Monday, June 21, 2010

အန်တီစုပြီးရင် ကိုယ်

ခေါင်းစဉ်ကြည့်ပြီး တလွဲတော့ မတွေးလိုက်ကြပါနဲ့။
အန်တီစုမွေးနေ့ပြီး တရက်ကျော်မှာ ကျမရဲ့ မွေးနေ့ပါလို့ ပြောချင်တာပါ။(အနှစ် နှစ်ဆယ်တိတိ ကွာခြားပါတယ်)
ဒီနေ့တော့ ဘလော့လာ ရွှေပရိတ်သတ်များကို ကျမ်းခန့်သာလို့ မာပါစေလို့ ဒီစာမျက်နှာပေါ်ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘလော့လေး စတင်ရေးသားခဲ့တဲ့ ၃ နှစ်ပြည့်လဲ ဖြစ်တာမို့ ကျမ သိစေချင်တာ ခံစားစေချင်တာ ဝေမျှချင်တာတွေကို လာရောက်ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူ ဘလော့ဖတ်သူများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းဘလော့ရေးဖော်ရေးဖက်အနေနဲ့ လှည့်လည်ဖတ်ရှုဖို့ရောက်လာသည်ဖြစ်စေ။ မျက်စိလည်လမ်းမှားလို့ ဖြစ်စေ တမင်လာရောက်အားပေးကြသည်ဖြစ်စေ၊ ကောမန့်တွေနဲ့ အားပေးသည်ဖြစ်စေ၊ ကောမန့်မချပဲ တိတ်တဆိတ် ပြန်လှည့်သွားသူဖြစ်စေ အားလုံးကို ကျေးဇူးတင်နေမှာပါ။ ကျမရဲ့ ဘလော့မှာ တင်ထားသမျှအားလုံး စာဖတ်သူ တစုံတရာ(အချစ်၊ အမုန်း စသဖြင့် ရသ၉ပါး တပါးပါး) ခံစားရရှိသွားစေဖို့ ရည်ရွယ်ပါတယ်လို့လဲ ပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။

မအားတာနဲ့ ရေးဖို့ပျင်းနေတာကြောင့် အရင်ကလို ၀တ္တုတို ရှည်လေးတွေ မရေးဖြစ်နေတာကိုလဲ စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။
ကျမ စာရေးဆရာမ မဟုတ်ပေမယ့် ပရိတ်သတ်ကို ဆွဲငင်ဖမ်းစားနိုင်တဲ့အရေးအသား ဇာတ်အိမ်ကြီးတွေနဲ့ စာရေးဆရာမတဦးဖြစ်ချင်ပါတယ်။ အဲဒီအတွက် ဇွဲ ရှိဖို့ လုံ့လစိုက်ဖို့ ကိုယ့်ကိုယ်ကို အသိပေးနေဆဲပါ။

ဒါနဲ့ပဲ အသက်တနှစ်ကြီးလာပြန်တယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်းကို ဆက်လက်လျှောက်လှမ်းနေဦးမယ်။
ကိုယ့်ရွေးချယ်မှုကို ယုံကြည်ချက်က တွန်းအားပေးပါတယ်။
ကျမကို ကျေးဇူးမတင်ကြပါနဲ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

14 comments:

ကိုပေါ said...

၄၅ နှစ်မြောက် မွေးနေ့မှ စလို့…… နောင်နှစ်ပေါင်းများစွာအထိ ပန်းတောင်မမ… အဲလေ… မခင်မင်းဇော်တယောက် ကိုယ်စိတ်ချမ်းသာစွာဖြင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေသတည်း…..လို့ တိုင်းပြည်အမြန်ဆုံးလွတ်မြောက်ရေးနဲ့ပါ တွဲပြီး ဆုတောင်းပေးလိုက်ပါတယ်။

Lin said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့ ဖြစ်ပါစေ
နိုင်ငံအကျိုးကိုဒီထက်တိုးပြီး သယ်ပိုးနိုင်ပါစေ

Anonymous said...

ပြည်ပမှာ အဆင်ပြေမှုတွေကြုံလာတိုင်း သာယာမိန်းမောမနေတတ်ဘဲ
အဆင်မပြေနေတဲ့ မြန်မာပြည်ကြီးကို လည်ပြန်လှည့် တတ်တဲ့ မခင်မင်းဇော်တွေ ပေါ်ထွက်လာအုံးမယ်လို့  ယုံကြည်နေပါတယ်။ (KM)

Maung Myo said...

့ဟက်ပီးဘတ်ဒေး =)

မထင်ရဘူး သွက်လက်ဖျက်လက်နေလို့ လူငယ.်လေးတစ်ယောက်လိုပဲ ။

Lun Lunn said...

အမရေ …

(၄၅)နှစ်မြောက် မွေးနေ့မှ နှစ်ပေါင်း (၁၂၀)တိုင်တောင် ကျန်းမာ ချမ်းသာ၍ လိုအင်ဆန္ဒများ အမြဲပြည့်ဝပြီး ချစ်ခင်မြတ်နိုးရသော ချစ်ခင်ပွန်း၊ သားသမီးများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ စုစုစည်းစည်း နေထိုင်နိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်း ပါးလိုက်ပါတယ်။

Anonymous said...

