့တယ်။
သူဟာ ခပ်ငယ်ငယ်လေးကတည်းက သူ့ဘ၀ကို သူ ဖန်တီးတတ်ခဲ့တယ်။
မိခင်နို့နဲ့ ကြီးပြင်းလာရာက တနှစ်သားအလွန်မှာ လုံးဝ နို့မစို့တော့ပဲ ငြင်းဆန်ခဲ့တယ်။
နွားနို့ပူပူထဲ ပေါင်မုန့်စိမ်ထားတာကို သူ့အစားအစာအဖြစ် သူ့ဖာသာသူရွေးချယ်ခဲ့ပြန်တယ်။
လေးဘက်ထောက်မသွားပဲ ထိုင်ရာကနေ ဖင်ရွှေ့သွားတဲ့အဆင့်၊ အဲဒီကနေ လမ်းတန်းလျှောက်ခဲ့တယ်။
သွားပေါက်နောက်ကျတယ်။ ဒါပေမယ့် သူ့သွားတွေကို သူ့ဖာသာ တိုက်တတ်ခဲ့တာ တော်တော်ငယ်ငယ်ကပဲ။ ဘေစင်ကို မမှီလို့ ခုံခုပြီး သွားတိုက်တတ်တဲ့အရွယ်ကတည်းက အိပ်ယာဝင် သွားတိုက်တဲ့အကျင့်ကို သူက နားလည်လိုက်နာတယ်။
ထမင်းကို လက်နဲ့ မစားတတ်ဘူး။ သူများလက်နဲ့ခွံ့ကျွေးရင်လဲ မစားဘူး။ သူ့ဇွန်းနဲ့ ယူစားရင်လဲ မကြိုက်ဘူး။ (အဖေအမေ လဲမရဘူးနော်) ရေခွက်ကိုလဲ သူ့အတွက်သီးသန့်ထားရတယ်။ သူ့ရေခွက်ကို ဘယ်သူမှယူသောက်လို့မရဘူး။
ပန်းရောင် က မိန်းမအရောင်ဆိုပြီး ပန်းရောင်နဲ့ ပတ်သက်တဲ့အသုံးအဆောင် အ၀တ်အစားလုံးဝ မကြိုက်ဘူး။
နောက် ကျောင်းတက်ရမယ့်အရွယ်မှာ သူတက်မယ့် ကျောင်း…… သူ့ဖာသာ သူရွေးချယ်တယ်။
၆ နှစ်သားမှာ သူ့ဖာသာသူ စက်ဘီးအသေးလေးကို ခွစီးရင်းနဲ့ စီးတတ်သွားတယ်။
၇ နှစ်သားမှာ သူ့ကို ကုတင်တလုံး လုပ်ပေးဖို့ တောင်းဆိုတယ်။
၁၀ နှစ်သားမှာ အခန်းတခုပေးဖို့တောင်းဆိုတယ်။ သူနေမယ့်အခန်းကို သူ့ဖာသာရွေးချယ်တယ်။
တဖြည်းဖြည်းသူလုပ်ရမယ့် အရာတွေကို သူ့ဖာသာ ဖန်တီးတာကို သတိထားမိလာတယ်။


