ဒါက အော်စလို တရုပ်ဆိုင်က ခေါက်ဆွဲပြုတ်နဲ့ ဘဲကင်
ဒါက အော်စလိုက ပေါ်တူဂီ ထမင်းပဲ သူက ထောပတ်ထမင်းနဲ့ တူတယ၊် ပဲဟင်းကို ပျစ်ပျစ်ချက်ပြီး အနီရောင်ဆိုးထားတယ်၊ သိုးသားနဲ့ စားခဲ့တယ်
ဘာတွေ ဘယ်လိုပဲ ဈေးကြီးကြီး ၊ ကိုယ့်ဖာသာချက်တဲ့ သီးစုံချဉ်ရည်ဟင်းလေးလောက် ဘယ်ဟင်းက ကောင်းမလဲ။ ငါးဖယ်ငါးဆုပ်၊ ဒန့်သလွန်သီး၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီ၊ အာလူး၊ ခရမ်းချဉ်သီး၊( လက်ကျန်ပေါင်းစုဟင်း)
ဝက်ခြေထောက်စွပ်ပြုတ်၊ အစိမ်းကြော်၊ငပိချက်၊ သရက်သီးတို့စရာ
ကိုယ့်အိမ်ကိုယ့်ယာက ထမင်းနဲ့ဟင်းသာ စားလို့အကောင်းဆုံး
ကိုယ့်အိမ်ကိုယ့်ယာက ထမင်းနဲ့ဟင်းသာ စားလို့အကောင်းဆုံး
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
ခင်မင်းဇော်
23 comments:
လာရောက်သုံးဆောင်သွားပါကြောင်း သတိပေးအပ်ပါသည်။
အမ..
သီးစုံဟင်းလေးက စားချင်စရာ...
ကျန်တာတွေထဲကတော့ ဆူရှီနဲ့ ခေါက်ဆွဲပြုတ် ဘဲကင်လောက်ပဲ စားချင်ပါတယ်...
နဲနဲစီ ကျွေးပါနော်...း))
ကြွားရင်လည်း ဖြေးဖြေးချင်း ကြွားလေ...
တခါတည်း အကုန်ကြွားလိုက်ရင် နောက် ထပ် ကြွားစရာ မရှိရင် ဘယ်လို လုပ်မလဲကွယ်။
တီဇက်အေ သူချည်းသာလော....
သက်ဝေရေ.. သီးစုံကတော့ ခဏခဏ ချက်တယ်။ ပါတဲ့ အမယ်တွေသာ မတူတာ..ဟုတ်တယ် အမလဲ သက်ဝေစားချင်တာမျိုးပဲ စားလို့ ခံတွင်းတွေ့တယ် ကျန်တာတွေတော့ ရွေးစရာမရှိလို့ စားရတာ။
မပူပါနဲ့ ဂျူလိုင်ရယ် ချန်ထားပါသေးတယ် ..ဟဲဟဲ
လုပ်မယ့်လုပ်တော့လည်း အသေ...
အင်း ကြိမ်းဝါးထားပုံပဲ....
ဗိုက်ဆာတယ်..
သီးစုံချဉ်ရည်ဟင်းနဲ့..အသုတ်စုံပဲစားချင်တယ်..
