Thursday, October 2, 2008

မှတ်မိသမျှ ပထမများ

ကိုအောင်သာငယ်က tag ထားတယ်ဆိုလို့ သူ့ဘလော့က ပို့စ်ကို သွားဖတ်ကြည့်ရသေးတယ်။ တော်တော်များများက ရေးပြီးနေပြီ။ ခရီးထွက်နေလို့ မအားတာရယ် သူ့ရဲ့ ပထမဆုံးလိုမျိုး ပြန်ရေးနိုင်ဖို့ မှတ်မိအောင် ပြန်လုပ်နေတာနဲ့ နောက်ကျမှ အကြွေးဆပ်ရတယ်။ ဒါတောင် တချို့ကို လုံးဝမမှတ်မိတော့ဘူး။ ဒီတော့ မှတ်မိသမျှ ပထမ များကို ရေးပေးလိုက်ပြီနော်။
ပထမဆုံးရောက်ဖူးတဲ့ဆေးရုံ… ပုသိမ်ပြည်သူ့ဆေးရုံကြီးပေါ့။ ကိုယ့်ကို အဲဒီမှာမွေးတာကိုး။
ပထမဆုံး တက်တဲ့ကျောင်းကတော့ လူမှုဝန်ထမ်းမူကြိုကျောင်းပေါ့။ အသက် ၃ နှစ်မှာပဲ တက်ရတယ်။ စတက် တဲ့ ပထမဆုံးနေ့မှာ ငိုလိုက်ရတာ တော်တော်မောခဲ့တာတော့ ရေးရေးမှတ်မိတယ်။ လိုက်ပို့တဲ့ အဒေါ်တွေက သနားလို့ ပြန်ခေါ်မယ် လုပ်တာကို အမေ့သူငယ်ချင်း မူကြိုဆရာမက အတင်းပြန်ခိုင်းပြီး ခေါ်ထားလိုက်တာတဲ့။ အဲဒီဆရာမကို ၂၀၀၀ ခုနှစ်ဝန်းကျင် သူ ထိုင်ဝမ်က ဗမာပြည်ပြန်လာတော့ ပြန်တွေ့တယ်။ ခုရေးထားတာက သူပြန်ပြောပြတာ။

ပထမဆုံး တက်ရတဲ့ အမက (၂) အစိုးရမူလတန်းကျောင်း သူငယ်တန်းမှာတော့ ကိုယ်က ကျောင်းပါးဝနေတဲ့ ကျောင်းသူအသစ်ဖြစ်နေပြီ။လူမကြောက်တဲ့ စရိုက်ကို မူကြိုက ရခဲ့တာမို့ ကျောင်းရဲ့ကပွဲ ပြိုင်ပွဲ မှန်သမျှ ရှေ့ဆုံးကပေါ့။
ပထမဆုံးရဖူးတဲ့ ဆု… သူငယ်တန်းမှာ (ဘာသာစုံအမှတ်ပြည့် ၃ ယောက်တည်းက တယောက်)

ပထမဆုံးရဖူးတဲ့ ဘာသာရေးဆိုင်ရာဆု .. မင်္ဂလာသင်တန်း တမြို့နယ်လုံးမှာ တတိယဆု ( ၇ တန်းနှစ် နွေရာသီ တလသင်တန်း)
ပထမဆုံး သူငယ်တန်းအတန်းပိုင် ဆရာမ.. ဒေါ်တင်ရီလား ဒေါ်ကျင်ရီလား သိပ်မကွဲတော့ဘူး
ပထမဆုံးသူငယ်ချင်း တွေ တယောက်မှကို မမှတ်မိတော့ပါ။ ကျောင်းတက်တုန်းက သေချာ တွဲတဲ့ သူငယ်ချင်းမရှိ။ ဆယ်တန်းအောင်ပြီးကောလိပ်တက်တော့မှ သူငယ်ချင်းဆိုတာ အတည်ရှိလာတာ။ ရှိတော့လဲ ၇ ယောက် အုပ်စု။ တချို့ အမေရိကား၊ တချို့စင်္ကာပူ။ တချို့ ပြည်တွင်းမှာ နာမည်ကြီး(စီးပွားရေးလောကမှာပါ)

