Monday, April 6, 2009

ကိုယ်ပျော်ရွှင်ရာ ….

ခရီးထွက်ရာက ပြန်ရောက်ပေမယ့် မအားလပ်လို့ ပို့စ်အသစ်မတင်နိုင်ဖြစ်နေပေမယ့် စိတ်ကတော့ ဘလော့ဂ်မှာ ချည်းသာ။ အော်စလိုသွားတောလားကို အဆုံးသတ်ပေးချင်နေတာလဲ ပါပါတယ်။ ဥရောပမှာ ခရီးစရိတ်အမြင့်ဆုံးလို့ ဆိုရမယ့် နော်ဝေးမှာ မြို့တော်တော်များများကို ရောက်ရှိခဲ့တာမို့ ကျမကို ဂုဏ်ယူပါလို့ ကျမတို့ရုံးက ကိုခင်မောင်ဝင်းက ပြောဖူးတယ်။ ရောက်ခဲ့တဲ့ မြို့တိုင်းမှာလဲ ထူးခြားချက်ကလေးတွေ ရှိနေတော့ ကျမက တမြို့ချင်း အကုန်ရေးပြချင်သေးတာမို့ မပြီးဆုံးသော ခရီးစဉ် ဖြစ်လို့ နေပြန်ပြီ။

နှင်းတွေကို ရောက်ရောက်ချင်းမမြင်ရသေးပဲ ရျော့ဗစ်ဆိုတဲ့ မြို့ကို အသွားမှာ စမြင်ပြီး ပျော်ရွှင်ခဲ့ရတာ၊ အရမ်းကို လှပတဲ့ တော်ပေါ်မြို့ လီလီဟမ်းမားအကြောင်း ၊ ဘာဂမ်လိုပဲ ဆင်တူပြီး မိုးရွာ လေတိုက်တာ လူပါ လွင့်သွားတော့မတတ် ဖြစ်ရတဲ့ အော်လီစွန်းဆိုတဲ့ ပင်လယ်ကမ်းစပ်က ရှည်မျောမျော ကျွန်းမြို့လေးအကြောင်းလဲ ရေးချင်သေးတာ။ နောက် အော်စလိုနဲ့ နီးနီးလေး ရှိနေပြီးအဝေးပြေးကားဂိတ် အကြီးကြီးနဲ့ နှင်းတွေဖုံးနေတဲ့ လီလီစွန်း၊ အော်စလိုနဲ့ နီးပေမယ့် နှင်းတွေကျတာ သိပ်လှတဲ့ အက်စကာ။ ရောက်ခဲ့တဲ့ မြို့တွေ မှာ ဧည့်ဝတ်ကျေတဲ့ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ပီအေရဲ့ မိတ်ဆွေတွေ ရဲ့ ဖော်ရွေမှုတွေ၊ ဒါပေမယ့် အဲဒီမြို့တွေ အကုန်ရေးမယ်ဆိုရင် ဂျာမဏီခရီးစဉ်ကို ဖိတ်ခေါ်တဲ့ ဘလော်ဂါ ဘော်ဒါကြီး ကိုသက်ဦးဒိန်းမတ် စောင့်စားနေတဲ့ ဂျာမဏီခရီးစဉ်က နှစ်ကုန်ခါနီးမှ ဖြစ်တော့မယ်ထင်ရဲ့။

ထူးခြားတာတခုကတော့ နော်ဝေးမှာ နေတဲ့ ဘလော်ဂါ တယောက်ကို အီးမေးလ်ပို့ ဆက်သွယ်ပေမယ့် လုံးဝအကြောင်းမပြန်တာ၊ အဲဒီအကြောင်းကို ကိုယ့်ပီအေဆီ ဂျီတော့ကနေ ပြန်ပြောပြဖြစ်တော့ နင့်ကို လူတိုင်းက ကြိုဆိုမယ် မှတ်လို့လား တဲ့ ။ ဟုတ်သားပဲနော် လို့ ပြောရင်း…. ဒီလောက်လျှောက်လည်နေတာ အလုပ်ရော လုပ်ရဲ့လား …မေးလာသူ တချို့အတွက် ဒီပို့စ်ကို တင်ပေးလိုက်ပါတယ်။
ဓါတ်ပုံနဲ့ပဲ လျှောက်လည်ပါတော့နော်....

