Saturday, July 31, 2010

သူ့ဝါသနာ

ဇူလိုင်လရဲ့နောက်ဆုံးနေ့ ဆိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပခဲ့တဲ့လလဲ ဖြစ်တော့ ဘောလုံးနဲ့ ပတ်သက်ပြီး ရေးလိုက်ဦးမှ စိတ်ကူးတယ်။ သူများတွေ ရေးတာဖတ်ပြီး ဒီနှစ်ဒီလထဲတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြုံခဲ့ဆုံခဲ့ပတ်သက်ခဲ့တာလေး အမှတ်ရအောင်ပါ။ နောက် ကျမရဲ့  ပီအေ၀ါသနာအကြောင်းလေးလဲ မိတ်ဆက်ချင်သေးတယ်။


မှတ်မှတ်ရရစပြောရရင်တော့...... ဘောလုံးပွဲစဉ်တွေအကြောင်း ပြောကြဆိုကြရင်း ပြိုင်ပွဲစမယ့် ပထမဆုံးနေ့မှာ ချင်းမိုင်ရောက်နေတဲ့ကျမက ဘောလုံးအသင်းအကျီ င်္တွေကို ကျမ ပီအေအတွက် ၀ယ်ပေးချင်စိတ်ပေါက်သွားခဲ့တာက စရမယ်။ ဒီတော့ သူ့ဆီဖုန်းဆက်ရင်း ဘယ်အသင်းတွေကို ကြိုက်သလဲ၊ စာရင်းပေးပါ ၀ယ်လာပေးမယ် ဆိုတော့ အီတလီ၊ ဂျာမဏီ၊ စပိန်၊ ပေါ်တူဂီ နဲ့ အင်္ဂလန်လို့ သူက တခါတည်းပြောတယ်။ ရုံးက အားကစားကဏ္ဍလုပ်တဲ့လူတွေ နေ့စဉ်ဝတ်ပြပြီး အစီအစဉ်တင်ဆက်ဖို့ ၀ယ်နေတာနဲ့ ရောပြီးဝယ်လာပေးဖို့ မှာလိုက်တယ်။ ဒီတော့ တင်ဆက်သူတွေက အမယောက်ျားမှာတဲ့ အသင်းတွေက ဖလားရမယ်မှန်းထားတဲ့ အသင်းပါနိုင်မလားတဲ့။ မသိဘူးလေ သူမှာတာပဲ ဒီအသင်းတွေက ဆိုတော့ ၀ယ်ကို သွားရမယ် ။ ဖလားရမရတော့ မသိဘူး လို့ပြောခဲ့တယ်။

ဝယ်ပေးခဲ့တဲ့ ငါးထည်။ ခု အီတလီ အသင်းအကျီ င်္ပဲ သူယူပြီး ကျန်တာတွေ ရဲဘော်တွေကို ဝေလိုက်ပြီ။

ဒီအသင်းတွေထဲက စပိန်က ဖလားရသွားတယ် ဆိုတော့ကာ အင်းးး သူမှန်းတာ မှန်တယ်ပေါ့။

ဒါပေမဲ့ ငါးသင်းထဲက တသင်းဆိုတော့လဲ မှန်နိုင်တာပဲ မဟုတ်လားးး။ နောက်ပြီး စိတ်ကူးနဲ့ လောင်းသမျှလဲ အကုန်နိုင်တယ် ဆိုပဲ။ အဲဒါနင်တကယ့် ပိုက်ဆံနဲ့ မလောင်းလို့ နိုင်တာလို့ ပြောထားရတယ်။


ဘောလုံးနဲ့ ပတ်သတ်ပြီး သူ့ဝါသနာကို ပြောပြချင်သေးတယ်။

ဘောလုံး ဆိုတဲ့ အသံကြားလို့ မရသူတွေထဲမှာသူလဲ ပါတယ်။ ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါသလို ကိုယ်တိုင်လဲ ကန်သလားမမေးနဲ့၊ သူများအသင်းတွေကန်တာကိုလဲ မစားရ၀ခမန်း ဝေဖန်စမြုံ့ပြန်တတ်သလို ဘောလုံး ကန်ဖို့ဆို ဘယ်အချိန်ခေါ်ခေါ် ထလိုက်ဖို့ ၀န်မလေးသူ။ ၈၈ဖြစ်တော့ တောခိုခဲ့မိလို့ပေါ့ ။နို့မို့ သန်းတိုးအောင်တို့တောင် နိုင်ငံလက်ရွေးစင် ဖြစ်ခွင့်မရှိဖြစ်သွားမှာ သိလား။


