ပြည်သူပြည်သား သတင်းသမားများ (အခန်း-နှစ်)
ပြည်သူပြည်သား သတင်းသမားများအတွက် ကြုံရနိုင်တဲ့နောက်ထပ် သတင်းအမျိုးအစားတွေထဲမှာ ကိုယ့်မြို့မှာ ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်လမ်းထဲမှာ ဖြစ်တတ်တဲ့ မှုခင်းတွေ (မီးလောင်မှု၊ကားတိုက်မှု၊ မတရားအနိုင်ကျင့်မှု၊လယ်မြေသိမ်းမှု၊ခိုးမှု၊ရေကြီးမှု.. စသဖြင့် )ကစလို့ ရပ်ကွက်တွင်းမတရားမှုတွေ အမြင်မတော်တဲ့ ဖြစ်ရပ်တွေပါပဲ။
ကိုယ့်ရပ်ကွက်တွင်း ဖြစ်ပွားတဲ့ အဲဒီပြဿနာပေါင်းစုံကို သတင်းဌာနတွေက သတင်းထောက်တွေ မရောက်လာခင် ဒါမှမဟုတ် မလာနိုင်ရင် ကိုယ်က အရင် သိပြီးဖြစ်နေမယ်။ စုံစမ်းပေးပြီး ဖြစ်နေမယ်။ အချက်အလက်တွေ စုဆောင်းပေးပြီး ဖြစ်နေမယ်ဆိုရင် ပြည့်စုံတဲ့ သတင်းတခုအဖြစ် အများပြည်သူကို တင်ပြပြီးသား ဖြစ်လာမှာမို့ ကိုယ်လဲ ကျေနပ်အားရမိမှာပါ။ ကိုယ့်နယ်ဖြစ်တော့ ကိုယ်က ပိုပြီးကျွမ်းကျင်နှံစပ်မယ်။ ဒါကဒေသခံရဲ့အားသာချက်မဟုတ်လား။ ဘယ်သူ့ကိုမေးမယ်။ ဘယ်သူက ချက်ကျလက်ကျပြောနိုင်မယ် အားလုံးကိုယ်သိပြီးသားချည်းပဲပေါ့။ ဒါကို ဘယ်လိုရိုက်ပြီး တင်ပေးမလဲ။ သတင်းပို့ပေးမလဲ ။ ကျွမ်းကျင်တဲ့ သတင်းထောက်တယောက် မဟုတ်ပေမယ့် ပည်စုံတဲ့အချက်အလက်တွေ ပေးပို့နိုင်ရင် တာဝန်ကျေတဲ့ ပြည်သူပြည်သား သတင်းသမားတယောက်ပါပဲ။ နယ်မြို့သေးသေးလေးလိုမျိုးတွေမှာဆို သတင်းထောက်တွေ မရှိတတ်တော့ ကိုယ်ကပို့ပေးနိုင်ရင် ကိုယ့်မြို ကိုယ်ရပ်ကွက် ကိုယ့်လမ်းက အမှုအခင်းတွေ မတရားမှုတွေကို အားလုံးသိသွားနိုင်မယ်။ ဒီအချက်တွေကနေ ဖြေရှင်းဖို့ နည်းလမ်းတွေ ရလာမယ်။ ကူညီမယ့်လူတွေ ရလာမယ်။ သတင်းလောကကြီးမှာ အချက်အလက်တွေ ပေးပို့နိုင်သမျှပေးပို့နိုင်လေ အားကောင်းတဲ့ သက်ရောက်မှုတွေ ရလာဖြစ်လာပါလိမ့်မယ်။
စမ်းသပ်ကြည့်ရအောင်