စာရေးဆရာမ ဖြစ်ချင်တယ်တဲ့လား မမ။ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စာရေးဆရာမ ဖြစ်နိုင်ပါစေ။ နအဖ မှ မကောင်းတာ မဟုတ်ပါဘူး ပြည်ပ အတိုက်အခံ အင်အားစုတွေမှာ မကောင်းတဲ့ သူတွေ၊ မကောင်းတဲ့ လုပ်ရပ်တွေ တပုံကြီး ဘယ်သူမှ မရေးကြပါလား။ ကျနော်တို့ ကတော့ နအဖ ကို မုန်းသလို ပြည်ပက နိုင်ငံရေးသမားတွေကို မုန်းတယ်။ကျနော်တို့  အားကိုးတာ NLD ရယ်၊88 မျိုးဆက်ရယ် ဒါပါပဲ။ NLD ဆိုလို့  NLD(LA) ကို ပြောတာမဟုတ်ဘူးနော်။ အထဲက NLD ကိုပြောတာ။

Unknown said...

Happy Birthday ပါအစ်မ။ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပါစေ။

မေအိခင်(လယ်ဝေး) said...

မေ့ သွား တယ်အမ ဆောရီးနော - ကျမ ထက် (ရ)နှစ်ကျော်ကြီး တယ် လို့ ဘယ်လိုမှမမြင် ခဲ့ဘူး ။
ဘယ်လောက်ပင်ပမ်းပင်ပမ်း နုပျိုနေတာလည်း
ဝိသာခါ ဆုတောင်း ပဲ အမရ - ဒီထက်ပိုတဲ့အဆင်ပြေ
ပျော်ရွင်မှုတွေနဲ့  ရည်ရွယ်ချက် တွေ ပြီးမြောက်ပါစေ ။
သူတော်ကောင်းတွေနဲ့ ပေါင်းဖေါ်ယှဉ်တွဲ နိုင်ပါစေ ။
ကိုမင်းဇော်နဲ့ သားသားလေးအတွက် လည်း ထီးလို အရိပ်မိုး လလိုအလင်းမျိုး ကို ဒီ့ ထက် ပို တိုး လို့ ပေး နိုင်ပါစေ အမ -

မေအိခင်

မင်းဒင် said...

ဘွားဇော် အသက်ရာကျော်ရှည်ပါစေဗျာ ။
ချမ်းသာကိုယ်စိတ် မြဲပါစေဗျာ ။

မင်းဒင်

Nge Naing said...

Happy Birthday!!!
မွေးနေ့အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်း၇ပါစေ။

ဘလော့၈်မှာ ပို့စ်တင်ထားမှန်းမသိလိုက်ဘူး။ ဒါကြောင့် Facebook မှာပဲ ဆုတောင်းခဲ့တယ်။

ခင်မင်းဇော် said...

မွေးနေ့ဆုတောင်းပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
အနောနီးမတ်နဲ့ ၀င်ပြောတဲ့ တယောက်ကိုလဲ ပြောပြချင်ပါတယ်။ ပြည်ပနိုင်ငံရေးသမား လို့ အားလုံးကို သိမ်းကြုံးပြောရင်မှားပါလိမ့်မယ်။ အချိန်က စကားပြောမှာပါ။ အမအနေနဲ့တော့ အာဏာမရှိတဲ့ လူနည်းစုရဲ့အမှားကို အာဏာရှိလူနည်းစု အမှားနဲ့တော့ ယှဉ်မရေးချင်ပါဘူး။ ဒါ့အပြင် အနောနီးမတ် မုန်းတယ် ဆိုတဲ့ လူတွေချည်းပဲ ပြည်ပမှာ နိုင်ငံရေး တော်လှန်ရေး လုပ်နေတာ မဟုတ်ပါဘူး။ အနောနီးမတ် မသိပဲ တကယ်လုပ်နေတဲ့ လူတွေလဲ ရှိပါတယ်။ တကယ့်ထဲထဲဝင်ဝင် ဒီနယ်ပယ်ထဲမှာ နေကြည့်မှ သိနိုင်မယ့် အချက်အလက်တွေရှိတာမို့ အပြင်က အမြင်နဲ့ တဖက်သတ်မပြောစေချင်ပါ။

အိမ့်ချမ်းမြေ့ said...

အစ်မ...

ကမ္ဘာ့ဖလားနေ့နေ့ညညကြည့်နေတာရယ်..အိမ်ပြောင်းတာရယ်နဲ့ ရှုပ်နေလို့ ခုမှာလာနှုတ်ဆက်ဖြစ်ပါတယ်။ အစ်မ ဘလောဂ်လေး ပိုလှသွားတယ်။ သတိအမြဲရပါတယ်အစ်မ.. အစ်မမေငြိမ်းဘလောဂ်လည်း ရောက်ပါတယ်။

"ပရိတ်သတ်ကို ဆွဲငင်ဖမ်းစားနိုင်တဲ့အရေးအသား ဇာတ်အိမ်ကြီးတွေနဲ့ စာရေးဆရာမတဦးဖြစ်ချင်ပါတယ်" ဆိုတဲ့အတိုင်း တစ်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

တန်ခူး said...

မ ရေ... နောက်ကျမွေးနေ့ ဆုတောင်းလေးအတွက် ခွင့်လွှတ်ပါ... ဒီမွေးနေ့ မှသည် ချစ်တဲ့မိသားစုလေးနဲ့ သာယာငြိမ်းချမ်းသော မွေးနေ့ ပေါင်း ရာထောင်သောင်းတိုင်ပါစေလို့ ....

Anonymous said...

ဒေါ်လာစား မမ ခင်မင်းဇော်။ နိုင်ငံကို အပုတ်ချဖို့ တစ်နှစ်လျော့သွားတဲ့အတွက် ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်ပါတယ်။ ဒေါ်လာစားဖို့ တစ်နှစ်လျော့သွားပြီပေါ့။