Thursday, December 31, 2009

၂၀၀၉ ကို နှုတ်ဆက်ခြင်း

၂၀၀၉ ခုနှစ်မှာ မှာ ပို့စ် ၆၀ အတိဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ထက် ရေးနိုင်အားပိုနည်းသွားပါတယ်။ ၂၀၀၇ မှာ ပို့စ် ၉၉ ၊ ၂၀၀၈ မှာ ပို့စ် ၇၉ ၊ ၂၀၀၉ မှာ ပို့စ် ၅၉ ဆိုရင် တနှစ်ကို ပို့စ်ပေါင်း ၂၀ တိတိ လျော့နည်းလာတာမို့ ဒီနှစ် အဲလို မဖြစ်ရလေအောင် ဒီပို့စ်တခုကို အမြန်ဆုံး နှစ်မကူးမီ တင်တာလေ။

တကယ်က ကျမ ဘလော့စလုပ်တုန်းက ၀တ္ထုလေးတွေ ရေးတင်ထားမယ် စိတ်ကူးဖူးပါတယ်။ ဒါပေမယ့်လဲ တကယ်တမ်းရေးဖြစ်တော့ ဘလော့မဖွင့်ခင်ကလောက်တောင် မရေးဖြစ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ ညွှန်းဆိုလောက်ဖွယ် လူတွေ နှစ်သက်တဲ့ ပို့စ်မျိုး မရေးနိုင်တာကို အသေအချာ မြင်မိလိုက်ပြန်ပါတယ်။ အိုးးး ဘာပဲ ဖြစ်ဖြစ်......... စကတည်းက ကိုယ်လုပ်ချင်တာ ကိုယ်ရေးချင်တာ ကိုယ်ပြောချင်တာတွေ ရေးချင်လို့ ဘလော့လုပ်တာပဲလေ လို့ တွေးပြီး ဆက်လက်ချီတက်နေဦးမှာပါပဲ။ ဘလော့လောကကို နှုတ်ဆက်ဖို့ ဆိုတာ တခါမှကို စိတ်မကူးမိပေါင်။ ခုနောက်ပိုင်း ဘလော့အသစ်တွေထဲမှာ ဖတ်လို့ကောင်းတဲ့ ဘလော့တွေဆိုတာ များလွန်းလို့ ဖတ်ရသူတောင် လက်မလည်နိုင် မျက်စိမနိုင် ဖြစ်နေရတာပဲ ။ ကိုယ်မရေးဖြစ်လဲ ဘယ်သူမှတော့ ပြောမယ် မထင်လေ ။

မီဒီယာမှာ လုပ်တဲ့လူဖြစ်တာမို့လဲ သတင်းတွေ ဘယ်လောက်ကြိုသိသိ၊ အချက်အလက်တွေ ဘယ်လောက် ရရ ဘလော့မှာ သတင်းမတင်ပါဘူး။ နို့မို့ ကိုယ့်အလုပ်နဲ့ ဘလော့ရေးတာကြီး ငြိနေမှာ စိုးလွန်းလို့ပါ။ ဒီတော့ ဟိုသတင်းတင်ပါလား ဒီသတင်းတင်ပါလား လာပြောလဲ ကိုယ်ကတော့ မတင်ပေါင်။

ဘလော့တခုတည်း ရှိနေတုန်းက စာတွေ လည်ဖတ် ကိုယ်လဲ စာတွေရေးနဲ့ ညနက်ထိ ကွန်ပျူတာရှေ့ ရှိနေတတ်တဲ့ ကျမက ဖေ့ဘွတ်လဲ အကောင့်ဖွင့်ပြီးရော ဂိမ်းမျိုးစုံနဲ့ အလုပ်ရှုပ်ရပြန်တာမို့ ည ၁ နာရီဆိုတာ အစောဆုံး အိပ်ချိန်ပါ။ အော်.. ဟစ်တလာ တို့ တောင် တည ၄ နာရီပဲ အိပ်တာ ။ ကိုယ်က ၆ နာရီလောက် အိပ်နိုင်တာပဲ အေးဆေးလို့ အားပေးရင်း လယ်စိုက်၊ ကော်ဖီဆိုင်ဖွင့် ၊ ငါးမွေး၊ ရိုလာကိုစတာကွင်းဖွင့်၊ ဆေးခန်းဖွင့် ၊ ချစ်စရာ အကောင်လေးမွေးနဲ့ လက်မလည်နိုင်အောင် ကွန်ပျူတာ နဲ့ မျက်နှာချင်းဆိုင်နေမိပါတယ်။ (ဖေ့ဘွတ်ထဲမှာ နာမည်အတုနဲ့ ဓါတ်ပုံလဲ မတင် ၊ ဘယ်သူပါလို့လဲ မပြောလာပဲ အတ်တဲ့ အတွက် လက်မခံလို့ စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့သူ တချို့က လွဲရင် ပျော်စရာအတော်ကောင်းတာပဲနော်)

