Sunday, October 16, 2011

ဘလော့ထဲက အမှတ်တရများ

အင်တာနက်ထဲက အတုအယောင်ကမ္ဘာလို့ ပြောချင်သလိုပြော…
အဲဒီလောကကြီးထဲ ယူတတ်ရင် ကျေနပ်စရာတွေ ရတတ်တာပါပဲ။
ကျမကတော့ blog ဘလော့တခုလုပ်မိရင်း စာတွေရေးချင်တာ ရေးခဲ့တယ်။ ဖတ်ချင်တဲ့ ဘလော့တွေ ၀င်ဖတ်တယ်။ ဒီလိုနဲ့ တကယ့်အပြင်မှာတွေ့ဆုံရသလို ခင်မင်းရင်းနှီးစွာ စနောက်ရင်း တယောက်ရင်ဘတ်တယောက်မြင်တတ်ခဲ့တဲ့ သူငယ်ချင်းတွေ ညီမတော်တွေ အများကြီးကို ရရှိစေခဲ့တယ်။
နောက် facebook ဆိုတဲ့ မျက်နှာ စာအုပ်ထဲ ၀င်လိုက်ပြန်တော့လဲ ပျောက်ဆုံးနေတဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဆွေမျိုးတွေကို ပြန်တွေ့ရပြန်တယ်။ ဘယ်လောက် ကောင်းလိုက်သလဲနော်။ အဲဒီထဲက အမှတ်တရ အဖြစ်အပျက်ကလေးတွေ ပြန်ပြောပြချင်တယ်။

အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ကို ကလစ်ပါ။

အမှတ်တရ -တစ်

ဘလော့ဝင်ဖတ်ရင်း ဒီအကြောင်းတွေ ငါသိပါတယ်။ အမများရေးနေတာလား အမကိုယ်တိုင်လား ဆိုပြီး ဘလော့အောက်ခြေမှာ ထည့်ထားတဲ့ ဂျီမေးလ်ကနေတဆင့် ဆက်သွယ်လာတဲ့ ချစ်လှစွာသော နာမည်ကျော်တေးရေးဆရာရဲ့ ဇနီးက အံ့သြကုန်နိုင်ဘွယ် ပြန်တွေ့ကြရတာကို ပြောပြတာလေးတွေမှာ ကိုယ်က စီးမျော ပျော်ရွှင်ခဲ့ရတယ်။

အမရဲ့ ဘလော့ကို သူငယ်ချင်းက ဖတ်ကြည့်ပါလား သိပ်စိတ်ဝင်စား ဖို့ ကောင်းတယ် ထောင်ထဲကအကြောင်း စစ်ကြောရေးက အကြောင်းရေးထားတာ ဆိုပြီး လင့်လေး လာပေးတာတဲ့။ ပုသိမ်ဆိုတဲ့ စာလုံးလေး မြင်ကတည်းက စိတ်ဝင်စားချက်က တထိုင်တည်း အားလုံး ပြီးအောင် ဖတ်ချင်စေခဲ့တယ်တဲ့။ ပုသိမ်ထောင်နဲ့ ပုသိမ်က သူငယ်ချင်းတချို့ နာမည်တွေ ဖတ်မိပြီးဘလော့ ခေါင်းစဉ်ပြန်ကြည့်တော့ ခေါင်းထဲမှာ ကာတွန်းတွေထဲက မီးသီးလေး လင်းလာတယ် အမပဲ ဆိုတာမျိုး စိတ်ထဲမှာ ကို သိလိုက်တယ်တဲ့။ ဒါနဲ့ မေလ်းများ ပေးထားမလား လိုက်ရှာတာ တော်တော်နဲ့ ရှာမတွေ့ဘူးဆိုပဲ။နောက်ဆုံးမှ အောက်ဆုံးက မေးလ်လိပ်စာကို ရလိုက်တာတဲ့။ ဖေ့ဘွတ်ထဲလဲ ရှာလိုက်တယ်။ kyi kyi khin is me. ဆိုတာလေးတွေ့တော့ ဟုတ်ပါပြီပေါ့။ ပြန်တွေ့ကြတော့ ဖုန်းနံပါတ်တောင်းပြီး ဖုန်းဆက် စကားပြောလိုက်မိတာ ၂ယောက်လုံး ရေပက်မ၀င်ဘူး။ ပုသိမ်ရွှေပြည်သာဈေးက ဆိုင်ခန်းရှေ့မှာ ချထားတဲ့ ခုံတန်းလေးမှာ ပြောခဲ့သလို ဖုန်းထဲကနေ ၂ယောက်စလုံး တပြိုင်တည်း ပြောနေခဲ့မိတာတောင် ရှိခဲ့တယ်။

