အချစ်ဆိုသည်မှာ....

Monday, November 9, 2009

ချစ်တတ်သူများသာ ဖတ်ရန်...
၁)
ခြံဝန်းခပ်သေးသေးထဲက နှစ်ထပ်အိမ်ထဲကို ၀င်လာကတည်းက စိတ်ထဲက လေးလံနေတဲ့ ခံစားမှုမျိုးကို ခံစားနေရသည်။ သုံးနှစ်ကျော် လေးနှစ်လောက် မတွေ့ရတဲ့ မောင့်သွင်ပြင်ကို ဘယ်လိုနေမလဲ ခန့်မှန်းနိုင်ဖို့ပင် ကိုယ့်ကိုယ်ကို မသေချာတော့။ စေ့ရုံစေ့ထားတဲ့ ခြံဝန်းတံခါးကို တွန်းဖွင့်ရင်း ခပ်ဖြည်းဖြည်းလှမ်းလာခဲ့သည်။ ခြံထဲက သိပ်မကျယ်တဲ့ မြေကလေးမှာပဲ ပန်းပင်မျိုးစုံစိုက်ထားတဲ့ စင်လေးနဲ့ သီးပင်တချို့ကို စိမ်းစိမ်စိုစိုတွေ့ရတော့ မောင်က အသက်ကြီးလာတော့ အပင်စိုက်ဖို့ ၀ါသနာများ ပါလာပြီလားလို့ တွေးမိသေးသည်။ အိမ်ရှေ့တံခါးကို ဖွင့်ထားတာမို့ တံခါးရှေ့မှာ ရပ်ရင်း အိမ်ထဲကို အကဲခတ်ကြည့်လိုက်မိသည်။ တိတ်ဆိတ်ပြီး လူရိပ်လူယောင်မမြင်ရတဲ့ အိမ်ကလေးရဲ့ နံရံက မောင့်ဓါတ်ပုံကိုတွေ့မိတော့ ဒီအိမ်မှာ မောင်နေတာ သေချာတယ်ဆိုတဲ့ အသိစိတ်တမျိုးနဲ့ အားတက်လာသလိုလို ခံစားမိသည်။

ဘယ်လိုအသံထွက်ခေါ်ရမလဲ စဉ်းစားနေတုန်း ဘယ်သူနဲ့တွေ့ချင်လို့လဲ ရှင်ဆိုတဲ့ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတယောက်ရဲ့ အသံကို စကြားရပြီး လူကိုမြင်လိုက်ရတော့ မောင့်နာမည်နဲ့ တွေ့ချင်လို့ ပါ ပြောလိုက်တဲ့အသံက ဘာကြောင့်များ တိုးလွန်းသွားရပါသလဲ။ အော် အပြင်ခဏသွားတယ်။ အထဲမှာ ၀င်စောင့်ပါဦးနော်။ ပြန်လာတော့မယ်ဆိုတဲ့ စကားသံအောက်မှာ အိမ်ထဲကိုလှမ်းဝင်လိုက်မိသည်။ အိမ်ထဲမှာတော့ မောင့် ဓါတ်ပုံတပုံတည်းကလွဲပြီး ဘာဓါတ်ပုံမှ ထပ်မတွေ့ရတော့ပါ။

ခုန အဒေါ်ကြီးက သောက်ရေတခွက်ကို ကမ်းပေးရင်း သမီးရေလို့ လှမ်းခေါ်သံကို ကြားရသည်။ ကလေးသေးသေးလေးကို ချီပြီးထွက်လာတဲ့ သူ့သမီးနဲ့လဲ မိတ်ဆက်ပေးနေပြန်သည်။ မီးထွက်တာ သိပ်မကြာသေးတဲ့အကြောင်းနဲ့ သူတို့မှာလဲ ဒီသမီးတယောက်တည်းသာ ရှိတဲ့အကြောင်း ဒါ့ကြောင့် သမီးနောက်ကိုလိုက်နေတာ ဖြစ်ကြောင်း၊ သားမက်ကလဲ သဘောကောင်းတဲ့အကြောင်း ရွှန်းရွှန်းဝေ ပြောနေတာကို အလိုက်သင့် နားထောင်ရင်း မောင်အမြန်ပြန်လာပါစေ ဆုတောင်းနေမိသည်။