ခု ဒီမှာ အသက် ၄၀ အထက် ကမ္ဘာ့ဘောလုံးပွဲ လုပ်သင့်တယ် ဆိုတဲ့အဆိုကို ဖီဖာမှာ တင်သွင်းဖို့ ပြင်ဆင်နေကြတာ သူတို့ အဖွဲ့ပေါ့။ သံလွင်ဘောလုံးအသင်းဆိုပြီး ဖွဲ့ထားလိုက်ကြတာ လူဦးရေက ၃၀ လောက်ရှိတယ်။ အသက်က ၄၀အောက်မရှိဘူး။ ၃၅အောက်တွေကို သံလွင်လူငယ်အသင်း ဆိုပြီး ခွဲထားသေး။ အမယ် သူတို့ လူကြီးအသင်းက ၀င်ကြေးလဲ ရှိ၊ လစဉ်ကြေးလဲ ရှိတယ်။ နောက် ၀တ်စုံကလဲ ၂ မျိုး ၃မျိုးနဲ့။ ဟိုအသင်းနဲ့ ချိန်းကန် ဒီအသင်းနဲ့ ချိန်းကန်ကလဲ ရှိသေး။ ကန်တာကတော့ ကွင်းသေး ၇ ယောက် ကွင်းပဲ။ တနာရီကို ဘတ် တထောင်တန် မြက်ခင်းတုနဲ့ ကွင်း၊ လဲလိုက်တာ လူကလဲ ပြောမနေနဲ့ အကန့်အသတ်မရှိ။ ဘယ်လောက်တောင် လဲ သလဲ ဆိုရင် ပထမပိုင်း နာရီဝက်မှာတင် အဲဒီလူတယောက်က ထွက်လိုက်ဝင်လိုက် ၃ ခါလောက် လုပ်ပြီးပြီ။ နောက် လူကျွံဘောမထားဘူး ဆိုတော့ တဘက် ဂိုးစည်းနားမှာ တယောက်က အသေကျွံထားသေး။ သူများနဲ့ ချိန်းကန်ဖို့ မရှိရင် ကိုယ့် အသင်း ထဲမှာ ၂ သင်းခွဲကန်ပြီး ငြင်းကြခုန်ကြသေး။

ကျမပီအေရဲ့ ကစားကွက်

ကျမကတော့ အဲဒီစနေ တနင်္ဂနွေ ပွဲတိုင်း လိုက်ကြည့်တယ်။ ရယ်ချင်လို့လေ။ ကိုယ်လဲ အကြောအချင်ပြေ ၊ ထူးခြားချက် တခုကို တိုးတိုးပြောပြရဦးမယ်။ ကျမ အားပေးတဲ့အသင်းက အမြဲရှုံးတယ်လေ။ ဒီနေ့ ဆို ချင်းမိုင်က အုပ်စုက လာကန်တော့ ကျမကို ချင်းမိုင်ဘက်ကို အားပေးတဲ့ ။ သူတို့ အသင်းက ပြောလာတယ်။ ချင်းမိုင်ဘက်က ဂိုးသမားမောတော့ ဒီဘက် အသင်းက ဂိုးသမားက ၀င်ဖမ်းပေးတာပဲ။ အံမယ် အဲဒီဘက်က ဖမ်းပေးတော့မှ လက်စွမ်းပြချက်က တဒိုင်းဒိုင်းသွင်းတာတောင် မ၀င်ဘူး။ ဒါပေမဲ့ လည်းးး ကျမ အားပေးတဲ့အသင်း ဆိုတော့ကာ ထုံးစံကို ဖျက်မရသေးဘူး။ သူတို့ ၆ ဂိုး ၅ ဂိုးနဲ့ ရှုံးသွားလေတယ်။ အမယ်.. ဒီမှာ နောက်ဆုံး အနိုင်ဂိုး ၆ ဂိုးမြောက်ကို သွင်းလိုက်တဲ့လူက နောက်တန်းတာဝန်ယူထားရတဲ့ ကျမရဲ့ ပီအေ လေ။

နောက်တန်းကလဲ ဂိုးသွင်းချင်သေး(နံပါတ် ၆ က ပီအေပေါ့)

သူတို့တွေလားးး အဲလိုပဲလေ နောက်တန်းကလဲ ဂိုးသွင်းလိုသွင်း၊ ရှေ့တန်းကလဲ ဂိုးသမားနဲ့ အပြိုင် ဂိုးပေါက်နားမှာ ကာလိုကာနဲ့။ ဒါပေမဲ့ သူတို့ အပတ်စဉ် စနေ တနင်္ဂနွေတိုင်း ဘောကန်လိုက်ရမှာ နေသာထိုင်သာ ရှိကြတယ်တဲ့။ ထူးတဲ့ဝါသနာ……

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

9 comments:

သက်ဝေ said...