ပထမဆုံး သီချင်းဆိုပြိုင်ပွဲမှာ တတိယ ဆုရခဲ့တယ်။ ၆ တန်းနှစ်ကပေါ့ ။မြတ်ပန်းခွေ ဆိုတဲ့ သီချင်းနဲ့ ၀င်ပြိုင်ဖို့ စင်ပေါ်အသွား ခလုတ်တိုက်လဲကတည်းက ပရိသတ် လက်ခုပ်သံကို ရခဲ့တာလေ။

ပထမဆုံး အရိုက်ခံရတာ ၄ တန်းနှစ်။ ဒေါ်ကြည်ကြည်။ သချာင်္ဆရာမက စည်းကမ်းကြီးတယ်။ ခဲတံ မချွန်ပဲ အတုံးနဲ့ပဲ စာရေးလို့ လက်ဝါးဖြန့်အရိုက်ခံရတယ်။ အဲဒီကတည်းက မှတ်သွားတာ ခုထိ ခဲတံမချွန်ရင် ဘော့ပင် မင်တံထိပ်လုံး မသေးရင် စာမရေးတတ်တော့ဘူး။

သချာင်္ကို ပထမဆုံးစိတ်ဝင်စားစေခဲ့တာ.. ၈တန်းက ဆရာ ဦးလေးမောင် သူ့ကြောင့်လဲ သချာင်္ကို နှစ်တိုင်း ဂုဏ်ထူးထွက်ခဲ့တယ်။
ပထမဆုံးနေဖူးတဲ့ ပြင်ပဆောင်.. ရန်ကုန် စံရိပ်ငြိမ် ၆ လမ်းက အဆောင်ပေါ့။
ပထမဆုံး ရင်ခုန်စေခဲ့သူ.... ၉တန်းနှစ်က ကျောင်းမှာ နာမည်ကြီးထဲကတယောက်။ လက်ရေးသိပ်လှတယ်။ အဲဒီလက်ရေးအတိုင်း ရူးရူးမူးမူး ကျင့်ခဲ့ဖူးတယ်။
ပထမဆုံးရည်းစား… အသက် ၂၀ အရွယ် တတိယနှစ် မှာ။ ကိုယ့်ထက် ၃ နှစ်ကြီးတဲ့ ဆရာဝန်လောင်း တယောက်။ အိမ်မှာ အင်္ဂလိပ်လိုချည်းပြောတဲ့ သူ့မိဘတွေရဲ့ ဆိုရှယ်ကျမှုကို လန့်ပြီး နောက်ဆုတ်ချင်စိတ် ပေါ်ခဲ့တာ။ ခုသူက စစ်တပ်ထဲက ဆရာဝန်ဖြစ်နေဆိုပဲ။

