Monday, July 30, 2007

အန်တီစု ကိုယ်တိုင်ရေး ကဗျာများ

ချစ်စွာသော ဘလော့ဂါမိတ်ဆွေရောင်းရင်းတို့ရေ……….
ပြိုင်ပွဲလေးတခုကျင်းပပေးချင်လို့…..
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ကဗျာ ကျမဆီမှာ ၅ ပုဒ်ရှိတယ် လို့ ပြောခဲ့ပေမယ့် တကယ်ပြန်ကြည့်လိုက်တော့ (၃) ပုဒ်ပဲရှိတာကို တွေ့ရပါတယ်။ အခု ကျမက မူရင်း အင်္ဂလိပ်လို ရေးထားတာကို တင်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူများက ကွန်မန့်ထဲမှာ ဘာသာပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ (ဘလော့လောကထဲမှာ အင်မတန်တော်တဲ့ ဘာသာပြန်နိုင်သူ၊ ကဗျာရေးနိုင်သူ၊ စာရေးနိုင်သူ ရွက်ပုန်းသီးတွေ အများကြီးရှိပါတယ်။)
အကောင်းဆုံးပြန်ဆိုနိုင်သူကို အွန်လိုင်းထဲက ကြိုက်နှစ်သက်ရာ မုန့်အမျိုးမျိုးကို အ၀ကျွေးမှာဖြစ်တဲ့အပြင် အန်တီ့ဓါတ်ပုံတွေကိုလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့…………

ဒီကဗျာတွေကို လွတ်မြောက်နယ်မြေမှ စာရေးဆရာဂါမဏိ ဘာသာပြန်ထားတာတွေ ရှိပါတယ်။ ကျမတင်တဲ့ အင်္ဂလိပ်ကဗျာတွေကို ဘာသာပြန်ချိန် ၃ ရက်ပေးပြီးရင် ဆရာဂါမဏိ ဘာသာပြန်ထားတာလေးကို တင်ပေးပါ့မယ်။ နှိုင်းယှဉ်ဖတ်ကြည့်ကြတာပေါ့နော်။
နီးစပ်ရာဘလော့တွေကိုလည်း လက်တို့ သတင်းပေးလိုက်ပါဦးလို့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်



Free bird towards a free Burma
(By Daw Aung San Suu Kyi)

My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.


11 comments:

ခွန်မြလှိုင် said...

ငှက်ကလေးရဲ့ အိမ်ပြန်ချိန်
ငါ့ရဲ့ အိမ် …
ငါမွေးဖွားရာ
ကြီးပြင်းခဲ့ရာ ရိပ်ငြိမ်သာသည်
နွေးထွေးချစ်ဖွယ် ကြည်နူးဖွယ်တိ
ပြည့်ခဲ့ဖူးသည် ခုချိန်မှာတော့
နှစ်မြို့ဖွယ်ကင်း မှောင်ဘိခြင်း။
ငါ့မိသားစု …
တူကြီးပြင်းရာ မွေ့ပျော်ရာအတိ
ပျော်ခဲ့ဘိလည်း ခုချိန်ခါမှာ
ကြောက်မှုအတိ၊ ခြောက်ချား၏
ငါ့သူငယ်ချင်းများ…
ငါ့ဘ၀ရဲ့
ပျော်ရွှင်မှုနဲ့ သန့်စင်မှုများ
မျှဝေဖူးရာ နှလုံးသားမှာ
ခုခါ ဒဏ်ရာ အပြည့်တည့်။
လှောင်ချိုင့်တွင်းမှ လွတ်မြောက်ခါစ
အို ငှက်လှငယ်..
သူ့ချစ်မြေတွက် သံလွင်ခက်နဲ့
ပျံပါစေလို့ မြန်ပြည်သို့
လွတ်လပ်စေဖို့ အားဖြည့်ဖို့။ ။

ခင်မင်းဇော် said...

Free bird towards a free Burma

အေးချမ်းဖို့ အတွက် ငြိမ်းချမ်းရေး ငှက်လေးရေ …..
လက်ကမ်းလို့  မျှော်ကာသာနေ ………

(Poem by Daw Aung San Suu Kyi)

My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

ရှင်သန်မွေးဖွား နွေးထွေးမှုများနဲ့  ထွေးပိုက်လို့ နေ ဒို့ မြေ။
(ခု) အမှောင်တွေဖုးံ၊ ထိတ်လန့် မှုမျက်လုံးနဲ့ 
ကြိမ်အုန်းမီးလိုနေ ဒို့ ပြေ။