မောင့်နာမည်ခေါ်သံကြားပြီး ဘာတော်လဲ မေးတဲ့မေးခွန်းမှာတော့ ကျမ သူ့အမျိုးသမီးပါလို့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်မိတယ် ထင်သည်။ ပျက်ယွင်းသွားတဲ့ သူတို့ ရဲ့ မျက်နှာတွေကို ကျမတအံ့တသြ ငေးကြည့်မိသည်။ ငါဘာများ မှားပြောမိပါလိမ့်။ နောက် ခေါင်းထဲမှာ လင်းကနဲ တချက်ဖြစ်သွားသလို ဖျတ်ကနဲ စိတ်မထိန်းနိုင်တော့ပဲ စကားလုံးတွေ သွန်ချအော်ဟစ်ပစ်မိပြီ။

မောလိုက်တာ…. မောလိုက်တာ…… အော်ဟစ်ပေါက်ကွဲနေသံတွေ ကြားမှာ ချစ်ဆိုတဲ့ ခေါ်သံတခုကို ကြားလိုက်မိသလို လို…. ဒါမောင့်အသံပဲ…. မောင်… မောင် .. မောင့်မျက်နှာပေါ်က ယူကျူံးမရ နာကျင်ကြေကွဲနေပုံကို မြင်လိုက်ရတဲ့ တခဏမှာတော့ တိတ်ဆိတ် ငြိမ်သက်သွားရပြီ။ မောင် ရယ်….။
------
------


၂)
…………
အော်……
လာသွားတယ်…
………
……………..
အေးးး ဒါ့ကြောင့် မင်းမိန်းမ မနက်က ငါ့မိန်းမ သူ့သူငယ်ချင်းဆီကို လာသွားတယ်။ ဘာတွေလာပြောလဲ မသိပါဘူး။ ငါ့နှုတ်ဆက်တာတောင် ပြန်နှုတ်မဆက်ပဲ ထွက်သွားတယ်။ မျက်နှာလဲ မကောင်းဘူး။
……………..
............
ဟေ့ကောင် .. အဲဒါ အချစ်ကွ…

၃)
အဲဒီမျက်လုံး အဲဒီအကြည့်ကို ဘယ်တော့မှမမေ့ဘူး မောင်…
ကိုယ်အဲလိုကြည့်ဖူးလို့လား…..
မြင်ဖူးလိုက်တယ်မောင်… တကယ့်ကို မခံစားနိုင်တဲ့ အကြည့်……… အမှားကျူးလွန်မိလို့ နောင်တရသလိုမျိုးမဟုတ်ဘူး။ ယူကျုံးမရဖြစ်ပြီး ကြေကွဲ ၀မ်းနည်း ဆိုတဲ့အကြည့်။ အချစ်တွေ အများကြီးပျော်ဝင်နေရက်နဲ့ ထားခဲ့ရတဲ့ အကြည့်….
ဘယ်မှာလဲ ချစ်ရာ………တကယ်လဲ မဟုတ်ပဲနဲ့……
အိပ်မက်ကို အိပ်မက်လို ထားပါ ချစ်ရာ….. ချစ် ဟိုတလောက ဆက်တိုက်ကြားတဲ့ သတင်းတွေကို စိတ်ထဲမှာ စွဲပြီး ဖြစ်တာပဲ ။
အင်းးးး ဖြစ်နိုင်တာပဲ ဒါပေမယ့် မမေ့ဘူး………. အဲဒီအကြည့်…….
အိပ်မက်မို့လို့တော်တော့တယ်။
ဟားဟားးးး
အဲဒါ မောင့်ပေါ်ထားတဲ့ ချစ်ရဲ့ အချစ်ပဲ မဟုတ်လားးးး
……….
………..
၎)
အချစ်ဆိုသည်မှာ…… အံ့သြမှုများနဲ့ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ ……လူသားတိုင်းရဲ့ နှလုံးသားထက်အရှင်သခင်
အချစ်ဆိုသည်မှာ……. ကြေကွဲခြင်းနဲ့မျက်ရည်တို့ရဲ့ကဗျာ
အချစ်ဆိုသည်မှာ……. ခံစားချက်တို့မွေးဖွားရာနေရာ
……………
အချစ်ဆိုသည်မှာ…… ကြည်နူးကြတဲ့အခိုက် လမင်းတရာ
အချစ်ဆိုသည်မှာ……. ၀မ်းနည်းတဲ့အခါ နေမင်းကဋေကဋာ
အချစ်ဆိုသည်မှာ……. တားဆီးတတ်တဲ့အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ…… အိပ်မက်များရဲ့အာရုဏ်ဦးအလှတရား
……….
တကယ်ဆိုရင်….. အချစ်ဟာဖြေရှင်းမရတဲ့ပြဿနာ
တကယ်ဆိုရင်….. အချစ်ဟာအဖြေရှာမရတဲ့ပုစ္ဆာ
ငါကိုယ်တိုင်အချစ်ဟာ.. ဘာလဲမသိတော့ပါ
တခါတရံအချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်တယ်
တခါတရံတော့….. အချစ်နဲ့ဝေးချင်တယ်……..။