ပထမဆုံးချစ်သူ… ကိုယ့်ထက် ၃ နှစ်ငယ်တဲ့ ဆရာဝန်လောင်းလေး… ။ သူ့မိဘတွေက အရာရှိအရာခံ တွေရဲ့ သမီးမျိုးကိုမှ သဘောကျသတဲ့။ ဒါနဲ့ပဲ ဝေးကွာခဲ့ရတယ်။ ခုချိန်ထိ တခါတလေ အိပ်မက်ထဲပါတတ်တယ်။ သူ့သမီးကို ကိုယ့်နာမည်ပါအောင်သူက မှည့်ထားပေးတယ်။ ကိုယ့်သားမှာတော့ သူ့နာမည်မပါခဲ့ပါဘူး။
ပထမဆုံး ဘုရားသခင်ပေးတဲ့လက်ဆောင် … ခု လက်ထပ်ထားတဲ့ အဲဒီတုန်းက အင်ဂျင်နီယာလောင်း သူငယ်ချင်းပေါ့။ အရာရာသည်းခံတယ်။ အတွင်းသိ အစင်းသိ သူငယ်ချင်းစစ်စစ်။ အဲဒီချစ်သူစစ်စစ်နဲ့ပဲ ခုထိ ဘ၀ကို လက်တွဲမဖြုတ်ပဲ ဖြတ်သန်းနေဆဲ။
ပထမဆုံးရောက်ဖူးတဲ့ မြို့ကတော့ ရန်ကုန်ပေါ့။ ၂ တန်းကျောင်းသူဘ၀က ။
ပထမဆုံး ကိုင်ဖူးတဲ့လက်နက်… လေသေနတ်ပေါ့။ လက်တည့်ဖို့နေနေသာသာ မောင်းတောင် မတင်နိုင်ခဲ့။
ပထမဆုံးသောက်ဖူးတဲ့ သေရည်… ဂျော်နီလမ်းလျှောက် (တရုပ်နှစ်ကူးတိုင်း)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ် … ဆေးပေါ့လိပ်ပဲ ၊ ထောင်ထဲမှာ ညဖက် သောက်ကြတာ။
ပထမဆုံး ကစားဖူးတဲ့ပိုကာဝိုင်း…. အဖိုးဆုံးတုန်းက ၊ ၈ တန်းကျောင်းပိတ်ရက်
ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်…..ထိုင်းနိုင်ငံပေါ့။
ပထမဆုံး ထုတ်ဝေဖူးတဲ့ စာအုပ်… ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူ့မြင်းသည်တော်
ပထမဆုံးရောက်ဖူးတဲ့ ဘလော့…… ကိုယ့်သူငယ်ချင်းအရင်းကြီး မေငြိမ်းဘလော့..
ကိုယ့်ဘလော့မှာ ပထမဆုံးတင်တဲ့ ပို့စ်…….. အကယ်စင်စစ်များနှင့် အချစ်(ကဗျာ)
ပထမဆုံး ကောမန့်ရတဲ့ ပို့စ်…………ချစ်သူ့ဒိုင်ယာရီ
ပထမဆုံးကောမန့်လာပေးသူ ……..ဘလော်ဂါ နာမည်ကြီး ရန်အောင် ပါပဲကွယ်..
ပထမဆုံး အွန်လိုင်းပေါ်က ဘလော်ဂါ ဘော်ဘော်…. စိုးဝှက်
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် မှတ်မိတာ ရွှေသွေးတေဇ ဒါထက့်နည်းနည်းကြီးလာတော့ ၂ တန်းလောက်က ပထမဦးဆုံးတီထွင်သူများအကြောင်း ထင်တယ် ဖတ်ရတယ်။ စာအုပ်နာမည်မေ့နေပေမယ့် အဲဒီစာအုပ်ထဲက ရော်ဘာတီထွင်သူတွေ ကြယ်သီးတီထွင်သူတွေ ကြွေပန်းကန်တီထွင်သူတွေ မီးသီး တီထွင်သူတွေရဲ့ စွန့်စားရမှု ဇွဲရှိမှု စောင့်စားနိုင်မှုတွေကို သိပ်သဘောကျမိတယ်။ ကိုယ့်ကိုလွှမ်းမိုးတယ်။ ဘာလုပ်လုပ် ဇွဲဝီရိယ ရှိဖို့ အရေးအကြီးဆုံးဆိုတာကို ယုံကြည်ခဲ့တာ အဲဒီကလေးဘ၀ ကတည်းက။

မှတ်မိသလောက်က ရေးချင်တာလေးတွေ ရေးပေးလိုက်တာ။ သိချင်တာလေးတွေ ရှိရင်လဲ ကောမန့်ထဲက ရေးခဲ့ပေါ့ ကိုအောင်သာငယ့်လို နောက်ဆက်တွဲ ထပ်ရေးပေးမယ်လေ။ ထပ်tag ဖို့လဲ လူကုန်သလောက်ဖြစ်နေပြီ။ ဒါပေမယ့်လို့ မောင်ကဒေါင်း တယောက် ကျန်နေသေးသလားလို့ မရေးရသေးတာ။ ရေးပါဦး ကဒေါင်းရေ...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

kay said...

ဟေး...ပထမဆုံးကွန်မန့်ကွ-

အမ- ရည်းစားနဲ့ ချစ်သူ က..ဘယ်လို ကွာ နေတာ တုန်း..လုပ်ပါဦး.. မရှင်းဘူး။ :D

MANORHARY said...