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

မေတ္တာပီတိ ပျော်စရာအသိနဲ့  ကြည်နူးလို့ နေ ဒို့ တစ်တွေ။
(ခု) တုန်လှုပ်ခြောက်ခြား၊ အကြောက်တရားများနဲ့ 
ကြီးပြင်းလို့ နေ မုန်တိုင်းဝေ။

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

ရိုးသားသန့် ရှင်း ဘ၀ခင်းမှာ ဖြတ်သန်းလို့ နေ ရောင်းရင်းတွေ
(ခု)နာကျင်ထိခိုက်၊ ခောတ်ဒါဏ်ရာအမှိုက်တွေနဲ့ 
ရင်တွင်းအရှိုက် ထိခိုက်လို့ နေ။


A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

အို….. ငြိမ်းချမ်းရေး ငှက်ကလေးရေ
ပိတ်လှောင်နေတဲ့ နေရာက လွတ်မြောက်လာတဲ့နောက်။

အေးချမ်းရာ ငြိမ်းချမ်းရေးနိမိတ်
လွတ်မြောက်မှုအတိတ်နဲ့  သံလွင်ခက်အရိပ်ကလေးကို
ယူဆောင်လာပါတော့ ငြိမ်းချမ်းရေးရှိဖို့ လိုနေတဲ့ ဒို့ နေရာလေးကို။

A free bird towards a Free Burma.

အေးချမ်းဖို့ အတွက် ငြိမ်းချမ်းရေး ငှက်လေးရေ …..
လက်ကမ်းလို့  မျှော်ကာသာနေ ………

(ဘာသာပြန် ခံစားသီဖွဲ့ သူ - နစ်နေမန်း)

ခင်မင်းဇော် said...

အမိမြေ..
မွေးဖွားကြီးပြင်း..ရှင်သန်ခဲ့ဘူးတဲ့ဌာနေ။
နွေးထွေးချစ်ခင်..အေးရိပ်သာ.လှပခဲ့ဘူးရာမြေ
ခုများလေ..အမှောင်လွှမ်း..
ကျီးလန့် စာစား.စိုးတထိတ်ထိတ်..ငရဲပြည်။
သွေးသားရင်းတွေ..
အတူကြီးပြင်း..သွေးချင်းနှော..ပေါက်ဖွားရာမြေ..
စာနာအားပေး..ဖေးမလက်တွဲခေါ်ကြရာ.
အကြင်နာဘူမိနက်သန်ဤမြေ
အခုတော့ ကြောက်ရွံ့ စိုးရိမ်..
အကြမ်းဖက်.မတရားသမားများရဲ့..သံဖနောင့်အောက်ခြေရောက်နေ။

ချစ်ဖော်သဟာဆွေ..
ကြည်လင်ရိုးသား.ပျော်ရွှင်စံစားစရာ.အတူတူကောင်းမွေဆိုးမွေ
ခုများလေ..နာကျင်ခံစား.နှလုံးသားများ..ကွဲအက်ကြေကြေ..
နှောင်ကြိုးမဲ့ လွတ်လပ်တဲ့..ငှက်ကလေးတစ်ကောင်..
အချုပ်နှောင်မှ..လေကိုဆန်
ရုတ်ချည်းအားမာန်နဲ့..ဝေဟင်ဆီ..တောင်ပန်ဖြန့် တက်
ချီခဲ့ပြီ..သံလွင်တခက်နဲ့ .
ငြိမ်းချမ်းရေးရဲ့ အို..ချိုးဖြူငယ်..
မိခင်မြေဆီသို ..့အပြန်လမ်းဝယ်။


အမိမြေအတွက်…..ငြိမ်းချမ်းရေး သူ့ ဘ၀ပေးခဲ့တယ်..။
ငြိမ်းချမ်းလွတ်လပ်ပါစေ..အမိမြေ.

မသဒ္ဓါ (၇။၃၁။၂၀၀၇)..
(မတန်မရာ.. မသဒ္ဓါ ဘာသာပြန်ကြည့်မိပါသည်.အမှားပါကခွင့်လွတ်ပါမေစုရေ

kay said...

အမ..ခုမရောက်လာတယ်..နောက်တောင်ကျနေပီ..အိမ်ပြောင်းလို့ broadband ခဏပြတ်သွားလို့။ ခုပြန်ပီးသား ၃ခုတောင်ရှိနေပီမို့..နောက်တပုဒ်မှပြန်တော့မယ်..
ဒီကဗျာလေးရောရှိသလား..ကျမလဲနဲနဲပဲမှတ်မိတယ်

Emerald cool we may be..
as water in the hands..
But OH! we might be as splinter of glass
in the capped hands..

by aung san suu kyi

မြင့်ဇေ said...

