Sunday, October 5, 2008

မသေဆုံးမီ ၁၀ ရက် အလို

ခရီးထွက်ရာက ပြန်လာတော့ tag အကြွေးတွေက ၂ ခုတောင် ဖြစ်နေပြီ။ ပထမများကို ရေးထားတော့ ကိုဂျူလိုင်က စီဘောက်မှာ အကြွေးဆပ်ဖို့ လာအော်တော့ သူဘာတက်ထားပါလိမ့် ဆိုပြီး သွားပြန်ရှာဖတ်ရတယ်။ အော် မသေခင် ၁၀ ရက်အလိုလို့ သိရင်တဲ့။

တကယ်က မသေချင်သေးပါ။ ဘ၀ကို တပ်မက်ပျော်ရွှင်စွာ ကျော်ဖြတ်ချင်သူ၊ အတ္တကြီးသူ တယောက်အဖြစ် လူ့ဘ၀မှာ နေတာ နှစ် ၄၀ ၀န်းကျင်ပဲ ရှိသေးတဲ့ ကျမကို သေခြင်းနဲ့ မိတ်ဆက်ပေးဖို့ ကိုဂျူလိုင်က ကြိုးစားတာဖြစ်မည်။ မသေချင်သေးပေမယ့်လဲ သေရမယ့်ဘ၀ နာရမယ့်ဘ၀ အိုရမယ့်ဘ၀ ဆိုတာကို လူအဖြစ်ပိုင်ဆိုင်ထားကတည်းက သိပြီးခဲ့ပြီမို့ တပ်မက်လှတဲ့ လူ့လောကကြီးက ထွက်ခွာဖို့ ရက်အတိအကျကို သိခွင့်ရရင်ဖြင့် အလွန်ပဲကောင်းလှပေသည်။

ကျမအတွက်ကတော့ သိပ်ပြီး တွေးထားတာမရှိပါ။ သူတပါးအပေါ်မှာ ဘယ်တော့မှ မကောက်ကျစ်ခဲ့၊ မလိမ်ညာခဲ့ ဖူးတာမို့ သံသရာ အကြွေးကင်းတယ်လို့ ခံယူထားပြီးသား။ ဒီတော့ကျမသာ သေဖို့ရက်အတိအကျ သိခဲ့ရင် ဒီ ၁၀ ရက်အတွင်းမှာ နေ့တိုင်း တိုင်းပြည်ကို ချောက်ထဲတွန်းချနေသော လူမသမာများ၊ ကိုယ့်ကိုယ်ကျိုးအတွက် သူများဘ၀တွေကို နင်းချေဖျက်နေသော လူ့ဗာလများ၊ ကိုယ်တိုင်လဲ ဘာမှမလုပ်ပဲ လက်တွေ့လုပ်နေသူတွေကို အမနာပ ပြောဆိုရေးသားနေသူများကို နေ့စဉ်ရက်ဆက် သတ်နိုင်သမျှ သတ်ပစ်ခဲ့ဦးမည်သာ။ ဒီ့အတွက် ငရဲကျမယ်ဆိုလဲ ကျေကျေနပ်နပ် ခံယူချင်ပါသည်။ ကျမက ခြင်၊ယင်၊ ပိုးဟပ် ကဲ့သို့သော ကောင်းကျိုးမပေးသည့် အင်းဆက်ပိုးများကိုလဲ အခါအခွင့်သင့်တိုင်း စိတ်ပါလက်ပါ သတ်ပါသည်။

