Sunday, February 7, 2010

သားသား( ၄)

စာမရေးတာကြာပြီး ပြန်ရေးဖို့ ပြင်တော့ သားသားအကြောင်းပဲ ရေးချင်လာတယ်။
ဒီတခါတော့ သားသားရဲ့ ၀ါသနာတချို့ မှတ်တမ်းတင်ထားချင်လို့ပါ။

သူက စွန့်ဦးတီထွင်တော့ဖြစ်မယ်မထင်ဘူး။ ဘာ့ကြောင့်ဆို ငယ်ငယ်က ကစားစရာအသစ်တခု ၀ယ်ပေးရင်တောင် ချက်ချင်းကိုင်မဆော့ဘူး။ သူ့ကိုတယောက်ယောက်က ဆော့ပြရသေးတယ်။ ဘာမှမဖြစ်ဘူး လို့ သူစိတ်ချမှ ကိုင်တတ်တဲ့အမျိုး။ ဒါ့ကြောင့်လဲ သူငယ်ငယ်က အပူလောင်တာ ချော်လဲတာ ဘာညာ သိပ်မရှိဘူး။ ဘယ်အလုပ်မဆို ချက်ချင်း ဇိုးကနဲ ဇတ်ကနဲ မလုပ်ဘူး။

သူ စိတ်ဝင်စားတာက discorvery လိုမျိုး မှတ်တမ်းကားတွေ ၊ နောက် ကမ္ဘာလုံး တွေပဲ။ ငယ်ငယ်တုန်းက ကမ္ဘာလုံးခပ်သေးသေးတွေပဲ ရလို့ အကြီးကြီး ရရင် ၀ယ်ပေးမယ်လို့ ပြောထားခဲ့ဘူးတော့ ထိုင်းကိုရောက်တဲ့အခါ ကမ္ဘာလုံးအကြီးကြီးတွေ တွေ့ရင် ၀ယ်ခိုင်းတတ်တယ်။

ဒါပေမယ့် ခုနည်းနည်းကြီးပြီး ကွန်ပျူတာ ကိုင်တတ်တဲ့အခါမှာတော့ google earth ကိုဒေါင်းလုပ်ဆွဲပေးခိုင်းနေပြီ။ အိမ်ကို နိုင်ငံတကာက ရဲဘော်ဟောင်းတွေ တယောက်ယောက်လာလည်ရင် ဘယ်နိုင်ငံကလဲမေးပြီး သွားရှာတာပဲ။ တခါတလေကျ သူနေခဲ့တဲ့ မြို့ ကို ပြန်သွားရှာကြည့်တတ်သလို ခုနေတဲ့ မြို့ကိုလဲ အသေအချာ လိုက်ကြည့်နေတတ်ပြီ။ သူတက်တဲ့ကျောင်း ၊ မြို့အ၀င်လမ်း ၊ ဆေးရုံ စသဖြင့် တွေ့တဲ့အခါ မိဘတွေကို ခေါ် ခေါ် ပြတာပဲ။ သူကမ္ဘာကြီးက နိုင်ငံတွေ မြို့တွေကို စိတ်ဝင်စားတာကတော့ ခုကတည်းက သားသားဘယ်တော့ အဲဒီနိုင်ငံတွေကို သွားလို့ ရတော့မလဲ လို့ ခဏခဏမေးတာပါပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အခါ သားသွားချင်တဲ့ နိုင်ငံတွေကို သွားလို့ရလိမ့်မယ်လို့ ဖြေပေးထားရတယ်။

သားသားရဲ့ ကမ္ဘာလုံးများ
တီဗွီသတင်းက တခုခုဖြစ်တဲ့နိုင်ငံမျိုးတွေကို ကြားရင် ချက်ချင်း ဂူဂဲလ်အတ်ထဲဝင် ရှာတော့တာပေါ့။ ပြီးရင် မေးမဆုံးတော့ဘူး။ လေမုန်တိုင်းတိုက်တာ၊ ရေကြီးတာ၊ နှင်းကျတာ၊ ကမ္ဘာမှာ ကုန်းမြေထက် ရေတွေက များနေတာ ၊ အပင်တွေမှာ ဘယ်လိုအသက်ရှိတာ စသဖြင့် တနေ့တမျိုးမရိုးရအောင် ခုတလော ပြောနေပြန်တာပဲ။ သူက နှင်းတွေကို ကိုင်ကြည့်ချင်သေးသတဲ့။