အဲဒီဂိမ်းတွေ ဆော့ရင်း ဘ၀ဆိုတာ ဂိမ်းကစားသလိုပါပဲလို့ ဘလော်ဂါ ကိုဖြိုးက ပြောလာတာကိုလဲ စိတ်ပါလက်ပါ ထောက်ခံထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲသန်သန် ချီတက်နေတဲ့ သူတွေ အတွက် ပန်းတိုင်ဆိုတာ ရောက်ကို ရောက်လာတယ် ဆိုတာ ဂိမ်းက ပေးတဲ့ သင်ခန်းစာပါ။

ဒါ့ကြောင့်လဲ ကိုယ်ယုံကြည်ရာကို စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ သံဓိဌာန်ကို ၂၀၁၀ အတွက်လဲ မပြောင်းမလဲ ချမှတ်ထားဆဲပါ။ ၂၀၀၉အတွင်းမှာ ၂၀၀၈ ထက်စာရင် ပိုစိတ်ရှည်လာတာ၊ ပိုပြီး ယဉ်ကျေးလာတာ၊ နည်းနည်းဝိတ်ကျသွားတာတွေကို တိုးတက်မှုမှတ်တမ်းအဖြစ် သိမ်းဆည်း ထားလိုက်ပါတော့မယ်။ တော်ရုံတိုက်ခိုက်မှုမျိုးကို ဘယ်လိုမှ မခံစားတတ်တဲ့ ကျမကို ခေါင်းမာသူလို့ သတ်မှတ်တာမျိုးကိုလဲ ကျေကျေနပ်နပ် လက်ခံတတ်နေပြီ။ ၂၀၀၉ ခုနှစ်မှာ လုပ်မယ်လို့ ရည်မှန်းထားချက် အများစုကို အကော်အထည်ဖော်နိုင်ခဲ့သလို ရည်မှန်းထားပြီး အခြေအနေ အချိန်အခါအရ သည်းခံစောင့်ဆိုင်းထားရတဲ့ အလုပ်တွေကိုလဲ ၂၀၁၀ မှာ အလျှော့မပေးပဲ ဆက်လုပ်ဦးမှာပဲ ဆိုတာ ၂၀၁၀ ကို ကြိုတင် အသိပေးထားလိုက်ပါတယ်။

ဘယ်တော့မှ နောက်မဆုတ်ဘူး နှစ်ထောင့်တဆယ်…
ဖွင့်လာမယ့် နှစ်သစ်တံခါးဝမှာ တို့စောင့်နေတယ်…
အားမာန်ပြင်းပြင်း ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ဖို့ အသင့် …
.

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

20 comments:

zeRoTraSh said...

ဘာပဲဖြစ်ဖြစ် ရေးချင်လို့ ရေးထားတဲ့ ဘလော့ဂ်ပဲ ဘာဖြစ်လဲ လုပ်သာလုပ်။ အင်းပေါ့ facebook မှာ ဝင်ပြီး ဆော့နေရတော့ ဒီဘက် ဘယ်လှည့်နိုင်ပါ့မလဲနော့။ ဟိ ဟိ ၂၀၁၀ မှာ နောက်ထပ် social network အသစ်တွေ့ရင် နောက်ထပ် ပို့စ်အတင် ကျဲဦးမယ် ဟုတ်တယ်မလား ချစ်မကြီး :D

ဂျူနို said...