ဒီတော့ ကျမမသေခင် ၁၀ ရက်ကစလို့ စစ်အုပ်စုနှင့်တကွ ကိုယ့်လူသူ့ဘက်သား လုပ်ချင်သူများကို တကောင်ချင်း ကျကျနန သတ်ပစ်ပါမည်။ ဘယ်အဆင့်လောက်ထိ သတ်သင့်သလဲ ဆိုတာကို ခုကတည်းက စဉ်းစားထားမှ တော်ကာကျပေလိမ့်မည်။ တခြားဘာမှကို မလိုချင်တော့ပါ။ ၁၀ရက်အတွင်းမှာ ကိုယ်သတ်ချင်တဲ့ လူများအားလုံး သတ်ခွင့်ရပါစေလို့သာ ဆုတောင်းပေးကြစေချင်ပါသည်။

(ဒီ tag ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်တော့ပါ... လို့ စဉ်းစားခဲ့သော်လည်း ဘလော်ဂါအသစ်တွေထဲက ရင်းနှီးခင်မင်စွဲရှိသော ညီမတူးတူးသာနှင့် သမီးဆုမွန်တို့ကို လက်ဆင့်ကမ်းလိုက်ပါပြီ။ ရေးပေးကြပါဦးနော်... )

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

JulyDream said...

ယင်ကောင်ကို လက်နဲ့ ရိုက်ဖမ်းပြီး သတ်ရင် လက်ဆေးအုံးနော်။ တော်ကြာ အဲဒီလက်နဲ့ ထမင်းကို နယ်စားနေမှဖြင့်... အီးအီးတွေ.. ဝေါ့... လိုမျိုး ဖြစ်ကုန်မှာလေ။ :P

s0wha1 said...

အန်တီကတော့ လုပ်ပြီ။ :D

Uncle Demo said...

သူတပါးအပေါ် မကောက်ကျစ်၊ မလိမ်ညာရုံမျှနှင့် သံသရာ အကြွေးကင်းပါသလား
သံသရာကို မည်မျှ နားလည်ပါသနည်း

လူမသမာ လူ့ဗာလ အမနာပ ပြောဆို ရေးသားနေသူများဆိုတဲ့အထဲမှာ သတ်ချင်တိုင်းသတ်နေတဲ့သူတွေရော မပါတော့ဘူးလား
စစ်အုပ်စုနှင့် ကိုယ့်လူသူ့ဘက်သားကဲ့သို့ လူများမှာ ဘယ်တော့မှ အပြီးတိုင် ပျောက်ပျက်သွားရန် လက်တွေ့အားဖြင့် မဖြစ်နိုင်ပါ

ရဲရဲတောက်စကားလုံးများကို အားပေးပါတယ်

ရဲရဲတောက်စွမ်းဆောင်ချက်များကို အမှန်တကယ်မြင်တွေ့လိုပါတယ်

စာရေးသူရေ
သင်ဘာတွေ လုပ်ခဲ့လို့ မြန်မာပြည်သူတွေ ဘာအကျိုးအမြတ်တွေများ ရသွားခဲ့ပါပြီလဲ

ဒီလိုစာမျိုးရေးရင် မိတ်ဆွေတို့က နအဖလို့ စွပ်စွဲဦးမယ်

တကယ်က ဒီမိုအုပ်စုတွေ မညီညွတ် မစွမ်းဆောင်နိုင်လို့လဲ တို့တိုင်းပြည် ထူးပြီး ကောင်းမလာတာပါဆိုတာ တွေးတတ်ရင် သိနိုင်ပါတယ်

မိတ်ဆွေတို့သာ တိုင်းပြည်ကို အုပ်ချုပ်ရင်လည်း ရှင်ကြီးဝမ်းထဲက ရှင်ငယ်ဝမ်းထဲ ရောက်ရုံကလွဲလို့ မထူးနိုင်ပါဘူး

ဘလော်ကာ မဟုတ်ပါ ကီးဘုတ်စွမ်းပြပြီး တိုင်းပြည်အတွက်ဘန်းပြ ငါ့အတွက် ငါလုပ်နေသော 2007 စက်တင်ဘာနောက်ပိုင်းမှ ဘလောပေါ်ရောက်လာသူများသို့ မေတ္တာစာလို့ပဲ ယူဆပေးပါ