Thursday, June 14, 2007

အကယ်စင်စစ်များနှင့် အချစ်

ခင်မင်းဇော်


အကြိမ်ကြိမ် စိုက်ပျိုးခဲ့ပေမဲ့
ရိတ်သိမ်းခွင့် မကြုံခဲ့။
အပြစ်တင်ချင်ပါတယ်၊
ရာသီဥတုကိုလား
အချိန်အခါကိုလား
ကံကြမ္မာကိုပဲလား၊၊
အခါခါ ထွန်ယက်
အထပ်ထပ် ပေါင်းသင်ခဲ့တာတောင်
စိမ်းလန်းခြင်းနဲ့ မဆုံဆည်းခဲ့ရ၊
ချိုမြိန်ခြင်းကို မခံစားခဲ့ရ၊
ချစ်ခြင်းမှာ
ကျမတို့
ရွေးချယ်မှု မှားယွင်းနေခဲ့တာများလား မောင်၊၊
ဒါပေမဲ့
အကယ်စင်စစ်များနဲ့
ထပ်တူဖြစ်ခဲ့ကြပြီမို့
ဆက်ကာ ဆက်ကာ လျောက်လှမ်း
နောက်မဆုတ်တမ်းနော် မောင်၊၊
ကျမတို့ဆီမှာ
ခိုင်မာခြင်းရှိတယ်
ယုံကြည်ခြင်းရှိတယ်၊၊
ယုံကြည်ချက်ထဲက အတ္တရှိတယ်။
တစ်နေ့
ကောက်ရိတ်ပွဲကို ဆင်နွဲမယ်။ ။

5 comments:

YeKyawAungMDY said...

ဒီကဗျာကို တော်တော်ကြိုက်မိပါသည်။

ခင်မင်းဇော် said...

တယောက်ပဲ ချီးကျူးသေးတယ်။
ကိုရဲကျော်အောင်ရေ ကျေးဇူးပဲ။

Anonymous said...

အမရေ.. ကိုရဲက ဦးအောင် ကြိုက်သွားတယ် ။

ညီမလည်း ဒီကဗျာကို ခံစားသွားမိတယ် ။

m a w k o e said...

သြော် . . .
တကယ်တော့ မခင်မင်းဇော် ဟာ
ကဗျာဆရာမ တယောက်လည်း ဖြစ်နေသေးပေတာကိုး

Unknown said...

hallo