အလုပ်ထဲမှာ မြန်မာစံတော်ချိန် ၉ နာရီညဖက်အသံလွှင့်ဖို့ စောင့်ဆိုင်းနေစဉ်
မြန်မာစံတော်ချိန်မနက် ၇ နာရီ အသံလွှင့်ဖို့ အော်တိုပလေးနဲ့ ပြင်ဆင်နေစဉ်
ရုပ်သံသတင်းဖတ်တဲ့ ခန်းမ
အလုပ်ထဲက မနက်စာ ဆူရှီ
ပြန်ခါနီး မှန်ကြည့်ဖို့ အထွက်တံခါးပေါက်နားက ကိုယ်လုံးပေါ်မှန်ပေါ့
JOKVIT မြို့ကလေးအ၀င်

ASKER မြို့ကလေးက လမ်း
ရေခဲဖုံးနေတဲ့ တောင်တန်းနောက်ခံနဲ့ OLISONE
OLISONE မြို့လည် တနေရာ
(ကြားဖြတ်ခရီးတိုလေးကိုလဲ ပို့စ်တင်ပေးပါဦးမယ်နော်….)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

19 comments:

Moe Cho Thinn said...

မှန်ထဲမှာ ကိုယ့်ပုံကိုယ်ပြန်ရိုက်နေတဲ့ပုံလေးက ချစ်စရာလေး။ ဖြေးဖြေးတင်ပါ။ စောင့်ဖတ်မှာပါ အမ။

ATN said...

Olisone က အတော်လှတာပဲဗျ...

kay said...

အမ ဟုတ်တယ်..မချိုသင်းပြောတာ ထောက်ခံတယ်..။
အဲပုံလေး လှတယ်။ ( တခြားပုံတွေ လဲ လှပါဒယ်း)

ဆူရှီ မနက်စာကလဲ ၂ ဗန်းတောင် စားတယ်။း)
ပျော်စရာကြီး။

ကိုပေါ said...

ဟိုက်…ရှာလပတ်ရည်…..မှန်ထဲက ပုံက မော်ဒယ်လိုလို ရုပ်ရှင်မင်းသမီးလိုလိုပါလားဗျ….း-)

မမသီရိ said...

ဒီဘလော့ဂ်လောကထဲ ရောက်ခါမှ.. ကိုယ်နဲ့ ၀ါသနာတူတွေ အတော်မျာမှန်း သိလာရတယ်..
မှန်ကြည့်ပြီး.. ကိုယ့်ပုံကိုယ်ရိုက်တာ..
အင်း.. ပြီးတော့.. ခပ်ငယ်ငယ် က မြန်မာ့ရုပ်မြင်သံကြားမှာ အစီအစဉ်ကြေငြာသူ လျှောက်ထားခဲ့ဖူးတယ်.. ကြွားလိုက်အုံးမယ်.. နောက်ဆုံးအဆင့်မှာမှ ကျန်ခဲ့တာ..း)
...
နော်ဝေ ကတော့ တကယ်လှတာပဲ..
...
မခင်မင်းဇော် ကို အကြောင်မပြန်တဲ့ ဘလော့ဂါလေး က သူ့မှာငွေပ်ြလို့ နေမှာပေါ့.. တော်ကြာ ကော်ဖီလဲ ခေါ်တိုင်ချင် ..ငွေကလဲ မရှိ ဖြစ်နေတယ် တူပါရဲ့...း)
နားလည်ပေးလိုက်ပါ..း)

MANORHARY said...

ပုံလေးတွေနဲ့အတူအမနောက်လိုက်ကြည့်မိတယ်။

မီယာ said...

အမရေ ဓါတ်ပုံတွေကြည့်ရတာ ကျေးဇူးပါ... နောက်ထပ် ပို့စ်အသစ်တွေ စောင့်ဖတ်နေမယ်

PAUK said...

အစ်မရေ..
ပုံလေးတွေလှတယ်..
အစ်မပုံလဲ ကြည့်ကောင်းတယ်..
စကားမစပ်..အဆိုတော်မွန်းအောင်နဲ့များတွေ့မိသေးလား
ဟားဟ

ခင်မင်းဇော် said...

