Sunday, September 2, 2007

ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာ

ဒီလိုလာရောက်စောင့်ဆိုင်းခဲ့ကြတယ်
ဒီနေ့ ထိုင်း မြန်မာ နယ်စပ်မြို့လေး ဖြစ်တဲ့ မဲဆောက်မြို့က တရုပ်ဘုံကျောင်းမှာ နှစ်စဉ်ကျင်းပနေမြဲ ဖြစ်တဲ့ ဆန်လှုပွဲကို ပြုလုပ်သွားပါတယ်၊ ဒီအလှုပွဲမှာ အများဆုံး လာရောက်တဲ့ ဆန်လက်ခံယူသူများကတော့ မြန်မာနယ်စပ်မြို့ကလေး ဖြစ်တဲ့ မြ၀တီမြို့က နှစ်သောင်းခန့်သော မြန်မာပြည်သားများပဲ ဖြစ်ပါတယ်၊
တချိန်က အာရှမှာ ရွှေနိုင်ငံတော် ဖြစ်ခဲ့တဲ့ ၊ မြန်မာနိုင်ငံမြို့တော် ရန်ကုန်မြို့နဲ့ ရန်ကုန်လေယာဉ်ပျံကွင်းဟာ အရှေ့တောင် အာရှမှာ ခေတ်အမီဆုံးအဖြစ် အားကျခံခဲ့ရတဲ့၊ နောက် သခင်မျိုးဟေ့ ဒို့ဗမာ လို့ အားရပါးရ ဟစ်ကြွေးခဲ့ကြရတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀တွေဟာ အခုလို အလှုခံစားရတဲ့ ဘ၀ကို ရောက်ခဲ့ပါပြီလား၊
ကလေးတွေတို့လို့တွဲလောင်းနဲ့ အမေတွေ၊ သားသမီးတွေကို လက်ဆွဲလို့ တမိသားစုလုံး ချီတက်လာတဲ့ မိသားစုတွေ၊ သောင်ရင်းမြစ်ကလေးခြားနေယုံနဲ့ နေထိုင်မှု၊ လုံခြုံမှုတွေ ကွာခြားသွားတဲ့ ဘ၀တွေ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ ကျမရင်ထဲဆို့နစ်ကြေကွဲရပါတယ်၊
ဒီလို လက်ကို ဆေးဆိုးမှတ်သားရပြန်တယ်
ပြီးရင် လက်မှတ်ကလေးတွေယူလို့ တယောက်တစောင်တဲ့
ကလေးတွေကို မုန့်ဝေဖို့ တန်းစီလို့ ပြောလိုက်တဲ့အခါမှာ တန်းစီစနစ်နဲ့ ရင်းနှီးယဉ်ပါးမှုမရှိတဲ့ ဘ၀တွေမို့ စုပြုံတိုးခဲ့တာကို တွေ့လိုက်ရပါတယ်။ ဝေမယ့်သူက အရမ်းခက်ခဲပြီး မဝေဖြစ် ဖြစ်သွားတော့ မြင်လိုက်ရတဲ့ မျက်နှာလေးတွေဟာ အပြစ်ကင်းစင်လွန်းပါတယ်၊
တန်းမစီတတ်လို့ မုန့်မရဖြစ်သွားတဲ့ကလေးတွေ
ဒီလိုနေရာချထားပေးတာလည်း ခံရတာပါပဲ
ကလေးတွေကလဲ နေပူပူ ဆူညံညံသံတွေ ကြားမှာ ခုလို

သူတို့တွေကို နေပူကျဲကျဲမှာ ခုလို တိုးဝှေ့ စောင့်ဆိုင်းနေရတာကို မြင်တွေ့ရတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်နေသူများကို ခေါ်ပြချင်လိုက်တာ၊ မွေးနေ့ပွဲ တခုကို သိန်း ၆၀ အကုန်ခံကျင်းပတတ်တဲ့၊ လှည်းကျိုးထမ်းပွဲကို စိန်တွေစီပြီး သိန်းပေါင်းများစွာ အကုန်ခံတဲ့ နိုင်ငံတော် အကြီးအကဲလို့ ကိုယ့်ဖာသာကိုယ်နေရာယူနေသူတွေကို မြင်စေချင်လိုက်တာ၊
..
ဒီလို ပေးလှုတာပေါ့။ တယောက်တထုပ်နော်
ဒီအထုပ်ကို ဖွင့်ကြည့်တော့

ဒီလူအုပ်တွေထဲက မျက်နှာညှိုးငယ်စွာနဲ့ ဆန် ၅ ကီလို၊ ငါးသေတ္တာ၂ဘူး၊ မာမား ခေါက်ဆွဲခြောက် ၂ ထုပ်၊ဆားတထုပ် ၊အချိုမှုန့် အထုပ်သေး တထုပ် ပါတဲ့ အထုပ်တထုပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ ဒီမြင်ကွင်းတွေ.....