နောက် အားကစားတခုခု လုပ်လို့ သူရှုံးရင် မခံချင်ဘူး။ ခုတလော ကြက်တောင် ရိုက်လို့ ရှုံးလာရင် မကျေမနပ်နဲ့ ပြန်လာတတ်တယ်၊ ချက်ချင်းတော့ ဘယ်နိုင်ပါ့မလဲ။ အလေ့အကျင့်ဖြစ်အောင်နေ့တိုင်း ကျင့်ရတယ် ဒါမှ သူများတွေကို နိုင်မယ်လို့ ပြောပြရင်း သူ့အဖေက သူ့ကို လေ့ကျင့်ပေးရတယ်။ အဲဒီအခါကျ သူ့အဖေကို ပြောတတ်တာက ပါပါး အဲဒီကောင်တွေနဲ့ တရက်လောက် လိုက်ရိုက်ပါလားတဲ့။
မနက်ပိုင်း ကျောင်းတက်ခါနီး
တလောက မိတ်ဆွေတယောက်က သူ့တူမနဲ့ မင်းကိုပေးစားမယ်လို့ ပြောလို့ ထမင်းစားရင်း သူ့မှာ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုလိုက်ရတာ ၊ သူ့အဖေက ငယ်သေးလို့ပါကွာ လို့ ပြောတော့ စိတ်တွေဆိုးလို့၊ သားကို ချစ်လို့စတာ ၊ တကယ်မဟုတ်ဘူး ဒါ့ကြောင့် သူ့ကိုလဲ ပြန်စလိုက် ဘာညာနဲ့ မြှောက်ပေးရသေးတယ်။
မနှစ်တုန်းကသင်္ကြန်မှာ စင်ပေါ်တက် ဟစ်ဟော့ပ် နဲ့ ကသတဲ့၊
ခုတလောတော့ ဒီနှစ်ကျောင်းပိတ်ရက် ကိုရင်ဝတ်ချင်အောင် နားသွင်းနေတုန်းပါပဲလေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

18 comments:

မေငြိမ်း said...

အင်း တယောက်တည်းမွေးထားတော့လည်း မှတ်မှတ်သားသား ရှိပါ့.. ဒီမတော့ ၃ယောက်ဆိုတော့ မှတ်မနိုင်တော့ဘူး.. ဟီးးး

Anonymous said...

ပိုင်ပိုင်စိတ်ဝင်စားတာမျိုးတွေက ကလေးတယောက်အတွက် အရမ်းကောင်းတဲ့အရာလေးတွေ။ နောက် ကလေးတိုင်းက အဲလိုမျိုး စိတ်မ၀င်စားတတ်ဖူး ။ ဟိုတခါ ဂဏန်းတွေနဲ့ပတ်သက်ပြီး ပြောတုန်းကလည်း impressed ဖြစ်နေတာ။ သူ့လိုကလေးမျိုးတွေ့တော့ .. အော် ငါငယ်ငယ်ကဆို အဲလိုသိရမှန်း မေးရမှန်းတောင်မသိဘူး လို့ စဉ်းစားမိပြီး ပိုင်ပိုင့်လိုကလေးမျိုးတွေအတွက် ၀မ်းသာအားရဖြစ်မိတယ်။

(ညီမ)

တေဇသူရ said...

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

Anonymous said...

အမေရိကန်အစိုးရပေးတာ နာဂစ်အတွက်ပါ ပါတယ်ဟ ငတုံးရ။ နယ်စပ်မှာ ဒိုနာတချို့က ၂၀၁၀ ကို လက်ခံမှ ပေးမယ် ဆိုလို့ မပေးလဲ ရပ်တည်ကြမယ်ဆိုတဲ့ အဖွဲ့တွေ ရှိနေတာ လေ့လာလိုက်ဦး။ အားရင် သူများလက်ညှိုးထိုးချင်နေတာကိုးး

Nge Naing said...