အမရယ်... ကိုပီအေကိုတော့ သွားမပြောပါနဲ့နော်... အမ ရေးထားတာ ဖတ်ပြီး ရယ်လိုက်ရတာ... ပထမပိုင်း နာရီဝက်မျာတင် လူတယောက်က ဝင်လိုက် ထွက်လိုက် ၃ ခါ လဲတဲ့အကြောင်း ပြီးတော့ ဂိုးစည်းနားမှာ တယောက်က အသေကျွံထားတဲ့ လူကျွံဘော တဲ့... ဟီးဟီး... ဝါသနာပေါ့နော်...

အမရဲ့ စာတွေ မဖတ်ရတာ ကြာလို့ လွမ်းနေတာ
စာတွေ အများကြီး ရေးပါအုံး အမရဲ့...း))

kay said...

အမက..အဲသလို.. လက်ဆောင်တွေ ၀ယ်ပြီး ဝေ တာ..၀ါသနာ ပါတယ်နော်.. ဟိ..
ကောင်းလိုက်တာ..။
သူတို့ ကန်နေတာ ကြည့်ရတာ..ပျော်စရာ..စိတ်လွတ်လပ်လိုက်တာ..။း)

နွေဆူးလင်္ကာ said...

သူတို့ကလည်း ကျနော်တို့ ငယ်ငယ်က ကစားတဲ့အတိုင်း ကစားကြတာပေါ့။ ကျနော်ဆို ပွဲတိုင်းကျော် .. ကန်တိုင်း ရန်ဖြစ်တာက ပိုသေး။

Anonymous said...

စောက်ပေါမ ဒီအချိန်မှာ လူထုဘက်က ဘာလုပ်လုပ် တရားတယ်။ ဟုတ်လား နင့်ဖင်ဝိုင်းချရင်ကော ရမလား ငါတော့ http://4.bp.blogspot.com/_cbJUL0b47N4/SfR_uZFs45I/AAAAAAAAAT4/OTIIGlXXPVc/S220-h/vlcsnap-332832.png ဒီစောက်ခွကိကြည့်ပြီး ပန်းပါသေချင်တယ် စောက်ရူးမ အလုပ်မရှိဘူးလား မရှိလဲ ဖာသာခံစားတော့ အားတိုင်း နိုင်ငံရေးနဲ့မလုပ်စားနဲ့ သတ္တိရှိရင် ဘုန်းကြီးတွေလို ဆူးလေမှာလာပြီး အော်လေ အဝေးကနေ အူလိုက် ဒေါ်လာလေးစားလိုက်လုပ်မနေနဲ့

Anonymous said...

အတ္တသမားက ကိုယ် အရေးကီစ္စ(သို့) ကိုယ်နှင့် တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စတွေပဲ မြင်တယ် ခံစားတယ် ပရ သမားတွေကတော့ သူတပါးကိစ္စတွေကို အရင်မြင်တယ် ကိုယ်ချင်းစာတယ် နိုင်ငံရေးသမားဆိုတာ ပရသမား (သို့) အတ္တ ထက် ပရ များတဲ့ သူ ဖြစ်သင့်တာပေါ့ ခုတော့ ပို့စ် ဖတ်လိုက်ကတည်းက ဘာ သမားလည်း သိသာတယ် မြန်မာပြည်တွင်းက ပြည်သူတွေ ဒုက္ခ တပုံတပင် ခံစားနေရတဲ့ အချိန်မှာ သူတို့မို့ လို့ အဲဒီလို ကစားနိုင် ပျော်နိုင် ကြတယ် အားပေးသူကလည်း အားပေးနိုင်ကြတယ် အံ့ပါရဲ့ ပြောတော့ တိုင်းပြည်အတွက်လုပ်ကြတယ် ပြည်သူအတွက်လုပ်ကြတယ်နဲ့ ပြည်ပနိုင်ငံရေးက တကယ် အော့နှလုံး နာစရာပဲ ရွံတယ် စားဖားတွေ ဒေါ်လာ စားတွေ တော်လှန်ရေး အဓွန့် ရှည်ချင်သူတွေ အမြန်ဆုံး ကျဆုံးပါစေ နအဖ လည်းကျဆုံးပါစေ ပြည်ပ နိုင်ငံရေးလည်း ကျဆုံးပါစေ ပြည်တွင်းက အန်တီစု တို့ မင်းကိုနိုင် တို့  အောင်မြင်ပါစေ

ခင်မင်းဇော် said...

