Tuesday, August 14, 2012

ဒီခေတ်




ဒီခေတ်

အနီးဆုံးတွေ အဝေးဆုံး ဖြစ်တဲ့ခေတ်
စာရင်းမရှိတွေ စာရင်းဝင်လာတဲ့ခေတ်
ဖွနိုင်ရင် ပွတက်လာတဲ့ခေတ်
ပြောပါများ အမှန်ထင်လာတဲ့ခေတ်
သွားနေလဲ ခရီးမတွင်တဲ့ ခေတ်
လှုပ်နေရင်း မြုပ်နေရတဲ့ခေတ်
ချစ်ခင်ရင်း မုန်းတီးသွားရတဲ့ခေတ်
လေးစားရင်း ဝေဖန်နေရတဲ့ခေတ်
လက်တွဲရင်း နောက်ကျောကြည့်ရတဲ့ခေတ်
ကြောက်တတ်သူတွေ သတ္တိရှိလာတဲ့ခေတ်
နင်းတတ်ခင်းတတ်မှ နေရာရတဲ့ခေတ်
စားဖားတွေ ကြားကားဆွဲတဲ့ခေတ်
တိမ်မယောင်နဲ့ နက်နဲတဲ့ခေတ်
နက်မယောင်နဲ့ ပြာလာတဲ့ခေတ်
သိက္ခာနဲ့ ရိက္ခာလဲ ဖို့လဲ လွယ်လာတဲ့ခေတ်
ချစ်စရာနဲ့ ပစ်စရာ မှားယွင်းယုံကြည်လာတဲ့ခေတ်
လူများရာ ဤကို ကျွဲဖတ်တဲ့ ခေတ်
ဒီခေတ်
ဘာပဲ ဖြစ်ဖြစ် ပြုံးချင်သူ
(တို့ကတော့)
မနွဲ့တတ်ပေမယ့် ရွဲ့တတ်နေတော့ ခက်သေးတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

mstint said...

ကွန်ပျူတာပိတ်ခါနီး 'ဒီခေတ်' ကဗျာလေးတက်လာလို့ ဖတ်သွားပြီ 3K ရေ။
'တို့ကတော့ မနွဲ့တတ်ပေမယ့် ရွဲ့တတ်နေတော့ ခက်သေးတယ်' ဆိုတဲ့ စာကြောင်းဖတ်ပြီး ပြုံးမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

အမရေ... အရမ်းမိုက်တယ်... ညီမ ပြောချင်တာတွေနဲ့ တော်တော်တူနေလို့သိပ်ကြိုက်တယ်...း))))

Anonymous said...

စားဖားတွေကြားကားဆွဲတဲ့ခေတ် ပာုတ်ပ

Anonymous said...

ဒီကဗျာ သိပ်ကြိုက်တယ် အစ်မခမဇ..

စင်စင်

ကိုပေါ said...

ကြောက်တတ်သူတွေ သတ်တိရှိလာတဲ့ခေတ်ဆိုတာမှာ စင်္ကာပူက ဘလော့ဂါတွေ အများစုပါတယ်… ဟိဟိ။

rose of sharon said...

(မနွဲ့တတ်ပေမယ့် ရွဲ့တတ်နေတော့ ခက်သေးတယ်။)

ခိုက်တယ်..အမကဗျာလေးကို

ခလေးတွေခုမှကျောင်းပြန်တက်လို့ ခုမှဘလော့လည်ထွက်ရတယ်အမရေ...