Monday, August 25, 2008

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်သံ

အန်တီကတော့ ပြတ်ပြတ်သားသား
အန်တီစုက ဂမ်ဘာရီကို ဒီတခေါက်(၂၀၀၈ ရဲ့ သြဂုတ်လ) မတွေ့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမ သဘောကျလိုက်တာ။ ကုလအနေနဲ့ ကြားဝင်ဖြန်ဖြေချက်တွေက ၉၀ ရွေးကောက်ပွဲ အကောင်အထည်ဖော်ပေးပါ ဆုံးဖြတ်ပြီး ဖော်မပေးတော့ ဘာမှ မလုပ်။ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင် ကြားဝင် ဆွေးနွေးပေးတယ် ပြောပြီး နအဖရဲ့ လမ်းစဉ်အတိုင်း လျှောက်ခိုင်း။ တကယ်ဆို နအဖ လမ်းစဉ်အတိုင်း လျှောက်မယ်ဆို ဘယ်သူမှတောင် ကြားဝင်စရာ မလိုပါဘူး။ နာမည်ကောင်းယူပြီး ဗမာပြည်က သယံဇာတတွေ အလကားပေးရတာလဲ သက်သာဦးမယ်။ ခုက တကယ့်ကို လိုအပ်နေတဲ့ ကြားဝင်ဖြေရှင်းမှုကို မလုပ်ခဲ့ကြဘူး။

ဒီ့အတွက် အန်တီ့အနေဲ့ ဒီလို ဆုံးဖြတ်ချက် ပြတ်သားပြလိုက်တာကို ကျေနပ်စွာဖြင့် ဂုဏ်ယူမိပါတယ်။ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင် ချင်တဲ့ စိတ်နဲ့ ဒီပို့စ်ကို ရေးသားခဲ့တာပါ။

နောက် ဒီညနေ အယ်ဂျာဇီးယား ရုပ်သံရဲ့ အောက်ဖက်စာတန်းထိုးနေရာမှာ ဒီလို စာတမ်းလေး ကို ထုတ်လွှင့်တာလဲ ကြည့်လိုက်ရပါတယ်။

Aung San Su Kyi reported to be on hunger strike. တဲ့

အန်တီစုကတော့ တိုက်ပွဲကို ဆက်လက်အရှိန်မြှင့် ပြီထင်ပါရဲ့။ ခုလို ဇာတ်မျောကြီးမှာ ကုလလဲ မကယ်နိုင်ပါဘူး။ ကျမတို့ ပြည်သူ ပြည်သားတွေ အားလုံး အန်တီစုကို နမူနာ ယူလို့ ဆက်လက် အရှိန်မြှင့် တိုက်ကြရအောင်။ ဒီ စစ်အာဏာရှင် အုပ်စု တနေ့ပြုတ်ကျရမှာပဲ။ ဒါ ကျမတို့ရဲ့ ခံနိုင်ရည် နဲ့ တုန့်ပြန်နိုင်စွမ်းတွေ အပေါ် မူတည်နေတယ် မဟုတ်လား။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

ကိုပေါ said...

အန်တီစုရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့လည်း အရမ်းသဘောကျတာ မခင်မင်းဇော်ရေ....
အန်တီစုဟာ အကျိုးသက်ရောက်မှုမရှိတဲ့၊ နအဖဘက်က ဘက်လိုက်ပြောကြားပေးနေတဲ့ ယူအန်ရဲ့ လုပ်ပုံကိုင်ပုံကိုရော.... ဂန်ဘာရီခရီးစဉ်ကို ခုတုံးလုပ်လုပ်ပြီး စစ်အစိုးရကို ကာကွယ်ပေးနေတဲ့ အာဆီယံ မူဝါဒကိုပါ အယုံအကြည်မရှိဘူးလို့ ပြောလိုက်တာဘဲ။

Moe Cho Thinn said...

အမရေ
ချိုသင်းလဲ ဒီသတင်းဖတ်တော့ ဒါမှ တို့ခေါင်းဆောင် လို့ ဖြစ်မိတယ်။
အကျဉ်းကျနေတာတောင် သူပေးချင်တဲ့ message ကို ပြည်သူတွေကို ပညာဥာဏ်ရှိရှိ ပေးလိုက်တာပါ။
ဘာတိုးတက်မှုမှ မရှိဘဲ သူတို့နဲ့အတူ ရောပြီး အနေချောင်ရုံ မလုပ်နိုင်ဘူးလို့ ပြောလိုက်တာပါပဲ။
ချစ်သော
မိုးချိုသင်း

JulyDream said...

အသက်လည်း မငယ်တော့ပါဘူး။ ဇရာကလည်း ရှိလာပါပြီ။ ဒါပေမယ့် ဇွဲနဲ့စိတ်ဓါတ်ကတော့ မှတ်ကျောက် တင်ခံပါတယ်။

ဘေးမသီ ရန်မခ ကျန်းမာကြံ့ခိုင်ပါစေလို့ပဲ ဆုမွန်ချွေရင်း...