ဟားဟား မှန်ထဲက ဓါတ်ပုံကတော့ ဒီဘလော့လာ အမာခံ ပရိတ်သတ်ကို လက်ဆောင်ပေးတာပါ။ ငါမသေဘူး ရေကူးတတ်တယ် ပေါ့ အဲလေ ငါမအိုဘူး နုပါသေးတယ်ပေါ့။ :D
ဆူရှီက ၂ ဗူးလုံးစားတာ မဟုတ်ပါကွယ်။ အထင်မကြီးကြပါနဲ့။
ပေါက်ရေ.. ကိုမွန်းအောင်နေတဲ့ မြို့ကိုတော့ မရောက်ခဲ့ပါဘူး။ တော်တော်ဝေးတယ် ပြောတယ်။ ပြီးတော့ အမရောက်တုန်းက သူ့မိန်းမ ကလေးမွေးနေချိန်တဲ့... ဒါပေမယ့် စိတ်မပူပါနဲ့ သူ ကျန်းမာ ပျော်ရွှင်လျှက်ပါ....

သက်ဝေ said...

အမရေ...
စာတွေလာဖတ်ရင်း မမ လှလှရဲ့ ဓါတ်ပုံတွေ ကြည့်သွားပါတယ်...
နော်ဝေက လဲ လှတယ်နော်....

တန်ခူး said...

မ ရေ… ပုံလေးတွေ အားပေးသွားတယ်… မြို့ လေးရော မြို့ လေးကို အလည်ရောက်နေတဲ့ မ ရော အကုန်ချစ်ဖို့ ကောင်းတယ်…

JuneOne said...

လူကလည်းလှ၊မြို့ကလေးတွေကလည်းလှ။ဓာတ်ပုံလေးတွေ ထပ်တင်ပေးပါအုံးနော်။

khin oo may said...

မနက်ကတည်းကရောက်လာပြီး ရင်သတ်ရူမောဖြစ်သွားပါတယ။် မအားလို့ အခုမှ တစ်ခေါက်ပြန်လာရေးပါတယ။်

အန်တီက အန်တီက နဲ့လုပ်နေတာက တစ်ချက်။ ပထမ profile ဘေးတိုက်ပုံက အခုလောက်မလှတာ တစ်ချက်။ နာမည်က မနွဲ့တာ တစ်ချက်။ စာရေးတာတွေက နဲနဲ မာတာတစ်ချက်တွေကြောင့် အခုလို အသက်၃၀ လို့ နဲနဲ မှ မထင်မိတဲ့ အတွက်ကြောင့် shock တောင်ရသွားပါတယ။်

သိတ်လှတယ်။ profileက ပုံကလေးကို မှန်ကလေးထဲက ပုံကေးလနဲ့ လဲလိုက်စေချင်ပါတယ်။

ခင်မင်းဇော် said...

ဟားးးးးး
ကျမတို့ အိမ်မှာ ခေါင်းမိုးပွင့်သွားလို့ ဗျိုးးးးးးးးးးး
ဘလော်ဂါ ခင်မင်းဇော် တယောက် မန့်ထားတာတွေ ဖတ်ရင်း ခုလို အဖြစ်အပျက် ဖြစ်ပွားသွားပါကြောင်း သိစေအပ်ပါသည်။ :D
မခင်ဦးမေ...
အသက်က ၃၀ ကို ၁၄ နှစ် ကျော်ပါတော့မယ်ရှင်.....
မှန်က ကိုပေါပြောသလို ၀သူကို ပိန်စေတယ် ထင်ပါရဲ့...

ကလူသစ် said...

ဒီလောက်အေးတဲ့မြို့တွေ သွားမလည်တော့ဘူးဗျာ။ (လူရှိန်အောင် ရေးနည်းဆိုလားနဲ့ရေးသွားတယ်) :)

JulyDream said...

ဆူရှီစားနေတဲ့ပုံနဲ့ မှန်ထဲက ပုံတွေက တွေ့ဖူးနေကျ ပုံတွေ မဟုတ်လို့ လှသယောင်ယောင်ပဲ။ အပြင်မှာ အဲဒီလိုပဲ ဆိုရင်တော့ ပီအေကြီး ကံကောင်းတာပေါ့။ ဒါပေမယ့် အစ်မရဲ့ ချစ်လှစွာသော ပီအေကြီးကလည်း ခန့်ချောကြီးဗျ။ အဟက်...

khin oo may said...