သားတယောက်နဲ့ သူက တကိုယ်တော်ရုန်းကန်ခြင်း လုပ်နေရင်း တလောက ဖုန်းဆက်လာတယ်။ သူ့မှာ အကျိတ်တွေ ဖြစ်နေလို့ ခွဲထုတ်ဖို့ လုပ်တော့လဲ အကြောနဲ့ မလွတ်လို့ မခွဲရသေးဘူးတဲ့။ အဲဒါတွေ စစ်လိုက်ဆေးလိုက် လုပ်နေတာ တော်တော်ကြာသွားပြီတဲ့။ ကင်ဆာကျိတ်လို့တောင် သူက ပြောနေတယ်။ သိလိုက်ရတဲ့အချိန်မှာ မခံစားနိုင်ဘူး။ စိတ်ထဲမှာ သူက ကလေးသာသာ အိမ်ထောင်သည်ဘ၀ အစတုန်းက ပုံလေးပဲ မြင်ယောင်တုန်း။ အရမ်း ရိုးရှင်းပြီး စိတ်ခံစားချက်အတိုင်း လုပ်ချင်ရာလုပ်တတ်တဲ့ သူ့စိတ်လေးက ခုတော့ လူကြီးဆန်ဆန်၊ သားတယောက်အမေဘ၀နဲ့ သူခံစားနေတာ ကြည့်ပြီး ကိုယ်တိုင် လဲပြိုချင်လာတယ်။ ဒါပေမဲ့လဲ အေးမလေးရေ ဘ၀ဆိုတာ ဒီလိုပဲ အရှုံးမပေးနဲ့ တောင့်ထားလို့ အားပေးချင်ပါတယ်။ 

၁၂ ရက်နေ့က တယ်တယ်လွတ်ပြီလားလို့ သူလာမေးတယ်။ (ကျမ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးက ကျမအဖေကို ကျမခေါ်သလိုပဲ လိုက်ခေါ်ကြတယ်။) ဖုန်းဆက်ဦးမယ်။ လူကိုယ်တိုင်လဲ သွားတွေ့ချင်တယ်တဲ့။ 

ဘာပဲ ဖြစ်ဖြစ် ဟိုတုန်းကလို တနင်္ဂနွေဈေးပိတ်ရက်တိုင်း သူတို့ အိမ်မှာ စုဆုံကြပြီး တခုခု လုပ်စားကြတာ။ ဈေးဖွင့်ရက်တွေတိုင်းလဲ နေ့လည်ဘက်ဈေးပါးချိန်မှာ စုထိုင်ပြီး စကားပြောကြတာ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ညီအမတွေလို နေခဲ့ကြတာကို ပြန်ပြီးသတိရမိတယ်။ ကိုယ့်ဘ၀လမ်းကို ကိုယ်လျှောက်ကြတော့ တယောက် တနေရာစီ ကွဲကွာခဲ့ကြလို့။ အဆက်အသွယ်တွေပြတ် သတင်းတွေပြတ်လို့။ သူလဲ ဘ၀မှာ အဆိုးဆုံး အဖြစ်တွေ အခက်ခဲ ဆုံးအချိန်တွေကို ရင်ဆိုင်ဖြတ်သန်းနေနိုင်ခဲ့ပြီပဲ။ တကယ့်ကို လူလားမြောက်တဲ့ ညီမတယောက်အဖြစ် မြင်တွေ့ကြားသိခဲ့ရပြီ။