လွတ်လပ်ငှက်တို့ ဦးတည်ရာ

မွေးဖါားကြီးပြင်းခဲ့ရာဇာတိ
နွေးထွေးမှုနဲ့ ချစ်စဖွယ်ဖြစ်ခဲ့ရာ
အခု တုန်လှုပ်ဖွယ်ရာ အမှောင်တိုက်အတိ။

အတူတကွကြီးပြင်းခဲ့
အမေ့အိမ်လေးထဲ
ဟိုးတချိန်က ပျော်ရွှင်လန်းဆန်းမှုများအစား
ချောက်ချားတုန်လှုပ်မှုအတိ။

ဘ၀နဲ့ ထပ်တူ ပြုခဲ့ရတဲ့
ေ၇ာင်းရင်းများ
တချိန်က သန့်စင် မြူးပျော်ခဲ့
အခုတော့ ဒဏ်ရာဗ၇ပွ နှလုံးသားများနဲ့။

လွတ်လပ်တဲ့ငှက်ငဲ့
လှောင်ချိုင့်အတွင်းက
လွတ်လပ်စမှာ
ပျံလိုက်တော့ မင်းချစ်တဲ့ ဇာတိထံ
သံလွင်တခက်သယ်လို့

လွတ်လပ်ငှက်ရေ
ပျံပါလေ
မင်းချစ်တဲ့ ဇာတိမြေထံ။

ဖိုးဇေ

M.Y. said...

လွတ်လပ်ငှက်ရဲ့ တိုင်းဌာနီ

ဝမ်းနဲ့ လွယ် မြေတောင်မြှောက်ပေး
သိင်္ဂါရအောက်မှာ နွေးထွေးတဲ့
ငါ့ဇာတိ မြို့ ကလေး..
အခုတော့ ..
ဝိဘစ္ဆတွေ နဲ့ မိုးလဲချုပ်
အမှောင်ရိပ်ထဲ စုံးစုံးကို မြုပ်လို့  …….

ပျော်ရွှင်တက်ကြွ၊ သန္တထဲ နေသားတကျ
လက်ရေ တပြင်တည်း..ကြီးပြင်း ခဲ့ကြတဲ့
ငါ့မိသားစုကလေး…..
အခုတော့..
ကြောက့်ရွံ ထိတ်လန့် ခြင်းတွေနဲ့  …ရင်းနှီး မှီတင်း လို့ ….

ငါ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း
သန့် စင်တဲ့အရိုင်းထည် တွေနဲ့ 
ပျော်ရွှင်မှုတွေ ၀ိုင်းဝိုင်းလယ် ခဲ့တဲ့
ငါ့ ငယ်ပေါင်း ကြီးဖော် တွေလဲ..
အခုတော့
ဒါဏ်ရာနှလုံသားတွေနဲ့ …အားခဲ ရှင်သန်လို့ ……

လှောင်ချိုင့်စံ ဘ၀က
ရုန်းထွက်လာစ…လွတ်လပ်စ ငှက်ကလေး
အခုတော့….
သံလွင်ခက်ကို ချီ
ချစ်တဲ့ ဌာနေဆီ အရောက်….
ခရီးမထောက်..ပျံသန်းလို့ လာခဲ့ ပါပြီ….

“ ဗမာပြည် လွတ်လပ်ဖို့ အတွက်
ဦးတည်လာနေတဲ့….လွတ်လပ် ငှက်ကလေး” ….တဲ့လေ…

မောင်ရင်
၁၊ ၈၊၂၀၀၇ တွင် ဘာသာပြန်သည်

ခင်မင်းဇော် said...

အင်း ခုထိတော့ ဒီဒေသ စာဖတ်ပရိတ်သတ်တွေက ကိုမောင်ရင့် ကဗျာလေးကို ကြိုက်တယ်ပြောထားပါတယ်။ ဒါပေမဲ့ ဂျစ်တူးရဲ့ ဘာသာပြန်လေးလည်း လာဦးမယ်ဆိုလို့ စောင့်နေပါ့တယ်။ ကျမကတော့ အားလုံး သူ့ဂုဏ်နဲ့သူ လှနေတဲ့ ဘာသာပြန်တွေချည်းပဲလို့ မြင်ပါတယ်။
ဒီနေ့ ကစပြီး အမဘလော့လာတဲ့သူတိုင်းကို မြန်မာ့ရိုးရာ လဖက်နဲ့ တည်ခင်းထားပါတယ်။ အချိန်ရတဲ့နေ့ အန်တီစု ပုံတွေကို စကင်နာဖတ်ပြီး လက်ဆောင်ဝေပါမယ်လို့ သတင်းပေးထားပါရစေ။

Anonymous said...