12/04/09 01:41 AM
ကေအိုအမ်: စာရေးတဲ့ မက်ဆေခ်ျဘေက်မျာ တက် tab ကို နျစ်ခါနိပ်ရင smile ဆိုတာကို ကလစ်လုပ်ပြိး ကြိုက်ရာ အရုပ်ကို ကလစ်လိုက်ပြီး enter ခေါက်လုကိပါမခင်မင်းဇော်
စီပုံးတွင် အရုပ်ဆော့နည်း။

မေ့သမီး said...

ဟုတ်တယ်။ အမကနုတယ်။ ၀တာလည်းတမျိုးကောင်းတယ်။ အရမ်းဝတာတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ပိန်တဲ့သူကရုပ်ကျလွယ်တယ်တဲ့။

ဖိုးလမင်း said...

မြန်မာ နိုင်ငံ ရေး သေရေးရှင်ရေး အရေးကြီးနေချိန်မှာ ခင်ဗျားတို့ က ခရီးထွက်ပြလိုက် ၊ပျော်စရာတွေပြောလိုက် မိသားစု သားသမီးတွေ အကြောင်းတင်လိုက်နဲ့ တရားမျှတမှု ရှိရဲ့လားလို့ ထင်နေပါသလား။အလုပ်လုပ်နေသူတွေ အတွက် အားပေး စကားတွေ အကြံဥဏ်တွေ ၊တခြား ပြည်တွင်း မှ ရှိနေတဲ့ လူတွေ အတွက် တစုံတရာ ကူ ညီပေးမှု ပညာရေးကျန်းမာရေး ထောက်ပံ့မှုတွေ ပေးသင့် တယ်လို့ မထင်ဘူးလား။အဲဒီလို အကြောင်းအရာတွေကို မရေးသင့်ဘူးလား။ မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်လုပ်ဆောင်ချက်က ဘာလဲ ၊ဘလော့စာဖတ် ပရိတ်သတ်တွေက ခင်ဗျားတို့ဆီက ဘာတွေ အတုယူစေချင်တာလဲ၊ဒီမိုကရေစီ အရေးမှာ နာမည် ရှိပြီးသား ခင်ဗျားတို့ ဘလော့တွေကိုဖတ်ပြီး ခင်ဗျားတို့ ဆီဦး ထောပတ် စားခဲ့တာတွေ ၊ပျော်ပွဲစားထွက်ခဲ့တာတွေ ကြည့်ပြီး အတုယူရမှာလား ဒီမိုကရေစီ အရေးမှာ နာမည် ရှိခဲ့ပြီးသား ခင်ဗျားအနေနဲ့ ကိုယ်ပိုင်ဘလော့လို့ဆိုပေမယ့် မိသားစု အရေးတွေ ပျော်ရွှင်ဖွယ် ခရီးသွားအတွေ့ အကြုံတွေနဲ့ ဖော်ပြနေတာ သင့်တော်ပါရဲ့လား၊စာပေစိစ်ရေး တံတိုင်းတွေနဲ့ တင်းကျပ်နေတဲ့ မြန်မာပြည်က စာဖတ်သူတွေအတွက် သူတို့ ဖတ်ခွင့်မရတဲ့ အတွေးအမြင်စာပေတွေ ဖြစ်ရပ်မှန်တွေ သတင်းတွေနဲ့ တန်ဆာဆင်ပေးရင် ပိုပြီး အသက်ဝင် အဓိပ္ပါယ် မရှိနိုင်ဘူးလား။လူတိုင်းမှာ ကိုယ်ရေးကိုယ်တာ ခံစားမှုလွတ်လပ်ခွင့်ဆိုတာ ရှိထိုက်ပါတယ်။ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အများဖတ်တဲ့ ခင်ဗျားပိုင်ဘလော့မှာ အများကို အားမကျ ခိုင်းပါနဲ့ တန်းဖိုးမရှိတဲ့ စာပေါင်းများစွာထက် တန်ဖိုးရှိတဲ့စာတစ်ကြောင်းက ပိုလို့တန်ဖိုးရှိတာ ခင်ဗျားသိပြီးသားပါ။ ရေးအားတွေးအားကောင်းပြီး နာမည်ရှိတဲ့ခင်ဗျားရဲ့ ဘလော့ကို တန်ဖိုးရှိစေချင်လို့ ခုလိုသတိပေးတာပါ။တချို့  ခံယူချက်မရှိတဲ့ သူတွေ ချီးကျူးအားပေးတာကိုကြည့်ပြီး သာယာယစ်မူးမနေပါနဲ့၊လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်ပါ။