ဟားဟားဟား ဖြစ်ရမယ် မမရယ်။
မအယ်ဆို သူများ ရခိုင်မုန့် တီ ကိုယ်မုန့် တီ
သူများ ကြာဇံချက် ကိုယ်လိုက်ချက်
မြင်တာကို အားလုံး လိုက်စားနဲ့ ခု ၀လာပြီ။
အစားအသောက်ပို့စ်ဆိုရင် ထမင်းစားပြီးမှ ကြည့်တော့တယ်။ဟားဟားဟား။
ရှုတ်ရှုတ်ပွေပွေတွေတော့ မကြိုက်တတ်ပါဘူး။ ဗမာစာမြင်ရင် စားချင်လာရောလေ။
မအယ်
မအယ်
sushi စားချင်တယ်..ခုပဲ ကိုဂျုလိုင်ဆီမှာ ဂဏန်းဟင်း ၀င်မြည်းလာခဲ့တာ..အဲ..၀င်ငမ်းတာ..အခု အစ်မကလည်း အားကျမခံ..ကောင်းတယ် ကောင်းတယ်..အစားအသောက်ပျက်တိုင်း ပြန်လာကြည့်ရမယ်..:)
အစ်မရေ
မြင်လိုက်တာနဲ့တင် သွားရေယိုတော့တာပဲ။ ဒါပေမယ့် ကိုယ်မစားတာတွေက များနေလို့ ဂျပန်ဆူရှီ၊ ငါးဖယ်ဆုပ်နဲ့ သီးစုံဟင်းပဲ စားသွားတယ်။ ကျန်တာတွေက မစားတာနဲ့ မကြိုက်တာနဲ့ပဲ။ ခေါက်ဆွဲပြုတ်က ပုဇွန်နဲ့ဆိုရင် တော့ သွားရေယိုစရာပဲ။ ထမင်းစားတာ သိပ်မကြာသေးဘူး အစားအစာတွေကို တွေ့တာနဲ့ ဗိုက်ပြန်ဆာလာတယ်။
အန်တီရေ အိမ်ရောက်ရင် သီးစုံချဉ်ရေ ချက်ကျွေးနော်..
နောက် အသုတ်စုံ ဟိဟိ စားချင်လိုက်တာ သားရေကျတယ်
အများကြီးပဲရော အမ
သရေလာကျသွားတယ်နော်
ကျနော် ရီနို
ဒိအစ်မကြီးလဲ ဆိုးလာပြီပေါ့လေ။ သူများကို အစားနဲ့နှီပ်စက်တတ်လာပြီ။
ခေါက်ဆွဲစားချင်တယ်။
mm
တူး သုတ်တဲ့ အသုတ်နဲ့ ၀က်ခြေထောက်soup လေး ဒီဖက် ကမ်း လိုက်စမ်းပါ အမ..၊ တဆိတ်..။
"အော်"
"အော်" လို့တောင် မအော်နိုင်တော့ပါဘူး အစ်မရယ်။
ညအိပ်မပျော်သေးတုန်း အမဘလော့ကို လာကြည့်မိတာ ဗိုက်ထဲက ဂွီကုန်ပီး(
အမရဲ့ သီးစုံချဉ်ဟင်းလေး စားချင်လိုက်တာ.. စားကောင်းမယ့်ပုံ.. ပြီးတော့ ငပိချက်နဲ့ သရက်သီးစိမ်းလဲ စားချင်တယ်.. :)
တခါမှ မစားဖူးတဲ့ အစားတွေ သရေလာယိုသွားတယ် ..မရေ...................
ဒါတွေ အကုန်လုံး အမတစ်ယောက်ထဲ စားတာ..
ဒေါ်ခင်မင်းဇော်ရေ
လာဖတ်သွားပါတယ် ဦးမင်းဇော်ကြီး နေကောင်းမယ်လို့မျော်လင့်ပါတယ်
ကျတော်မောင်ဇော်ထွန်းပါခင်ဗျာ
အမရေ ဟင်္သာတမုန့်ဟင်းငါးရောမတင်တော့ဘူးလား
ဗမာလူမျိုးတိုင်းဟင်္သာတမုန့်ဟင်းငါးဘယ်လောက်
ကောင်းတယ်ဆိုတာ မစားဘူးရင်တောင်ကြားဘူးကြ
လိမ့်ထင်ပါတယ်.(ဟဲဟဲ ကြွားတာနော်)
ကဲ... မှတ်ကရော
းဝ)
နောက်ဆုံး အစားအစာ သုံးမျိုးနဲ့ ဆူရှီကို အစားချင်ဆုံးပဲ။
ကြွားချင်တာက များနေသလားလို့
Post a Comment