အမရေ.. ခုလို စောင့်ပေးတာ အထူး ကျေးဇူးတင်ပါတယ်ရှင် ။ ကိုမောင်ရင့်ကဗျာလေး တကယ်ကောင်းပါတယ် ။ ဖတ်ပြီး ညီမ ဘာသာပြန်ဖို့ အတော်လက်မရဲ ဖြစ်သွားတယ်း) ဒါပေမယ့် ညီမ တတ်သလိုလေး (မူရင်းကို အနီးကပ်ဆုံးဖြစ်အောင်)ဘာသာ ပြန်လိုက်ပါတယ် ။
........................

မွေးဖွားကြီးပြင်းခဲ့ ငါ့ရိပ်မြုံလေး..
ခုတော့
နွေးထွေးခဲ့အလင်းရောင် ပျက်သုန်း
လှပခြင်းတွေကို အနိဠာရုံတွေကြီးစိုး ၊

ရှင်သန်တည်ရှိခဲ့ ငါ့မိသားစုလေး..
ခုတော့
ပျော်ရွှင်မှုတွေ ထိတ်လန့် ခြင်းအောက် တိတ်ဆိတ်
တက်ကြွမှုတွေ ကြောက်ရွံခြင်းအောက် တိုးတိတ် ၊

တရေတည်းသောက်ခဲ့ ငါ့ရောင်းရင်းများလည်း..
ခုတော့
ဖြူစင်ခဲ့မြူးတူးခြင်းတို့ ကင်းဝေး
နှလုံးသားထက် ဒဏ်ရာတွေ ဒုနဲ့ဒေး ၊

လွတ်လပ်သောငှက်ငယ်..
အတိတ်လှောင်အိမ်မှ ထွက်
ဝေဟင်ထက် ပျံဝဲ .. သံလွင်ခက်နဲ့
သူချစ်တဲ့ နေရပ်ဆီ ၊

အတားအဆီးမဲ့ ငှက်ငယ်
(သူလေ) ဦးတည်ဆဲ
လွတ်လပ်သော ဗမာပြည်ထဲ ။

Anonymous said...

အမရေ.. ခေါင်းစဉ်ပြန်ဖို့ မေ့သွားလို့...

“လွတ်လပ်ရေးငှက်၏ လွတ်လပ်သောဗမာပြည်”

ခင်မင်းဇော် said...

လွတ်လပ်ငှက်

ကျမအိမ် ...
ကျမမွေးဖွားခဲ့ရာ ပြုစုစောင့်ရှောက်ခံခဲ့ရာ
တချိန်က ချမ်းမြေ့ သာယာ
အခုတော့ မှောင်မိုက် တုန်လှုပ်စရာအပြည့်။

ကျမမိသားစု ...
ကျမ အတူကြီးပြင်းခဲ့ရာ
တချိန်က လန်းဆန်း ပျော်ရွင်
အခုတော့ ကြောက်ရွံ့ ခြောက်ခြားလျက်။

ကျမသူငယ်ချင်းများ ....
ကျမ ပေါင်းသင်းခဲ့ရာ
တချိန်က သန့်စင် ရွှင်ပြ
အခုတော့ နှလုံးကြေကွဲ အသက်ရှင်။

လွတ်လပ်ငှက် ...
လွတ်မြောက်ခါစ
တချိန်က လှောင်ချိုင့်ထဲ
အခုတော့ သံလွင်ခက်ချီ ပျံသန်းနေ
ကျမချစ်တဲ့နိုင်ငံအတွက်။

လွတ်လပ်တဲ့ဗမာပြည်ဆီ
ပျံနေတဲ့
လွတ်လပ်ငှက်ပါ။

ဘာသာပြန်-(ဂါမဏိ)
ဆရာ ဂါမဏိပြန်ဆိုထားတာကို တင်ပေးလိုက်ပါတယ်။

ခင်မင်းဇော် said...

အင်း ဘာသာပြန်သူတွေ အားလုံးကောင်းလွန်းလို့ ဘလော့ဂါ စိုးဝှပ် တင်ထားသော မြန်မာမုန့်များကို ကြိုက်သလောက် အ၀စားကြပါရန် အကြောင်းကြားအပ်ပါသည်။ အန်တီစု ဓါတ်ပုံများကိုလည်း စကင်နာ ဖတ်ပြီးပါက တင်ပေးပါဦးမည်ဟု ဂတိပေးပါသည်။
သို့သော် ယခု မအားသေးသဖြင့် ခဏစောင့်ပါဦးဟုလည်း တောင်းပန်အပ်ပါသည်။
လာရောက် ဘာသာပြန်သူအားလုံးအား အထူးကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ရင်းနှီး ခင်မင်စွာ နှုတ်ခွန်းဆက်သလိုက်ပါသည်ရှင့်။