ဝိတ်ကျသွားတယ်လား။ တယ်ကောင်းတာပဲ။ ကျမတော့ ၅နှစ် တောက်လျှောက်ထိန်းခဲ့တဲ့ ၀ိတ် နှစ်ကုန်ခါနီးမှ ကမှောက်ကမ ဖြစ်သွားတယ်။

၂၀၁၀မှာ ၀ိတ်ရအောင် ပြန်ချမယ်လို့ ကြိုတင် အသိပေးလိုက်ပါတယ်။:))


မအယ်

မဆုမွန် said...

မင်္ဂလာနှစ်သစ်မှာ မင်္ဂလာရှိတဲ့သတင်း မင်္ဂလာရှိတဲ့စကားတွေပဲ ကြားရပြီး မင်္ဂလာရှိတဲ့အဖြစ်အပျက်တွေနဲ့ ကြုံဆုံနိုင်ပါစေလိှုီု့ဦးမင်းဇော် အန်တီခင်မင်းဇော် နဲ့ မောင်လေး အတွက် ဆုတောင်းပေးပါတယ်ရှင့်

မီးလဲ ဒီနှစ်ထဲမှာ အားတိုင်းကစားတဲ့ အားကစားသမားဖြစ်သွားဒယ် ခစ်ခစ်

pandora said...

အားလုံးအတွက် အောင်မြင်မှုတွေ ပျော်ရွှင်စရာတွေကို ခေါ်ဆောင်လာတဲ့ ၂၀၁၀ဖြစ်ပါစေ..။
ဘလော့ဂ်ခရီးကိုလည်း မမောတမ်းဆက်လှမ်းနိုင်ပါစေ။

သက်ဝေ said...

အမ ရည်မှန်းထားတဲ့ အရာတွေအားလုံး ၂၀၁၀ မှာ အကောင်အထည်ဖေါ်နိုင်ပါစေလို့ ဆုတောင်းပါတယ်...
အမတို့ မိသားစုအတွက် ပျော်စရာ ၂၀၁၀ ဖြစ်ပါစေ...

ကိုလူထွေး said...

အရေအတွက် က အဓိကမဟုတ်ဘူးလေအမ...

ဒါပေမယ့် ၅၉ ဆိုတဲ့ ဂဏန်းကိုတော့ ကြာကြာမမြင်ရက်ဘူး...

၂၀၁၀ မှာ အားမာန်ပြင်းပြင်းနဲ့ ဖွင့်မယ့် တံခါးအတွက် ကောင်းခြင်းအဖြာဖြာ ဝေဆာစေကြောင်း ဆုတောင်းပေးပါတယ်ဗျာ...

းဝ)

ကိုချစ်ဖေ said...

လုပ်ချင်ရာ လုပ်လိုရာကိုသာ ဆက်သာလုပ်မကြည်ရေ.
ဟဲ..ကိုပီအေကိုလဲ ညှာညှာတာတာပေါ့.

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကတော့ ရောက်လာခဲ့ပြီ.
မဲဆောက်ရဲ့ နယူရီးယား ဗျတ်အိုးဖေါက်သံတွေ လွန်ခဲ့တဲ့
၅ နာရီတုန်းက အရှင်လတ်လတ်ကြားခဲ့ရတာ ရင်ခုန်သား.(မမေးကြေးနော်..ဟဲ)

Anonymous said...

"စိတ်ရှည်လက်ရှည်နဲ့ ဇွဲသန်သန် ချီတက်နေတဲ့ သူတွေ အတွက် ပန်းတိုင်ဆိုတာ ရောက်ကို ရောက်လာတယ် ဆိုတာ ဂိမ်းက ပေးတဲ့ သင်ခန်းစာပါ"

That's a great writing. I agree that. :)

ကိုပေါ said...

ပန်းတောင်မမ တို့ မိသားတစုလုံး ပျော်ရွှင်ချမ်းမြေ့၍ ဘေးဘယာ ဝေးကွာပါစေသတည်း။

နွေဆူးလင်္ကာ said...

မင်္ဂလာနှစ်သစ်ပါ အစ်မရေ ...

မီယာ said...