(ထွန်းအိန္ဒြာဗိုလ်ရဲ့ ဒိုင်ယာရီ ၂ ခွေတွဲထဲက ဒီသီချင်းကို ခုတလော ခဏခဏ ဖွင့်ကြည့် နားထောင် လိုက်လို့ ဆိုညည်းမိနေတယ်။ ဒီသီချင်း ယူကျု့မှာ တင်ထားတာ ရှိရင် တယောက်ယောက် လင့် လာပေးပါနော်။)
(တန်ခူးအတွက် ဒီသီချင်းလေးနဲ့လိုက်ဖက်နိုင်မယ့် စိတ်ကူးယဉ်ရေးဖွဲ့မှုလေးကို လက်ဆောင် ပေးလိုက်တယ်၊ နောက်ကျမှ ရေးပေးလို့ ခွင့်လွှတ်ပါကွယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Posted by ခင်မင်းဇော် at 10:48 PM  

15 comments:

ဒီသီချင်းလေး ကျမလည်း တအားကြိုက်တယ်။ ရုပ်မမြင်ရပဲ အသံပဲ နားထောင်ရတာ ပိုကောင်းတယ်။

ခွဲရမှာ ကြောက်လို့
ချစ်လွန်းလို့
စိုးရိမ်လို့ ကယောင်ကတမ်းတွေ မက်တာပေါ့ အမရာ


ကျမတော့ ချစ်တတ်တယ် ထင်တယ် ဖတ်သွားတယ်။:)


မအယ်

November 9, 2009 11:46 PM  

အမ အားရက်မှာ အချစ်ဝတ္ထုတွေ ရေးဖြစ်နေပြီထင်တာ :) အချစ်ဆိုသည်မှာ ....

မီယာ said...
November 10, 2009 1:29 AM  

ဟားဟဟ.. တယ်..ဟုတ်။
ချစ်နိုင်ကြပါပေ့တော်.. :P

November 10, 2009 4:14 AM  

ဟားဟဟ.. တယ်..ဟုတ်။
ချစ်နိုင်ကြပါပေ့တော်.. :P

November 10, 2009 4:14 AM  

ဒီလိုပါဘဲအမရာ.အချစ်ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုး
ထင်မြင်ချက်အမျိုးမျိုးတွေနဲ့ ဖွင့်ဆိုနေကြတာပါဘဲ.ပျော်
စရာတွေ ကြည်းနှုးစရာတွေနဲ့ တွေ့နေတဲ့အချိုန်မှာတော့
ချိုမြိန်တယ်လို့ပြောကြမှာပေါ့.ကြေကွဲဝမ်းနည်းမှု့နာကျင်
စရာတွေနဲ့တွေ့နေတဲ့ အချိုန်ကျပြန်တော့ အချစ်ဆိုတာ
ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လေ.ဒါပေမဲ့ ချစ်ရတဲ့လူကို
ချစ်ပါတယ်လို့ ပြောခွင့်မရှိတဲ့ အဖြစ်မျိုး(အပျိုလူပျိုဘဝ
မှာ)ကြုံခဲ့ကြဘူးတဲ့ လူအတွက်ကတော့ အချစ်ဆိုတာ.....
.............။

min said...
November 10, 2009 7:18 AM  

very good one
pretty explicit
good job

california

Anonymous said...
November 10, 2009 10:42 AM  

အမ..ဘာလဲ..အဲလို မရှင်းမရှင်းမလုပ်နဲ့လေ..
နား မလည်ဘူး.. patch work က.. စိပ်လွန်းတယ်။း)