ကျမကတော့ဖြင့် ခံစားလို့ မရနိုင်ပါဘူး၊ ခေတ်စနစ်တခု အောက်မှာ ပျောက်ဆုံးနေရတဲ့ နိုင်ငံသား ဂုဏ်သိက္ခာတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ.....၊
သမီးတို့ စီးပွားရေး အဆင်မပြေလို့ ဒီဆန်ကို လာယူတာပါ.......
ဒီတနေ့စာလောက် ရလဲ မဆိုးပါဘူး အန်တီရဲ့ ၊ဒါ့ကြောင့်အမနဲ့ လိုက်လာတာလေ...
မနက် ၇ နာရီကတည်းက လမ်းလျှောက်လာခဲ့တာ...မြ၀တီမှာ အလုပ်လဲရှားတယ် အမရယ် ...
ကျမ ကျဘန်းအလုပ်ပဲ လုပ်ရပါတယ်..အလုပ်ရတဲ့နေ့ တနေ့ ထောင့်ငါးရာမှာ ဆန်ဖိုးက ၁၂၀၀ အမရယ်စားလို့ မလောက်ဘူး။ ကလေး ၂ ယောက်မှာ တယောက်က ကျောင်းနေတယ်လေ.....ဒီလိုပဲ...ရုန်းကန်ရတာပဲ အမရယ်.........
အဖွားတို့ လာတာ ဒီကို ဘတ် ၃၀ ကုန်တယ် ၊ အပြန်အတွက်တော့ တောင်းရမ်း ပြန်ရမှာပါပဲ.........
ဆရာလေးဖြင့် ကိုယ့်မြန်မာပြည်သားတွေကို ခုလိုတွေ့တော့ ၀မ်းနည်းလိုက်တာ.....စိတ်မကောင်းဘူး တကယ်ပဲ.........
လူတွေက ရင်ဖွင့်လိုက်ကြတာ.........
သူတို့ ပြန်ကြလေပြီ

ကျမကရော ........ဘာများတတ်နိုင်ပါအံ့နည်း။။။။။။။။။။

2 comments:

JulyDream said...

ဟိုတယ်တွေမှာ သုံးဖြုန်းနေ တဲ့သူတွေ၊ ညကလပ်တွေမှာ ဘီယာမူးပြီး သောင်းကျန်း ကခုန်နေတဲ့ မြန်မာပြည်က လူ့မလိုင်တွေ ဒါတွေကို သိစေချင် တယ်ဗျာ။ မြင်စေချင်တယ်ဗျာ။

စားဝတ် နေရေး ဆိုတဲ့ အခြေခံ သုံးခုတောင် မပြည့်စုံရင် လူ့ဘ၀ဆိုတာ အလကားပဲ။ အသက်ရှင် ရပ်တည်ရေးအတွက် အာမခံချက်ဆိုတာ မရှိရင် လူတစ်ယောက်ဖြစ်ဖို့ လူပီသဖို့ ဘယ်လိုကြိုးစား နိုင်တော့မလဲ။ လူဆိုတာ မရှိရင် လူတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည် ဆိုတာလဲ မရှိနိုင်တော့ဘူးလေ။

wai lin tun said...

အခုလို သရုပ်ဖေါ်ဆောင်းပါးလေးတွေ များများ တင်စေချင်ပါတယ်။ တကယ့်ဘ၀တွေကို ပြောပြတာ နိုင်ငံရေးကျမ်းကြီးတွေကို ရွတ်ပြတာထက် လူတွေကို နားပိုဝင်စေတယ် မဟုတ်လား။ ကျနော်တို့က အမုန်းစိတ်နဲ့၊ ရန်လိုစိတ်နဲ့ မရှိကိုအရှိလုပ် ချဲ့ကား လှုံ့ဆော်နေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလေး မြင်သွားနိုင်ပါတယ်။ အားကိုးပါတယ်ဗျာ။ ဆက်လုပ်