Tuesday, June 30, 2009

ဂုဏ်ယူစရာ အိုင်ဒီယာ


ဘိုနိုတို့ ယူတူးအဖွဲ့သားတွေ အသုံးပြုမယ့် ဒေါ်အောင်ဆန်းစုကြည့် မျက်နှာဖုံး

ကမ္ဘာကျော် အဆိုတော် ဘိုနိုရဲ့ ယူတူး တေးဂီတအဖွဲ့က သူတို့ဖျော်ဖြေပွဲတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံး ပုံ တပ်ဆင်ပေးဖို့။ အထူးသဖြင့် Walk on ဆိုတဲ့ သီချင်းကို ဆိုတဲ့အခါမှာ အဲဒီမျက်နှာဖုံး တပ်ဆင်ကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက မမေ့မလျော့ အားပေးနေတာ ပြသဖို့ နှိုးဆော်တဲ့ သတင်းတွေ ဖတ်ရတဲ့အခါ၊ နောက်သူတို့ သုံးစွဲမယ့် မျက်နှာဖုံးကို တွေ့ရတဲ့အခါမှာ ကျမတို့ ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်မြောက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့တုန်းက နောက်ဆုံးအစီအစဉ်မှာ တပ်ဆင်ခဲ့ကြတဲ့ မျက်နှာဖုံးပုံနဲ့တရောင်တည်း တထပ်တည်း ကျနေတာကို တွေ့ရပါတယ်။ (အောက်ကပို့စ်က နောက်ဆုံးဓါတ်ပုံမှာ ကြည့်ရင်တွေ့နိုင်ပါတယ်။)

အဲဒီတော့.........
ကျမရဲ့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းနဲ့ ရွှေဦးဏှောက်၊နောက် အန်တီ့ပုံတွေထဲက မျက်နှာဖုံး လုပ်ဖို့ အသင့်တော်ဆုံးပုံကို ကူညီရွေးချယ်ပေးတဲ့ ဒီဇိုင်နာ ကိုသီဟမောင်မောင်တို့ကို ကိုယ့်ဘလော့မှာ မှတ်တမ်းတင် ဂုဏ်ယူလိုက်ပါတယ်။
အော် ...........
ဘိုနိုနဲ့တောင် အိုင်ဒီယာ တူလိုက်ပါတဲ့ ကိုယ့်ရွှေဦးနှောက် လို့ .... ကိုယ့်ဘာသာ အော်ဟစ်ရင်း
ဝမ်းသာပျော်ရွှင်စွာ ရေးသားလိုက်ရပါကြောင်းးးးးးး။

Rest of your post

6 comments:

Anonymous said...

ဘိုနိုနဲ့တောင် အိုင်ဒီယာ တူလိုက်ပါတဲ့ ကိုယ့်ရွှေဦးနှောက် လို့ .... ကိုယ့်ဘာသာ အော်ဟစ်ရင်း
ဝမ်းသာပျော်ရွှင်စွာ ရေးသားလိုက်ရပါကြောင်းးးးးးး။

ဝမ်းသာဂုဏ်ယူပါတယ် ....I believe, your super brain will make others good ideas..:)

tg

kay said...

ဘိုနို ဆိုသူသည် မဲဆောက်မြို့၌.. ခင်မင်းဇော် ဆိုသူ အမျိုးသမီး နှင့် တွေ့ဆုံသွားကြောင်း...

:D

မီယာ said...

အမရေ ဦးနှောက်ကို သိမ်းထားလို့ ရရင် ကောင်းမယ်နော်.... ရှည်ရှည်ဝေးဝေး စဉ်းစားနေတာ

rose of sharon said...

ဂုဏ်ယူပါတယ်

Nge Naing said...

အစ်မက သူတို့နဲ့ တူနေတာ ထူးဆန်းစရာ မဟုတ်လောက်ပါဘူး။ အစ်မက တိုက်ပွဲဝင်နေသူ သူတို့က နိုင်ငံခြားသားတစိမ်းတွေ၊ ဒါကြာင့် ဗမာမဟုတ်တဲ့ သူတို့ကတောင် ကိုယ့်နိုင်ငံအတွက် အလေးအနက်ထားတဲ့နေရာမှာ ကိုယ်နဲ့လာတူနေတာကမှ ထူးဆန်းစရာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအိုင်ဒီယာလေးအတွက် အားလုံးကို ချီးကျူးပါတယ်။ အားပေးလျက်

Dr. Yi Yi Win said...

ဖတ်သွားပါတယ် အစ်မရေ။ ကလေးနေကောင်းပြီလားဟင်။ အိမ်က ကလေးတွေတော့ ဆေးနဲ့ ကို ပြတ်တယ်မရှိဘူး အစ်မ။