Wednesday, September 5, 2007

ကဗျာခံစားခြင်း

ဒီပုံကို ဒီက ရယူထားပါတယ်။

မြေပုံအတိုင်းဆိုရင်

ကမ္ဘာမှာ
စစ်ပွဲ နှစ်ပွဲ ပြီးသွားတယ်
ငါတို့မပြီးသေးဘူး...။

စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့
ဘယ်နိုင်ငံနဲ့လဲ
ဂျော့ဂ်ျဒဗလျူဘုရှ်မေးတယ်......။

ငါတို့ရဲ့ ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ.....။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ......။

(စိုင်းဝင်းမြင့်)
(ပြည်တွင်းက မဂ္ဂဇင်း တအုပ်မှာဖတ်လိုက်ရပြီး ကြိုက်လို့ မျှဝေပေးလိုက်ပါတယ်)

1 comment:

မေငြိမ်း said...

ဟယ်.. ကောင်းလိုက်တဲ့ကဗျာ..
ဘယ်လိုများလွတ်လာပါလိမ့်။
ဒါမဲ့ လောလောဆယ် လမ်းပြဆိုတဲ့ မြေပုံကြီးကတော့
အောင်မြင် ပြီးစီးသွားပြီဆိုပဲ။
ငါတို့ပဲ သေမလား နေမလား ရွေးရတော့မှာ..။