အမ ..ပုသိမ်ကလား...ထ(၁)ထွက်ပေါ့နော်..ဆရာဦးလေးမောင်တပည့်ဆိုလို့ပါ..မနော်လည်းဆရာ့တပည့်ပဲ..ဒါပေမယ့်..ဆရာကျောင်းကထွက်သွားလို့ အပြင်မှာလိုက်တက်ရတာ...

ခင်မင်းဇော် said...

မကေ... ဒါကတော့ သေချာ ရှင်းပြရမယ်။ အချိန်ရရင် ပို့စ်တင်မယ်လေ စောင့်ဖတ်ပေးဦး ဟီး...
မနော်ဟရီရေ.. ညီမလေးကို အမသိတယ်။ အမ ညီမနဲ့ တခန်းထဲ မို့ပါ။ ခင်မျိုးလေ သိမလား အမညီမလေး အမတို့က ဈေးလေးမှာ ပဲနေတာ။

s0wha1 said...

ဟီးးး။။။ မကေလိုပဲ မေးမလို့။ နောက်မှ ပြန်ရှင်းမယ်ဆိုတော့ စောင့်ဖတ်ဦးမယ်။။။ :P

Anonymous said...

အမရေ တကယ်ကို အားလုံးမှတ်မိတာကိုး တော်တယ်ဗျာ

ကလူသစ် said...

စံရိပ်ငြိမ်ဆောင်ကကိုး။ အင်း...တချိန်မဟုတ် တချိန်တော့ နဖူးချင်းဝင်တိုက်မိခဲ့မှာပဲ။

Moe Cho Thinn said...

အမရေ
ပထမဆုံးလေးတွေ လာအားပေးသွားတယ်။ တို့အမကလဲ ခေသူ မဟုတ်ပါလား။ စောင့်ဖတ်မယ်ဗျို့။

ATN said...

ကျနော့် တီးဝိုင်းအတွက် အမျိုးသမီး အဆိုရှင် လိုက်ရှာနေတာ ကြာပြီ။ ခုတော့ ဟန်ကျပြီဗျား။

ငယ်တုန်းကတောင် အဆိုပြိုင်ပွဲမှာ ဆုရခဲ့သေးတာ ခုဆို ဂရမ်မီတော့ အသာလေးပေါ့ဗျား။

အချိန်ရရင် နောက်ဆက်တွဲလေးလုပ်ပါဦး။

ကျနော့်ဘလော့က
ဖတ်စာချင်သော စာများ အောက်မှာ ရှိတဲ့
ပထမဆုံး ပေါင်းချုပ်ကြီး (မကေ က မနာလိုလို့ အဲလို ပြောသွားတာပဲဗျး) ဖတ်ကြည့်ပြီး ရေးပေါ့း)

မအားလပ်တဲ့ကြားထဲက ရေးပေးတာ ကျေးကျေးပါ မခင်မင်းဇော်ရေ့

ခင်မင်သော

အောင်သာငယ်

Anonymous said...

ဂျစ်လည်း ရည်းစား နဲ့ ချစ်သူ အမခင်မင်းဇော် ဘယ်လိုခွဲထားလည်း သိချင်တယ် ။

အဟဲ .. ချစ်သူကောင်လေးက သူ့ ကလေးကိုတောင် အမ နာမည် ထည့်တယ်ဆိုပဲ ။ အကိုမင်းဇော်ကြီး သ၀န်တိုနေဦးမယ် နော် ခွိ ။

M.Y. said...

ရည်းစား နဲ့ ချစ်သူ ကွဲကွဲပြားပြား ခွဲခြားထားပြီး၊ ဘ၀လက်တွဲဖော်အစ်ကို့ ကျမှ ဘုရားသခင်က ပေးတဲ့လက်ဆောင် လို့ တင်စားလိုက်သော အစ်မကြီးသည်လဲ..ခေသူမဟုတ်ပေတကား...

Anonymous said...

မြတ်ပန်းခွေ သီချင်းရဲ့ မူရင်း သီဆိုသူကို သိပါရစေ ခင်ဗျာ။