Wednesday, June 20, 2007

My Life!

မိမိကိုယ်ကိုဆန်းစစ်ခြင်း

ဇွန် ၂၁ က ကျမရဲ့ မွေးနေ့ပေါ့။

ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာသီခွင်တူလို့ ကျမက ကြံဖန်ဂုဏ်ယူနေတတ်သူပါ၊
အဲဒါကလွဲလို့ ဘာမှတော့ တူတာရှိသေးဘူးလေ။
မြန်မာပြည်အတွက် တတ်နိုင်သလောက်လုပ်ပေးချင်တာချင်းတော့ တူအောင်လိုက်တုနေတာပေါ့၊
ကျမကတော့ နှမ်းစေ့လောက် အသုံးဝင်ရင်တောင် ကျေနပ်မိမှာပါ။
ကျမလို နှမ်းစေ့လေးတွေများလာရင် ဆီဖြစ်ပြီမဟုတ်လား။
ကျမတို့သူငယ်ချင်းတစုက တနင်္လာသမီးတွေချည်းဖြစ်နေတာလည်း ထူးဆန်းနေတာပါပဲ။
ကျမသူငယ်ချင်း စာရေးဆရာမ(ခုတော့ ဘလော့ဂါမေငြိမ်း)က
နင်နဲ့ မွေးနေ့တူတာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီရာဘူတိုတဲ့။
သူကအဲလိုပဲ ကြီးကြီးတွေနဲ့ တူအောင်ရှာကြံပြောတတ်တယ်၊
ကျမကို အားပေးတာပေါ့လေ။
သူတောင် ၀န်ကြီးချူပ်ဖြစ်သေးတာပဲတဲ့။(ကွန်မန့်မှာ သူမှားတာ ၀န်ခံထားပြန်တယ်)
နင်လဲ ကြိုးစားရင် ကြယ် တစ်ပွင့်တော့ဖြစ်မှာပေါ့တဲ့၊
( ကျမတို့နှစ်ယောက် ကြယ်နှစ်ပွင့် စာတည်းဖြတ်ရေးလုပ်ငန်းဆိုပြီး ကြော်ငြာထိုးသေးတယ်။
ဒါပေမဲ့ အပ်တဲ့သူလည်း ဘယ်သူမှမရှိ။ စာအုပ်တွေမှာလည်း ကျမတို့ မတည်းဖြတ်ရတော့
စာလုံးပေါင်းတွေမှား၊ ၀ါကျကမမှန်၊ သဒ္ဒါအထားအသိုတွေလည်းလွဲ(မသဒ္ဒါကို ပြောခြင်းမဟုတ်) ပြောချင်တာဘာမှန်းမသိနဲ့ တော်တော်အခြေအနေဆိုးကုန်တာပေါ့။
စိတ်လျှော့လိုက်ပြီး ကိုယ့်ဖာသာကိုယ်ပဲစာတွေမှန်အောင်ရေးနေတော့တယ်၊)

ကျမမွေးနေ့မှာ နန်းကြီးသုပ် လုပ်စားမယ်။ လာလည်တဲ့ ဘလော့ဘော်ဘော်တွေတော့ ကျွေးမယ်။ အိမ်ကိုလူကိုယ်တိုင်လာလည်တဲ့သူတွေကိုတော့ မသိချင်ယောင် ဆောင်လိုက်မယ်လို့ တွေးထားတယ်။
ပျော်ပျော်နေ သေခဲဆိုလို့ ပျော်ပျော်နေကြည့်ပေမဲ့
လက်တွေ့ဘ၀က ကြမ်းတမ်းတော့ ထင်သလောက်မပျော်ပဲ ရယ်ရင်းမောနေရတော့တယ်။

ဗမာပြည်ကိုလည်း ပြန်ချင်လှပြီ။
ပြည်သူ့အချစ်တော်တွေကလည်း ကျမတို့အိမ်ပြန်ရင် တိုက်ခန်းတွေ ပေးမယ်။
တသက်လုံးနေဖို့ ရေမီးအစုံ။ ထမင်းဟင်းပါအပြည့်နဲ့၊ မနက်တခါ ညနေတခါပဲ တန်းစီပါဆိုတော့
အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ဗီဇကြောင့် မပြန်ဖြစ်ပြန်ဘူး၊
ဒီလိုနဲ့ ပြည်တော်မပြန်ဖြစ်တာ ကြာလှပေါ့။

နီးရာဆွေမျိုးလုပ်နေရင်းကပဲ ဆွေမျိုးတွေက နည်းနည်းလာ။
အော် တတိယနိုင်ငံကျတော့လည်း မနားမနေ အလုပ်လုပ်မှ။
ကိုယ်လုပ်မှ ကိုယ်စားရတာ။ တယောက်နဲ့တယောက်လည်း ပြန်မကြည့်နိုင်လို့ ဆိုပြန်တော့--
အဲလောက်လဲ အပင်ပန်းမခံချင်တာနဲ့ ဒုတိယနိုင်ငံမှာပဲ ခြေစုံရပ်။

ကဲ---

၄၂ နှစ်တာ ကိုယ့်သက်တမ်းတလျှောက်

ချစ်ခင်လေးစားယုံကြည်တဲ့လက်တွဲဖော်ရယ်။

ချစ်ခင်မြတ်နိုးရတဲ့ သားတယောက်ရယ်နဲ့

ဘ၀ကိုပုံလို့ ကံကြမ္မာနဲ့ စီးချင်းထိုးဆဲပါ။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

3 comments:

s0wha1 said...

အမရေ...ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ...

မေငြိမ်း said...

ချစ်ဆုံးသူငယ်ချင်းလေးး
ငါမှားတာဟ.. ဗင်နက်ဆာဘူတိုက ၁၇ဇွန် မွေးတာ။
ဒါမဲ့ ၂၁ရက်မှာက ဘော်တဲယားနဲ့ ယန်းပေါဆာ့တ်ကို မွေးတာပါဟဲ့။ပိုကောင်းပါတယ်။ငါ့သူငယ်ချင်းကလဲ အတွေးအခေါ်အား ခံစားချက်အားကောင်းတာပဲဟာ...
နော်..မွေးနေ့မှာ ချစ်ချစ်နှစ်ယောက်နဲ့(သားနဲ့ ယောက်ျား)ပျော်ရွှင်ပါစေ..။

kay said...

အမခင်မင်းဇော်..မမေငြိမ်းကြော်ငြာလို့..ရောက်လာတယ်..
လေးစားမိပါတယ်..တန်ဖိုးရှိတဲ့အတွေ့အကြုံတွေရှဲပါဦး..လာခဲ့ပါဦးမယ်..
သြော်..Happy birhtday နော်..