အနောနီးမတ် ၀မ်း က များလွန်းလို့ လာဖတ်သူတွေ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့အတွက် မူရင်းတခုပဲ ချန်ထားပေးလိုက်တယ်။ အင်တာနက်ထဲက လာဆဲတဲ့တဲ့ ရှင့်လို လူထက် ကိုယ်ထင်ပြပြီး နအဖကိုပြောရဲသူက အများကြီး သာပါတယ်။
အနောနီးမတ် တူး ပြည်ပနိုင်ငံရေး ဘာလဲ ဆိုတာကို သေချာမသိပဲ ရမ်းသမ်းမှန်းကြိတ်နေသမျှတော့ ဒီပုတ်ထဲက ဒီပဲတွေပဲဖြစ်မှာပါ။ သူပုန်ဆိုတာ ဘာလဲ သေချာ လေ့လာပါဦး။

Anonymous said...

ပြည်ပ က နိုင်ငံရေး သမားတွေ ပြည်သူအတွက် ဘာလုပ်ပေးကြလို့ လဲ။ နအဖ မကောင်းကြောင်းပြော ပြီး ဒေါ်လာ ရှာ စားနေကြတယ်။ ရွှေဝါရောင် တုန်းက ဘာလုပ်ပေးနိုင်လဲ ။ ပြည်သူဆန္ဒ ခံယူပွဲ တုန်းက us က ပေးတဲ့ ဒေါ်လာ ၅ သိန်း ဘုန်းပစ်ကြတယ်။ နာဂစ်စ်တုန်းက ပေးတဲ့ အလှူငွေတွေ ဘုန်းပစ်ကြတယ်၊ မသိဘူးမထင်နဲ့  တော်လှန်ရေး ကို ငဲ့ လို့ ဖွင့် မချပဲနေတာ။ ဒေါ်ခင်မင်းဇော် (ခ) ဒေါ်ကြည်ကြည်ခင် ရေ ။ ထောက်ပြလိုက်ရင် သွေးထွက်အောင်မှန်လို့  ငုတ်တုတ်ထိုင်သွားမယ်။ လူလည်မကျပါနဲ့

ခင်မင်းဇော် said...

အနောနီးမတ်အနေနဲ့ သိရင် နာမည် ။ အဖွဲ့အစည်းနဲ့ တကွ အချက်အလက်အစုံအလင်နဲ့ ထုတ်ဖော်လို့ ရပါတယ်။ နောက်ကွယ်ကနေ ရမ်းတုတ်နေစရာမလိုပါဘူး။ အမှန်တရားအတွက် ပြည်သူအတွက်ဆို ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူးဆိုတာ ကျမခံယူချက်ပဲ။ ဒီတော့ ကျမကို လာပြောနေမယ့်အစား တိတိကျကျ အမြန်ဆုံးသာ ဖော်ထုတ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်ရှင်။ အဲဒီအခါမှာ ပစ်စာလိုအဆင့်မျိုး မဖြစ်စေချင်ပဲ ကိုယ်ဘယ်သူဖြစ်တယ် ဘယ်အဆင့် တာဝန်ထမ်းဆောင်နေတယ်။ ဒီအချက်အလက်တွေ က ဒီလိုရတယ် ဆိုတဲ့ တိကျမှုတွေ နဲ့ တာဝန်ခံနိုင်ဖို့တော့ လိုပါလိမ့်မယ်။ စောင့်မျှော်နေပါမယ်ရှင်။

ငြိမ်းဝေ said...

အောင်မယ်လေးဟဲ့ ဘော်လုံးကန်နေတာက
တပ်ရင်းမှူးအောက်မေ့တာ
လက်စသပ်တော့ ခင်မင်းဇော်ကိုး
ဘော်လုံးကို မြှောက်လိုက် ပင့်လိုက်
အောက်ပြန်ချလိုက်နဲ့ 
အော်...သူ့ဝါသနာတဲ့လား၊ မှန်ပ။