အေးမလေးရေ .. ဒီပို့စ်လေးကို ဖတ်မိရင် ညီမကို ချစ်ခင်တဲ့ အမတယောက် ညီမအကျိုးကိုသာ လိုလားတဲ့ အမတယောက် ရှိနေသေးတယ်ဆိုတာ သိရင်ဖြင့် ကျေနပ်လှပါပြီ။ မိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတာ အကျိုးစီးပွားတွေပေါ်မှာ အခြေမခံဘူးဆိုတာ အေးမလေး လဲ လက်တွေ့ သိနေတဲ့အချိန်ပါပဲ။ အားတင်းထားပါ။ အမပေးတဲ့ ဆေးနည်းဖြစ်တဲ့ အာလူးစိမ်းကို အရည်ညှစ်ပြီး မနက်တခွက် ညတခွက်သောက်ဖို့ကိုလဲ မမေ့ပါနဲ့။ ဘ၀ကြီးကို အားနဲ့ မာန်နဲ့ ရင်ဆိုင်ပစ်လိုက်ပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

rose of sharon said...

အမခင်မင်းဇော်သူငယ်ချင်းရေ...အားတင်းထားပါ... အမပြောသလို ဘဝကြီးကို အားနဲ့မာန်နဲ့ ရင်ဆိုင်ပစ်လိုက်ပါ...

Mrs. Bagel said...

have a nice time blogging :)

Nge Naing said...

မခင်မင်းဇော် သူငယ်ချင်းအကြိတ်ဖြစ်တာက ဘယ်နားမှာဖြစ်တာလဲ။ ကင်ဆာလို့ ပြောတယ်ဆိုတာက ထင်လို့ပြောတာလား၊ သေသေချာချာ ဓါတ်မှန်တွေ၊ CT တွေရိုက် တစ်ရှူးစ ယူပြီးသေသေချာချာ စစ်ဆေးပြီး ဆရာဝန်က Diagnosis လုပ်ပေးလို့ သိတာလား ဆိုတာ မေးကြည့်ဦး။ တကယ်ကင်ဆာ ဖြစ်လို့ ဆရာဝန်က ဆုံးဖြတ်ပေးလိုက်တယ်ဆိုရင်တောင် ကင်ဆာတိုင်းမှာ အဆင့်အမျိုးမျိုးရှိတယ်။ ကျွန်မမိတ်ဆွေတွေထဲကလည်း လွန်ခဲ့တဲ့ ၇ နှစ်နှစ်လောက်က ရင်သားကင်ဆာပဲ ဖြစ်နေသလိုလို ပြောလို့ ရန်ကုန်ကို တက်လာ အာရှတော်ဝင်ဆေးခန်းမှာ သေသေချာချာ လာစစ်ပါပြောခဲ့တာ ရောက်မလာဘူး။ နောက်တော်တော်နဲ့ အဆက်အသွယ်မရဘဲ အခုအဆက်အသွယ်ပြန်ရတော့ သက်သာသွားပြီတဲ့ ရင်သားကင်ဆာ ဖြစ်ရင် ဒီအချိန်သေတာ ကြာပြီပေါ့။ တကယ်ကင်ဆာ ဖြစ်ချင်နေရင်တောင်မှ ရောဂါက ဖြစ်နေတဲ့နေရာကနေတခြားကို မပြန့်သေးရင် ကျူမာအဆင့်မှာ ခွဲထုတ်လို့ရတယ်။ မစမ်းသပ်ရသေးရင်လည်း စမ်းသပ်ဖို့ အကြံပေးပြီး စမ်းသပ်ပြီးပြီဆိုရင်လည်း ဘယ်အဆင့်ဆိုတာကို မေးကြည့်ပြီး အစ်မအနေနဲ့ အကြံပြုဖို့လိုတာ အကြံပြုသင့်တယ်။ သေသေချာချာလည်း ပြန်မေးကြည့်ဦး ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

Anonymous said...

she's not a single mother! she aldy got a man b4 she officially divorced her husband! anyway i ve no otha intention just want to tell the truth! i hate the ppl who pretend like they r innocent =. in sg everybody kn what kind of person she is! may b u dunt think her that way coz u r her long time friend!

Phung Nguyen said...

hi Awesome blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html