အစ်မသားက ဒေသန္တာရကို ပိုစိတ်ဝင်စားတယ်ပေါ့။ ဒါဆိုရင် သိပ်တော်တယ်။ ကျွန်မသားကတော့ မနေ့က အိမ်စာ လုပ်နေရာကနေ General Ability ဆိုတဲ့ Subject ထဲက မေးခွန်းတခုကို ဖြေရင်း မြောက်အမေရိကတိုက်မှာ ဘာနိုင်ငံတွေ ရှိလဲလို့ ကျွန်မကို မေးလိုက်တယ်။ ကျွန်မလည်း နင် ၆ တန်း ရောက်နေတာတောင် ဒါကို မသိဘူးလားလို့ စိတ်တိုပြီး ဒီလောက်ပဲ ညံ့ရတယ်ဆိုပြီး အပြစ်တင်တာကို သူက မေမေ မပြောပြရင်လည်းနေပါ ဒါစိတ်တိုစရာလည်း မဟုတ်ဘူး။ Burmese adult, Asian adult တွေဟာ ဘာဖြစ်လို့ ဘာမဟုတ်တာနဲ့ ဒီလောက် Sensitive ဖြစ်ရတာလဲ ဆိုတာ နားလည်လို့ကိုမရဘူးလို့ ပြန်ပြောလို့ သားအမိနှစ်ယောက် အခြေအတင် ဖြစ်ရသေးတယ်။

သက်ဝေ said...

အမရေ... သားအကြောင်းဖတ်ရတာ ချစ်စရာ... သားက ကြီးလာတယ်နော်...း))

ကောင်မလေးတွေနဲ့ စရင် မျက်ရည်ကျအောင် စိတ်ဆိုးတတ်တာကတော့ အတူတူပဲ...
ကြီးလာလို့ အဲဒီအကြောင်းတွေပြောရင် မျက်ရည်ကျရမှာက အမေတွေအလှည့်ပဲ
ဖြစ်မယ်ထင်ပါတယ် အမရယ်.. နော်...း((

ခင်မင်းဇော် said...

မေငြိမ်းရေ.. တဦးတည်းမွေးမိတော့လဲ ဒါလေးပဲ လှည့်ပတ်ပြောနေရတာပေါ့ဟာ နင့်လို ပြောစရာ များများမှ မရှိတာ။
ညီမရေ..ပိုင်ပိုင့်စိတ်ကလဲ တော်ကြာတမျိုးပြောင်းချင် ပြောင်းဦးမှာပါကွယ် .. အစိုးမရတဲ့ စိတ်။
ငယ်နိုင်ရေ.. ကလေးကတော့ မသိရင် မေးမှာပဲပေါ့။ အမကတော့ သူမေးလာသမျှ သေချာ ရှင်းပြတယ် ကိုယ်မသိတဲ့အရာဆို သိတဲ့လူကို ကိုယ်တိုင် လိုက်ရှာမေးပေးတယ်။ အဲလိုမေးနေဖို့ လိုတာမဟုတ်လားကွယ်။ သူတို့မေးတာကို ဂရုတစိုက်ဖြေပေးရင် သူတို့က ပိုမှတ်မိသွားတယ်လေ။ နောက်ဘာမဆို မေးချင်စိတ် မေးခွန်းထုတ်တတ်တဲ့စိတ် ဖြစ်လာတာ အကောင်းစိတ်ပါ ညီမရေ။ ကြိုးစားဖြေပေးလိုက်ပါ။
အမကတော့ ကလေးကို ငေါက်တာ ဆူတာ ရိုက်တာတွေ မကြိုက်ဘူး။ ကိုယ်ငယ်ငယ်က အရိုက်ခံခဲ့ရတာမို့ ကိုယ့်ကလေးကျရင် ဘယ်တော့မှ မရိုက်ဘူးဆိုတာ ဆုံးဖြတ်ထားပြီးသားလေ။
သက်ဝေညီမရေ... အဲဒီအချိန်ကျရင်လဲ သားချစ်တဲ့လူကို လိုက်ချစ်နိုင်အောင် ခုကတည်းက အားမွေးထားကြရအောင်လေ။

tg.nwai said...

အမရေ...သားသားအကြောင်းလာဖတ်သွားပါတယ်..ကမ္ဘာလုံးတွေမြင်တော့ သဘောတကျ ပြုံးမိတယ်...အိမ်က သားငယ်လည်း ကမ္ဘာလုံးကို ဘာဖြစ်လို့ သဘောကျမှန်းမသိဘူး..google earth ကိုလည်း လှည့်ပတ်ပြီး ရှာဖွေနေတော့တာပဲ...

သားသားက safety ကို ကရုစိုက်တယ်ဆိုတော့ သိပ်ပြီးစိတ်ပူစရာမလိုဘူးပေါ့...ဒါလည်းကောင်းတာပဲ...

ကောင်မလေးနဲ့ စလို့ သဘောမကျတာကိုတော့ အမေပီပီ သဘောကျချင်သား အမရေ.. အိမ်က သားတွေကတော့ ပြုံးဖြီးဖြီးနဲ့လေ...:)

မဆုမွန် said...