Kay said...
November 10, 2009 10:46 AM  

မောင်နဲ့ ဘာကြောင့် သုံလေးငါးနှစ်ဝေးနေရတယ် မောင်နဲ့ပြန်ဆုံ ဖို့.ဘယ်လောက်မျှော်လင့်ခဲ့ရတာတွေ ပါနိုင်ပါသေးတယ်ဗျာ..ဟီး..တကယ်ဆုံတဲ့အခါ အဲ့လိုမဟုတ်လို့တော်သေးတယ်..ကိုစောမိုးကြီးက အဲ့လိုသာဖြစ်လို့ကတော့ အပြင်မှာဆို တေပီ..

November 10, 2009 1:57 PM  

မချစ်တတ်ပေမယ့် ခိုးဖတ်သွားပါတယ် ဒေါ်ခင်မင်းဇော်

November 10, 2009 10:57 PM  

စ စချင်းတော့ လန့်သွားတာပဲ.. နောက်မှ... အော်..ဒီလိုကိုး...အချစ်ဆိုသည်မှာ...အဲဒီသီချင်းလေးကြိုက်တယ် အစ်မရေ...

tg.nwai said...
November 11, 2009 1:47 AM  

မချစ်တတ်ရင်မဖတ်ရတော့ဖူးလားဟင် ..

မချစ်တတ်ပေမယ့် အချစ်ကိုတန်ဖိုးထားတယ်ဆိုရင်တော့ ပေးဖတ်သင့်ပါတယ် ...

း)

-ညီမ-

Anonymous said...
November 11, 2009 12:43 PM  

ထွန်းအိန္ဒာဗိုလ် ဗားရှင်းတော့ မရှိဘူး။
အမျိုးသမီး အဆိုတော် ပေါင်းစုံ ဆိုထားတဲ့ ဗားရှင်းပဲ ရှိတယ်။

http://www.youtube.com/watch?v=rLPQVQqFxC4&feature=PlayList&p=57942D6968B20F8C&playnext=1&playnext_from=PL&index=14

ထူးအိမ်သင်ဆိုတာကိုပဲ အကြိုက်ဆုံး....။
:P

Ko Boyz said...
November 12, 2009 12:45 AM  

Love is ....Multivitamin.:P

su su said...
November 12, 2009 6:21 PM  

ဝတ္ထုလေးထဲ မျောပါသွားလိုက်တာ ကျွန်မတက်ဂ်ထားတာကို ရေးတယ်ဆိုတာ အဆုံးမှ သိတော့တာပဲ မ ရေ… ခုလို ရင်ခုန်လှိုက်မောစရာ အချစ်ဆိုသည်မှာလေးအတွက် ကျေးဇူးပါ မ ရေ… စကားမစပ်… မ အဲလို အိပ်မက်မက်တတ်လားဟင်…. ကျွန်မမက်တတ်တယ် သိလား… တရေးနိုးမှ ကိုယ့်ဘေးနားမှာ စိတ်ကြိုက်ဟောက်နေတဲ့ မောင့်ကို တွေ့ မှ ဟင်းချမိတယ်… မရယ်နဲ့ နော်မ… အဲဒါအချစ်လေ… ဟုတ်ဖူးလား….

November 12, 2009 8:53 PM  

အိမ်မှာ အင်တာနက်ပျက်နေလို့ ကောမန့်တွေ မပြန်နိုင်ဖြစ်ရတယ်။ ခွင့်လွှတ်ကြပါနော်။
တခါတလေ မက်တတ်တဲ့ အိပ်မက်ကို သတိတရအနေနဲ့ စိတ်ကူးတန်ဆာဆင်ပြီး တန်ခူးအတွက် တက်ဂ် ရေးပေးလိုက်တာပါ။ အချစ်ဆိုသည်မှာ လင့်ကို ပေးလာတဲ့ ကဘကိုလဲ ကျေးဇူးပါ။ ဟုတ်ပါတယ်။ ကိုငှက်ဆိုတာ အကောင်းဆုံးလို့ ကျမလဲ ထင်ပါတယ်။ အိမ်မှာအခွေက ထွန်းအိန္ဒြာဗိုလ်ပဲ ရှိလို့ ...

November 15, 2009 12:03 AM  

Post a Comment