သားသား ပိုင်ထူးအံ့
သူများတွေ မွေးနေ့ပွဲလုပ်လို့ လုပ်ချင်သလားမေးရင် အလုပ်ရှုပ်တယ် မလုပ်ချင်ဘူးလို့ ဖြေတတ်တယ်။
သူ့တနှစ်ပြည့်မွေးနေ့ တခါပဲ လုပ်ဖူးတယ်။
သူ့အတွက် သေသေချာချာ ပူဆာဖူးတာက ကွန်ပျူတာတလုံးပဲ။ အဲဒီမှာ VGA ကဒ်ဆိုလား တပ်ပေးဖို့ တောင်းဆိုထားတယ်။
ဝါဆိုလမှာမွေးတာမို့ ၀ါဆိုသင်္ကန်းကို သူ့နာမည်နဲ့ နှစ်တိုင်းကပ်ပေမယ့် ကိုရင်ဝတ်ခိုင်းတာ မရသေးဘူး။ ကိုရင်ဝတ်ရင်ဘာဖြစ်မလဲတဲ့။ ကုသိုလ်ရတာပေါ့ ဆိုတော့ ခုလဲ ကုသိုလ်ရတာတွေ လုပ်နေတာပဲတဲ့။ မ၀တ်ချင်ဘူးတဲ့။
ပန်းချီပြိုင်ပွဲတွေမှာ ဆုရခဲ့ဘူးပေမယ့် ခုတော့ ပန်းချီကို လုံးဝ မဆွဲချင်တော့ဘူးတဲ့။
ကြွားတာကိုလဲ သူက မုန်းတယ်တဲ့။ သားတို့ အခန်းမှာ ကြွားတတ်တဲ့တယောက်ရှိတယ်။ ဘယ်လိုတွေကြွားလဲ ပြောပါဦးဆိုရင် သူက အိမ်ကနေ ကစားစရာတွေ ယူ ယူလာတယ်။ အခွေတွေ ယူယူလာတယ် တဲ့ အဲဒါမကောင်းဘူးတဲ့။ သူ့တို့အရွယ်ချင်း ဒါက ကြွားနေတယ်လို့ သူက ယူဆပြီး ပြန်လာပြောတာလေ။
သူကြိုက်တတ်တဲ့ အစားအစာဆိုရင် ဒါမျိုး ခဏခဏလုပ်ပေးပါလို့ ပြောတတ်သေးတယ်
သူကြိုက်တာတွေက ခ၀ဲသီးကြော်ချက်၊ ၀က်သားလုံးကြော်၊ ကြက်သားကြော်၊ ၀က်သားကြံမဆိုင်၊ ငါးခူကြော်၊ ငါးမြင်းနဲ့ချဉ်ပေါင်ရွက်ဟင်း၊ ပုဇွန်ငါးဆုပ်၊ ငါးပေါင်း၊ ၀က်သားပေါင်း၊ ကင်းမွန်အချိုကြော်ချက်၊ ၁၂ မျိုးဟင်းချို၊ ကန်ပွန်းချဉ်ရွက် ဟင်းချို။ အာလူးကြော်၊ ကန်စွန်းရွက်ကြော်၊ ထမင်းကြော်၊နံပြားပဲပြုတ်၊ ဟမ်ဘာဂါ၊ ပေါက်စီ၊ နွားနို့၊
သူကြီးလာရင် ဘာလုပ်ချင်လဲလို့ မေးတော့ ခဏခဏပြောင်းလဲတဲ့အဖြေတွေက သူလက်ရှိစိတ်ဝင်စားမှုအပေါ် မူတည်နေတတ်တယ်။ ဒါပေမယ့် ဆရာဝန်လုပ်မယ်လို့ တခါမှမပြောဖူးဘူး။ ဗိုက်တွေဘာတွေခွဲရမှာ ကြောက်စရာကြီးတဲ့။
(သူက အသက် ၅နှစ်အရွယ် ငယ်ငယ်ကတည်းက အူအတက်ခွဲစိတ်ထားပြီးသား)
သူ့အဖေကတော့ သူသားကသူလုပ်ရမယ့်အရာကို သူ့ဖာသာရွေးချယ်တတ်တယ်တဲ့။
အချိန်ကျလာရင် သူရွေးချယ်ပါလိမ့်မယ်တဲ့။
ကိုယ့်ကိုမလောဖို့ ပြောတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ က သူ့ရဲ့ မွေးနေ့ပေါ့ ။ အသက် ၁၁ နှစ်ပြည့်ခဲ့ပါပြီ။
သူက တခါတလေတော့ ဘာလုပ်ရမယ် တွေဝေတတ်သလိုပဲ။ ကရကဋ် ရာသီဖွားတွေမို့ ထင်ပါရဲ့။ (အဲဒီရာသီဖွားတွေက ဘယ်တော့မဆို လမ်း ၂ လမ်းနဲ့ ရွေးချယ်နေရတတ်တယ်ဆိုလားပဲ။) အဲဒီအခါတော့ သူ ဘာလုပ်သင့်တယ် ဆိုတာ ရွေးချယ်ဖို့ မိဘကို အကူအညီတောင်းတတ်ပါတယ်။
ခုချိန်မှာတော့…. သူလမ်းလွဲမသွားဖို့၊ အချိန်မှီ စောင့်ကြည့်တည့်မတ်ပေးနိုင်ဖို့ ကိုယ်တို့မိဘတွေက အရိပ်တကြည့်ကြည့် ကြည့်နေရတုန်းပဲပေါ့။
(သူ့အကြောင်းတွေ ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

25 comments:

မဆုမွန် said...

Happy Birthday ပိုင်ပိုင်

မွေးနေ့မင်္ဂလာပါ မောင်လေးရေ
လိမ်မာထူးချွန်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် သားကောင်းဇာနည် ဖြစ်ပါစေ ..
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...
မိဘနှစ်ပါးနဲ့ အတူ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာ ကျင်းပနိုင်ပါစေ..

ခွန်မြလှိုင် said...

Happy Birthday Paing Paing!!!