လူကြီးတွေက ဗြောင်းဆန်ပြီး ကခုန်ဆိုနေတဲ့ ကာရာအိုကေခန်းမှာ ထိုင်းသီချင်းကိုလည်း မျက်နှာခပ်တည်တည်နဲ့ ငြိမ်ငြိမ်လေးဆိုသွားတဲ့ ဆူရှီကြိုက်တဲ့ မောင်လေးကို မှတ်မှတ်ရရဖြစ်မိတယ်။။

Moe Cho Thinn said...

အမရေ
သူစိတ်ဝင်စားတဲ့ အကြောင်းအရာက ကောင်းလိုက်တာ။ အသိဥာဏ်လဲ တိုး၊ ဗဟုသုတ လဲ ရ။ ကလေးတယောက်အနေနဲ့ သိပ်တော်တယ် ပြောရမယ်။ အမ ကံကောင်းပါ့။
ချိုသင်းဆို ကမ္ဘာပေါ်က နေရာတွေ သိဖို့ ဝေးလို့ ကိုယ့်မြို့ထဲတောင် မမှတ်မိချင်။ :))

Anonymous said...

သားသားအကြောင်းရော..
ကော်မန့်တွေရောဖတ်ပြီး..ပြုံးဖီးဖီးဖြစ်နေတယ်..
မသိဂီ င်္သားတွေလိုပေါ့နော်..ဟီးး..
ဟိုတလောကတော့..ချန်းသဘောကျတဲ့ကောင်လေးကို..
သူတို့အတန်းထဲက..နောက်ထပ်ကောင်မလေး၅ယောက်လောက်ကဝိုင်း
သဘောကျနေလို့တဲ့..သူလာပြောပြနေတယ်..
ကျနော်က..မိန်းကလေးသိက္ခာကျလိုက်တာ..လို့ပြန်ပြောလိုက်တယ်..


ပေါက်

ရန်နိုင် said...

အဖေတူသားလေး ... ဒီအရွယ်ထဲက ဟစ်ဟော့ချင်နေတယ် ...

Unknown said...

ဟားဟားဟားဟား
ကိုယ့်ကိုယ်ကိုယ်ယုံပြီး သတ္တိရှိရင် မဖျက်ကြေး။

Unknown said...

တော်လှန်ရေးလုပ်နေသရောင်ရောင်နဲ့ကိုယ့်ဝင်ငွေအတွက်
ကိုယ့်ဘာသာသတင်းလုပ်ငန်းလုပ်နေပြီးတော့ အချိန်တန်၇င်ဒီသားလေးနိုင်ငံခြားပို့ရေးပဲလုပ်မှာမလား
တနေ့ချင်းမှာတော်လှန်ရေးအတွက်လုပ်တာ ဘယ်နှနာရီ
ရှိလဲ။ကိုယ်ကိုယ်တိုင်လုံလုံလောက်လောက်ကိုယ်ကျိုးမစွန့်
နိုင်သေးပဲ သူများတွေကို (ဘူမသိကိုးမသိ)အော်ကြော့
လန် လိုက်မဖိုက်နေပါနဲ့။ စစ်အာဏာရှင်ကို ခင်ဗျားမုန်းတာတော့ လက်ခံပါတယ်။ခင်ဗျားယောက်ကျား
လို နေတတ်အောင်နေပါ။ဘယ်နှရက်တင်ထားရဲလဲ

ခင်မင်းဇော် said...

သတ္တိ ရှိလို့ အနောနီးမတ်တောင် ပေးထားတာပဲ ကွယ်။ ဘယ်ကောမန့်မှ မဖျက်ဖူးဘူး။ ရှင့်လို တော့ နာမည်ဝှက်နဲ့ လက်သီးပုန်းမပြတတ်တာပဲ ရှိတာပါ။ ရှင်လဲ သတ္တိရှိရင် ကျမရှေ့မှာ ကျမကို လက်ညှိုးငေါက်ငေါက်ထိုးပြောလို့ ရပါတယ် ဟဲဟဲ

Anonymous said...

Wasting time is robbing oneself.


--------------
French National School of Administration

Anonymous said...

Politeness costs nothing and gains everything.

-----------------------------------

မောင်သီဟိုဠ် ( မင်း ကင်း ) said...

ကောင်းတယ်သဘောကျတယ် အချိန်မရလိုအကုန် မကြည့်မဖတ်နိုင်တာတော့ စိတ်မကောင်းဘူးနောက်တစ်ခေါက် လာမယ်