Happy new year အမရေ... နှစ်သစ်မှာ စာတွေ ပိုရေးနိုင်ပါစေ အမရေးချင်တဲ့ ၀တ္ထုတွေလည်း ပိုရေးနိုင်ပါစေ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်
ဒေါ်ခင်မင်းဇော်
ဖတ်လည်းဖတ်သွား မှတ်လည်းမှတ်သွားပါတယ်
စီဘောက်မတွေ့ လို့  ဒိမှာတခုလောက်လည်း ကူညီတောင်းပါတယ်
အတာ အီးမေးလ်လိပ်စာလေးဖြစ်ဖြစ် ဒါမှမဟုတ် တချက်လောက်ပြောပေးပါလား ကိုညွန့် ဇော်အကြောင်းပြောပြချင်ပါတယ်လို့  သူနားထောင်ချင်မယ်ဆိုရင်ပေါ့

PAUK said...

အစ်မတို့ မိသားစု..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

လင်းလက်ကြယ်စင် said...

ပျော်ရွှင်ချမ်းမြေ့ပါစေ အန်တီရေ .. ။ ပို့စ်အရေးကျဲတာ သမီးက အဆိုးဆုံးထင်ပါတယ် .. ။ ၂၀၀၉က သိပ်အလုပ်များသွားခဲ့လို့ပါ .. ။ ၂၀၁၀ နှစ်ဝက်လောက်ဆိုရင်တော့ နည်းနည်းပေါ့သွားပြီ :)

တန်ခူး said...

မ ဒီပို့  စ်ကို ဖတ်ပြီးမှ ၂၀၀၉မှာ ပို့ စ်ဘယ်နှစ်ခုများ တင်ဖြစ်ပါလိမ့်လို့  တွေးမိတယ်… မ ညီမက အဲလို ဇယားမရှိတာ မ ရေ… သေချာတာက နှစ်ကုန်ပိုင်းမှာ မရေးသလောက်ကို အရေးကျဲတာ… မ ပြောသလို ဘလော့ပိတ်ဖို့ တော့ ဘယ်တော့မှ မစဉ်းစားပေါင်နော်… ၂၀၀၈နဲ့ ၂၀၀၉နဲ့ ထင်ရှားတဲ့ ကွာခြားချက်ကတော့ ဘလော့ပေါ်က သံယောဇဉ်တွေပေါ့ မ ရေ… အံ့သြစရာသိပ်ကောင်းတဲ့ တွယ်ငြိမှုတွေပေါ့… ချစ်တဲ့ မ အတွက် စိတ်ဓါတ်ခွန်အားတွေ ပြည့်စုံစေမယ့် နှစ်သစ်ဖြစ်ပါစေလို့ …

kiki said...

နှစ်သစ် မင်္ဂလာပါ အစ်မရေ ..
၂၀၁၀ အတွက် အားမာန် အပြည့်နဲ့ ရှိနေတဲ့ အစ်မ နဲ့  မိသားတစု ပျော်ရွှင် ချမ်းမြေ့ ကြပါစေ ။

ဘလောဂ့် လေးကိုလည်း အချိန်ရတဲ့အခါ စိတ်ပါတဲ့အခါ အကြောင်းသင့်တဲ့အခါ ဆက်လက်ရေးသားနိုင်ပါစေ ။

အပြင်လောကကြီးမှာ တနေ့ နေ့  တချိန်ချိန် မှာ ဆုံတွေ့ ချင်ပါသေးတယ် ။ ( နောက်နှစ်တွေမှာပေါ့ ..ဟိဟိ )

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

အသစ်တွေ့ မလားလို့ ရောက်လာပါတယ် ဒေါ်ခင်မင်းဇော်

Anonymous said...

No more post?

ဂျေဂျူဝိုင် said...

အင်း ၂၀၁၀ ကို တော်တော်လေး အထဲရောက်လာပြီ။ အခု နောက် ပိုစ့်တွေ ထပ်ဖတ်ရမယ်လို့ မျှော်လင့်ပါတယ်။

ကိုခိုင် said...

လာလည်ပါတယ်။မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။အသစ်မတင်သေးတော့ဒီမှာပဲနှတ်ဆက်ပါတယ်။ကျွန်တော့်ဆီလဲလာလည်ရန်ဖိတ်ခေါ်ပါတယ်။link လည်းချိတ်ခွင့်ပြုပါ။http;//kokhine.blogspot.com