အားပါးပါး ၀တုတ်နေတာပဲ ပိုင်ပိုင်ရယ်.. သူကြီးရင် ဘာဖြစ်မလဲ ပူမနေနဲ့ အမရေ.. ဒီအဖေနဲ့ ဒီအမေက မွေးတာ ဒါမျိုးပဲ လာမှာပေါ့လို့ :P

သက်ဝေ said...

အမရေးတဲ့ သားအကြောင်းလေးက ဖတ်လို့ ကောင်းလိုက်တာ... ပြီးတော့ သားက သူ့ဆန္ဒတွေကို ဒီလိုအရွယ်ကထဲက သူ့ဟာသူ ကောင်းကောင်း ရွေးချယ်ဖေါ်ထုတ်နေတတ်တာ တွေ့ရတော့ အားရမိတယ်...

Happy Birthday ပါ သားသားရေ...
သားသားဖြစ်ချင်တာတွေကို ဖန်တီးပေးနိုင်တဲ့ ဒီဖေဖေ မေမေတို့နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုဘဝလေး အစဉ်ခိုင်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်...

မေငြိမ်း said...

Happy Birthday Paing Paing !!!
ချစ်တဲ့ ဖေဖေ မေမေနဲ့ အသက်ရှည်ရှည် ပျော်ပျော်နေရပါစေ... စိတ်ချမ်းသာ... ကိုယ်ကျန်းမာပါစေ..။

အိမ့်ချမ်းမြေ့ said...

အစ်မ သားလေးက အစားကောင်းတွေကြိုက်တာ အစ်မ အချက်ကောင်းလို့ထင်တယ်နော်..
အစ်မသားလေးတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်..

ခင်မင်လျှက်..
မလေး

Dr. Yi Yi Win said...

သားကြီးအတွက် ပျော်ရွှင်ဖွယ် မွေးနေ့ ပါ အစ်မရေ။

Moe Cho Thinn said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ သားရေ..
တခါမှ မမြင်ဖူးသေးပေမဲ့ ဆရာမပြောလို့ သားသားတော်မှန်း ကြားဖူးနေတယ်။
ငယ်ပေမဲ့ လူကြီးတယောက်လို နေထိုင်ပြုမူတတ်တာ ရင့်ကျက်တယ်ပြောရမှာပေါ့ အမရေ..
မိဘဆိုတာ ဘေးက သူတို့လိုအပ်ချက် ဖြည့်ဆည်း ထိန်းကျောင်းပေးရုံပါ။
ကလေးဘ၀လေးမှာ ကလေးဘ၀ရဲ့ အရသာ အပြည့်အ၀ ခံစား ပျော်ရွှင်နိုင်ပါစေ သားရေ..

ခင်မင်းဇော် said...

Ma Lay: သားလေးကြည့်ရတာထူးချွန်ထက်မြက်မဲ့ပုံပါ..၁၁နှစ်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာအောင်မြင်ပျော်ရွှင်သောဘ၀ကိုဖန်တီးတည်ဆောက်နိုင်ပါစေကွယ်...

Nanda said...

Happy Birthday and wishing days and years ahead be prosperous, cheerful, wishful and blessed with good health and happiness. Last but not least, be a strong and capable son of loving mother land.

sonata-cantata said...

Happy Birthday သားသား ပိုင်ထူးအံ့

Anonymous said...

A Ma yay,

Please pass this msg to Paing Paing:

Happy Birthday, Paing Paing :)

>>Nyima

nu-san said...

အမရဲ့ သားသားက ၀တုတ်နေတာပဲ.. :)
ငယ်ငယ်ကတည်းက သူဖြစ်ချင်တာကို သူ့ဘာသာ ရွေးချယ်တတ်ပြီး အသိဥာဏ်ရှိပြီးသား ကလေးမို့ အမတို့ စိတ်ချမ်းသာရမှာပါ.. :)
သားသားရေ.. Happy Birthday !!

တန်ခူး said...

ပျော်ရွှင်ချမ်းမြေ့ဘွယ်မွေးနေ့ ဖြစ်ပါစေ သားသားရေ…
ထက်မြက်တဲ့ မိဘနှစ်ပါးရဲ့သားမို့ ထင်တယ်… အမရေးတာဖတ်ပြီး သားက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ့်လမ်းကိုယ်ရွေး ကိုယ့်အားကိုယ်ကိုးတတ်ပုံပဲနော်… ဒီလိုသားမျိုးလေးရတာ အမအရမ်းကံကောင်းပါတယ်…
၁၁နှစ်ဆိုတော့ အတော်သိတတ်လာပြီနော်… ဒါပေမယ့် ကလေးရုပ်ကလေးပဲရှိသေးတယ်… ချစ်စရာလေး…လူပျိုပေါက်ရုပ်လေး မဖြစ်သေးဘူး… အမရေ… ကျွန်မလဲ ကျွန်မသားကို အဲဒီအရွယ်လေး မြန်မြန်ရောက်စေချင်လှပြီ… ကြာသပတေးသားချင်းတိုက်ဆိုင်မှုကလဲ အံ့သြစရာနော်…

kay said...

ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ..ပိုင်ပိုင်လေးရေ-
ဇူလိုင်ဖွားတွေက...အဲလိုပဲ.. သူများနဲ့ မတူ..ထူးခြားတယ်ဆိုပဲ.. ( အဟဲ)

အဲလောက် ငယ်ငယ်လေး နဲ့..မွေးနေ့မလုပ်ချင်ဘူး..ရှုပ်တယ်လို့ ပြောတဲ့..အတွေးလေးကို အတော် စိတ်ဝင်စားမိတယ်..အမရဲ့။

P.Ti said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ပိုင်ပိုင်ရေ...

အခုကတည်းက ကိုယ်ဘာလုပ်ချင်တယ်လို့ပြောပြီး လုပ်ခိုင်းတာ ကောင်းတာပေါ့။ ပွင့်ပွင့်လင်းလင်းရှိတာရော ကိုယ်ဘာလိုချင်တယ်ဆိုတာ သိတာရောကြောင့် သဘောကျမိတယ်။

ထူးချွန်ထက်မြက်ပြီး အများအကျိုးသယ်ပိုးနိုင်တဲ့ သားတစ်ယောက်ဖြစ်ပါစေ။

Nge Naing said...

ံပျော်ရွင်စရာ မွေးနေ့ ဖြစ်ပါစေ။
၁၁ နှစ်မြောက်မွေးနေ့မှသည် ဘ၀တလျှောက်လုံး ပျော်ရွှင်ပါစေ။

အစ်မသားက ဒီအတိုင်းဆို သိပ်လူကြီးဆန်တာပဲနော့်။ အစားအသောက် သိပ်ကြိုက်တာ အစ်မ သိပ်ကံကောင်းတာပဲ။ ကျွန်မသားကတော့ အစားကို အတင်းကြွေးမှ စားတယ်။ ကစားပဲမက်တယ်။ ကျွန်မသားလေးလည်း July မှာပဲ မွေးပါတယ်။

မီယာ said...

Happy birthday အံ့ထူးပိုင်!
အမေတွေက ကလေးတွေ အကြောင်းရေးရင် ဖတ်လို့ သိပ်ကောင်းတာပဲ အမရယ်။
ဆရာမခက်မာရဲ့ သားထဲမှ သင်ယူခြင်း ၀တ္ထုတွေကို စွဲစွဲလန်းလန်း ဖတ်ဖူးတယ်။

Anonymous said...

Happy Birthday
mm

အချစ်မဲ့ဂစ်တာ said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးတယ် ညီလေး..ပိုင်ထူးအံ့ရေ..

tututha said...

သားသားက ပုရစ်ကြော်လည်း ကြိုက်တယ်နော် အစ်မ .. သူကြီးလာရင် သူလုပ်ချင်ရာလုပ်မှာပဲ .. ဘာလို့လဲဆိုတော့ အမေတူမို့လို့ :P

:P said...

Happy Birthday !!

Rita said...

စိတ်ဝင်စားစရာ သားသားအကြောင်းပါလား။

လေးဘက်ထောက်မသွားဘဲ ထိုင်ရာကနေ ဖင်ရွှေ့သွားပြီး လမ်းတန်းလျှောက်တာတော့ တူတယ်။

သူ့အတွက်ပဲ ဘ၀ဖြစ်လာသလို ထင်ရလောက်အောင် ချစ်ခြင်းမေတ္တာကို ယုံကြည်လာခဲ့တယ်။ ဆိုတာ ဖတ်ရတော့ ကြက်သီးထမိပါတယ်။

Khin Ma Ma Myo said...

Happy birthday. သားသား ပိုင်ပိုင်

rose of sharon said...

Happy birthday to your precious son.
With all best wishes,
Rose of Sharon :)

ညလေး said...

ညလေးရဲ့ မွေးရက်ထက် တစ်ရက်နောက်ကျပြီးမွေးတဲ့ သားလေး စိတ်ကျန်းမာ ကိုယ်ချမ်းသာ ရှိပြီး ဘ၀လမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ် အစ်မရေ..
နောက်ကျသွားတဲ့အတွက်...
အာဘွားးးးး ချစ်မ